အရောင်ရင့်မှတ်တမ်း – ဖေဖော်ဝါရီ ၂၀၁၅

kaiFebruary 5, 20152min52324

Obama: $4 trillion budget replaces ‘mindless austerity’

Among the economic plans in the proposed budget:

• An expanded child care tax credit of up to $3,000 a child.

• $750 million for a Department of Education preschool development program, an increase of $500 million.

• More than $3 billion for science, technology, engineering and math (STEM) education.

• A $500 tax credit for “second earners” in working families.

• A $2.2 billion grant program that would encourage states to adopt paid leave programs for employees

• Two years of community college tuition for qualified students, a program that would cost $60 billion over 10 years.

• $1 billion for a “long-term, comprehensive strategy” to develop a Central America “that is fully democratic (and) provides greater economic opportunities.”

=================

24 comments

  • Mike

    February 5, 2015 at 3:43 pm

    tongue emoticon
    Thurein Hlaing Win feeling furious

    ခင်ဗျားတို့ပြောတော့ NLD နိုင်ရင် ကုလားပြည်ဖြစ်မယ်ဆို။ ၅၉(စ)ပြင်ရင် ၄၃၆ပြင်ရင် အနောက်တံခါးကျိုးမယ်ဆို။ NLD ထဲမှာ မွတ်ဆလင်တွေများလို့ မွတ်ဒေါင်းဆို။ ဒေါ်စုက ကုလား favor ပေးတဲ့ သစ္စာဖောက်ဆို။ သမ္မတကြီးက အမျိုးဘာသာ သာသနာစောင့်ရှောက်မှာဆို။ ပြည်ခိုင်ဖြိုးက ကုလားအားမပေးတဲ့ပါတီဆို။ စစ်တပ်က ကုလားအားမပေးဘူး၊ အမျိုးသားရေးဘယ်တော့မှ သစ္စာမဖောက်ဘူးဆို။

    အခုလည်းကျရော ဘင်္ဂါလီအများစုပါတဲ့ White Card တွေကို ဆန္ဒမဲပေးခွင့်မပြုဖို့ အဆိုတင်သွင်းတာက NLD ကိုယ်စားလှယ်။ မဲပေးခွင့်ပြုဖို့ လွှတ်တော်ကို တိုက်တွန်းတာက အမျိုးဘာသာသာသနာ စောင့်ရှောက်မှာဆိုတဲ့ သမ္မတ။ မဲပေးဖို့ကို ကန့်ကွက်ခဲ့ကြတာက NLD ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားအမတ်တွေ၊ တခဲနက်ထောက်ခံခဲ့တာက အမျိုးသားသားရေးသစ္စာမဖောက်ဘူးဆိုတဲ့ စစ်သားအမတ်တွေနဲ့ ဘင်္ဂါလီအားမပေးပါဘူးဆိုတဲ့ ကြံ့ဖွတ်ပါတီဝင်အကုန်။

    ဟေးဟေး အမျိုးဘာသာ သာသနာစောင့်ရှောက်မယ့်သမ္မတကြီးနဲ့ ကြံ့ဖွတ်တို့ ရိုက်ချက်တယ်ပြင်းပါလား။ အမျိုးသားရေး ဘယ်တော့မှသစ္စာမဖောက်ဘူးဆိုတဲ့ စစ်တပ်က မိုးကျရွှေကိုယ်တွေလည်း လုပ်သွားချက် တယ်ကြမ်းပါလား။ ပိုင်ပြီဆိုမှ ကိုင်ထည့်ပလိုက်တယ်။ ပွဲသိမ်းရော။ NLD ကို မွတ်ဒေါင်းပါတီပြောပြီး ကြိတ်ချသွားတာ ဘပြောင်တို့ပိုင်သကွာ။

    (ဒီလောက်နဲ့တော့ ပြီးပြီမထင်နဲ့ဦး။ အဲဒီကိစ္စကို အကြီးကြီးနွှာမယ်။ NLD ကို မွတ်ဒေါင်းမွတ်ဒေါင်းလုပ်ထားပြီး အခုကျတော့မှ ဘာသံမှမထွက်တဲ့ကိစ္စလည်း ဆက်ကြည့်ရဦးမယ်။)

  • Mike

    February 5, 2015 at 3:45 pm

    Wai Moe Naing with Ko James and 31 others

    မိတ်ဆွေတချို့ Share နေကြတဲ့ အစိုးရစာပြန်တော်ကြီးရဲ့ပို့စ်တွေ
    တင်နေကြတဲ့ status တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဒီမိုကရေစီပညာရေးသပိတ်လှုပ်ရှားမှုများအပေါ်အထင်လွဲ အမြင်မှား ဖြစ်နေကြမှာကို စိုးရိမ်တဲ့အတွက် ကျနော် နည်းနည်း ရှင်းလင်းချင်ပါတယ်။

    အစိုးရဘက်ကတွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ စတင်ကမ်းလှမ်းလာပြီး ဇန်နဝါရီ ၂၈ မှာ နေပြည်တော်ပညာရေးဝန်ကြီးဌာနမှာ သပိတ်ကော်မတီလို့ခေါ်တဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီဝင်များနဲ့ ပထမဆုံးတွေ့ဆုံပါတယ်။
    ကျနော်တို့တောင်းဆိုတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်ပေးမယ်လို့ဆိုပြီး သပိတ်တွေကို နားခိုင်းပါတယ်။ လေးပွင့်ဆိုင်စတာနဲ့ သပိတ်ကိုလုံးဝလှန်ခိုင်းပါတယ်။
    အဲဒီနေ့မှာပဲ ရပ်လိုက်တဲ့စစ်ကြောင်းကို ရပ်ပါတယ်။ ဆက်သွားမဲ့စစ်ကြောင်းကို ပုပ္ပါးအထိတာဝန်ယူမယ်လို့ ဦးအောင်မင်းဆိုပါတယ်။
    ကျနော်တို့ပြန်လည်တင်ပြတဲ့ ဒီမိုကရေစီပညာရေးကိုအာမခံနိုင်မဲ့ အနေအထားမရောက်မချင်း သပိတ်တွေကိုမလှန်ပေးနိုင်တာကို နားလည်တဲ့အတွက် ပူးတွဲကြေညာချက်မှာ ဆွေးနွေးပွဲစသည့်နေ့တွင် သပိတ်ရပ်နားမည်လို့ နှစ်ဖက်သဘောတူဖော်ပြခဲ့ပါတယ်။

    ဒါပေမဲ့ ပုပ္ပါးထိ သွားဖို့ တာဝန်ယူတယ်ပြောပြီးချိန်မှာပဲ ကျောင်းသားတစ်ဦး လူပုဂ္ဂိုလ်တစ်ဦးနဲ့ ရဟန်းတစ်ပါးကို ခေတ္တဖမ်းဆီးပြီးပြန်လွှတ်ပါတယ်။ စစ်ကြောင်းကို တားဆီးပါတယ်။ ဒီအတွက် ကတိကိုစဖျက်တဲ့သူကိုပြောမယ်ဆိုရင် အစိုးရလို့ပြောရမှာဖြစ်ပါတယ်။

    ဒီလိုအခြေအနေမျိုးပေါ်ပေါက်လာတဲ့အတွက် ဒီတွေ့ဆုံဆွေးနွေးမှုဟာ စိတ်ချနိုင်ဖွယ်မရှိတာမို့ မန္တလေးကစတင်ချီတက်ခဲ့တဲ့စစ်ကြောင်းဟာ ဆက်လက်ချီတက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
    ဒါပေမဲ့ လေးပွင့်ဆိုင်စတင်တဲ့ ဖေဖော်ဝါရီ တစ်ရက်နေ့မှာ သပိတ်ကိုရပ်နားပြီး ဆွေးနွေးပွဲအခြေအနေကိုနားစွင့်ပါတယ်။

    လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ ကျနော်တို့တောင်းဆိုတဲ့ အချက် ၁၁ ချက်ကို ဆွေးနွေးဖို့ နဂိုကတည်းက စီစဉ်ရင်းစွဲဖြစ်ပေမဲ့ ဆွေးနွေးပွဲကျင်းပနေစဉ်လိုအပ်တဲ့ မူဘောင်တွေလုံးဝ မချမှတ်ရသေးတဲ့အတွက် Pre-Condition ကိုးချက်ကို အဲဒီနေ့မှ ကောက်တင်ရပါတယ်။
    ဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိတဲ့ ကျနော်တို့ သပိတ်ကော်မတီရဲ့ အားနည်းချက်အဖြစ် ကျနော်တို့လက်ခံပါတယ်။ ဒါပေမဲ့ဒီအချက်တွေမှ အာမခံချက်မရရင် ၁၁ ချက်ကို ဘယ်လိုမှဆွေးနွေးလို့မရတဲ့အတွက် ကိုးချက်အပေါ်ဆွေးနွေးရင်း ပထမအကြိမ်လေးပွင့်ဆိုင် ပြီးပါတယ်။
    လက်ရှိသမဂ္ဂတွေကိုအသိအမှတ်ပြုရေးအပေါ် အစိုးရဘက်က အလွန်အမင်း နောက်တွန့်နေတဲ့ သရုပ်သကန်ကိုတွေ့ခဲ့ရပေမဲ့ ကျနော်တို့တတွေ အကျိတ်အနယ် ညှိနှိုင်းပြီးတဲ့နောက် လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းလုပ်ထုံးတွေနဲ့ ဆက်လက်ဖွဲ့စည်းရမည်လို့သူတို့ကထည့်သွင်းချင်ပါတယ်။ ကျနော်တို့ဖြစ်စေချင်တဲ့စည်းမျဉ်း သမိုင်းအတွေ့အကြုံ နိုင်ငံတကာစာအတွေ့အကြုံများအရ သမဂ္ဂ ဖွဲ့စည်းပုံစည်းကမ်းကို ကျောင်းသားတွေကပဲရေးရပါတယ်။
    အစိုးရဘက်ကဖြစ်ချင်တာက သူတို့ဆွဲတဲ့ဖွဲ့စည်းပုံအတိုင်း သမဂ္ဂဖွဲ့စေချင်တဲ့အတွက် ဒါကို ဖေဖော်ဝါရီ ၃ ရက်မှာ ဆွေးနွေးဖို့ ဆက်ချိန်းပါတယ်။ အစိုးရအဖွဲ့နဲ့ လွှတ်တော်အဖွဲ့များအဆင်ပြေစေဖို့ ဒုတိယအကြိမ်ကို နေပြည်တော်မှာလုပ်ဖို့ တောင်းဆိုတဲ့အပေါ် ကျနော်တို့ သပိတ်ကော်မတီကလက်ခံခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၂ ရက် ည ၂ နာရီ
    နေပြည်တော်စည်ပင်ရိပ်သာကို သပိတ်ကော်မတီဝင်များနဲ့ NNER အဖွဲ့ဝင်များရောက်တဲ့အခါ စည်ပင်ဝန်းတံခါးကိုပိတ်ထားပြီး အခန်းမအားတော့ဘူးလို့ဆိုပါတယ်။ တကယ်တော့ အခန်းအားပါလျက် အထက်ညွှန်ကြားချက် တစ်စုံတစ်ရာအရမငှားဘူးလို့ ဝန်းအတွင်းရောက်ရှိနေသူများထံကသိရပါတယ်။ တကယ်တော့ နေ့လည်ပိုင်းက ဘွတ်ကင်လုပ်တဲ့အခါ အခန်းတွေအားပါတယ် လာသာလာခဲ့ပါ ဘွတ်ကင်လုပ်လို့မရလို့ပါဆိုပြီး ပြောခဲ့တာပါ။
    ဦးအောင်မင်း PA ကို ဖုန်းဆက်တဲ့အခါ စည်ပင်ရိပ်သာတာဝန်ရှိသူများနဲ့သာဆိုင်တယ်လို့ ပြောပါတယ်။ ဒါနဲ့ NNER က သက်ကြီးပိုင်းများကလွဲပြီး ကျနော်တို့ သပိတ်ကော်မတီဝင်ကျောင်းသားများနဲ့ ဆရာ သမဂ္ဂအဖွဲ့ဝင်များ NNER အဖွဲ့ဝင်များဟာ လမ်းဘေးမှာ ကားထိုးပြီးညအိပ်ခဲ့ကြရပါတယ်။

    မနက်မိုးလင်းလို့ ဝန်ကြီးဌာနရုံးကို သွားတဲ့အခါ ခြံပေါက်ဝကတည်းက သပိတ်ကော်မတီက ၁၅ ဦး NNER ၁၅ ဦးပဲဝင်ရမယ်လို့ဆိုပါတယ်။
    ဆွေးနွေးပွဲခန်းမကကျဉ်းတဲ့အတွက် မီဒီယာကိုလဲ ဓါတ်ပုံရိုက်ပြီးတာနဲ့ ထွက်ခိုင်းမယ်ဆိုပါတယ်။
    ဒါကြောင့် သပိတ်ကော်မတီဘက်က ၅ ဦး NNER ဘက်က ၃ ဦး သတင်းမှတ်တမ်းယူဖို့ တောင်းဆိုတဲ့အခါ အတော်ကြာကြာပြောတော့မှ လူးလာခေါက်တုံ့မေးမြန်းရင်း လက်ခံပါတယ်။ (သူတို့ဘက်က MPC တာဝန်ရှိသူတွေ မနည်းမနော ဆွေးနွေးပွဲမှာ ရှိနေတဲ့အတွက် အစိုးရနဲ့ လွှတ်တော်ဘက်ကလဲ ၁၅ ယောက်အတိအကျဖြစ်ပါစေလို့ တောင်းဆိုတဲ့အပေါ် အကြောင်းမပြန်ပါ)

    အဲဒီအချိန်မှာ နေပြည်တော် ပျဉ်းမနားကနေ ကျနော်တို့ကိုအားပေးဖို့လိုက်လာတဲ့ ကျောင်းသား ၃ဝ ကျော်ကို ဝန်ကြီးဌာနခြံဝန်းအတွင်းကိုတောင် ဝင်ခွင့်မပေးဘဲ ခြံပြင်နေပူထဲမှာပဲ စောင့်နေခဲ့ရမယ်လို့ဆိုပါတယ်။
    (ကျနော်တို့ တောင်းဆိုတာက ဆွေးနွေးပွဲခန်းမထဲထိ အယောကိ်၃ဝ ဝင်ခွင့်တောင်းတာမဟုတ်ပါ။ ခန်းမအပြင်ဘက်ကနေ ငုတ်တုတ်ထိုင်စောင့်ခွင့်လေးတောင်းတာပါ)
    ဒီ့အတွက် ပြန်လည်ညှိနှိုင်းတဲ့အခါ ပထမလက်ခံပါမယ်ပြောပြီး တကယ်ဝင်တော့မယ်ဆိုပြန်တော့ မရဘူးလုပ်ပြန်ပါတယ်။

    အဲဒီနောက် သပိတ်ကော်မတီက ၃ ဦး NNER ၃ ဦး ကိုခေါ်ပြီး ဒီနေ့ဆွေးနွေးပွဲကိုဖျက်သိမ်းကြောင်း နောင်ဆွေးနွေးပွဲများကို ဖေဖော်ဝါရီ ၁၂ နောက်ပိုင်းမှ ဆက်လက်ကျင်းပမှာဖြစ်ကြောင်းနဲ့ NNER မှာ ဒေါက်တာသိန်းလွင်ရဲ့ အခန်းကဏ္ဍ နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ပါတယ်။ ဒီ့အပြင် ၁၅ ဦး သပိတ်ကော်မတီဟာ လက်ရှိ သပိတ်စစ်ကြောင်းတွေကို ကိုယ်စားပြု မပြုမေးပါတယ်။

    ဒီ့နောက် ကျနော်တို့ဘက်က ဝန်ကြီးဌာန ခြံတံခါးရှေ့မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။

    သပိတ်စစ်ကြောင်းတွေကို ပြန်ချီတက်ကြရင်း ဆွေးနွေးရေးမူကို ဆက်လက်ကိုင်စွဲမဲ့အကြောင်း ဒီနည်းလမ်းနဲ့ ၁၅ ဦးကော်မတီရဲ့ သပိတ်စစ်ကြောင်းတွေအပေါ် ကိုယ်စားပြုမှုကို ပြသမဲ့အကြောင်း ဒေါက်တာသိန်းလွင်ကို ပညာရှင်အနေနဲ့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး NNER ဟာ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနေခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

    အဆုံးသတ်ရရင် ဖေဖော်ဝါရီတစ်ရက်နေ့က လေးပွင့်ဆိုင်သဘောတူညီခဲ့တဲ့ ခုနစ်ချက်ထဲက နံပါတ်သုံးဖြစ်တဲ့ ဆွေးနွေးဖက်အားလုံး တန်းတူညီမျှအခွင့်အရေးရှိကြဖို့ ဆိုတဲ့အချက်ကို အစိုးရဘက်ကချိုးဖောက်တာဖြစ်ပါတယ်။ ဆွေးနွေးပွဲ Agenda ကို တစ်ဖက်သတ်စီစဉ်တယ်။ ဆွေးနွေးပွဲဖျက်ကြောင်း တစ်ဖက်သတ်ကြေညာတယ်။ နောင်ဆွေးနွေးပွဲတွေကို ဖေဖော်ဝါရီ ၁၂ နောက်မှ ကျင်းပမယ်ဆိုတာကို တစ်ဖက်သတ်ဆုံးဖြတ်တယ် (ဒီကာလမှာ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ အစိုးရအလုပ်ရှုပ်နိုင်တာကို ကျနော်တို့သိပါတယ်။ ဒါပေမဲ့ သဘောတူညီချက် ၃ အရ လေးဖက်လုံးကို သေချာ ရှင်းပြပြီး သဘောတူညီချက် ရယူပြီးမှ ကြေညာသင့်တာကို တစ်ဖက်သတ် ထီမထင်လုပ်သွားတာပါ)

    အိမ်ရှင်ပီသစွာ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ ဆွေးနွေးဖက်ကျောင်းသားတွေ ညလယ်သန်းခေါင်မှာ အိပ်စရာဘုံပျောက်အောင် ဆောင်ရွက်တယ်။

    ဒီ့အတွက် ကျနော်ဆိုလိုချင်တာက ကျနော်ချစ်ရတဲ့ မိတ်ဆွေများအနေနဲ့ ပြန်ကြားရေးဝန်ကြီးဆိုသူပြောတာတွေမှာတင် လမ်းမဆုံးဘဲ တကယ့်ဖြစ်စဉ်အမှန်ကို ရှင်းလင်းရလေအောင် မီဒီယာစစ်စစ်များကို ရှာဖွေဖတ်ရှုကြပါ သပိတ်မှောက်ကျောင်းသားများရဲ့အသံကို နားစွင့်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

    ဒီလောက်ဆိုရင် ကျနော်တို့ သပိတ်စစ်ကြောင်းတွေ ပြန်ထွက်ရခြင်းအပေါ် လမ်းပေါ်မှာနေချင်လွန်းလို့ အစိုးရကမ်းလှမ်းတဲ့ဆွေးနွေးရေးကို ပုတ်ချပြီး သပ်ိတ်ပြန်ထွက်တယ်လို့ ယူဆနေမှုတွေ ရပ်တန့်သွားလိမ့်မယ်လို့မျှော်လင့် တွေ့ဆုံဆွေးနွေးရေးကို နှောင့်နှေးစေချင်တာ ဘယ်ဘက်က အစုအဖွဲ့လဲဆိုတာကို ရှင်းလင်းသွားကြမယ်လို့ ယုံကြည်ပါတယ်။

    ဝေမိုးနိုင်

  • pooch

    February 5, 2015 at 4:46 pm

    ဒါသာအောင်မြင်သွားရင်တော့ တခြားလူနှလုံးကို အစားထိုးလို့ရလာတဲ့နောက်ဆက်တွဲ ပြသာနာတွေလည်း မကြုံရတော့ဘူး ပေါ့
    အံ့ဩပါ့
    နောက်ပိုင်း Lucy ကားထဲက လူစီလို ဖြစ်လာနို်င်သေးတယ်

    • kai

      February 6, 2015 at 3:01 am

      အခု..အရီးလတ်နဲ့.. AI ကိုဒီဘိတ်လုပ်မလို့.. စောင့်နေတာ…။
      စိတ်ဝင်စားရင်.. ဝင်ပါပေါ့…။
      ပြောသာပြောတာ…
      နောင်လာမယ့် AI က… ၁၀၀%သုံးနေတဲ့..လူဦးနှောက်နဲ့.. စတန်းဆဲလ်ကနေပွားယူထားတဲ့..အသက်၂ဝအရွယ်ခန္ဓာကိုယ်/ကလီစာတွေနဲ့..
      .. ဖြစ်သွား… ♩ ♪
      ဖြစ်သွား… ♬ ♮ ♯♭♫
      ဖြစ်သွားနိုင်. ♬ ♫..။ :k:

      • မြစပဲရိုး

        February 6, 2015 at 3:14 am

        ကြောက်ထှာ။ lol:-))))))

  • kai

    February 6, 2015 at 5:12 am

    Lin Htin
    https://www.facebook.com/linayehtin
    မတူတဲ့ အစားအသောက် အနုပညာ စသဖြင့် ကွဲပြားမှုချင်း နှိုင်းယှဉ်ပြီး ဘယ်အလေ့ ဘယ်ပုံစံကတော့ ပိုယဉ်ကျေးတယ် ပြောဖို့ မသင့်တာ ဟုတ်တယ်… အဲ့ဒါတပိုင်း။

    အဖြူတွေက တခုခုကို ခြေထောက်နဲ့ ညွှန်ုပြလို့ ကိုယ့်စိတ် ကသိကအောက် ဖြစ်မိမယ်… ဒါပေမယ့် ဒီအပြုအမူဟာ ရိုင်းတယ်လို့ သူတို့ စံပြုမထား သွန်သင် မထားလို့ ပြုမူတာပဲလို့ နားလည်ပေးနိုင်တယ်… ဒါနောက်တပိုင်း။

    ဆိုရှယ် norm လို့ခေါ်တဲ့ လူ့အသိုင်းအဝိုင်း တစ်ခုထဲ ဘယ်လို ပြုမူနေထိုင် သင့်သလဲ… ဘယ်အရာဟာ နှစ်လို ဆီလျော်ပြီး၊ ဘယ်အရာတွေဟာ ရှောင်သင့်တယ် ဆိုတဲ့ ဘုံ သဘောထား တွေဟာ အဲဒီ့ အဖွဲ့အစည်းကို စုစည်းပေးထားတဲ့ အရေးပါတဲ့ အချက်ဖြစ်တယ်တဲ့…..။ ဒါပေမယ့်လည်း တရားသေမှ မဟုတ်တာ…. အမြဲပဲ norm တွေရဲ့ နယ်နမိတ် ချဲ့နေတယ်၊ အစဉ်အလာ တန်ဖိုးတွေ စိန်ခေါ် ခံနေရတယ်၊ norm တွေဟာ လူ့အဖြစ်ကို စုစည်း ညီညွတ် ဟန်ချက် မျှစေဖို့ပဲ၊ ကန့်သတ် ချူပ်ချယ်ဖို့ မဟုတ်ကြောင်းလဲ နားလည်သင့်တယ်။

    ပြသနာက မတူတဲ့ အလေ့အထ အပြုအမူ အပြောအဆို ၂ မျိုး နှိုင်းယှဉ်လို့ တစ်ခုဟာ တစ်ခုထက် ပိုသာတယ်လို့ ကိုယ့် အနေနဲ့ ယုံကို ယုံတဲ့ အခါမျိုးတွေပဲ။ ဘာလို့ အဲ့သလို ယုံတာလဲ၊ ဘာလို့ အဲ့သလို ထင်တာလဲ ဆိုတာ ကျနော့် အနေနဲ့ အခုအချိန်မှာ သေချာ ရှင်းပြ နိုင်ချင်မှ နိုင်လိမ့်မယ်။ ဒါပေမယ့် ဥပမာ တချို့ကို ကြည့်ရအောင်။

    ဗမာတွေဟာ ကိုယ်အလေးချိန်နဲ့ ပတ်သက်လို့ သူများ အပေါ် မှတ်ချက်ပေးဖို့ နည်းနည်းမှ ရိုင်းတယ် မထင်တတ်ဘူး၊ တော်တော်တုန်လှုပ်ဖို့ ကောင်းတယ်။ လူကြားသူကြားထဲ နင် တော်တော် ဝနေပြီ ဝိတ်လျော့ ဦး လို့ မိန်းမချင်း ပြောသံကြား မိရင် ဘာမဆိုင် ညာမဆိုင် အရမ်း အားနာမိတာပဲ ကြားထဲက။

    နောက်ပြီး သူများ လစာမေးတာ၊ ခုမှ တွေ့ဖူးတဲ့သူကို အသက် အလုပ်အကိုင် မိဘ နေရပ် စတဲ့ ကိုယ်ရေးကိုယ်တာ မေးခွန်းတွေကို ပုလိပ်စစ် စစ်တာ။ ကိုယ်က ဘိုဆန်လှလွန်း လို့တော့ မဟုတ်၊ အဲ့ မေးခွန်းတွေဟာ အရမ်း ရိုင်းတာပဲလို့ ထင်မိတာတော့ မတတ်နိုင်ဘူး။

    နောက် အရမ်းတုန်လှုပ်ဖို့ ကောင်းတဲ့ နည်းနည်းမှ မကောင်းတဲ့ ဗမာတွေ အကျင့် ရှိသေးတယ်။ ကိုယ့်ရောဂါကို သူများကို ခရေစေ့ တွင်းကျတွေ ပြောတာ… ပိုဆိုးတာက သူများရောဂါ အကြောင်း တတိယလူကို ရိုက်စစ်စရာ မလိုပဲ ပြောတာ။ ဗဂိုးဒါး ဗဂိုးဒါးလို့ တချင်စရာပဲ။

    နောက်… ကျနော်တို့ မိန်းမပိုးနည်း။ ကိုယ် ကြိုက်ပြီ ဆို နောက်က လျှောက်လိုက်တာဟာ အတော့်ကို စိတ်မနှံ့တဲ့ သူတွေရဲ့ အပြုအမူ ဆိုတာ ခုမှပဲ မျက်မှောက် ပြု မိတယ်။ အဲ့သလို စိတ်တဇကောင်တွေ သဖွယ် ကိုယ်စွဲလမ်းတဲ့ အမျိုးသမီးနောက် နောက်ယောင်ခံ လိုက်တာထက် စာရင် မိန်းမတစ်ယောက် ကို တည်တည်တံ့တံ့နဲ့ ချည်းကပ်ပြီး ကော်ဖီ အတူ သွားသောက်မလားလို့ ယဉ်ယဉ်ကျေးကျေး မေးတာဟာ အများကြီး မိန်းမတွေကို လေးစားကြောင်း ပြတဲ့ အပြုအမူလို့ ထင်တယ်။ ငယ်ငယ်က ကျနော် နောက်က လိုက်မိတဲ့ ကောင်မလေးများအား တောင်းပန်လျှက် (အလဲ့)…..။

    • မြစပဲရိုး

      February 6, 2015 at 5:27 am

      ဟုတ်ကဲ့ အခု လို အသိဝင်ပြီး တောင်းပန် လာတော့ လဲ ခွင့်လွှတ်ပါတယ် ကိုလင်းထင်။
      lol:-)))))

  • Foreign Resident

    February 6, 2015 at 7:11 am

    သူကြီးကလည်း ဘိုလိုဂျီးဘဲ ရေးနေတယ် ။
    ့မြန်မာလို ပြန်ပေးလိုက်ပါလား ။

    • An expanded child care tax credit of up to $3,000 a child.
    ကလေးတစ်ယောက် ရှိတိုင်း အခွန် $3,000 ကင်းလွတ်ခွင့် ပေးမယ် ။

    • A $500 tax credit for “second earners” in working families.
    လင် အပြင် မယားပါ အလုပ်လုပ်ရင် အခွန် $500 ကင်းလွတ်ခွင့် ပေးမယ် ။

    ကျနော် ဘာသာပြန်လိုက်တာ ဟုတ်လား ။

    • ခင်ဇော်

      February 6, 2015 at 9:34 am

      ဒီမှာဆို မိဘခေါ်ထားရင်
      မိတ် ခေါ်ထားရင်
      အခွန်လျှော့ချတို့ လွတ်ကင်းတာတွေတို့ရှိသေးတယ်။

      :k:

    • Foreign Resident

      February 6, 2015 at 9:51 am

      ခင်ဇော် says:
      ” ဒီမှာဆို မိဘခေါ်ထားရင် မိတ် ခေါ်ထားရင်
      အခွန်လျှော့ချတို့ လွတ်ကင်းတာတွေတို့ရှိသေးတယ် ”

      ဇီဇီ တို့က ကံကောင်းလိုက်တာကွယ် ။
      အဘ တို့ ဩဇီမှာ မိဘခေါ်ဖို့ မိတ် ခေါ်ဖို့ မလွယ်ဘူးရယ် ။
      သိတဲ့အတိုင်းဘဲ ဩဇီ Immigration က သိပ်ခက်တာ ။

      • ခင်ဇော်

        February 6, 2015 at 11:19 am

        ငင်။
        ခေါ်ရသေးပါဘူး ဘဖောရဲ့။
        ရှိတယ်ဆိုတာ ဝင်ပြောတာ။
        ဟိ။

        :k:

  • kai

    February 6, 2015 at 2:47 pm

  • အလင်းဆက်

    February 6, 2015 at 4:56 pm

    ဖေဖော်ဝါရီ ၂ ။

    ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးမှု ဖြစ်မြောက်ရေး ရန်ပုံငွေအတွက်
    ငွေကျပ် တစ်ထောင်က စတင်ပြီး မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီ၊ ဘဏ္ဍာရေး တာဝန်ယူထားတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ထွန်းအိန္ဒြာဗိုလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ကော်မတီ စတင်ဖွဲ့စည်းတဲ့ အချိန်မှာ ရန်ပုံငွေအဖြစ် ကျပ်သိန်းပေါင်း ၁၅၀ဝ ခန့် ရရှိခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရေးအတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်ကြိုးပမ်းခြင်း၊ တခြား အစစ အရာရာ ကုန်ကျစရိတ်တွေကြောင့် သိန်း ၁၀၀ဝ ကျော်သာ ကျန်ရှိတော့ကြောင်း…
    သိန်း ၁၀၀ဝ ခန့်နဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ မဖြစ်နိုင်တဲ့အတွက် ရန်ပုံငွေ ထပ်မံ ရရှိအောင် မည်သူမဆိုပါဝင်နိုင်တဲ့ တစ်ထောင် ကျပ်ကနေ စတင်လှူဒါန်းနိုင်မယ့် အစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း … ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။
    ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ်မှာ ဗိုလ်ချုပ် အတ္ထုပတ္တိ ရုပ်ရှင်ကို ပြသနိုင်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ရန်ပုံငွေ မလောက်ငှတော့တဲ့ အခြေအနေကြောင့် ဇာတ်ဝင်ခန်း လေးခန်းသာ ပါဝင်တဲ့ အမြည်းဇာတ်ဝင်ခန်းများ (Teaser) ကိုသာ ကနဦး ရိုက်ကူးနိုင်ခဲ့ပါတယ်။

    ၁၂ မိနစ်ခန့် ကြာမြင့်တဲ့ Teaser ကို ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး
    မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းများနဲ့ အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်ရန်
    စီစဉ်ထားကြောင်း၊ ဗိုလ်ချုပ်မွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာလည်း တနိုင်ငံလုံးသို့ ပြသသွားနိုင်ရန် စီစဉ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

    ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အတွက် အဆိုပါ ရန်ပုံငွေ အစီအစဉ်အတွင်း… ပါဝင်လှူဒါန်းလိုသူများအနေနဲ့ မြန်မာပြည်တွင်း အရပ်ဒေသ အသီးသီးရှိ
    မည်သည့် ပြည်တွင်း ပုဂ္ဂလိကဘဏ်က မဆို ဧရာဝတီဘဏ် စာရင်းရှင် နံပါတ် ဝ၀၈ဝ ၁၀၂ဝ ၁၀၀ဝ ၃၂၃ဝ နဲ့… စုငွေစာရင်းနံပါတ် ဝ၀၈ဝ ၂၀၂ဝ ၁၀၀၂ ၂၆၈၉ တို့ကို ငွေလွှဲပို့နိုင်တဲ့အပြင်
    ပြည်ပမှ လှူဒါန်းလိုသူတွေအနေနဲ့ Western Union ဘဏ်စာရင်းအမည်
    “Bogyoke Aung SanFilm Funding” ထံကို လှူဒါန်းနိုင်ကြောင်း ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

    http://burma.irrawaddy.org/ မှ..

    • kai

      February 6, 2015 at 5:14 pm

      အဲဒါကို အခုထွက်မယ့်သတင်းစာထဲထည့်ပေးဖို့.. ကြံထားတယ်..။

      ပြည်ပမှ လှူဒါန်းလိုသူတွေအနေနဲ့ Western Union ဘဏ်စာရင်းအမည်
      “Bogyoke Aung SanFilm Funding” ထံကို လှူဒါန်းနိုင်ကြောင်း ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

      အဲဒါ.. “Bogyoke Aung SanFilm Funding” ပြောပြီး…တကယ်လွှဲလို့ရသလားတော့ သိချင်…။
      ဒေါ်လှနည်းနည်းသွားလှူရင်း စမ်းကြည့်မှနဲ့တူတယ်..။
      ပြောသာပြောတာ… ထွန်းအိန္ဒြာဗိုလ်က.. ဒီချုပ်ပညာရေးရံပုံငွေပွဲလုပ်ဖို့.. ယူအက်စ်လာဦးမှာ…

      • အလင်းဆက်

        February 6, 2015 at 5:53 pm

        US နေ မြန်မာတွေ ကူညီ သယ်ပိုးမယ်ဆိုတာ တွေးမိပါ့..
        အဲဒါကြောင့် … အောင်ဇေမီဒီယာ သတင်းထဲရော.. သတင်းဒိုင်ယာရီထဲမှာပါ…ထည့်ရေးထားပါကြောင်း…

        ပည်ပမှ လှူဒါန်းလိုသူတွေအနေနဲ့ Western Union ဘဏ်စာရင်းအမည်
        “Bogyoke Aung SanFilm Funding” ထံကို လှူဒါန်းနိုင်ကြောင်း လို့တော့ ပြောတာပဲ..

        အဲဒါနဲ့ …လွှဲလိုမရ ရင်.. နောက်တစ်နည်းနည်း ကြံကြတာပေါ့..

  • အလင်းဆက်

    February 6, 2015 at 6:13 pm

    ဗိုလ်ချုပ်ရုပ်ရှင် အမြည်းကြည့်ရှုနိုင်ပြီ
    Friday, February 6, 2015

    http://blog.irrawaddy.org/2015/02/blog-post_84.html
    —————————
    လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ဆိုရင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့် အထိမ်းအမှတ်နေ့တနေ့ကို ရောက်ရှိလာတော့မှာပါ။

    အနယ်နယ်အရပ်ရပ်က သက်ဆိုင်ရာနေရာ အသီးသီးမှာလည်း ဗိုလ်ချုပ်ရာပြည့်ပွဲအတွက် အထိမ်းအမှတ် အခမ်းအနားတွေလည်း ပြုလုပ်နေကြပါပြီ။

    ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီမှ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနိုင်ဖို့အတွက် အလှူငွေ ကောက်ခံဖို့ရန် ဗိုလ်ချုပ်ရဲ့ အတ္ထုပတ္တိထဲက ကောင်းနိုးရာရာ အပိုင်းတွေကို Teaser အဖြစ်ရိုက်ကူးပုံဖော်ထားတာလည်း ပြီးစီးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်သံလိုင်းတွေနဲ့ အွန်လိုင်းတွေမှာ ပြသနေတာတွေ့ရပါတယ်။

    ၁၂ မိနစ်နီးပါးခန့်ကြာမြင့်တဲ့ Teaser အပိုင်းထဲမှာ ဂျပန်တော်လှန်ရေး မစတင်မီ ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့ဇနီးသည်နဲ့ သားသမီးတွေကို ကြက်ဖမွှေးဇောင်းရွာကို ပို့ဆောင်လိုက်တဲ့ အခန်း၊ ဂျပန်တော်လှန်ရေး စတင်မယ့် သရက်ချောင်းရွာမှာ ဗိုလ်ချုပ်နေထိုင်နေစဉ် ဇနီးသည်နဲ့ သားသမီးတွေကို လွမ်းဆွတ်သတိရနေတဲ့ အခန်း၊ အင်္ဂလိပ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်နဲ့ သီဟိုဠ်နိုင်ငံ ကန္နီမြို့မှာ တွေ့ဆုံစဉ် နိုင်ငံရေးသမား လုပ်မှာလား၊ စစ်သားလုပ်မှာလားဆိုတဲ့ အမေးကို တိတိကျကျ ပြန်ဖြေနိုင်ဖို့အတွက် စစ်ယူနီဖောင်းကိုသိမ်းပြီး တိုက်ပုံနဲ့ ပုဆိုးကိုဝတ်ကာ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အခန်းနဲ့ ဂဠုန် ဦးစောရဲ့ လုပ်ကြံခြင်းကို မခံရခင် အချိန်ကာလ စတဲ့ ဇာတ်ဝင်ခန်းလေးခန်း တို့ကို ရိုက်ကူးထားတဲ့ ဒီ ဗီဒီယိုဖိုင်ကို ဧရာဝတီ ဘလော့ဂ်ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

    ဒီ Teaser အပိုင်းကို ကြည့်ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနိုင်ဖို့အတွက် စေတနာထက်သန်သူ မည်သူမဆို မိမိတတ်နိုင်သလောက် ငွေကျပ် တထောင်က စလို့ လှူဒါန်းနိုင်ပါသေးတယ်။ ဒီလို ပါဝင်လှူဒါန်း လိုပါက မြန်မာနိုင်ငံ အရပ်ဒေသ အသီးသီးရှိတဲ့ ဘယ် ပြည်တွင်း ပုဂ္ဂလိကဘဏ်မှာမဆို ဧရာဝတီဘဏ် စာရင်းရှင် နံပါတ် ဝ၀၈ဝ ၁၀၂ဝ ၁၀၀ဝ ၃၂၃ဝ နဲ့ စုငွေစာရင်းနံပါတ် ဝ၀၈ဝ ၂၀၂ဝ ၁၀၀၂ ၂၆၈၉ ကို လည်းကောင်း၊ပြည်ပမှ လှူဒါန်းလိုသူတွေအနေနဲ့ Western Union ဘဏ်စာရင်းအမည် “Bogyoke Aung San Film Funding” ကိုလည်းကောင်း လှူဒါန်းနိုင်တယ်တဲ့။

    https://www.youtube.com/watch?feature=player_embedded&v=TUIOYtM3xAk

    • မြစပဲရိုး

      February 8, 2015 at 5:41 pm

      အဲဒီ ရုပ်ရှင် ဖြစ်ပြီးလို့ ရလာတဲ့ အမြတ် ငွေ တွေ ကို ဘယ်လို သုံးမှာလဲ သိပါရစေ။
      အကျိုးဖြစ်မဲ့ နေရာမှာ သုံး ရင် လှူပါ့မယ် လို့ ဂတိပြုပါတယ်။ :))

      • kai

        February 9, 2015 at 4:39 pm

        ရှေ့မှာဘယ်လိုသုံးသွားသလည်း… လက်တွေ့ပြထားသမို့..
        မေးဖို့လိုနေသေးလို့လားအရီးလတ်ရယ်…။
        ဘာပဲဖြစ်ဖြစ်…ပုထိုးမြင့်မောင်းမောင်းတွေ တည်ကြရတာထက်တော့… သာတယ်…ထင်..။ :k:

  • မြစပဲရိုး

    February 8, 2015 at 5:40 pm

    Thant Myint-U

    The Yangon Region Government and Myanmar Investment Commission have suspended the $300 million Marga Landmark and other projects inside the old War Office compound, citing the proximity of the projects to the Shwedagon Pagoda (and other pagodas) and the need to protect the city’s cultural heritage. They say they will review the projects.

    I was there (coincidentally) this afternoon and was shocked at how close some of the planned 12 story buildings were to the Shwedagon.

    The city urgently needs billions of dollars in new investment for new housing and office and commercial space. But it’s critical that development is well planned and within an overall vision of how Yangon should grow and modernize. We have this one chance to make Yangon a truly liveable as well as modern city. We don’t need to make the same mistakes that so many Asian cities have made these past decades.

    A brave and commendable decision and a step forward for proper urban planning.

    ကထူးဆန်း မှတ်ချက် သိချင်သား။ သူလဲ အစိမ်းရောင် (တောတောင်) ပျောက်မှာ စိုး လို့ ပြောခဲ့ဘူးလားလို့။
    စစ်ရုံး ဝန်းကျင် အားလုံး ရပ်တော့မှာ ဆိုတော့ ဟန်ပြ မဟုတ်ပါစေနဲ့ ဆုတောင်းပါတယ်။

  • kai

    February 11, 2015 at 5:43 am

    Miss Universe invited to peace talks by Colombia’s Marxist FARC rebels in bid to end 50 years of fighting

    Miss Universe Paulina Vega has been invited to peace talks by FARC rebels
    Talks are taking place in Cuba between rebels and Columbian government
    The business student has previously said she would attend negotiations
    FARC rebels have been fighting government forces for over 50 years
    Conflict is over ownership of land, drugs and political participation for ex-guerrillas
    By Jennifer Newton for MailOnline

    Published: 12:19 EST, 8 February 2015 | Updated: 14:37 EST, 8 February 2015

    Most beauty pageant entrants say they want to see world peace.
    And the current Miss Universe now has the opportunity to help stop fighting in her home country of Columbia after being invited to peace talks by Marxist FARC rebels.

    Newly-crowned Miss Universe, 22-year-old Paulina Vega, has been asked to peace negotiations between the FARC and the Columbian government, in a bid to end 50 years of fighting.

    Read more: http://www.dailymail.co.uk/news/article-2944866/Miss-Universe-invited-peace-talks-Colombia-s-Marxist-FARC-rebels-bid-end-50-years-fighting.html#ixzz3RO2eafg2
    Follow us: @MailOnline on Twitter | DailyMail on Facebook

    • kai

      February 11, 2015 at 8:31 am

      အလှမယ်ကို.. ငြိမ်းချမ်းရေးစကားပြောတာမှာ သုံးလို့ရသတဲ့..။
      သူတို့ကတော့ သုံးနေကြောင်း.. မြန်မာအလှမယ်များ… သိစေချင်.. :k:

  • kai

    February 13, 2015 at 11:47 pm

    A ‘megadrought’ will grip U.S. in the coming decades, NASA researchers say
    NASA scientists studied past droughts and climate models incorporating soil moisture data to estimate future drought risk. According to NASA’s study, “droughts in the U.S. Southwest and Central Plains during the last half of this century could be drier and longer than drought conditions seen in those regions in the last 1,000 years.”
    http://www.washingtonpost.com/national/health-science/todays-drought-in-the-west-is-nothing-compared-to-what-may-be-coming/2015/02/12/0041646a-b2d9-11e4-854b-a38d13486ba1_story.html

  • kai

    February 16, 2015 at 3:16 pm

    ကြေးမုံသတင်းစာပါ လွှတ်တော်၏ ထုတ်ပြန်ချက် ဖေဖော်ဝါရီ ၁ဝ ရက်စွဲ မှာ အောက်ပါအတိုင်းဖြစ်သည်။

    ၂၀၀၈ အခြေခံဥပဒေမှ ပုဒ် ၄၃၆ ဆိုင်ရာကို ပြင်ဆင်ရန် ဥပဒေကြမ်း အတည်ပြုရေး ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေ ဟု ခေါ်ဆိုပါသည်။

Leave a Reply