Orange Avenue Motel

ကျမငယ်စဉ်က အင်္ဂလိပ်စာကို ၅တန်းရောက်မှ စသင်ရပါတယ်။ ABCD သင်တော့ A for Apple=ပန်းသီး B for Ball= ဘောလုံး …. O for Orange=လိမ္မော်သီးဆိုပြီး အားရပါးရ အော်ဆိုခဲ့ရပါတယ်။ အရောင်တွေသင်တော့လည်း Orange=လိမ္မော်ရောင်လို့ သင်ခဲ့ရပါတယ်။ အသက် ၂ဝကျော်မှ ဆရာမြတ်ထန်ရဲ့ “လိုက်ပါရစေ ရွှေနွယ်ရိုးရယ်” ဆိုတဲ့ ဝတ္တုအဟောင်းကို ဖတ်လိုက်ရတော့ ဆရာရဲ့ဇာတ်လိုက်က ကချင်ပြည်နယ် မြစ်ဆုံမှာ ရုပ်ရှင်အဖွဲ့နဲ့သွားရင်း တွေ့ရတဲ့ လိမ္မော်သီးတွေအကြောင်း ရှင်းပြပါတယ်။ တကယ်တော့ Orange ဆိုတာ ရှောက်ချိုသီးကို ခေါ်တာပါတဲ့။ အခွံပွပွနဲ့ လိမ္မော်သီးရဲ့နာမည်အမှန်က Tangerine လို့ခေါ်ပါသတဲ့။ ကျမတို့ အင်္ဂလိပ်သီချင်းဆိုဖို့ ရူးခဲ့တဲ့အချိန် ဂျိမ်း(စ)ဘွန်း ရုပ်ရှင် Dr.No ထဲမှာ မင်းသမီး Ursula … Continue reading Orange Avenue Motel