”Institution များ အားကောင်းသည်ဆိုရာတွင်”

alinsettJanuary 23, 20151min37414
အင်စတီကျူ းရှင်းများ အားကောင်းသည် ဆိုရာတွင်...
အင်စတီကျူ းရှင်းများ အားကောင်းသည် ဆိုရာတွင်…

 

 

 

 

 

 

 

 

 

 

 

 

အင်စတီကျူးရှင်းများ အားကောင်းသည်ဆိုရာတွင်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စာချစ်သူများအတွက် ”Institution များ အားကောင်းသည်ဆိုရာတွင်” ဆိုတဲ့

စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီစာအုပ်ကို ရေးသားပြုစုသူကတော့ အားလုံးသိတဲ့ ကိုဘမောင်ကြီး (သို့မဟုတ်)

ဆရာနေဇင်လတ် ။

လူတော်တစ်ယောက်ရေးသောစာဆိုတိုင်း  စာကောင်းဖြစ်မယ်လို့ တသမတ်တည်း မပြောနိုင်ပေမယ့် …
ကိုဘမောင်ကြီးဟာဖြင့်… လူတော်တစ်ယောက်မှန်း သိသာနေသလို..
သူရေးလိုက်သမျှ စာတော်တော်များများဟာလည်း အကျိုးပြု စာပေတွေလို့…အသိအမှတ်ပြုနေရတာချည်း ။

ဒီတစ်ခါ ဖတ်မိတဲ့စာအုပ်ကလည်း သူ့ရဲ့ စာပေလက်ရာကောင်းတွေထဲက အကောင်းတစ်ခု ။

စာအုပ်ကို အပိုင်း ကဏ္ဍတွေ ပိုင်းထားပြီး သူ့ကဏ္ဍတွေနဲ့သူ သပ်သပ်ရပ်ရပ် တင်ပြထားတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စာအုပ်ကို စလှန်လိုက်တာနဲ့ ပထမဆုံး ဖတ်ရှုရမယ့် ကဏ္ဍက

”အတွေးအမြင် ကဏ္ဍ”

အဲဒီ အတွေးအမြင်ကဏ္ဍမှာ ဆောင်းပါး (၈)ပုဒ်  ပါဝင်တယ်။

စာမျက်နှာ (၁)ကနေ စာမျက်နှာ (၅၉)အထိက အတွေးအမြင်ကဏ္ဍပေါ့ ။
အတွေးအမြင်ကဏ္ဍထဲမှာပါဝင်နေတဲ့ ဆောင်းပါးတွေရဲ့ ခေါင်းစဉ်လေးတွေက …
@ မျှော်မှန်း ရှုမြင်ခြင်းများ မတူကြလျှင်…
@ ပညာ၏ အမြင့်ဆုံးသောနေရာ
@ လွန်ကျူးအမြင့်စိတ်
@ အာရှတန်ဖိုး(သို့မဟတု်)လီကွမ်ယူ
@ အကျိုး မများသော မာန်သုံးပါး
@ ချမ်းသာမှ ဂုဏ်ရှိသည် (သို့မဟုတ်)ကြောင် အဖြူအမည်း အရေးမထားသူ
@ အင်စတီကျူးရှင်းများ အားကောင်းသည်ဆိုရာတွင်
@ နိုင်ငံတော်တည်ဆောက်ခြင်း .. တို့ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အဲဒီနောက် စာအုပ်ရဲ့ စာမျက်နှာ (၅၉) ကနေ စာမျက်နှာ (၉၅)အထိက နောက်ထပ် ကဏ္ဍတစ်ခု…

”စီမံခန့်ခွဲမှုကဏ္ဍ” တဲ့

 

စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်းပါး (၅)ပုဒ် ဖော်ပြထားပါတယ်။
@ အချိန်နှင့် အလုပ်အပေါ် စီမံခန့်ခွဲမှု
@ စွမ်းဆောင်နိုင်ရည်နှင့် ထိရောက်စွမ်းရည်
@ ပညာဖြင့် အချိန်ကိုနောက်ရွှေ့နိုင်ပါစေ
@ ကံ ဆိုတာ အယ်လ် အို စီ လား
@ စီပွါးသူရဲကောင်း(သို့)ဟောင်ကောင်မှ လီကာရှင်း …. တို့ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စာမျက်နှာ (၉၅) အထိ  ဖတ်ပြီးပြီ ဆိုရင်တော့ နောက်ထပ် ကဏ္ဍတစ်ခု ပြောင်းသွားပါတယ်။
ဒီတစ်ခါ  ဆက်လက်ဖတ်ရှုရမယ် ့ကဏ္ဍက…

 

”နိုင်ငံရေး / စီးပွါးရေးကဏ္ဍ”

တစ်ဝကြီး ဖတ်ရှုတွေးတောစရာအဖြစ်…ဆောင်းပါး (၁၄)ပုဒ်တောင် ပါဝင်တဲ့ ကဏ္ဍပါ။
စာမျက်နှာ (၉၅)ကနေ… စာမျက်နှာ (၁၈၀)အထိ ဖတ်ရမှာပါ။
ကဏ္ဍအလိုက်ပါဝင်တဲ့ ဆောင်းပါး ခေါင်းစဉ်လေးတွေကို ဖော်ပြပါရစေဦး ။
”နိုင်ငံရေး / စီးပွါးရေးကဏ္ဍ” မှာ ပါဝင်တဲ့ ဆောင်းပါးတွေကတော့…
@ ပြန်ပြောင်း သတိတရ ဗုဒ္ဓဂယာ
@ ရိုဟင်ဂျာဟာ နိုင်ငံတကာ ပြဿနာလား
@ မုန့် နှင့် တုတ် မူဝါဒမှသည်…
@ သမိုင်းဝင်နေရာလေးမှသည်…တူညီပန်းတိုင်သို့
@ စွမ်းရည် တည်ဆောက်ခြင်း ၊
@ ခေါင်းဆောင်သူသာ အဓိက
@ သန်စွမ်းနိုင်ငံ ဖြစ်ထွန်းရေး
@ ဂလိုဘယ် ယဉ်ကျေးမှု
@ အာဏာရှင်စီးပွားရေး
@ မဂ်တား၊ ဖိုလ်တား စီးပွါးရေး
@ အမှားညီ၍ ဤ ကို ကျွဲဖြစ်စေမည်စိုး
@ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ရေး
@ ဆွေးနွေးစေ့စပ် ညှိနှိုင်းခြင်း
@ အဆိုးထဲက အကောင်းများဖို့နှင့် အကောင်းထဲက အဆိုးနည်းဖို့လိုသည် ….

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အဲဒီနောက်မှာတော့ စာအုပ်က မဆုံးသေးပါဘူး ။
နောက်ထပ် ကဏ္ဍတွေ ကျန်ပါသေးတယ်။
အခုတစ်ခါ စာမျက်နှာ (၁၈၁) ကနေ စာမျက်နှာ (၂၇၉)အထိ ဖတ်ရမှာကတော့

”အထွေထွေကဏ္ဍ”

အထွေထွေ ကဏ္ဍထဲမှာ ဆောင်းပါးစုစုပေါင်း (၁၅)ပုဒ် ပါဝင်ပါတယ်။
ဆောင်းပါး နာမည်တွေက…
@ မဟာဗျူဟာနှင့် အကျိုးစီးပွါး
@ ကိုင်စင်ဇင်းယ
@ ဗြဟ္မစိုရ်တရားတို့ ကင်းပျောက်ကြပြီလား
@ အမျိုးသား အကျိုးစီးပွါးနှင့် ခေတ်သစ်ဗိသုကာ
@ ကမ္ဘာကို အသွင်ပြောင်းပေးခဲ့သည့် ရေဒီယိုလေးနဲ့ မော်ရီတာ
@ နိဒါန်းကောင်း ၊ နိဂုံးကောင်း
@ ပြုပြင်ပြောင်းလဲရေး မိုဒယ်
@ ပဋိပက္ခတို့၏ အချို့သော အကြောင်းရင်း
@ မကိုးအပ်သည့် တရား (၃)ပါး
@ မီဒီယာနှင့် မီဒီယမ်များ
@ အစကောင်းရင်  အနှောင်းသေချာလောက်တယ်
@ ဘေးထွက်အကျိုးများဖြင့် အကျပ်အတည်းကို ကျော်လွှားခြင်း
@ ပြုပြင်ပြောင်းလဲရေးဆိုရာတွင်
@ ခင်ပွန်းယုတ်
@ မေတ္တာ ထားနိုင်ကြစေ..  တို့ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စာအုပ်ရဲ့ စာမျက်နှာ (၂၇၉) ကနေ စာမျက်နှာ (၃၄၇) အထိ ဆက်လက်ဖတ်ရှုရမှာကတော့

”ခံစားမှုနှင့် ကိုယ်တွေ့ကဏ္ဍ”

ဒီကဏ္ဍမှာတော့ …ရသနဲ့ သုတ နှစ်မျိုးလုံး ရသွားစေမယ့် ဇာတ်လမ်းသဘောလေးတွေနဲ့ ရေးပြထားပါတယ်။
ဆောင်းပါး (၈)ပုဒ် ပါဝင်တဲ့ ကဏ္ဍပါ။
@ အမေမည်သို့ ခံစားမည်နည်း
@ စွယ်တော်ရိပ်တို့ ဝေဆာပေဦးမည်
@ သူတို့ခေတ်
@ ပေါက်ကွဲခွင့် ရလိုက်သော သင်ခန်းစာ
@ အချစ်က အချစ်ကို နားလည်ခြင်း
@ ဖူကူယားမားအတွက် ပုံစံသစ်
@ အကျပ်အတည်းအလွန် အလုပ်ရုံ ဆွေးနွေးပွဲ(၁)
@ အကျပ်အတည်းအလွန် အလုပ်ရုံ ဆွေးနွေးပွဲ (၂)

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စာမျက်နှာ (၃၄၇) ကနေ စာမျက်နှာ (၃၅၈)အထိ  ”အမေးအဖြေကဏ္ဍ” ဖြစ်ပါတယ်။

ဒီကဏ္ဍကတော့ စာအုပ်ရဲ့ နောက်ဆုံးပိတ် ကဏ္ဍ ဖြစ်ပြီး အမေးအဖြေအနေနဲ့ Jobseeker အမေးအဖြေပါ ။

ဆိုတော့ ဒီစာအုပ်ဟာ စာမျက်နှာ (၃၅၈) မျက်နှာ ပါဝင်ပြီး ၊ ကဏ္ဍ (၆)ခု အတွက် ဆောင်းပါး စုစုပေါင်း (၅၁)ပုဒ်တိတိ ပါဝင်ပါတယ်။

စာအုပ်ရဲ့ အချက်အလက်တွေကို ပြန်ချုပ်ရရင် …
စာအုပ်အမည်  – အင်စတီကျူးရှင်းများ အားကောင်းသည် ဆိုရာတွင်
စာအုပ်ကို ရေးသားသူ  – နေဇင်လတ်
ထုတ်ဝေတဲ့ပုံနှိပ်တိုက် – စိတ်ကူးချိုချိုစာပေ
ထုတ်ဝေတဲ့ နှစ် – ၂၀၁၃ ခုနှစ် ၊ ဩဂုတ်လ ၊ ပထမအကြိမ် ၊ အုပ်ရေ ၅၀၀
စာအုပ် ရောင်းဈေး – တစ်အုပ် ၃၅၀ဝ ကျပ်
(စာအုပ်တိုက် ဖုန်းနံပါတ် ဝ၁ – ၅၄၆၈၄၅ ၊ ဝ၁ – ၅၄၂၉၇၃ )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မဖတ်ရသေးသူများ … ဖတ်ကြည့်ကြပါဦးလို့… ညွှန်းလိုက်ပါတယ်။

ချစ်ခင်လေးစားလျက်…

Maung Thura

ဇန္နဝါရီလ ၊ ၂၃ ရက် ၊ ၂၀၁၅ ခုနှစ်

 

14 comments

  • Mike

    January 23, 2015 at 1:12 pm

    .စိတ်ဝင်စားမိတယ်..ဝယ်ဖတ်ကျိအုံးမယ် :))

  • Kaung Kin Pyar

    January 23, 2015 at 1:33 pm

    အလက်ဆင်းရဲ့ စာအုပ်အညွှန်းပိုစ့်ပဲ။
    ပါတဲ့ကဏ္ဍတွေကြည့်လိုက်ရုံနဲ့ ဖတ်သင့်တဲ့ပိုစ့်ပေပဲ…..။ ဝယ်ဖတ်လိုက်ပါအူးမယ်လို့….
    🙂

    • အလင်းဆက်

      January 24, 2015 at 1:39 pm

      ဖတ်ကြည့်မယ်ဆိုသူတွေ တွေ့ရင်… ညွှန်းရကျိုးလေး နပ်ပါတယ်ခညာ…
      😆

  • Shwe Ei

    January 23, 2015 at 3:24 pm

    -စာမြည်းလေးတွေပါထည့်ပေးရောပေါ့ 🙂
    (သများဆို စာအုပ်ဝယ်မယ်လို့…စိတ်ကူးပြီး စာအုပ်ဆိုင် ဝင်လိုက်တာနဲ့..အားပါးတရ စာမြည်းတော့တာဘဲ…မြည်းလို့ အားရမှ ဝယ်ဖို့ရည်ရွယ်တဲ့ တစ်အုပ်ကို ကောက်ကိုင်တာ..
    ..ကြိုက်တိုင်းလဲ မဝယ်နိုင်တော့ ချီတုံချတုံနဲ့ အကြာရီး စဉ်းစားသေးတယ်…အဟိ)

    • အလင်းဆက်

      January 24, 2015 at 1:36 pm

      အမြည်းလေးတွေ ထုတ်ကြည့်ဖို့… ကြည့်သေးတယ်..
      တစ်အုပ်လုံးက…ကိုယ် ထုတ်ပြချင်တာတွေ ဖြစ်နေလို့… ။
      ဆိုတော့…အခန်းစဉ် နာမည်လေးတွေလောက် ပြောပြရုံနဲ့…ဖတ်ကြည့်ချင်ကြလိမ့်မယ်လို့သာ..တွေးချလိုက်တယ်တို့..ဘာတို့…

      :k:

  • kai

    January 23, 2015 at 3:25 pm

    ဝယ်ပေးလေ..ဖတ်လိုက်မယ်လို့ပြောရမလိုဖြစ်နေပြီ…။
    ဝယ်ပေးလေ..ဖတ်လိုက်မယ်.. :k:

    • အလင်းဆက်

      January 23, 2015 at 5:40 pm

      ဝယ်ပေးရမလား
      ဒီတစ်ခါ ဘာနဲ့ လဲရပါ့
      ပုလင်းနဲ့တော့ မလဲတော့ဘူး
      ဒေါ်လှနဲ့လဲမယ်။
      :k:

      အကျီ င်္နဲ့အတူ ပါသွားတန် ကောင်းးရဲ့

      :kwi:

      • kai

        January 23, 2015 at 11:48 pm

        ပုလင်းက ကြီးပြီးလေးသမို့.. ပိုကောင်းတာနဲ့လဲပေးပြိး… အရောင်ပြောင်းပေးမယ့်သဘောရှိတယ်..
        ဘာပဲဖြစ်ဖြစ်.. ယူသာယူလိုက်ပါနော..။
        ဆိုတော့…
        စာအုပ်လည်းဝယ်ပေးစေချင်..
        ဖြစ်နိုင်ရင်.. ရွှေဥဒေါင်း တသက်တာမှတ်တမ်း လေးပါလိုချင်..။
        ကျသင့်ငွေကို.. တက်စ်ဆီခပါပေါင်းပြီး ညီတော်မောင်ဆီက ယယူစေချင်…။

        • အလင်းဆက်

          January 24, 2015 at 7:18 am

          စာအုပ် နှစ်အုပ်ပါ /အကျင်္ ီထုတ်နဲ့အတူ ပို့ပေးထားပါ့မယ် သူကြီးရေ။

          စာအုပ်နှစ်အုပ်မှာ နေဇင်လတ်ရဲ့ အင်စတီကျူးရှင်း စာအုပ်ကို ကျွန်တော်က သူကြီးအတွက် စာပေလက်ဆောင် အဖြစ် ပေးပါ့မယ်။
          ရွှေဥဒေါင်းရဲ့တစ်သက်တာမှတ်တမ်းကိုတော့ ဝယ်တဲ့ဈေးအတိုင်း သူကြီးရဲ့ ညီတော်မောင်ဆီက ပြန်တောင်းပါမယ်။
          Taxi က ထပ်ပေါင်းဆိုလို့ /ရန်ကုန်က Taxi ခတွေသာ ပေါင်းရင် စာအုပ်ဖိုးထက် နှစ်ဆလောက် ပိုများသွားနိုင်တယ်လို့။
          မင်္ဂလာဒုံကနေ လှည်းတန်းကို Taxi ငှားရင် တစ်ကြောင်းကို ငါးထောင်လောက် တောင်းနေကြပြီ။
          Taxiတွေရဲ့ အကြောင်းပြချက်က လမ်းကြောတွေ ကျပ်လို့တဲ့။

          လမ်းကြောကျပ်တဲ့ ဒဏ်ကို ပြည်သူတွေက အချိန်ပိုကုန်ခံရတဲ့အပြင် ငွေပို လည်း အကုန်ခံရသေးတယ်။ ဖြစ်ပုံ။

          ဒီတော့ စာအုပ်တွေအတွက် Taxi ခ ထည့်မပေါင်းချင်ဘူးရယ်။ တတ်နိုင်သလောက် ဘတ်စ်ကားစီးတယ်။ ဘတ်စ်ကားမရောက်တဲ့လမ်းဆိုရင် လမ်းလျှောက်/ဆိုက်ကား/ဆိုင်ကယ်ကယ်ရီစီး စသည်ဖြင့်. . .

          :k:

  • ဖားသက်ပြင်း

    January 23, 2015 at 9:57 pm

    ဟုတ်​ကဲ့ တိုင်​းပျီရဲ့အနာဂါတ်​ဟာ က​လေးသငယ်​​တေပါ
    အင်​စတီကျူးရှင်​း​တေ ပြည်​့ဖို့ ကတ်​ပစတီ​တေမီဖို့
    ပရိုတို​ကော အီကွိလီဘရီယန်​​တေ အပြန်​အလှန်​အားပြိုင်​တိမ်​း​ကြောင်​းဖို့
    မိန်​းမများများယူပီး က​လေးများများ​မွေးဖို့ ​ကျော်​ဆုံ့းဖြတ်​ထားပာါတယ်

    ပုံ
    ​အောင်​ဆန်​းသူရိရ ဖဒို ဂွန်​ စဝ်​ စီနီရာဒွန်​ ဝဏ​ကျော်​ထင်​ မဏိ​ဇောတဓရ သီရိပျံချီ ဂန်​းနာဝါစက အဂ်​ဂမဟာပန်​ဏိတ အလင်​ကာ​ကျော်​စွာ အကယ်​ဒမီများရှင်​ ပ​ရော်​ဖက်​ဆာ ဟစ်​စ်​ အိပ်​ဆယ်​လန်​စီ သည်​ဂရိတ်​ အဘဖားသက်​ပြင်​း

    • အလင်းဆက်

      January 24, 2015 at 1:33 pm

      တိန် တိန် (နှစ်ခါတိန်)
      ခီညှား ယူမယ့်မိန်းမတွေထဲ… ဖွေးဖွေးနဲ့ ခင်ဝင့်ဝါလေး မပါရင်ပီးတာပဲ။
      သူတို့ နှစ်ယောက်ကို ဘယ်တစ်ယောက် ညာတစ်ယောက် တွဲဖို့..ကျနော် ဆုံးဖြတ်ထားလို့..
      အိုဘယ့် ထူထောင်ရေး…
      လာလေရော့လဟယ်…

      :k:

  • မြစပဲရိုး

    January 24, 2015 at 2:48 am

    { @ အာရှတန်ဖိုး(သို့မဟတု်)လီကွမ်ယူ }

    အိုး အို
    ဂဇာကြောင့် အဘ တို့ က တို့ ရွှေပြည်ကြီး ကို စကာင်္ပူလိုဖြစ် အောင်ချည်း နင်း ပြောနေကြတာကိုး။
    ဟ ဟာ ဟားးးးးးးးးးးး lol:-)))))))))))))))))))

    {@ စီပွါးသူရဲကောင်း(သို့)ဟောင်ကောင်မှ လီကာရှင်း }
    ဟောင်ကောင် လိုဖြစ်တော့မှာ လို့ ရော မပြောရဲ ကြဘူးလား ရှင့်။ 🙄

    • အလင်းဆက်

      January 24, 2015 at 2:32 pm

      .ဟောင်ကောင်….
      မကြာခင် ဖြစ်ပါလိမ့်မယ်…
      အခုတောင်…ခွေးသေ ဝက်သေ..ကြက်သေ ငှက်သေ..သေကုန်ကြပြီ…
      .ဟောင်တဲ့ အကောင်တွေလို..နေရ…သေရဖို့..သိပ်မဝေးပါဘူး…
      😥
      ———————–

      http://www.7daydaily.com/story/30194

      ————————
      http://www.7daydaily.com/story/30188

Leave a Reply