ကျွန်တော်တို့ ရွာထဲမှာ ( June 2014)

ကဲ။ June’ 2014 အတွက် စာကြမ်းပိုးတို့ ရဲ့ စာပေစကားဝိုင်းလေး တင်ဆက်ဖို့အချိန်ကျရောက်လာခဲ့ပြန်ပါပြီ။ June လထဲမှာတော့ ညွှန်းစရာပို့စ်ကောင်းကောင်းလေးတွေ နည်းသွားတာကိုတွေ့ရပါတယ်။ နည်းပေမယ့် ညွှန်းရမယ့် ပို့စ်တွေက ဒိတ်ဒိတ်ကျဲပို့စ်တွေဆိုတော့ စာကြမ်းပိုးတို့ပီတိဖြစ်ရပါတယ်။ June လအတွင်းတက်ခဲ့တဲ့ ပို့စ်တွေထဲမှာ အားမနာတမ်းပြောရရင် ကိုယ်တိုင်ရေးစာကောင်းတွေအတက်နည်းခဲ့ပါတယ်။ June လနောက်ဆုံးပတ်ထဲမှာတော့ ရွာထဲ တစ်ကျော့ပြန်ဝင်လာတဲ့စီနီယာလူဟောင်းကြီးများနဲ့ ရွာထဲက လက်ရှိ ရွာသူားကြီးတွေရဲ့ အပြန်အလှန်တိုက်ခိုက်ရေးသားတဲ့ ပို့စ်တွေ က များခဲ့ပါတယ်။ အဓိကအချက်က တစ်ကျော့ပြန်ဝင်လာတဲ့စီနီယာလူဟောင်းကြီးတွေအနေနဲ့ မန္တလေးဂဇက် ရဲ့ လက်ရှိသွားနေတဲ့ပုံစံနဲ့ ဟိုတုန်းက သွားနေတဲ့ပုံစံ မတူတော့တာကို သတိမပြုမိကြတာပဲလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ ဆိုတော့…လက်ရှိ ရွာသူားတွေ အနေနဲ့ စီနီယာလူဟောင်းကြီးတွေအပေါ် မည်သည့်အာဃာတ မှ မရှိကြပါ။ ခင်ဗျားတို့ ရဲ့ ဖြတ်သန်းခဲ့မှုအပေါ်လည်းအသိအမှတ်ပြုကြပါတယ်။ ခင်ဗျားတို့ … Continue reading ကျွန်တော်တို့ ရွာထဲမှာ ( June 2014)