ရဲရဲခြစ် ~ ပျက်သွားရင်ပြန်ပြောလို့ရတယ် -Telenor

ေမာင္ရိုးNovember 18, 20141min168910

535932_665682790213570_4090598959264920878_n

 

 

 

 

 

 

## ရဲရဲခြစ် ~ ပျက်သွားရင် ပြန်ပြောလို့ရတယ် (Telenor) ##

 

 

ငွေဖြည့်ကဒ်တွေမှာ အခြစ်လွန်လို့ဖြစ်ဖြစ် ၊ အခြစ်ကြမ်းလို့ဖြစ်ဖြစ် နံပါတ်တွေပါပျက်သွားပြီး ကဒ်တန်ဘိုးဆုံးရှုံးရတာတွေ ကြုံဖူးကြားဖူးကြမှာပါ ။

မကြာသေးမှီကာလကပဲ ooredoo နဲ့ telenor တို့ ရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေစတင်လာပြီဖြစ်လို့ သုံးခွင့်ရတဲ့ဒေသတွေမှာစတင်အသုံးပြုလာကြပါပြီ ။

သူတို့ရဲ့ငွေဖြည့်ကဒ်တန်ဘိုးကို ၁၀၀ဝ ကျပ်အထိ လျော့ချထုတ်လုပ်လာတဲ့အတွက်လည်း ငွေဖြည့်ကဒ်တွေဟာ သင့်တော်တဲ့ ကြံခိုင်မှုနဲ့ အရေအသွေးဟာအမြင့်ပါဘူး ။

ဒါကြောင့် ကျနော်တို့ဟာ သတိလက်လွတ်ခြစ်မိတယ်ဆိုရင်ဘဲ နံပါတ်တွေပျက်ဆီးပြီး အောက်ခံစက္ကူသားအထိ ပြဲသွားတတ်ပါတယ် ။

(telenor မှ ၁၀၀ဝ ကျပ်တန်ကဒ်မထုတ်ပါ သို့သော် ငွေဖြည့်ကဒ်ရောင်းသောဆိုင်များမှ ဖုန်းဖြင့် ဖြည့်ပေးပါသည် )

 

ဒီလို ဒီလိုတွေတွေ့ကြုံလာတဲ့အခါမှာ မိမိဝယ်ယူထားတဲ့ကြိုတင်ငွေဖြည့်ကဒ် တန်ဘိုးဟာ ဆုံးပြီလို့ သတ်မှတ်ရတော့မှာပေါ့ ။

ဘယ်သူအမှားကြောင့်ဖြစ်ဖြစ် ကဒ်ထုတ်လုပ်သူတွေကို မေတ္တာပို့မိကြမှာလည်း ဖြစ်တတ်တဲ့သဘောတစ်ခုပါ ။

 

ဟုတ်ကဲ့ …… ဒီလို အခြေအနေမှာ ကျနော်ကိုယ်တိုင်လည်းကြုံခဲ့ရလေတော့ မကြာသေးမှီကဘဲ သိလိုက်ရတဲ့ Telenor ရဲ့ ဝန်ဆောင်မှုတစ်ခုကို အသိပေးပါရစေ ။

telenor ငွေဖြည့်ကဒ်တွေကို ခဲခြစ်ရင်းနဲ့ ပျက်ဆီးသွားတယ်ဆိုရင် ………

 

– ပထမဦးစွာ 979 ကိုဖုန်းခေါ်ပါ ။

အလိုအလျောက်ဖြေကြားစက်မှ ညွှန်ကြားချက်များ ပြောပါလိမ့်မယ် ။

 

– ညွှန်ကြားချက်များကို ပြီးဆုံးအောင် နားထောင်မနေပါနဲ့ ။

9 ကိုဆက်နှိတ်လိုက်ပါ ။

ထပ်မံ ရှင်းပြ ညွှန်ကြားနေပါလိမ့်ဦးမယ်။

 

– 1 ကိုဆက်နှိတ်လိုက်ပါ ။

အင်မတန် မင်္ဂလာရှိလှစွာသော Telenor ရဲ့ အော်ပရေတာမိန်းကလေးအသံကို

ကြားရပါလိမ့်မယ် ။

မိမိရဲ့အခက်အခဲကိုတင်ပြရင်း သူမေးတာကိုဖြေကြားလိုက်ရုံပါဘဲ ။

 

သူတို့ပြောမှာကတော့ …… နောက်ထပ် သုံးလေးရက်လောက်အတွင်းမှာ ပျက်ဆီးသွားတဲ့ ကဒ်အတွက် ငွေပြန်ဖြည့်ပေးဖို့ အကြောင်းပြန်ပါလိမ့်မယ် ။

မိမိရဲ့ဖုန်းကိုတော့ အမြဲဖွင့်ထားဖို့လိုပါမယ် ။

ဒါမှ သူတို့ဆီက မက်ဆေ့ ဝင်လာရင်သိရမှာပါ ။

 

အရေးအကြီးဆုံးက ##

 

** ကဒ်က နံပါတ်တွေပျက်ဆီးသွားပြီဆိုရင် အကောင်းဆုံးက ရမ်းသမ်းပြီး နံပါတ်တွေကိုမဖြည့်ပါနဲ့ ။

 

** ငွေဖြည့်ကဒ်ကို ဒေါကန်ပြီး ဆုတ်ဖြဲတာတို့ လွှင့်ပစ်တာတို့ မလုပ်မိပါစေနဲ့ ။

အဲဒီကဒ်ရဲ့ ကုဒ်နံပါတ်တွေကိုပြန်ပြောပြရမှာဖြစ်လို့ပါ ။

 

ကဲ …… ဒါဆိုရင် telenor ငွေဖြည့်ကဒ် အခြစ်ကြမ်းသွားလို့ လွမ်းစရာမလိုတော့ပါဘူးနော ။

 

 

 

လေးစားလျှက်

 

 

 

မောင်ဆာမိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

10 comments

  • တောင်ပေါ်သား

    November 18, 2014 at 10:07 am

    အနော်က မပုတင်နဲ့ လက်တွဲနေဆဲမို့ ၊ 🙂

    ဒါပေမယ့် မှတ်ထားပါ့မယ် ဆရာရေ

    • surmi

      November 18, 2014 at 10:18 am

      ဟုတ်ကဲ့ဦးမျိုးရေ
      မပုတင် ကဒ်တစ်ခုလည်းဆုံးခဲ့ဖူးပါတယ် ။
      အဲဒီတုန်းက 73 ကဒ်ပါ ။
      ပလုံ ကနဲပေါ့ဦးမျိုးရယ် 🙂

  • kyeemite

    November 18, 2014 at 10:29 am

    .ကိုရင်ဆာရေ..ကျုပ်လည်း မပုတု နဲ့နှစ်ပါးသွားနေတာ…တစ်ရက်က ငွေဖြည့်ကဒ် အခြစ်ကြမ်းသွားလို့
    .အောက်ကစာရွက်ပါကွာထွက်သွားတာ..တော်သေးတာက..အသာပြန်ဖိလိုက်တော့ .ဂဏန်းကိုပြန်ဖေါ်လို့ရလို့….အခုလိုရှယ်ပေးတာကျေးဇူးပါဗျာ :))

  • ကေဇီ

    November 18, 2014 at 12:53 pm

    သများက အချစ် (အဲ) အခြစ်ကြမ်းတတ်တာနဲ့တော့ ဒွတ်ခပဲ။

    :a:

  • မဟာရာဇာ အံစာတုံး

    November 18, 2014 at 1:40 pm

    အမလေး ….
    လိုဂျင်ဒါလေးများ ရဒေါ့ …
    {အင်မတန် မင်္ဂလာရှိလှစွာသော Telenor ရဲ့ အော်ပရေတာမိန်းကလေးအသံ}
    …. တဲ့ ….။
    ပျော မပျောဂျင်ဘူး ….
    နောက်ဒါ ….

    ဥဆာ တို့က အခြစ်ကြမ်းလည်း ကိစန မရှိဘူး …
    ကျော်တို့ကတော့ အခြစ်ကြမ်းလို့ ရသေးဘူး …
    ဒါကြောင့် ဘာခြစ်ခြစ် ဖွဖွလေးပဲ ခြစ်တယ် ခည …. :mrgreen:

  • ခင် ခ

    November 18, 2014 at 3:31 pm

    ဘာဘဲဖြစ်ဖြစ် ဖွဖွလေးခြစ်ရင်တော့ အပြဲသက်သာပြီး အလုပ်မရှုပ်ဖူးပေါ့လေ။

  • Crystalline

    November 18, 2014 at 4:11 pm

    ​တော်​​သေးတယ်​.. ဓာတ်​ပုံရိုက်​ထားမိလို့.. အူးဆာ​ကောင်​မ​လေးကလည်​း အ​မေးအမြန်​းထူပါ့.. ​ငွေဖြည်​့ကဒ်​ဖုန်​းကို စသုံးဖူးတာမကြာ​သေး.. အထာမသိလို့ ကိုယ်​ပဲဖြစ်​သလားလို့.. စ​ကော့​ဈေး ဖုန်​းကဒ်​​ရောင်​းတဲ့ဆိုင်​က အူး​လေးကလည်​း ​ဈေးကလူ​တွေမကြာခနဖြစ်​လို့ ပြန်​လာဝယ်​ရသတဲ့… သူတို့လည်​းမသိလို့ဖြစ်​ရမယ်​.. :-))

  • uncle gyi

    November 18, 2014 at 10:09 pm

    ကိုရင်ဆာတို့ကကိုယ်တိုင်ချစ်ချင်တာကိုး
    ကိုယ်တိုင်ငွေဖြည့်တော့လည်းတခါမဟုတ်တခါခြစ်မိမှာပေါ့လေ
    အန်ကယ်တို့ကတော့ဆိုင်ကိုတခါတည်းခြစ်ခိုင်းလိုက်တယ်
    ဂဏန်းမပေါ်လည်းသူ့အလုပ်လေ
    ကိုယ့်ဖုန်းထဲငွေရောက်ရင်ပိုက်ဆံပေးမယ်
    ရှင်းရှင်းပဲရော့ပတ္တမြားရော့နဂါးပဲ

  • Novy

    November 19, 2014 at 3:51 pm

    မီးမီးကတော့ မပုတု/ ဦးနော / အော်ရင်ထူး အကုန်သုံးမိလေတော့
    မှတ်ထားလိုက်ပြီ ကိုရင်ဆာရေ…
    ခြစ်တာကတော့ သူများကိုခြစ်ခိုင်းသလို ကိုယ်တိုင်းလည်းကြုံရင်ခြစ်လိုက်တာပဲ

  • အလင်းဆက်

    November 22, 2014 at 10:55 am

    mpt နဲ့ mec တွေကိုလည်း
    တစ်မိနစ် ငါးဆယ်က လျှော့ချစေချင်တယ်။
    တစ်ထောင်တန်ငွေဖြည့်ကတ် ထုတ်စေချင်တယ်။
    ဖုန်းလိုင်း ကောင်းစေချင်တယ်

    အေးလေ. . .
    ဒီတိုင်းပြည်မှာ ကိုယ်ဖြစ်စေချင်တာတွေ
    ဖြစ်သင့်တာတွေ မဖြစ်ရဆိုတဲ့ ကျိန်စာကြီးနဲ့ဆိုတော့. . . .
    ဆ်ိုတော့. . . .

    သူတို့ လုပ်သမျှခံ
    မခံနိုင်ရင် ကန်
    မကန်နိုင်ရင် ကံ
    😆

    ရဲရဲခြစ်တာတော့ ဖွေးဖွေးကိုပဲ ချစ်ချင်တယ်။
    ရဲရဲဂျီး ချစ်ပါ့မယ် ဖွေးရယ်
    ဂလုစ်

    :k:

Leave a Reply