“မလုံခြုံသောဘဝများ”

“မလုံခြုံသောဘဝများ”   တစ်ရက်ကျနော့်မိတ်ဆွေရဲ့ သူ့အိမ်ခေါင်မိုးမှာပန်းခြံလေးလုပ်ထားတယ်ဆိုလို့ သွားကြည့်ဖြစ်ပါတယ်။ သူတို့အိမ်က ဆယ်နှစ်ထပ်မြင့်ပါတယ်။ သူက အတော်ကိုစိတ်ကူးကောင်းကောင်းနဲ့လုပ်ထားတာပါ။ ရှားပါးတဲ့သစ်ခွပန်းတွေနဲ့ ဘွန်ဇိုင်းအပင်လေးတွေကိုစုဆောင်းထားတဲ့သူလဲဖြစ်ပါတယ်။ ကျနော်နဲ့အတူပါလာတဲ့သူတွေကပန်းခြံကိုစိတ်ဝင်တစားကြည့်နေကြပေမယ့် ကျနော်ကတော့ခပ်လှမ်းလှမ်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုဘဲ အာရုံကျနေပါတယ်။ အဲဒီတိုက်က ကျနော် တို့ ရောက်နေတဲ့တိုက်တဲ့တစ်ထပ်ပိုမြင့်ပါတယ်.။ ဆောက်လုပ်ရေးလုပ်သားတွေ ကခေါင်မိုးမှာအလုပ်လုပ်နေကြတာပါ။ ခေါင်မိုးက သစ်သားဘောင်ကို သံရိုက်သူကရိုက် နုတ်သူကနုတ်နဲ့ အလုပ်တွေရှုပ်နေကြပါတယ်။ ရေပိုက်ဆင်နေတဲ့သူတွေကိုလဲတွေ့ရပါတယ်။ နဲနဲအလှမ်းဝေးတော့သူတို့ ဘာလုပ်နေတယ်ဆို တာကိုတော့ သိပ်မသဲကွဲပါဘူး။ ဒါပေမယ့် သူတို့တစ်နွေတိုက်အစွန်အဖျားလေးမှာ ထိုင်ပြီးအလုပ်လုပ်နေတာကို ကြည့်ရင်းကျနော်က အသဲယားလာ ကြောက်လာ ပါတယ်။ အကာအရံ မရှိ အကာအကွယ် မရှိ။ သိုင်းကြိုးတွေဘာတွေနဲ့ချည်နှောင်ထားတာမရှိ။ မတော်လို့များအားလွန်ရင်ဘဲဖြစ်ဖြစ် ခြေချော်လက်ချော် ဖြစ်ရင်ဘဲဖြစ်ဖြစ် မူးမော်လို့ ဘဲ ဖြစ်ဖြစ် အောက်ကိုအချိန်မရွေး ပြုတ် ကျ နိုင်တယ်။ တကယ်လို့ များ … Continue reading “မလုံခြုံသောဘဝများ”