၂၁ အောက်တိုဘာ ၂၀၁၄

ဇီဇီOctober 21, 20141min35330

ဒီ ရွာမှာ ကျုပ် အကိုကြီးတွေထဲ ဆာဆာ၊ ကျောက်(စ) နဲ့ အမတ်မင်းပြီးရင် ကျုပ်က ကိုကြီးဘလက် (Black Chaw) ကို အချစ်ဆုံးရယ်။

ကျုပ်နဲ့ တူတာတွေ အများကြီးးးးး  :mrgreenn:

ပေါက်ကရတွေပြောတတ်လို့ ပေါက်တတ်ကရလုပ်တတ်တယ်လို့ အထင်ခံရတာ (အမှန်တော့ မဟုတ်တာကို မလစ်ရင် မလုပ်ပါဘူးး)
ဘာလုပ်လုပ် စိတ်အားတက်ကြွစွာ လုပ်တာ။ သူများလည်း တက်တက်ကြွကြွ ပါစေချင်သေးတာ။ (အဲလိုမဟုတ်ရင် ဒေါသကြီးတာ စိတ်ကောက်တတ်တာကတော့ ထည့်မပြောတော့ဘူးး)
အရေထူမယ် ထင်ရပြီး သူများ စကားတို့ အမူအရာတို့ကို အသေးစိတ်ထိခိုက်လွယ်တတ်တာ။ (ပြီးရင် ဂရုမစိုက်ပါဘူး ဆိုတာ ပြောပြောပြီး ထပ်တလဲလဲ စားမြုံ့ပြန်ပြီး ခံပြင်းတတ်သေးရဲ့)
ကိုယ်မနိုင်ရတဲ့သူကို လက်လျှော့သလောက် နိုင်ရတဲ့သူဆို အင်မတန်နိုင်စားတာ၊ (ဘေးနား အနီးဆုံးရှိတဲ့သူ နာပြီသာမှတ်)
ခံစားချက် ဦးစားပေးတာ (စိတ်လိုလက်ရရှိမှ စိတ်ပါမှ လုပ်ချင်တာ)
သူ့ကို ခိုင်းလိုက်ရင် လုပ်ပေးချင်ဇောတွေ ခင်မင်စိတ်တွေနဲ့ ကတိပေးးး၊ ပြီးရင် မအားပဲ ပျက်ကွက်၊ (အာ့မိုးတွေ က ရှိသေးးး)
သူ့ကို အပြောခံလိုက်ရရင် တနုံ့နုံ့ နဲ့ မပြီးဘူးးး၊ ဒါမဲ့သူက ဝမ်းနည်းပြီး မပြီးတာ။ (ကိုယ်ကတော့ လက်စားချေဖို့ အငြှိုးနဲ့ မှတ်ပြီး မပြီးနိုင်)

 

:k:

ဟိ။ တော်လိုက်ပါပြီ။ ကျုပ်ကို ပစ်ထားတာ ကြာပြီမို့ စိတ်ဆိုးဆိုးနဲ့ ရေးမယ် ဆိုပြီး တေးထားတာ။
ခုရေးလိုက်ပြီ။ ဟိ။ စိတ်ဆိုးချင်ဆိုးးး။

:mrgreenn:

ကောင်းကွက်လေးတွေတော့ မကောင်းတတ်လို့ ရေးလိုက်ပါ့မယ်လေ။ အဟွတ်။

ကိုကြီးဘက်မှာ ရှိတဲ့ ကောင်းတဲ့စရိုက်လေးတွေက….
သူများက သူ့ကို စိတ်ဆိုးနာကျည်းမှာ ကြောက်တာရယ်။ (ကျုပ်ကတော့ တမင် ရန်စတတ်တယ်)
ပြန်ချော့တာတို့ တောင်းပန်တာတို့လုပ်တတ်တာရယ်။ (ကျုပ်ကိုကျုပ် မှန်တယ် လို့အမြဲထင်လို့ လုံးဝ မတောင်းပန်ဘူးး)
ဘယ်လောက် စိတ်ဆိုးတဲ့ ဒေါသဖြစ်တဲ့ လူ အပေါ်မဆို အပြောအဆို ယဉ်ကျေးတာရယ်။ (ကျုပ် စိတ်ဆိုးရင် ပိုးစိုးပက်စက် ပြောတတ်တာရယ်)
စာသမား စစ်စစ်ဖြစ်တဲ့ အပြင် သူ့ပါဖောမန့်(စ) မှာ လူတွေ အများကြီး ဘယ်လို ပါအောင် ဆွဲခေါ်ရမယ် ဆိုတာ သိတယ်။ (အဲဒီ အရည်အချင်းကို အကြိုက်ဆုံးပဲ)
စိတ်ပါလို့ ရေးတဲ့ ပို့(စ) ၊ စိတ်လိုလက်ရရှိလို့ လုပ်တဲ့ အလုပ်တွေမှာ ပြီးကပစ်မလုပ်ဘူးး (ဒါကိုကျ အတူတွဲလုပ်တဲ့ ရွာ့ အဖွဲ့တစ်ခုမှာ သိခဲ့တာ)

ဆိုတော့

ကျုပ်မှာ မရှိတဲ့ ဒီ ၅ ချက်နဲ့ သူ့ကို ကျနော် လေးစားလို့ ရတယ်။

:k:

 

အဲ။ ကျုပ် အကို နဲ့ အတူ ချစ်ရတာ အမအိမ်စိုးမေပါဗျာ။
ကိုကြီးဘက် ပို့(စ) မှာ ကျနော် ကော်မန့် မမြင်ရင် ဖုန်းဆက်မေးတယ် ဆိုပဲ။
ဟုတ်မဟုတ်တော့မသိ။
သူ လာလာ ကျပ် တာလားတော့ မသိ။

:mrgreen:
ဟေးဟေးဟေးးး
အရစ်ရှည်နေတာပါ။
ဒီနေ့ သူ့မွေးနေ့မို့ မွေးနေ့ဆုတောင်းချင်တာ အစချီတာ များသွားပြီ။

ကိုကြီးဘက် တစ်ယောက် …
ဘုန်းကြီး
ကျန်းမာ
အသက်ရှည်
ချစ်ခင်ရတဲ့ မိသားစု နဲ့ ပျော်ရွှင်နိုင်ပါစေ။
ဘရန်းတွေ လည်း နေ့တိုင်းသောက်သုံးနိုင်ပါsစေ။ (မပြောလည်း သောက်နေမှာရယ်၊ သိတယ်)

~~~~~~

နောက်…

ဒီ ရွာက အကိုကြီး တစ်ယောက်ဖြစ်တဲ့ ကိုမျိုးသန့် လည်း …..
စိတ်ကျန်းမာ ကိုယ်ချမ်းသာ နဲ့ အမေ ရယ် သား/သမီးတွေရယ် နဲ့ အသက်ရှည်ရှည် နေနိုင်ပါစေဗျာ။

30 comments

  • တောင်ပေါ်သား

    October 21, 2014 at 9:32 am

    ဒီလူကြီးနဲ့ မွေးနေ့တူတာ ခုမှသိတယ် ၊

    သူက ၅ဝ ပြည့်ပြီဆိုလား ၊

    အနော့်ထက် အတော်အသက်ကြီးတာပဲ ၊

    ဦးဦးဘလက် ဟက်ပီးဘတ်ဒေးနော်

    ပုံ / တူလေး မျိုးသန့် 🙂

  • weiwei

    October 21, 2014 at 9:42 am

    အောက်တိုဘာဘွန်းချင်းတူလို့ စသိထဲက မွေးနေ့ကို မှတ်မိခဲ့တယ် ..
    တူရာသီဖွားဆိုတော့ ကောင်းကွက်တွေကတော့ ပြောဖို့လိုမယ်တောင်မထင်ဘူးနော် .. 🙂
    Happy Birthday !!!!!!

    • pooch

      October 21, 2014 at 12:10 pm

      ဟုတ်တယ် ဟုတ်တယ် တူရာသီဖွားတွေဆိုတာ အမှန်တရားကို ဆောင်ကြည်းပေးဖို့ လူ့ပြည်ကို စေလွှတ်ခံရတဲ့ တမာန်တော်တွေတဲ့ :mrgreenn:

      သက်ရှည်ကျန်းမာဘုန်းကြီးပါစေ လို့

  • manawphyulay

    October 21, 2014 at 9:45 am

    ဒါဆို ဘဘဘလက်နဲ့ ဘဘမျိုးသန့်တို့က မွေးနေ့တူတူလား… ကဲ အကုန်အကျလည်းသက်သာ ရွာသူရွာသားတွေလည်း အကုန်စားရအောင် ကရဝိတ်မှာ မွေးနေ့ပွဲ ကျင်းပကြပါလား….
    ဟီး မှတ်ချက် မွေးနေ့လက်ဆောင်ပေးခြင်း သည်းခံပါလို့ ထည့်ပြောပေးဦးနော်..
    :mrgreen: :mrgreen:

    • တောင်ပေါ်သား

      October 21, 2014 at 9:58 am

      အမယ်လေးဗျာ

      ဘဘမျိုးသန့် တဲ့ ၊ သေပြီဆရာ

  • Kaung Kin Pyar

    October 21, 2014 at 10:33 am

    ရာသီဖွားတွေထဲမတော့ တူရာသီဖွားကို အကြိုက်ဆုံးပဲ….
    ဒါကြောင့် သူငယ်ချင်းတွေကိုတောင် မှာထားတယ်…။ နင်တို့ ကလေးမွေးရင်…တူရာသီဖွားဖြစ်အောင် ချိန်မွေးလို့….
    အူးမျိုးသန့်ကတော့ ဟိုတစ်ရက် ဖဘမှာ နာရီလေးနဲ့တင်ထားတာတွေ့လိုက်လို့ မွေးနေ့အမှန်မှန်းသိတယ်…။
    အူးဘလက်ကိုတော့ မွေးနေ့ဆုတောင်းသာ ပို့လိုက်ရ..၊ မဟုတ်ရင်…ဒုတ်ခွက်လို့တော့ တွေးမိသေးးး။ ဘာဖြစ်ဖြစ် မွေးနေ့အမှန်မို့ မွေးနေ့ဆုတောင်းပို့လိုက်မိတာ…ဝမ်းသာရတယ်…။
    အူးဘလက်ရော..အူးမျိုးရော…ရွာထဲမှာ စာတွေအများကြီးရေးနိုင်ကြပြီး…ကျန်းမာပျော်ရွှင်ကြပါစေနော်…

  • မွသဲ ( 17082011 )

    October 21, 2014 at 10:51 am

    အူးဘလက်ကော ကိုမျိုးသန့်ကော ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတွေပိုင်ဆိုင်တဲ့ မင်္ဂလာမွေးနေ့ဖြစ်ပါစေ

  • Yae Myae Tha Ninn

    October 21, 2014 at 11:02 am

    Happy Birthday ပါဗျာ… နှစ်ယောက်စလုံး.. ၂၁ ရာစုမှာ.. ၂၁ မွေးနေ့ဖြစ်တာလဲ တမျိုးပေါ့နော်… 🙂

  • kyeemite

    October 21, 2014 at 11:42 am

    .အူးဘလက် တစ်ယောက်ယနေ့ကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
    .ဘုန်းကြီး၊ကျန်းမာ၊အသက်ရှည်
    .ချစ်ခင်ရတဲ့ မိသားစု နဲ့ ပျော်ရွှင်နိုင်ပါစေ။
    .ခင်တဲ့
    .လူငယ်လေးတစ်ဦး :k:

  • kyeemite

    October 21, 2014 at 11:45 am

    .တိုက်တိုက်လေးရယ်တဲ့မှဆိုင်ဆိုင်…..ကျုပ်ရဲ့မဒမ်မိုက်နဲ့ သမော်ဒီးလည်း ဒီလမွေးနေ့ပဲဗျ…
    .(အကုန်အကျများသည့်လ 😥 )

  • ဦးကျောက်ခဲ

    October 21, 2014 at 12:30 pm

    ဒီဘဘကြီး ၂ယောက်နဲ့ မွေးရက် မွေးလ မတူပေမယ့်… ၂၁ပေါက်ချင်းတော့ တူတယ်…
    HAPPY BELATED BIRTHDAY ပါခီည… ကျန်းမာ ကြီးပွါး အသက်ရှည် ကြပါစေ…
    ဒီတစ်ခါပြန်လာရင် ကျနော်မောင်ကျောက်ခဲ မသောက်မစားတော့ပေမယ့်…
    အနက်ရောင်ပုလင်းနဲ့ ဘဘကြီးတို့ကို ဂါရဝပြုပါမည့်အကြောင်း….
    စကားအတင်းစပ်… မဒမ်ကျောက်စ်နဲ့ သူ့အကိုလည်း အောက်တိုဘာဖွားတွေ…
    :k:

    • တောင်ပေါ်သား

      October 21, 2014 at 12:38 pm

      အာ့ဆို ဒီကနေ့ပဲ ပြန်လာပါလား ဟင် 🙂

      • ဦးကျောက်ခဲ

        October 21, 2014 at 12:57 pm

        လေယာဉ်လက်မှတ်ဖိုးလေး မစပါ ဘဘမြိုး… :k:

        • တောင်ပေါ်သား

          October 21, 2014 at 1:17 pm

          သများခမျာ ဘတ်စ်ကားခတောင် မနည်းပါကွယ် 🙂

  • kai

    October 21, 2014 at 12:56 pm

    ကျုပ်လည်းဟက်ပီဘတ်ဒေးပြောရင်း.. ပြန်လာရင်.. အဖြူရောင်ပုလင်းနဲ့.. ဂါရဝပြုမယ့်အကြောင်း..
    (ရေပုလင်းပြောတာနော… )
    ရေလိုအေးလို့.. ရေလိုပြေးနိုင်ပါစေသတည်းလို့..
    ဆုမတောင်းပဲ.. ဆုချွေလိုက်ပါတယ်..။ :k:

  • Mr. MarGa

    October 21, 2014 at 12:56 pm

    နှစ်ယောက်လုံးအတွက် တစ်ခါတည်းဆုတောင်းပေးလိုက်ပါမယ်
    Brand တွေ ကို ကျန်းကျန်းမာမာ ဆက်လက်သောက်သုံးနိုင်စေသော်ဝ် :mrgreenn:

  • တောင်ပေါ်သား

    October 21, 2014 at 1:18 pm

    ပြည့်ပါစေသော် 😛

  • kyeemite

    October 21, 2014 at 1:45 pm

    .ဟို နားစွန်နားဖျားာဆာဂျီးခုထိပေါ်မလာသေး..ဖုန်းဆက်လိုက်အုံးမှပါ

    • မမချွိ

      October 21, 2014 at 1:53 pm

      အဲလာ ပြောတာပေါ့။
      ပစ်ထားတဲ့ လူဂျီးးး
      ဒီ ပို့(စ)မှ ဝင်မလာရင် ဖြတ်ပစ်မယ်။
      သေခန်း ရှင်ခန်းတွေ ပြောပါတယ်။

      :re:

  • black chaw

    October 21, 2014 at 2:31 pm

    ရွာထဲရောက်နေတာ ကြာပါပြီ ဗျာ။
    ဟိုရှာဒီရှာ ဟိုလှန်ဒီလှန်လေးတွေ လုပ်နေလို့
    နည်းနည်းနောက်ကျသွားတာပါ။
    ဆိုတော့…ဘလက်ချောကြီးတစ်ယောက် ရွာထဲရောက်ပြီးမှ
    မွေးနေ့ပေါင်း ၄ ကြိမ်တိတိ ဖြတ်သန်းခဲ့ပြီးပါပြီ။
    မွေးနေ့တိုင်းမှာ ဆုတောင်းပေးခဲ့ကြတဲ့
    မိတ်ဆွေရွာသူရွာသားအပေါင်းနှင့် ချစ်ခင်လေးစားအပ်ပါသော သူကြီးမင်း kai အား
    ကျေးဇူးအထူးတင်ရှိပါတယ် ဆိုတဲ့ အကြောင်း။
    ကျွန်တော့် အတွက် ပို့စ်တင်ပေးခဲ့တဲ့ မကေဇီ ကိုလည်း ကျေးဇူး အထူးတင်တယ်ဆိုတဲ့ အကြောင်း။
    ဒီပို့စ်မှာ ကွန်းမန့်ဝင်ရေး ဆုတောင်းပေးသွားကြတဲ့ ရွာသူရွာသား ညီကိုမောင်နှမများနဲ့
    တူရာသီဖွားချင်းမို့ ပို မှတ်မှတ်ရရဖြစ်ရသော မဝေ နှင့် မပုချ် တို့ အားလည်း
    ကျေးဇူး အထူးတင်ရှိပါတယ် ဆိုတဲ့ အကြောင်း။
    အားလုံးကို ပျော်စေချင်ခဲ့သူ
    ဘလက်ချော…။

    • Shwe Ei

      October 21, 2014 at 4:36 pm

      သများကတော့ မွေးနေ့ဆို မုန့်ကျွေးမှ မှတ်မိတာ…အဟိ 🙂

  • Novy

    October 22, 2014 at 12:27 pm

    မွေးနေ့ရှင် ဦးဦး နှစ်ယောက်ကို Happy Birthday ပါနော်

    မီးမီး
    နိုဗွီ

  • ခင် ခ

    October 22, 2014 at 1:21 pm

    ကိုဘလက်ရေ ဟက်ပီဘတ်ဒေးပါနော်။

  • မြစပဲရိုး

    October 22, 2014 at 3:34 pm

    Zodiac အရ ဆိုရင်တော့ လစ်ဘရာ (the sign of Libra) တဲ့။
    Symbol က ချိန်ခွင် ပေါ့။
    အပေါင်းအသင်း ကို ချစ်တာ ဘာနဲ့ မှ မလဲ တဲ့သူတွေ၊ ဆန်းသစ်တီထွင် တတ်သူတွေပါတဲ့။
    သူပုန်တော့ မထပါဘူး။ စည်းမျဉ်းတစ်ချို့ ကို ဖောက်တတ်တာလေးပါ တဲ့။

    Aries – MARCH 21 – APRIL 20
    Cancer – JUNE 22 – JULY 23
    Taurus – APRIL 21 – MAY 21
    Pisces – FEB 20 – MARCH 20
    တွေ နဲ့ မတည့်ဘူး လို့ပြောတာဘဲ။
    ဟုတ်မဟုတ်တော့ မသိ။ lol:-))

    ချိန်ခွင် ကိုင် လစ်ဘရာ များ ဖြစ်တဲ့
    ကိုချော
    ကိုမျိုး
    ဝေဝေ
    ပုချ်
    ညီမမီး + သမီးမိုက်
    တို့ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ပြီး ကောင်းသော လိုရာဆန္ဒများအားလုံး ပြည့်ဝကြပါစေ။
    :))

    • တောင်ပေါ်သား

      October 22, 2014 at 3:41 pm

      ( အပေါင်းအသင်း ကို ချစ်တာ ဘာနဲ့ မှ မလဲ တဲ့သူ၊ ဆန်းသစ်တီထွင် တတ်သူ။
      သူပုန်တော့ မထသူ ။ စည်းမျဉ်းတစ်ချို့ ကို ဖောက်တတ်တဲ့သူ ) ဆိုတော့ မဆိုးရှာပါဘူး အရီးရေ နော့ ။

    • kyeemite

      October 24, 2014 at 11:59 am

      .အသာလုပ်ပါအရီးမုတ်ဆိတ်ရယ်
      .ညီမမီး + သမီးမိုက်…ဆိုပါလား…သမီးလိမ္မာလုပ်ပါဗျာ..ဖအေပဲမိုက်ပရဇီ :k:
      .တောင်ပေါ်သား ခေါ် အူးမျိုးလည်းမွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ ဘုန်းကြီး၊ကျန်းမာ၊အသက်ရှည်
      .ချစ်ခင်ရတဲ့ မိသားစု နဲ့ ပျော်ရွှင်နိုင်ပါစေ။ :))

      • မြစပဲရိုး

        October 25, 2014 at 3:16 am

        ဟိ။ စောဒီး။
        မိုက် က မိုက်မဲ တာ ဝုတ်ပါဘူး ဗျ။
        တော်တဲ့ ကောင်းတဲ့ လိမ္မာ တဲ့ မိုက်ပါ။
        ကွ ကိုယ်မှန်ထဲ ပြန်ကြည့်လေ။
        တစ်ခါ တစ်ခါ ဝရုန်းသုန်းကား မန့် လိုက်ရတော့ ပြန်မဖတ် မိတော့ဘူး။
        ဒါထက် သူရို့ ဘာတွေ ရကြလဲ ငင်။ :))

  • padonmar

    October 23, 2014 at 9:35 pm

    အဲဒီ ဝရမ်းပြေးကြီးက ဆိုင်ဆိုးမောင်ပါဟယ်။
    ဟိုဖက်မှာ ဆုတောင်းပေးပြီးပြီဆိုတော့ ချွေတာတဲ့ အနေနဲ့ ကိုမျိုးသန့်ကိုပဲ မွေးနေ့ဆုတောင်းပေးလိုက်တော့မယ်။
    သက်ရှည်ကျန်းမာ ဘေးရန်ကွာ လိုရာဆန္ဒပြည့်ပါစေ။

    • တောင်ပေါ်သား

      October 24, 2014 at 9:49 am

      ကျေးဇူးပါ အာတီဒုံခင်ဗျား

  • Ma Ei

    October 24, 2014 at 11:33 am

    မွေးရက်တူ ၂၁ အောက်တိုဘာ..ရွာသား ညီကို နှင့် တကွ
    အောက်တိုဘာ မွေးနေ့ရှင် ရွာသူားများ …
    ကျန်းမာ..ချမ်းသာ..ပျော်ရွှင်ချမ်းမြေ့ ပါစေကြောင်း
    ဆုမွန်ကောင်းဖြင့်…

Leave a Reply