ကြွက်တကောင်က စ တဲ့ အတွေး…

ကုိ ထြဋ္November 7, 20141min49714

rat

 

– သူငယ်ချင်းတွေကို ပြောပြတော့ .. မင်းဆီးယိုစားဖို့ လိုနေပြီတဲ့… သည်းခြေသိပ်မကောင်းတော့ဘူးလားတဲ့…

– ဟဲ… သူတို့မသိတာ Creative Thinking (ဝါ) Imagination ( စိတ်ကူးကွန့်မြူ းခြင်း) ဆိုတာကိုပဲ…

– Joyce ရဲ့ Epiphany သဘောတရားအရ happening —> imagination —> creation/ Art   (မိုးတိမ် အမှတ် ( ၉၃ ) မှ ) ဆိုတာကို လက်မခံနိုင်ကြတာ…

– နာမည် မကြီးသေးတော့လဲ … ဒီလို သမုတ်တာ မထူးဆန်းပါဘူး… ပီကာဆို ပန်းချီကားတောင် ပထမက ဘာတွေ ဆွဲထားလဲ မသိဖြစ်ကြသေးတာပဲ…

– တခုပဲ.. မသေခင်တော့ ကိုယ်ခင်းတာလေး မြင်စေချင်မိတယ်… အဟိ…

– ကြီးကြီးကျယ်ကျယ်တွေ လျှောက်ရေး၊ လျှောက်မှီပြီးပါပြီ… တကယ်တော့ ဇာတ်လမ်းက ဘာမှ မဟုတ်ပါဘူး… ဟိုစကားစုတွေ ဟိုဖြစ်ရပ်တွေဆွဲပြီး ကာရံနေတာပါ… ကြိုကန်တာလဲ ပါတယ်… ဟီး….

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ဘယ်က စလဲ ဆိုတော့… ကျွန်တော် လူပျို ဘဝ က စ တယ်… အဲအခန်းက အရင် ကျွန်တော် အိပ်တယ်… တယောက်တည်း…

– ပစ္စည်းတွေလဲ ကုတင်ခြေရင်းမှာ အများကြီးပဲ… ကြွက်တွေ ခိုအောင်းချင် ခိုအောင်းနိုင်တယ်.. ခိုအောင်းဖို့ ပိုများပါတယ်… တခါတခါ ကျွီကျွီ … ကျွီကျွီ  နဲ့ ကြားရတယ်…

– ယူမယ်ဆိုတော့ ကိုယ်ပိုင်အခန်းကို ချဲ့ရင်း… ပစ္စည်းတွေ ဝဲ တန် ဝဲ… ပို့ တန် တနေရာပို့ နဲ့ ရှင်းသွားတယ်…

– ဘာကျန်လဲဆိုတော့… ခုနက ထင်မြင်ချက်အတိုင်း အောင်းဖူးလောက်တယ်.. ကြွက်ဖလောင်း ဝင်စာ အပေါက်တွေ တွေ့တယ်…

– ဒီတော့… ဒီတော့…. ဘီတင်တွေထားပြီး ရိုက်ပစ်လိုက်တယ်… ပိုးဟပ် ဝင်စာလောက်ပဲ နေရာကျန်တယ်…

– နောက်တော့ … မိုးရေ ဝင်နိုင်မယ့် အင်္ဂတေကြားတွေ အဟတွေကို မဆလာ(ဘိလပ်မြေနဲ့သဲ ရောထားသော) ဖြည့်လိုက်တယ်… အလှစ်အဟာ မရှိပဲ…

– အခန်းကို ချဲ့တယ်… တံခါးထည့်တယ်… ဝင်စရာက ပြတင်းပေါက်ပဲ ရှိတယ်… သို့သော် ကြွက်တွေ မွမ်းမံသင်တန်းတက်ထားမှပဲ နံရံကို အလွတ်တွယ်တက်နိုင်မှာ…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– အခန်းဖွဲ့ပြီးတော့ ဘာပိုလာလဲ ဆိုတော့ အဲကွန်း… ဘေးအိမ်နဲ့က လမ်းကြားက ၁ ပေခွဲလောက်ပဲ လွတ်တယ်…

– အောက်ဒိုးထားလိုက်ရင် လေပြန်မှုတ်တဲ့ နေရာနဲ့ ဟိုဘက်နံရံနဲ့က ကွက်တိ… ဒါလဲ မဖြစ်သေးဘူး…

– အပေါ်ထပ် အိမ်ကနေ အဖောက်ပေါက် ဆွဲ ဖို့ကလဲ… သူတို့က ခွင့်မပြု…

– ရတယ်လေ… မောင်ထွဋ် ကူလီကူမာလုပ်ပြီလေ… အောက်ခန်းက ပြတင်းပေါက်မှာပဲ ဖရိန်ကို ရိုက်ပြီး အိမ်ထဲမှာပဲ အောက်ဒိုးဆင်ပလိုက်တယ်…

– အဲတော့… အဲတော့… ဇာတ်လမ်း စ တာပေါ့… အစ ကတော့ မစ သေးဘူး… နောက်မှ ဉာဏ်ကောင်းသော ကြွက်က လမ်းကြောင်းတွေ့ခဲ့တာ…

– အောက်ထပ် အောက်ဒိုးကနေ ကြေးပိုက်လိုင်းအတိုင်း တက်လာတယ်.. အခက်အခဲ မရှိဘဲ… မချောဘူးလေ… ကြေးပိုက်ရယ် ဝါယာရယ်ကို ဖော့နဲ့ ပတ်ထားတော့ တက်ရလွယ်သွားတာပေါ့…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ပထမ တခေါက်… ယူပြီး ၂ လ လောက်မှာ တခါတွေ့တယ်… အော်.. လမ်းမှားတာနေမှာ… စားစရာရော၊ ကိုက်စရာရော မရှိအောင် နေတာလေ… ထွက်ပေါက်ကလဲ ဒီတပေါက်ပဲ ဆိုတော့…

– ထင်တာလား… တကယ်လားတော့ … အိမ်က ပစ္စည်းတွေ ပြန်မစစ်ရသေးဘူး… အဲတုန်းကတည်းက မမြင်မိတော့ဘူး…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– မနေ့ညက… အိမ်ကို ရောက်တော့ မဒမ်က ကွန်ပျူတာ ဂိမ်းဆော့၊ ကိုယ်လဲ ဖုန်း ဂိမ်းဆော့နေတုန်း….

– ကျွီကျွီ… ကျွီကျွီ နဲ့ အသံလဲကြား … မည်းမည်း နဲ့ မြန်မြန်သွားတာ မြင်လိုက်တယ်… ကိုယ်တောင် မပြောသေးဘူး.. မဒမ်က ကိုရေ…. ကြွက်… ကြွက်… ကြွက်တဲ့…

– အေး.. ငါမြင်တယ်… ပြောတုန်းပဲ… ပြန်ကြည့်တယ်… မတွေ့တော့ဘူး… ခုနက ပိုက်လိုင်းကနေ တက်လာတာ မြင်တယ်… အဲကွန်းအပေါ်ကနေ ဖြတ်ပြေး နံရံထောင့်နားမှာ ပျောက်သွားတယ်…

– ဒါနဲ့… ထူးဆန်းတယ်ပေါ့… သွားကြည့်… အဲကွန်းဖုံးတောင် ဖွင့်ကြည့်သေးတယ်… နောက်မှ ကိုယ် တုံး တာ… သိလိုက်ရတယ်…

– လား… လား…. အပေါ်ထပ် ကို ကူးသွားတာကိုး…. အပေါ်ထပ် တထပ်က သမံသလင်း ဟုတ်ဘူးလေ… သစ်ချောင်းတွေကိုမှ ပြန်ပြီး ကြမ်းခင်း ရိုက်.. အောက်ထပ်ကို စီလင် တပ်ပေးထားတာကိုး….

– ဒါမျိုးတော့ ဘယ်ရမလဲ… စိတ်ကူး ကွန့်မြူးပြီးပေါ့… သကောင့်သားကို ပြန်ထွက်မရအောင်…

– သစ်သား… ဘယ်ဖြစ်မလဲ… မောင်မင်းကြီးသား အကြိုက်ဖြစ်သွားမယ်… အင်း… မကိုက်နိုင်တာ သံ… ဟုတ်တယ်… သံထည်…

– အပေါဆုံးက အရက်ပုလင်းခွံ… သွားတိုက်တံ… အိုကေ… ဒါဆိုလဲ စ ပြီပေါ့… ပုလင်းခွံကို ပိန်လိုက်တယ်… အပေါက်မှာ သွားလျာကြည့်တယ်…

– ကွက်တိပဲ… ဒီတိုင်းချည်းဆို သူ(ကြွက်) တွန်းလိုက်ရင် ကျမယ်…

– ဒါမျိုးတော့ မစမ်းနဲ့.. နံရံထောင့်ကနေ သွားတိုက်တံနဲ့ ထောက်ပြီး ပိတ်လိုက်တယ်…

– နည်းနည်းရှည်နေသေးတော့ ပိုကောင်းတယ်… ကျားကန်လို့ ရသွားတယ်…

– ဟွန်း… ဒါမျိုးတော့ မောင်ထွဋ်ကို လာမစမ်းနဲ့… ကျုးကျော်စစ်ကို အဆုံးစွန်ထိ ပြန်တိုက်တာ…

– ခုနက အပေါက်ကိုပဲ… Insect Killer နဲ့ သွားဖြန်းလိုက်တာပေါ့… အဲတော့ ကိုယ့်ဆရာက မျက်လုံးလေး ကလယ်ကလယ်နဲ့ ကြည့်နေတယ်…

– ဟွင်း.. ဟွင်း… ဟွင်း….

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– အဲဒီမှာ အတွေးက စ တာပဲ… ဒီကောင် ဘာလို့ အလျင်စလိုနဲ့ ပြန်ဆင်းတာလဲ…

– ၂ နည်းပဲ ရှိတယ်… အတွေးကတော့ာ့ာ့ာ့ာ့ာ…..

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– အတွေး တစ် ( ဒီကောင် လူပျိုလာလှည့်တာ)

– ဒါက ပိုဖြစ်ဖို့ များပါတယ်… ဘာလို့ တွေးလဲဆိုတော့ ဒီလို ခဲရာခဲဆစ် နေရာ… တကယ်တော့ တက်ရတာ ထင်သလောက် မလွယ်ဘူး…

– အောက်ဒိုးက မြေစိုက်မဟုတ်ဘူးဗျ… ကျွန်တော့်လက်နဲ့ဆို တတောင်ကျော်တယ်… Jumping ကောင်းရမယ်…

– ပြီးရင် လူ အလစ်ကို ချောင်း… ဒါမှမဟုတ် တခြားအာရုံ ပြောင်းနေတဲ့ အချိန် ထင်ရတဲ့ အချိန်မှာ ပြေးရမှာ…

– အချိန်က ခဏပဲ ရမယ်.. မှီပါတယ်… တခုပဲ.. တခုဆိုမှ တခုပဲ… ဒါက သူ့ဝသီကို မစွန့်လွှတ်နိုင်ခဲ့ဘူး…

– ကျွီကျွီ နဲ့  ပြေးသွားတယ်… မောင်ထွဋ်ကလဲ မြင်ဖြစ်အောင် မြင် ကြားဖြစ်အောင် ကြားတယ်…

– ခုနက ပြောသလို လုပ်တာတွေက မကြာသလို မြန်လဲ မမြန်ဘူး… သူက ပြန်ဖို့ လုပ်နေပြီ…

– ဒါဆို… ဒါဆို… ကျိန်းသေပြီ… ညဘက်ဆို အစာရှာဖို့ ဂျူတီ ရှိတယ်.. ဒါပေမယ့် တွေ့ကလဲ တွေ့ချင်တယ်… ဝင်တွေ့တယ်.. ပြန်မယ်ပေါ့…

– ကံဆိုးသွားပါတယ်… သူ့ပန်းတိုင် မရောက်ခဲ့ရဘူး… အပြန်လမ်းမဲ့သွားတယ်…

– တနည်းနဲ့တော့ ပြန်မှာပါ… လာရာလမ်းနဲ့တော့ မဟုတ်တော့ဘူး… ဘာလို့ဆိုတော့ ပြန်တဲ့အထိ အဲဒီအပေါက်က ပိတ်လျက်သားကိုး…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– အတွေးနှစ် ( အိမ်ထောင်ဦးစီးကြွက်)

– ဒါလဲ ဖြစ်နိုင်တယ်… ဘာဇာကြောင့်ဆိုတာလဲ ရှင်းပြမယ်…

– သူ တက်လာတာ မြင်တဲ့ အချိန်မှာ.. မိုး စ ရွာတယ်… ဒါဆို မိုးရွာလို့ ပြန်တက်တာပေါ့…

– ကျွန်တော်ပြောသလိုပေါ့.. နဂိုကတည်းက လမ်းကြောင်းရှိမယ်.. စားစရာ ကိုက်စရာ မမြင်တော့… တခြားအရှာထွက်တာဖြစ်မယ်…

– ကျွန်တော်တို့ မမြင်တာလဲ ဖြစ်နိုင်တယ်… သက်သေက အဲကွန်းရီမုတ်ကို ကိုက်ရာတွေ့တယ်… ပိုးဟပ်လဲ ဖြစ်နိုင်တာပဲ…

– တကယ် သူ(ကြွက်) ကိုက်ရင် တခြားဟာ ဘာလို့ မကိုက်လဲ… မရှာရသေးတာလဲ ပါတယ်.. စားစရာ မဟုတ်လို့လဲ ဖြစ်နိုင်တယ်…

– တချို့သော အရာတွေကို မစားရဘဲ.. အဖျက်သက်သက်နဲ့ ကိုက်တတ်သေးတာကိုး…

– ဒါဆို ဘာလို့ ပြန်ဆင်းဖို့ အလျင် ပြန်လိုလဲ… ဒါလဲ ရှင်းတယ်.. ကျွန်တော်လုပ်ပြီးတဲ့ အချိန်မှာ… ပြီးလု ပြီးခင်မှာ မိုးပြန်တိတ်တယ်…

– ဒီတော့… ဒီတော့… ဂျူတီ အရ ပြန်ဆင်းတာပေါ့…. အတွေးတစ်ကလိုပဲ… အဆင်းရှာမတွေ့တော့ပါဘူး…

– တခြားလမ်း ရွေးသွားတာ ဖြစ်မှာပါ…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ဒီတော့ကာ ကျွန်တော်ဘာလို့ တွေးမိ စဉ်းစားလဲ ဆိုတော့ သူတို့က လက်စားပြန်ချေချင် ချေမှာ…

– အချိန်ပြည့် အိမ်မှာ မရှိတော့.. သူတို့(ကြွက်တွေ အုပ်စုလိုက်) ပွဲတော်ခေါ်သွားမှာစိုးလို့…

– ပိတ်ရက် လပြည့်တော့ အကုသိုလ်တွေ တက်ပါပြီဗျာ… တနည်း သူတို့စီးပွားရေးကို တုတ်နဲ့ထိုးသလိုဖြစ်နေပြီ…

– တတ်နိုင်ဘူး.. တဖက်ကလဲ ကိုယ့်ရဲ့ တိုင်းပြည်လေးလေ.. ကာကွယ်ရမှာပေါ့…

– အင်္ဂတေ ကိုင်မယ်… အလုံပိတ်မယ်… သံဇကာကာရမယ်… ဒါပဲ…

– စာရှုသူတွေဆိုရင်ရော… ဘယ်လိုလုပ်မလဲ… အတွေးကရော ၂ အပြင် ၃ ၄ လာဦးမလား…

– ခပ်ကြောင်ကြောင် အတွေးလို့ ပြောမလားလို့… မေးရင် ကြွက်တကောင်နဲ့ စ တဲ့ အတွေး နိဂုံးချုပ်ပါတယ်ဗျာ…

– အဆုံးထိ ဖတ် မန့်ပေးရင် ကျေးဇူးပါဗျာ…

 

ရေမြေ့သနင်း

14 comments

  • MAUNG

    November 6, 2014 at 5:58 am

    ငယ်ငယ် ကကြည့်ဖူးတဲ့ Mouse Hunt ဆိုတဲ့ ရုပ်ရှင် လေးသွား သတိရ တယ်…
    လူ နှစ်ယောက် နဲ့ ကြွက် တစ်ကောင် လေ..
    အဲဒီမှာ Ultrasonic Repeller လေး တွေဝင်ပြီ လားမသိဘူး၊ ရှာပြီး စမ်းသုံးကြည့်ပါလား
    ကြော်ငြာ ထားတာ တော့ ကြွက ်တင်မက ပိုးဟတ်၊ ခြင်၊ မြွေ စတာတွေ ပါ ပြေးတယ် ဆိုဘဲ..
    ဆိုလာ ပါဝါ နဲ့ပါ ထွက်နေ ပြီဆို တော့မီး မမှန် မှာလဲ၊ သိပ် ပူစရာ မလိုတော့ဘူး

    • Yae Myae Tha Ninn

      November 7, 2014 at 9:06 am

      ဟုတ်… မောင်… ကျွန်တော်ရှာကြည့်လိုက်ဦးမယ်..ဗျာ… အဓိကကတော့ ဝင်ပေါက် မရှိရင် ပြီးတာပဲဆိုတော့ အလုံပိတ်နိုင်အောင် ကြိုးစားလိုက်ဦးမယ်… 🙂 မန့်ပေးလို့ ကျေးဇူးပါ… 🙂

    • Yae Myae Tha Ninn

      November 7, 2014 at 9:15 am

      ကျေးဇူးပါ.. ဆက်ဆက်ရယ်… မြှောက်ပေးတာရော… ပို့စ်အတွက်ကူပေးတာရော… 🙂

  • kyeemite

    November 7, 2014 at 9:48 am

    .ကျုပ်အိမ်ကလည်းမြေညီထပ်ဆိုတော့ ကြွက်ဝင်လေ့ရှိသဗျ..ကြွက်စုတ်ပါ
    .ကျုပ်လည်းဝင်ပေါက်မှန်သမျှပိတ်တာပဲ..မရဘူးဗျို့..ဝင်တာပဲ..ခုတော့လွှတ်ထားလိုက်ပါတယ်..
    .နေချင်သလိုနေကွာဆိုပြီး :k:

  • Yae Myae Tha Ninn

    November 7, 2014 at 10:17 am

    ဟုတ်ပါ့… ဦးမိုက်ရယ်… တူတူပဲ… မြေညီထပ်ရဲ့ ဒုက္ခ… 🙂

  • weiwei

    November 7, 2014 at 10:34 am

    နီကိုရဲရဲ့ နှလုံးသားထဲ ကြွက်ဝင်နေသည် ဝတ္ထုကို သတိရသွားတယ် ..

  • Yae Myae Tha Ninn

    November 7, 2014 at 10:52 am

    ဟုတ်… မဝေ လာမန့်ပေးတာ ကျေးကျေးပါ… အဲဒီဝတ္ထုကိုလဲ ကြိုက်တယ်… နီကိုရဲလဲ ကြိုက်တယ်… သစ်ခက်ငါး မှာတော့ နည်းနည်း ထောက်သွားခဲ့တယ်… 🙂

  • uncle gyi

    November 7, 2014 at 10:55 pm

    ဘာပြောပြော
    ကြွက်မရှိအောင်လုပ်တာကျမ်းမာရေးလည်းကောင်း
    ပစ္စည်းတွေလည်းမပျက်
    အိမ်လည်းသန့်တာပေါ့ဗျာ
    နောက်အဲကွန်းနဲ့ကြွက်ဆိုတာရန်သူ
    မကိုက်နဲ့အုန်းသူ့သေးပေါက်တာနဲ့ကိုဒုက္ခပေးတဲ့ကောင်
    ရှင်းတာအကောင်းဆုံးပဲကိုယ့်လူရေ

    • Yae Myae Tha Ninn

      November 10, 2014 at 8:44 am

      အခုထိတော့… သူ အဲလမ်းကို ပြန်လာဖောက်နေတယ်… အနော် တက်ကနစ်ကလဲ ကောင်းတော့ မထွက်နိုင်သေးဘူး.. နောက်တလမ်း အသစ် လုပ်တော့ နေရာကို Insect Killer ဖြန်းတော့ ဒိုးသွားတယ်.. ဦးလေးကြီးရေ… အင်္ဂတေက မကာရသေးဘူးဗျာ… အဝတ်လျှော်စက်ပျက်လို့ တိုင်ပတ်တာနဲ့… 🙂

  • ကေဇီ

    November 8, 2014 at 1:08 pm

    ကြွက် တစ်ကောင်နဲ့ စ တဲ့ အတွေးထဲကို
    ကြောင် လွှတ်ပေးလိုက်မယ်။
    ကြွက် ပြေးလေရော ဟယ်!!!

    :mrgreen:

    • Yae Myae Tha Ninn

      November 10, 2014 at 8:46 am

      အိမ်မှာ ကြောင်ရှိတယ်… ကြွက်ထက် လူပိုပြေးရမယ်.. အထဲခဏထည့်တယ်.. ဗြောင်းဆန်အောင် ကဲတာ.. ခြင်ထောင်ကို သဘောအကျဆုံးပဲ တွေ့တာနဲ့ ပြေးကုတ်တယ်… 🙂

  • မြစပဲရိုး

    November 8, 2014 at 2:03 pm

    ပုံထဲ က ကြွက်လေးကတော့ သနားစရာလေး။
    ဒီမှာတော့ အိမ်မှာ ကြွက်လေးတွေ လှောင်အိမ်လေး နဲ့ အလှမွေး ပါ့။
    ဝယ်ပြီး မွေးရတာနော်။
    ဒီဘက်က အမြင်မှာ အလှမွေးလို့ ရတာမို့ မင်းသား မင်းသမီးလေး တွေပေမဲ့ မြန်မာပြည်မှာ တော့ လူကြမ်းလေး တွေပေါ့လေ။
    ဒါပေမဲ့ နင်းနင်း ရယ် သိပ်တော့ မနှိပ်စက် ပါနဲ့ ဟယ်။
    :))

  • Yae Myae Tha Ninn

    November 10, 2014 at 8:50 am

    ဒီမှာလဲ အလှမွေးကြွက်တွေရှိပါတယ်… အရီးရေ… မဖျက်စီးဘူး.. ကျန်းမာရေးကို မထိခိုက်စေဘူးဆိုရင်… ချစ်ပါတယ်… မွေးလဲ မွေးချင်ပါတယ်… နေရာအကျယ်ကြီးပေး မွေးစရာမှ မလိုတာ… 🙂
    လုပ်မယ်သာ ပြောတာ မလုပ်ဖြစ်ပါဘူး.. မိုးက တနေကုန်စွေနေတော့ ပျင်းပျင်းနဲ့ ဂိမ်းပဲ ဆော့… နေ့လယ် အဝတ်လျှော်ပြီး လုပ်မယ်ဆိုတော့ စက်ပျက်လို့ တိုင်ပတ်… ညနေကျတော့ လမ်းမတော် ပွဲဈေးသွားနဲ့… ဟဲ… 😀

Leave a Reply