LCCI နှင့် Pearson PLC ဘာလဲ?

သုရွင္June 22, 20141min2523

 

မြန်မာနိုင်ငံမှာ LCCI ကိုလူသိများပါတယ်။ ဒါပေမယ့် LCCI ကို Take Over လုပ်လိုက်တဲ့ Pearson PLC ( http://en.wikipedia.org/wiki/Pearson_plc) ကိုတော့ လူသိနည်းပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနဲ့ကလည်း Pearson PLC အောက်ရောက်သွားတဲ့ LCCI ရဲ့ အခန်းကဏ္ဍကို သိပ်ပြီး စိတ်မဝင်စားကြပါဘူး။ ဆိုတော့ … Pearson PLC ဟာဘာလဲ ဘယ်လောက်ကြီးမားသလဲ ၊ သူ့အောက်ရောက်သွားတဲ့ LCCI ဘယ်လိုကောင်းကြိုးတွေရမှာလဲ ဆိုတာကို ကျွန်တော်တို့ သိထားသင့်တယ်လို့ ထင်ပါတယ်။

Pearson PLC ဟာ ဗြိတိန်အခြေစိုက် ပုဂ္ဂလိကပိုင် ဧရာမ ကုမ္ပဏီကြီးဖြစ်ပါတယ်။ Samuel Pearson ဆိုသူက ၁၈၄၄ မှာစတင်တည်ထောင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၁၇ဝ သက်တမ်းရှိပြီးဖြစ်ပါတယ်။ စတင်တည်ထောင်စဉ်က S. Pearson & Son ဆိုတဲ့ ကုမ္ပဏီနာမည်ဖြင့်ဖြစ်ပါတယ်။

ထင်ရှားတဲ့ Pearson PLC ကုမ္ပဏီရဲ့ ဖြစ်ထွန်းမှုတွေကတော့

၁၉၁၉ မှာ London branch of merchant bankers ” Lazard Brothers “( http://en.wikipedia.org/wiki/Lazard)  ရဲ့ ရှယ်ယာ ၄၉% ကို ဝယ်ယူလိုက်တာပါပဲ။
၁၉၅ရ မှာတော့ UK မှာနာမည်ကြီး သတင်းစာကြီးဖြစ်တဲ့ Financial Times သတင်းစာ http://en.wikipedia.org/wiki/Financial_Times နှင့် The Economist သတင်းစာ http://en.wikipedia.org/wiki/The_Economist ရဲ့ ရှယ်ယာ ၅၀% ရာခိုင်နှုန်းကို ဝယ်ယူပြန်ပါတယ်။
၁၉၆၈ မှာတော့ UK ရဲ့ နာမည်ကြီး စာပေဖြန့်ချိ ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Longman Publishing (http://en.wikipedia.org/wiki/Longman) ကိုဝယ်ယူပါတယ်။
၁၉၇ဝ မှာ Penguin Books Publishing (http://en.wikipedia.org/wiki/Penguin_Books) ကိုလည်းကောင်း
၁၉၇၂ မှာ Ladybird Books Publishing
(http://en.wikipedia.org/wiki/Ladybird_Books) ကိုလည်းကောင်း ဝယ်ယူပါတယ်။
၂၀၀ဝ ပြည့်နှစ်မှာတော့ National Computer Systems (NCS, Inc.) ကိုဝယ်ယူပါတယ်။
၂၀၀၄ မှာ Meximerica Media Inc. ကုမ္ပဏီရဲ့ ရှယ်ယာ ၈၀% ကိုဝယ်ယူပါတယ်။
၂၀၀၆ မှာ National Evaluation Systems, Inc. ကုမ္ပဏီကို ဝယ်ယူပါတယ်။
၂၀၀၉ မှာ school learning systems( sistema COC de ensino) division of Sistema Educacional Brasileiro (SEB) ကိုဝယ်ယူပါတယ်။
၂၀၁၁ ဂျူလိုင်လမှာ Pearson PLC ဟာ Pearson College (http://en.wikipedia.org/wiki/Pearson_College_(UK) ကို ထူထောင်ကြောင်းကြေငြာပါတယ်။
2013 နှစ်ကုန်ပိုင်းမှာတော့ LCCI ( London Chamber of Commerce and Industries ) ကို ဝယ်ယူပါတယ်။
Pearson PLC နာမည်ဖြင့် Education System တွင် တွဲဖတ်သိထားသင့်သည်များမှာ Edexcel (http://en.wikipedia.org/wiki/Edexcel) ၏ BTEC ( http://en.wikipedia.org/wiki/Business_And_Technology_Education_Council_(BTEC)) နှင့် , Ofqual ( http://en.wikipedia.org/wiki/Ofqual ) ဟူသည့်နာမည်များပင်ဖြစ်ပါတယ်။ အားလုံးဟာ Pearson လက်အောက်ရှိ စာပေးပွဲစစ်ဆေးမှု ပုံစံနှင့် နိုင်ငံတကာအသိအမှတ်ပြု ပညာရေး Body များပင်ဖြစ်ပါတယ်။

သို့အတွက်ကြောင့် Pearson PLC မှ LCCI ကိုဝယ်ယူလိုက်သဖြင့် LCCI ကိုကမ ္ဘာ မှ ပိုမို အသိအမှတ်ပြုလာနိုင်ပြီး LCCI သင်တန်းများပြီးဆုံးပြီး ရရှိထားသောလက်မှတ်မှားဖြင့် နိုင်ငံတကာ တက္ကသိုလ်များသို့လည်းကောင်း တက်ရောက်နိုင်သည့် အခွင့်အလန်းများပိုမို ပွင့်လန်းလာမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

သုရှင်(၂၂-၆-၂၀၁၄)

 

3 comments

  • အရီးခင်

    June 22, 2014 at 2:35 pm

    ယူကေနိုင်ငံ ထဲ မတော့ Accounting Field မှာ LCCI ကို သိပ် သိမယ် မထင်မိဘူး။
    အပြင်က LCCI ရလာပြီးလဲ သူ့နိုင်ငံ ထဲမှာ အလုပ်လုပ်ဖို့ ဆိုရင် ဒီက တစ်ခြား Accounting Qualification တွေ ကို ပိုပြီး အသိအမှတ်ပြုတာများတယ်။
    ကျွန်မ အမှတ်လွဲပြီး ပြောတာလဲ ဖြစ်နိုင်ပါတယ်။
    ကိုယ့် ကိုယ်ပိုင် အတွေ့အကြုံ သက်သက်လေးကို ဝင်မျှ တာပါ။ :-)))

  • kyeemite

    June 23, 2014 at 11:19 am

    သိပ်နားမလည်တဲ့ကိစ္စမို့ ဖတ်ပဲဖတ်သွားပါတယ်

  • နောင် ရိုး

    June 24, 2014 at 2:23 pm

    ခုလို မသိသေးတာကို ပြောပြပေးလို့ ကျေးဇူးပါ…Pearson PLC ဆိုတာ ကိုသုရှင်ပြောမှ သိသွားတာ…
    LCCI တော့ ကောင်းကောင်းသိသပေါ့…။ ကျော့်ခလေးမလေး အာ့တက်တုန်းက ဆံဘင်စုတ်ဖွားနဲ့ ဂေါက်သလိုဖြစ်ခဲ့တာ…။
    ရန်ကုန်လှည်းတန်းမှာလဲ စာအုပ်အထူကြီးတွေမ ပြီး မျက်နှာပြောင်နဲ့ ကြောင်တောင်တောင်လေးတွေ တွေ့ရင် ဪ မေလပဲ..ဪ နိုဝင်ဘာပဲ တွေးမိနေတုန်း…။ 😀

Leave a Reply