ရန်ကုန်မြင်ကွင်း

ကထူးဆန္းOctober 9, 20141min32129
၁. ရန်ကုန် ဘယ်နေရာ လဲ
၁. ရန်ကုန် ဘယ်နေရာ လဲ
ရန်ကုန်မြို ့လည်
ရန်ကုန်မြို ့လည်
ဘုရား နှစ်ဆူ ။ ဘုရား နံမည်တွေ သိပါသလား။
ဘုရား နှစ်ဆူ ။ ဘုရား နံမည်တွေ သိပါသလား။
 (၄) နောက် နှစ် နှစ် သုံးနှစ်ဆို ဒီ skyline က ပုံပြောင်းတော့မှာပါ ။
(၄) နောက် နှစ် နှစ် သုံးနှစ်ဆို ဒီ skyline က ပုံပြောင်းတော့မှာပါ ။

သိရင်ဖြေကြည့်ပါ ။
အချိန်ကုန် ပြီး အကျိူ း မရှိတဲ့ပုံ လို့ထင်ရင်တော့ ခွေးလွှတ်ပါ ။
ရန်ကုန်မြို ့ နောက် နှစ်နှစ်လောက်ဆိုရင် ပြောင်းလဲ သွားနိုင်လောက်တဲ့ နေရာပါနေလို့ပါ .

ကထူးဆန်း
၉-၁၀-၂၀၁၄

29 comments

  • မြစပဲရိုး

    October 10, 2014 at 1:16 am

    (၁) ဒီဘက် က ဟာက summit parkview ဟိုတယ် ထင်ပါတယ်။
    ဒီတော့ကာ အလုံ၊ စမ်းချောင်း ဘက် ကနေ ဆွဲရိုက်ထားတာလား။ အထင်။ :))

    (၃) ရွှေတိဂုံဘုရား နဲ့ နောင်တော်ကြီးဘုရား ဖြစ်မလားဘဲ။ အထင်။ :))

    ရန်ကုန် မှာ အစိမ်းရောင် သစ်ပင် တွေ ရှိနေသေးတာလဲ အဲဒီ နေရာဘဲ ရှိတော့မလားဘဲ။ အထင်။ 🙄

    • ကထူးဆန်း

      October 10, 2014 at 9:56 am

      (၁) မှားပါတယ် ခင်ဗျာ။ Summit Parkview မဟုတ်ပါ။
      (၃) အရီး တစ်မှတ် ။ ရွှေတိဂုံဘုရား မှန်တဲ့ အတွက် ။ နောင်တော်ကြီးဘုရားတော့ မှားပါတယ် ။

      • မြစပဲရိုး

        October 10, 2014 at 1:00 pm

        ဆူးလေဘုရား???
        မဟာဝိဇယ က ဉာဏ်တော် အဲလောက် မမြင့်ဘူး ထင်လို့။
        :))

        အဖြေလာစစ်တာ။ ပြေးပြီ။ lol:-))

        • Yae Myae Tha Ninn

          October 10, 2014 at 1:02 pm

          အားဘူးလား.. အရီး… 😀

  • kai

    October 10, 2014 at 1:19 am

    ဘယ်နေရာလည်းမသိ။

    မြို့ထဲ..သစ်ပင်တွေအုပ်ဆိုင်းဆိုင်းရှိနေတာမျိုးမှာ.. အပင်တွေဖယ်ပြီး.. အဆောက်အဦးဆောက်မယ်ဆို.. အင်မတန်နှမြောစရာကောင်းပါတယ်။
    နယူးယောက်။ ဆန်ဖရန်တို့ဆို..မြိ့လည်မှာဧရာမပန်းခြံကြီးတွေထားတယ်..။
    မြေဈေးဘယ်လောက်ကြီးကြီး.. မတို့မထိ..။

    ဒါဟာ နောင်လာနောက်သားတွေအတွက် ငှဲ့ရာရောက်သလို.. မြို့ပြရဲ့ငြီးငွေ့ပူလောင်မှုတွေ မြို့ပြနေသူတွေကို ဖြေလျှော့စရာလည်းဖြစ်စေတာပါ..။
    ကပ်ဆိုးကြီးတွေကျရောက်လာရင်လည်း.. အမြန်ဆုံးနေရာချနိုင်တဲ့.. အရံအစီအမံလည်းဖြစ်တာပေါ့…။
    ကားကြပ်.. လူကြပ်တာတွေကို မြို့ရဲ့လမ်း.. ရေ.. လျှပ်စစ်.. မျှတစေဖို့.. ထိမ်းချုပ်လိုက်တာလည်း.. မည်ပါတယ်..။
    ကောင်းခြင်းများကိုသာ ယူလာတတ်တာပါ…။

    လူတွေကို.. ဆိုးကျိုးထက်စာရင်.. ကောင်းကျိုးယူလာပေးနိုင်တဲ့.. မြစ်ဆုံလိုစီမံကိန်းမျိုးတွေကျ.. အသည်းအသန်ကန့်ကွက်ကြသူများ..
    ဒီလို.. ကိုယ့်လက်ပေါ်တိုက်ရိုက်ကျမယ့်အပူကို.. သေသေချာချာတွေးကြပြီး.. တိုင်တိုင်ပင်ပင်.. လုပ်သင့်..။

    … နှမြောစရာ..။ :i:

  • ကေဇီ

    October 10, 2014 at 5:11 am

    ဘယ်နေရာတွေလည်းး သိဘူးးတော့…
    Btw,
    ဂလန်းးး မီးးးရထားး ပရော့ ဂျက်လေးး ဘာကြားးးလဲဟင်???

    :a:

    • ကထူးဆန်း

      October 10, 2014 at 9:58 am

      မကြား မိပါဗျာ ..

  • Yae Myae Tha Ninn

    October 10, 2014 at 9:47 am

    ၁ က ဂျက်ဆင်ထဲကို ရိုက်ထားတာ… ရန်ကုန်မြို့ အပင်များတာ ဒီနေရာပဲ ကျန်တယ်…
    ရိုက်တဲ့ လိုကေးရှင်းက ပြည်လမ်းက ကွန်ဒို ဒါမှမဟုတ် တိုက်မြင့်တခုက… ကွန်ဒိုဆို ဒိုင်းမွန်းကွန်ဒို.. အဲအပေါ်ကနေ မှန်ဘီလူးနဲ့ အဲ ရှုခင်းမျိုး မြင်ဖူးတယ်…
    ၂ က ခုနက ဗျူ းကိုပဲ အဝေး ထပ်ချဲ့ထားတာ… အနောက်က ဟိုက်တူတဲ့ အဆောက်အဦးက တခုက ဆီဒိုးနား၊ နောက်တခု ရွှေနန်းတော်က ဆောက်တဲ့ ပရောဂျက်… လမ်းနီလေးက…
    ၃ ရွှေတိဂုံဘုရား… အပေါ်က အချက်တွေကို ဘာလို့ ထောက်နိုင်လဲ ဆိုတော့ ဘုရားပုံပါ ပါလာလို့… ပြီးတော့ နောက် ၂ နှစ်လို့ ပြောထားလို့…
    ၄ ခုနက ဘုရားတဆူ ပြန်ပါလာတယ်… အဲဒါ မြို့ထဲကို လှည့်ချိန်လိုက်တာ… ဟုတ်တယ်ဟုတ်…

    ဟီး… မှန်တော့လဲ တော်တာပေါ့… မမှန်တော့လဲ ရမ်းတုပ်တယ်ပေါ့…
    မှန်ခဲ့ရင် ကင်မရာကို ဘယ်ဘက်ကို ဆက်ဆွဲရိုက်ရင် စွယ်တော်တို့ မင်းဓမ္မကုန်းတို့ကို ရိုက်လို့ရတယ်… 🙂

    • ကထူးဆန်း

      October 10, 2014 at 10:03 am

      သေသေချာချာ ကြီးကို လွဲပါတယ် ရေမြေ့ သနင်းရေ ..
      မှန်းလို့ ရအောင်လို့ ရန်ကုန်မြို ့လည် ဆိုပြီး ဆာကူရာ တာဝါ နဲ့ ဆူးလေရှန်ဂရီလာ ( ယခင် Trader) ပုံ နဲ့ နှစ်ပေါင်းများစွာ အခုထိ အဆုံး မသတ်နိုင်တဲ့ မြို့တော်စည်ပင် ရဲ့ သိမ်ကြီးဈေး ရုံကြီး မြင်ရတဲ့ ပုံထည့်ပေးထားပါတယ် …

      • Yae Myae Tha Ninn

        October 10, 2014 at 10:11 am

        ဒါဆို လိုကေးရှင်းတည်တာ ဘယ်နေရာလဲ.. 🙂

        • Yae Myae Tha Ninn

          October 10, 2014 at 10:13 am

          အဘိုးက ဒိုင်းမွန်းကွန်ဒိုမှာ နေတာ.. အဲကနေ လှမ်းပြီး မှန်ဘီလူးနဲ့ ကြည့်ဖူးတယ်… 🙁

  • တောင်ပေါ်သား

    October 10, 2014 at 10:07 am

    ရွှေတိဂုံ နဲ့ မဟာဝိဇယ

  • ဦးကျောက်ခဲ

    October 10, 2014 at 10:56 am

    အဟတ်စ်… စစ်ရုံးထဲလို့ မှန်းမိတာပဲ…
    ဘာလဲ… အဲဒါကြီးကို လေလံပစ်မယ်ဆိုလို့ သွား လေ့လာတာလား… ခွိ
    အဲဒါမှန်ရင်တော့… ဘုရား ၂ဆူကို ဖြေဖို့မလိုတော့ဘူး…
    :k:

    • ကေဇီ

      October 10, 2014 at 11:09 am

      ရွှေတိဂုံ နဲ့ မျက်နှာချင်းဆိုင်က ဘာဘုရားလဲ? မဟာဝီဇယ??
      ဟိုလူကြီးတည်တယ် ဆိုတဲ့ ဘုရားလားး
      :k:

      • ဦးကျောက်ခဲ

        October 10, 2014 at 11:19 am

        အဟိ… မန်းသူက မဟာဝိဇယပဲ သိသကိုး…
        အဲသည့်ဝင်းထဲမှာ… အလံပြဘုရားရှိသေးတယ်…
        :k:

        • ကထူးဆန်း

          October 10, 2014 at 2:43 pm

          လား လား ဗိုလ်ကျောက် တို့ က ရန်ကုန် နဲ့ ကင်းကွာနေလို့ဘဲ ..
          ဦးကျောက်အဖြေမှန်ပါတယ် ခင်ဗျ ..
          ရွှေတိဂုံ ဘုရား နဲ့ အလံပြ ဘုရား ပါ ။။ မဟာဝိဇယ က ညာဏ်တော် နိမ့်လို့ မမြင်ရပါဘူး ..

          (၁) က တိရစာ္ဆန်ရုံ တောအုပ်ပါ ။။

          (၄) skyline ပြောင်းမဲ့ နေရာကတော့ ရွှေတောင် က ရထားတဲ့ နေရာပါ .. ကွန်ဒို တို့ ဟိုတယ် တို့ ဆောက်မယ် လို့တော့ အကြမ်းဖျင်းသိထားပါတယ် ..
          အဲံဒီ့ အောက်မှာတော့ အခု TV မှာ တအားကြော်ငြာနေတဲ့ Dagon City 1 ရဲ့ ကွန်ဒိုတွေ တက်လာမယ်ဆိုတော့ အမြင်ပြောင်းတော့မှာပါ ။။

  • manawphyulay

    October 10, 2014 at 11:16 am

    ရွှေတိဂုံဘုရားနှင့် မဟာဝိဇယဘုရားလို့ မြင်မိပါတယ်။

    အနီးကပ်လေးတွေ ရိုက်ပြရင် ပိုကောင်းမယ်နော်…

    • ကထူးဆန်း

      October 10, 2014 at 2:47 pm

      ကျွန်တော်လဲ ပါလာတဲ့ဟန်းဖုန်းလေးနဲ့ ရိုက်လာရတာမို့ပါ ..

  • ခင် ခ

    October 10, 2014 at 3:12 pm

    ” (၄) skyline ပြောင်းမဲ့ နေရာကတော့ ရွှေတောင် က ရထားတဲ့ နေရာပါ .. ကွန်ဒို တို့ ဟိုတယ် တို့ ဆောက်မယ် လို့တော့ အကြမ်းဖျင်းသိထားပါတယ် ..
    အဲံဒီ့ အောက်မှာတော့ အခု TV မှာ တအားကြော်ငြာနေတဲ့ Dagon City 1 ရဲ့ ကွန်ဒိုတွေ တက်လာမယ်ဆိုတော့ အမြင်ပြောင်းတော့မှာပါ ။။”
    ကထူးဆန်း ပြောသလိုဆို ဒီဓာတ်ပုံတောင် သိမ်းထားသင့်တယ်နော်။
    နောက်များအမြင်သမျိုးဖြစ်တဲ့အခါ ယှဉ်ပြီးပြန်ပြရင် အလွန်ကောင်းလိမ့်မယ်ထင်။

    • ကထူးဆန်း

      October 11, 2014 at 10:27 pm

      ဟုတ် လေး ခ ။ ဒါကြောင့် သူကြီး အမှိုက်ပုံးထဲ လာထည့်ထားတာလေ .. :mrgreen:

  • အလင်းဆက်

    October 10, 2014 at 8:58 pm

    :k:

    ရန်ကုန်ထဲ နေတာ..ကြာပြီ.. ပုံကို ကြည့်ကြည့်ချင်း..ဘယ်နေရာမှန်းမသိ

    😆

  • pooch

    October 11, 2014 at 9:38 am

    တကယ်က ဘယ်နေရာမှ မသိဘူးရယ် :mrgreenn:

    • ကထူးဆန်း

      October 11, 2014 at 10:40 pm

      အလင်းဆက် နဲ့ pooh ရေ..
      မဟာ ရှစ်ထောင့် ပြောသလု်ိ ခေါင်မိုးပေါ်က တက်ရိုက်ထားလို့ မသိတာပါ ။
      ပုံ(၁) က တောအုပ်လိုဖြစ်နေတာကတော့ တိရစာ္တန်ရုံ ။
      အဲ့ဒီ့ပုံ ဘယ်ဘက် ခြမ်းမှာ မြင်နေရတဲ့ အဆောက်အဦး နစ်လုံးက Green Hill Tower နှစ်လုံး
      ညာဘက်ခြမ်းမှာ ခေါင်မိုးနီ နဲ့ က Rose Garden Hotel နဲ့ သူ့နောက် တည့်တည့် က ကန်တော်ကြီး ရှေ့ က ရှန်ဂရီလာ တာဝါ နှစ်လုံးက တစ်လုံးပေါ်နေတာ .. ဘေးကတော့ အထက်ပန်းဆိုးတန်းက ကွန်ဒို တစ်ခုဘဲ .. သူ့တော့ နံမည် မသိဘူး ..
      ဖုန်းကင်မရာ စုတ်လေးနဲ့ ရိုက်ထားတော့ သေးသွားတာ လည်းပါတယ် .. အရင်က တော်ရုံ ဝင်မရတဲ့ နေရာ ကနေရိုက်ထားတာလည်း ပါတယ် ..ဒါကြောင့် မသိတာပါ… :kwi:

  • မဟာရာဇာ အံစာတုံး

    October 11, 2014 at 12:56 pm

    ပုံတွေ အကုန်လုံးကို အပေါ်စီးကနေ ရိုက်ထားတာပဲ
    ဟုတ်ဒယ် မဟုတ်လား ဥထူးဆန်းဂျီး .. :mrgreenn:

    စကားမစပ် …
    The Lorax ဇာတ်ကားထဲက let it grow ဆိုတဲ့ သီချင်းလေးကို သတိရမိသွားသေးတယ်ဗျာ …

  • CharTooLan

    October 11, 2014 at 1:03 pm

    ဒဂုံစီးတီးစွဲစိနေဒါဂိုများ ရည်ညွှန်းသလားမတိ !!

    • ကထူးဆန်း

      October 11, 2014 at 10:31 pm

      ဒဂုံစီးတီး စိထားတဲ့ နေရာက နဲနဲ ဂျိူ င့် ထဲ ကျနေလို့ မမြင်ရဘူး ။။ မြင်ရတာ ကတော့ ရွှေတောင် က စိထားတာ ။
      မွသဲ ရေ .. မသွားခင် ရသလောက် ယူသွားမယ် ဟုတ်ပါဘူး .. မသွားခင် မချန်တော့ပါဘူး ပါ .. :saut:

  • မွသဲ ( 17082011 )

    October 11, 2014 at 9:42 pm

    နှမျောစရာတွေပေါ့ ကထူးဆန်းရယ်။ မသွားခင်ရသလောက်ယူသွားမယ်ဆိုတဲ့သဘောပေါ့ 😥 :byee:

  • မြစပဲရိုး

    October 12, 2014 at 10:46 pm

    တောသူဘဲ ခေါ်ခေါ်။
    အလံပြဘုရား လမ်း ကိုတော့ သိတယ်။
    ဘုရားက ဘယ်နားမှာ ဆိုတာ ဖော်လို့ ကိုမရ။ 🙄

  • kai

    October 13, 2014 at 6:54 am

    အလံပြဘုရားက.. အစိမ်းဂိုဏ်းသားတွေအပိုင်စီးထားတယ်လေ..။
    အပြင်လူမဝင်ရ…။ လားမသိ..။

    ဆိုတော့..
    ကထုူးဆန်းပြောချင်တာ.. စစ်ရုံးကြီးနေရာပေါ့…။
    အမှတ်မမှားရင်.. ဒီရွာထဲ.. ရွာသားတယောက်..အဲဒီထဲကအကြောင်းရေးဖူးတယ်..
    ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်.. မိန်းမပိုးတဲ့နေရာ..
    စစ်ရုံးမြေကိုတော့… လူထုကသာအသုံးတည့်.. ငွေရမယ်ဆို.. ရောင်းစားပစ်.. ရောင်းစားပစ်..။

    တိရိစ္တာန်ရုံတော့.. မထိစကောင်း..။
    ဒါလည်း.. လူထုကသာအသုံးတည့်.. ငွေရမယ်ဆို.. ရောင်းစားပစ်.. ရောင်းစားပစ်..။
    ရတဲ့ငွေကိုတော့… စစ်မတိုက်..။ ဘုရားမတည်…။

    လျှပ်စစ်စွမ်းအင်ရရေးမှာသုံးစေချင်..။ :k:

Leave a Reply