( သံသရာတစ်ကွေ့ဝယ် )

တိမ်တွေပေါ်မှာ မင်း စကားသံ   လွင့်ပျံဆဲလေ သေချာသော်လည်း အဖမ်းခက်ခဲ ၊ မြေနီလမ်းမှာ မင်းခြေရာများ ရှိထားသော်လည်း ရှာရန်ကမလွယ် ဇဝေဇဝါရယ် ၊ လှည်းတန်းက အိုက်စ်ဘယ်ရီ ကော်ဖီ၂ ခွက်ရယ် သက်သေတည်လည်း ဘယ်ခွက်ဆိုတာ ငါမပြသာ ၊ အင်းစိန်လမ်းပေါ် ဒို့ပျော်ခဲ့တဲ့ ၄၈  စီးဖြစ်ကြတာ သေချာပေမယ့် ဘယ်ကားဆိုတာမရေရာ ၊ ဝိုင်ကေကေအို ထိုင်လေကို တဲ့  ချွဲနွဲ့သူ့အသံ ဟန်ပန်များရယ် ဘယ်ပျောက်ကွယ် ၊ လပြည့်ဝါဆို ငါငိုချင်ခဲ့ ခွဲတဲ့ချစ်သူ ပြစ်မြူ မျှမတင် ချစ်သူကိုကွယ့်လှစေချင် ၊ Post Views: 305