အရောင်ရင့်မှတ်တမ်း – ဧပြီလ ၂၀၁၅

kaiApril 3, 20152min444045

This video’s been making its way around the traps this morning. Pretty powerful. Check it.Beyond Blue #stopthinkrespect

Posted by AIME on Monday, July 28, 2014

==================
Press Releases 04.01.15
Pelosi Statement on Bipartisan Delegation Visit to Burma
Democratic Leader Pelosi’s bi-partisan delegation statement:

“In keeping with our delegation’s priorities, we discussed security cooperation, human rights and trade. In all of our meetings, we emphasized President Obama’s priorities for Burma, including: progress toward peace; free, fair and on time elections; constitutional reform; respect for religious and ethnic minorities; and human rights.

“Our delegation’s visit comes as the Government of Burma and 16 ethnic armed groups signed this week a draft nationwide ceasefire to end more than 65 years of armed conflict in the country. While this is welcome news, our delegation encouraged a continuing commitment by the Government toward national reconciliation, and we reiterated our support for the peace process moving forward to a final ceasefire agreement.”

Read the full statement in the link -http://www.democraticleader.gov/…/pelosi-statement-on-bipa…/

45 comments

  • kai

    April 3, 2015 at 3:00 pm

    အိုဘားမားရဲ့မိန့်ခွန်း ဘယ်သူရေးပေးတာလဲ ?
    =================================

    Jon Favreau ဟာအမေရိကန်သမ္မတ ဘာရတ်အိုဘားမားရဲ့ မိန့်ခွန်းတွေရေးသားပေးနေတဲ့သူဖြစ်ပါတယ်။ အသက် ၃၃ နှစ်ပဲ ရှိသေးတဲ့ Winchester မြို့ဖွား Jon Favreau ဟာ ၂၀၀၅ ခုနှစ်ကတည်းက အိုဘားမားရဲ့ မိန့်ခွန်းရေးသားသူအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး အမေရိကန်သမ္မတသမိုင်းတလျှောက် ဒုတိယအသက်အငယ်ဆုံး မိန့်ခွန်းရေးသားသူလည်းဖြစ်ပါတယ်။ Holy Cross College ကနေ Political science and sociology မေဂျာနဲ့ ၂၀၀၃ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီး ဘွဲ့ရပြီးတာနဲ့ ၂၀၀၄ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်သမ္မတလောင်း ဂျွန်ကယ်ရီ (လက်ရှိ ကန်နိုင်ငံခြားရေးဝန်ကြီး)အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေမှာ စတင်ပါဝင်ခဲ့ပါတယ်။

    ဂျွန်ကယ်ရီအတွက် မဲဆွယ်စည်းရုံးရေးလုပ်နေစဉ်ကာလအတွင်းမှာ မိန့်ခွန်းရေးသားပေးသူမရှိတာကိုလည်း ပါတီက တွေ့ရှိခဲ့တဲ့အတွက် Jon Favreau ကို ချက်ချင်းပဲ Deputy Speechwriter အဖြစ်ခန့်အပ်ခဲ့ပါတယ်။

    Jon Favreau အနေနဲ့ အိုဘားမားကို စတင်တွေ့ရှိချိန်က အိုဘားမားဟာ အီလီနွိုက်ပြည်နယ်အတွက် ဆီနိတ်တာအမတ်အဖြစ်ဝင်ရောက်အရွေးခံစဉ်ကာလကဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ ဂျွန်ကယ်ရီရဲ့ campaign တွေမှာ ဦးဆောင်လုပ်ရှားသူဖြစ်တဲ့ ရောဘတ်ဂစ်ဟာ Jon Favreau ကို အိုဘားမားရဲ့ excellent writer အဖြစ်ခန့်အပ်ဖို့ အကြံပြုခဲ့ပါတယ်။ ဒါနဲ့ပဲ ၂၀၀ရ ခုနှစ်မှာတော့ Jon Favreau ဟာ ၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်သမ္မတလောင်း အိုဘားမားရဲ့ Chief Speechwriter ဖြစ်လာပါတယ်။

    ၂၀၀၉ ခုနှစ် အမေရိကန်သမ္မတအိုဘားမားဟာ အိမ်ဖြူတော်မှာ စတင်တာဝန်ထမ်းဆောင်စဉ်မှာ Jon Favreau ကို သမ္မတလက်ထောက်အပြင် Director of Speechwriting အဖြစ်လည်း ခန့်အပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာပဲ Jon Favreau ဟာ Time Magazine ရဲ့ ကမာ္ဘ့အရှိန်အဝါအကြီးဆုံးပုဂ္ဂိုလ် ၁၀ဝ ထဲမှ Scientists & Thinkers ကဏ္ဍမှာ ရွေးချယ်ခံရသူလည်းဖြစ်ပါတယ်။

  • kai

    April 3, 2015 at 3:07 pm

    မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံ သွားရောက်တောင်းပန်
    ==================================================
    By ဒီဗွီဘီ
    2 April 2015

    နယ်စပ်မှာ ဗုံးထိမှန်ပြီး တရုတ်နိုင်ငံသား ၅ ဦးသေဆုံးသွားခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရက တရားဝင် တောင်းပန်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်သတင်းတွေ မှာဖော်ပြပါတယ်။

    မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နို်င်ငံခြားရေးဝန်ကြီး ဝန်ယီနဲ့ ဒီနေ့ ပေကျင်းမှာတွေ့ဆုံစဉ် တောင်းပန်ခဲ့တာဖြစ်ပြီး ဗုံးတွေကြောင့် တရုတ်နိုင်ငံ သားတွေ သေဆုံးခဲ့တာလို့ ဝန်ခံသွားကြောင်း china.org သတင်းမှာရေးပါတယ်။

    ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သေဆုံးသွားခဲ့ရသူတွေရဲ့ မိသားစုတွေအတွက် မြန်မာအစိုးရနဲ့ တပ်မတော်ကိုယ်စား ဝမ်းနည်းတဲ့အကြောင်းနဲ့ တရားဝင်တောင်းပန်ကြောင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လျော်ကြေးပေးဖို့ကိစ္စ တရုတ်အာဏာပိုင်တွေနဲ့ ပေကျင်းမှာ ဆွေးနွေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

    မတ်လ ၁၃ ရက်နေ့က မြန်မာစစ်လေယာဉ်တွေ ကျဲချခဲ့တဲ့ဗုံးကြောင့် တရုတ် – မြန်မာနယ်စပ် ယူနန်ပြည်နယ်က တရုတ်ရွာသား ၅ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရသွားတယ်လို့ တရုတ်ဘက်က စွပ်စွဲ ထားတာဖြစ်ပါတယ်။

  • Alinn Z

    April 3, 2015 at 3:17 pm

    ဦးစိမ်းသိမ် ပြောတဲ့ မိန့်ခွန်းတွေကိုရော….ဘယ်သူရေးပေးတာလဲ….

    :k:

    စိန် ပြောသမျှထဲ…စိန် ခေါ်တာတွေ များနေတယ်…

  • kai

    April 3, 2015 at 3:51 pm

    Ancient inland human dispersals from Myanmar into interior East Asia since the Late Pleistocene
    Published 26 March 2015

    Given the existence of plenty of river valleys connecting Southeast and East Asia, it is possible that some inland route(s) might have been adopted by the initial settlers to migrate into the interior of East Asia. Here we analyzed mitochondrial DNA (mtDNA) HVS variants of 845 newly collected individuals from 14 Myanmar populations and 5,907 published individuals from 115 populations from Myanmar and its surroundings. Enrichment of basal lineages with the highest genetic diversity in Myanmar suggests that Myanmar was likely one of the differentiation centers of the early modern humans. Intriguingly, some haplogroups were shared merely between Myanmar and southwestern China, hinting certain genetic connection between both regions. Further analyses revealed that such connection was in fact attributed to both recent gene flow and certain ancient dispersals from Myanmar to southwestern China during 25–10 kya, suggesting that, besides the coastal route, the early modern humans also adopted an inland dispersal route to populate the interior of East Asia.

    http://www.nature.com/srep/2015/150326/srep09473/full/srep09473.html
    အဲဒီအပေါ်ကဆောင်းပါးရှည်ကြီးမှာ…တော်တော်ကိုလေ့လာရေးထားတာတွေ့ရတယ်..။
    အောက်မှာက.. ဧရာဝတီကချုံဘာသာပြန်ထားတာဖြစ်ပါကြောင်း..။

    =
    တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ
    ဧရာဝတီ| April 3, 2015 |

    တရုတ်နိုင်ငံတွင်း မှီတင်းနေထိုင်ခဲ့ကြသော ရှေးဦးလူသားများသည် မြန်မာနိုင်ငံဘက်မှ မြစ်ကြောင်းများမှတဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ သုတေသန စာစောင်ဖြစ်သည့် Scientific Reports တွင် မကြာသေးမီက ရေးသားထုတ်ပြန်ထားသော စာတမ်းတစောင်က ဆိုလိုက်သည်။

    ယူနန်ပြည်နယ် ကူမင်းမြို့ အခြေစိုက် တရုတ်သိပံ္ပအကယ်ဒမီ ကူမင်းသတ္တဗေဒအင်စတီကျု (Chinese Academy of Sciences Kunming Institute of Zoology) မှ သုတေသီများက တရုတ်ပြည် အနောက်တောင်ပိုင်းရှိ လူများ၏ မူရင်းဗီဇသည် မြန်မာနိုင်ငံအတွင်းရှိ ရှေးဦးလူသားများနှင့် ဆင်တူပြီး လက်ရှိ ဗမာ၊ ကရင်နှင့် ရခိုင်လူမျိုးများနှင့် ဆက်နွယ်နေကြောင်း လေ့လာ တွေ့ရှိရသည်ဟု ရေးသားထားသည်။

    ယင်းတွေ့ရှိချက်သည် တရုတ်ပြည်သို့ ရှေးဦးလူသားများ လာရောက်အခြေချရာ လမ်းကြောင်းတွင် မြန်မာပြည်သည် အရေးပါသောနေရာဟု ညွှန်းဆိုနေသည်။

    အာဖရိကမှ စွန့်ခွာလာပြီး အရှေ့တောင်အာရှဒေသတွင်းသို့ လွန်ခဲ့သော နှစ် ၆ သောင်းခန့်က စတင်အခြေချလာသော ရှေးဦးလူသားများထဲမှ အချို့သည် မြန်မာနိုင်ငံတွင်းသို့ လွန်ခဲ့သော နှစ်ပေါင်း ၅ သောင်းခန့်တွင် ဝင်ရောက်အခြေချနေထိုင်ပြီး ဆက်လက်နေထိုင်ခဲ့ကြကြောင်း စာတမ်းက ဆိုသည်။

    ထိုမှတဆင့် နှစ်ပေါင်း ၂ သောင်း ၅ ထောင်အတွင်း မြန်မာပြည်သည် ရှေးဦးလူသားအချင်းချင်း ရောယှက်ကုန်ပြီး လူသားအဆင့်သို့ အဆင့်ဆင့်တိုးတက်ဖွံ့ဖြိုးရာ နေရာဖြစ်ခဲ့ကြောင်းလည်း ရေးသည်။

    မြန်မာပြည်ရှိ လူ ၆ ထောင်ကျော်ကို ဒီအန်အေ စုဆောင်းပြီး လေ့လာသုံးသပ်ခဲ့ခြင်းက မြန်မာပြည်သည် အာရှဒေသတလွှား လူမျိုးဗီဇများ ကွဲပြားသွားမှု၏ အရေးပါသော ဒေသဖြစ်ကြောင်း ဖော်ပြနေသော အားကောင်းသည့် အချက်အလက်များကို တွေ့သည်ဟု သုတေသီတို့က ဆိုသည်။

    လွန်ခဲ့သော နှစ်ပေါင်း ၂ သောင်း ၅ထောင်ခန့်တွင် တရုတ်ပြည်တွင်းသို့ တောင်ကြားလွင်ပြင်နှင့် ဧရာဝတီမြစ် အထက်ပိုင်းအပါအဝင် အခြား မြစ်ဝှမ်းများအတိုင်း ပထမဦးဆုံးအသုတ် ဝင်ရောက်လာခဲ့ကြောင်း၊ ဒုတိယအသုတ်သည် လွန်ခဲ့သော နှစ်ပေါင်း ၁ သောင်းတွင် ဝင်ရောက်ကြောင်း ဆိုသည်။

    ဗီဇဆိုင်ရာ အထောက်အထားများသည် မြေတူးသမိုင်းဆိုင်ရာ မှတ်တမ်းများနှင့် ကိုက်ညီနေသည်ဟုလည်း သုတေသီတို့က ပြောသည်။

    ယူနန်နှင့် မြန်မာရှိ ကျောက်ခေတ်ယဉ်ကျေးမှု တွေ့ရှိချက်များသည် အတော်ဆင်တူနေကြပြီး တရုတ်သို့ ပထမဆုံးရောက်ရှိသူများသည် ပင်လယ်မှ မဟုတ်ဘဲ ကုန်းတွင်းပိုင်းမှ ဖြစ်နိုင်ချေ ပိုများသွားပြီဖြစ်ကြောင်းလည်း ပြောဆိုကြသည်။

    မူရင်းစာတမ်းကို http://www.nature.com/srep/2015/150326/srep09473/full/srep09473.html တွင် ဖတ်ရှုနိုင်သည်။

  • naywoon ni

    April 3, 2015 at 5:24 pm

    မိ်​န်​့ခွန်​း​ရေး​ပေးရတာက အ​တော်​တာဝန်​ကြီးသား ။ သက်​ဆိုင်​ရာ အဖွဲ့အစည်​းရဲ့ မူဝါဒ ကိုခြုံငုံမိရတယ်​ ။ မိန်​့ခွန်​းမှာပါတဲ့ အချက်​အလက်​​တွေက တိကျရတယ်​ ။ မိန်​့ခွန်​း​ရေးသူရဲ့ အာ​ဘော်​ စိတ်​ခံစားချက်​​တွေ မပါ​အောင်​ စကားလုံးက အစ ​ရွေးချယ်​ရတယ်​ ။ မိန်​့ခွန်​း​ပြောမဲ့ သူရဲ့ စိတ်​ကိုလည်​းသိ​နေပြီး သူအသွင်​ သန်​တန်​ နဲ့ လိုက်​​လျောညီ​တွေရှိ​အောင်​လည်​း ​ရေးရတယ်​ ။ မိန်​့ခွန်​း​ပြောမဲ့သူရဲ့ စိတ်​ကို ပူးကပ်​နိုင်​သ​လောက်​ ပူးကပ်​နိုင်​ရမယ်​ ။ ဘယ်​​လောက်​ထိ ပူးကပ်​သွားတတ်​သလဲဆို မိန်​့ခွန်​း​ရေး​ပေးသူဟာ သူကိုယ်​တိုင်​ မိန်​့ခွန်​း​ပြော​တဲ့ သူရဲ့ ဘဝ အစိတ်​အပိုင်​း​လောက်​ဖြစ်​သွားပြီး မိန်​့ခွန်​း​ပြောတဲ့သူရဲ့ ​နေထိုင်​မှု စရိုက်​လက္ခဏာ​တွေပါ အသွင်​တူသွားတဲ့ သူတစ်​​ယောက်​​တွေ့ဖူးတယ်​ ။ 🙂

  • Alinn Z

    April 4, 2015 at 10:04 am

    ရွေးကောက်ပွဲကို သပိတ်မှောက်ဖွယ် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
    4 April 2015 08:27(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)

    http://www.bbc.co.uk/burmese/burma/2015/04/150403_assk_reuters_election

    http://1.bp.blogspot.com/-WE4riRFzr4Q/VR9E5-2YV1I/AAAAAAADFfk/hcTz1tBIhBU/s1600/3.jpg

    ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ သမ္မတ ဦးသိန်းစိန် လိုလားပုံ မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
    ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အစိုးရက ခွင့်မပြုဘူး ဆိုရင် နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ပဲ သပိတ်မှောက်ကောင်း မှောက်ဖို့ ရှိတယ်လို့NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က Reuters နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ထုတ်ဖော်ပြောလိုက်ပါတယ်။

    ဖွဲ့စည်းပုံ မပြင်ရင် ရွေးကောက်ပွဲ ဝင်မှာလား ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်မပြိုင်ပဲ သပိတ်မှောက်မယ့် နည်းက အကောင်းဆုံးနည်း မဟုတ်ပေမယ့်လည်း မလုပ်ဘူးလို့ တထစ်ချ မပြောနိုင် သေးကြောင်း ၊ ဒါပေမယ့် တခြားနည်းလမ်းတွေကိုလည်း သုံးသပ်နေဆဲ ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားပါတယ်။

    NLD အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အသင့်ရှိပေမယ့် သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ တကယ်တမ်း လိုလားတဲ့ပုံမျိုး မတွေ့ရပဲ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ကြိုးစားမယ့်ပုံ ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

    ၂၀၁၁ခုနှစ်တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ သူတွေ့ဆုံခဲ့စဉ် အခါတုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်လုပ်လိုတဲ့ ပုံမျိုးတွေ့ခဲ့ရပေမယ့် အခုတော့ ဒီလို မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

    ဦးသိန်းစိန်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကြောင်းပြပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ဘွယ် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

    BBC Burmese

    • ဝင့်ပြုံးမြင့်

      April 6, 2015 at 1:00 am

      .အဲ သတင်းတက်လာပြီး ဘာမှ မကြာဘူး။ ဆဲလိုက်ကြစမ်းဆိုတာ။ အဆဲနဲ့စပြီဆိုရင် ဒီလုပ်ရပ် မှန်ပြီလား မသိဘူး။ အမေစုကို လည်း အားရလာတယ်။ ဒီလိုလေး အပေးအယူနဲ့မှ မိုက်တာ။

  • ခင်ဇော်

    April 4, 2015 at 7:30 pm

    https://www.facebook.com/photo.php?fbid=804860749586484&set=a.225144747558090.52889.100001876993404&type=1
    ~~~~~~~~~~~~~~~~~~~~~~~~~~~

    မန်မာပြည်မှာ အမျိုးသ္မီးများ အဓမ္မပြုကျင့်ခံရပါသလား
    ဒီမှာ ဒီလိုကူညီပေးနေပါတယ်ခင်ဗျာ…………
    ************************************************************
    မြန်မာပြည်တွင်းမှ ကလေးသူငယ်များ နှင့် အမျိုးသမီးများအတွက် တရားရေးဆိုင်ရာ ကိစ္စရပ်များကို အခမဲ့ ကူညီပေးနေပါသည်

    အမြန်ဆုံး သတင်းပို့ပါ
    ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည် (နယ်မြို ့ရုံးခွဲများ) အသက်(၁၈)နှစ်အောက်ရှိပြစ်မူကျူးလွန်
    စော်ကား ခံရသော ကလေးသူငယ်များ ၊ လူငယ်များ နှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည် ဟု စွပ်စွဲ ခံရ
    သော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(female survivos of gender based violence) အမျိုးသမီးများအတွက် အမူ လိုက်ပါ ဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာ မယူဘဲ ဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့်
    စီမံချက်ဖြစ်ပါသည်

    ရည်ရွယ်ချက်

    -မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမူကိုတိုင်တန်းရန် (သို့) စွပ်စွဲခံရသောအမူကို ရင်ဆိုင်
    ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် ဥပဒေကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်။

    -ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အသက်(၁၈)နှစ်အောက် ကလေးသူငယ်၊လူငယ်များအား
    ကျောင်းစရိတ်အခက်အခဲရှိပါက ကျောင်းစရိတ်ထောက်ပံ့ကူညီရန်

    -ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ် နှင့် တရားရုံးသို့သွားလာစရိတ် အခက်အခဲရှိပါက လူမူရေးစရိတ် ထောက်ပံ့ကူညီရန်

    -ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲ ရှိပါက အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့သကူညီရန်

    xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်စော်ကားခံရလျှင်
    xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်ကြောင်းစွပ်စွဲခံရ၍ တရားရုံးတွင် အမူ
    ရင်ဆိုင်ရလျှင်
    xxx အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည်အတွက် ပြစ်မူကျူးလွန်စော်ကားခံရလျှင်

    အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးပါသည်
    ” Legal Aid Project
    အောက်တွင် အမူလိုက်ပါဆောင်ရွက်သော ရှေ့နေများအား ရှေ့နေခ၊ ခရီးစရိတ်၊ စားစရိတ်၊စာရွက်စာတမ်း
    ခ များကို အမူသည်များက လုံးဝ မပေးရပါ၊

    ရှေု့နေများ မှ ငွေကြေး တစ်စုံတစ်ရာ တောင်းခံလာပါက စီမံကိန်းမန်နေဂျာ ထံတွင် တိုင်တန်းနိုင်ပါသည်။

    ဦးငိုင်ဆာခ့် (စီမံကိန်း မန်နေဂျာ)
    ၀၉-၈၆၁၈၁၉၆၊ ဝ၁-၃၉၈၃၉၇
    ၀၉-၅၁၆၀၇၈၄၊ ဝ၁-၃၉၈၂၁၅

    “ရုံးခန်း”
    အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊ မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
    ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

    အကူအညီတောင်းခံနိုင်သောနေရာနှင့်ဖုန်းနံပါတ်များ

    ဥပဒေကြောင်းအရ အကူအညီလိုအပ်သူများအနေဖြင့် အောက်တွင်ဖော်ပြထားသော လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အချိန်မရွေးအကူအညီ တောင်းခံနိုင်ပါသည်။

    ရန်ကုန်ရုံးချုပ်
    အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊ မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
    ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
    ၀၉-၂၀၅၄၇၈၂၊ ဝ၁-၃၉၈၂၁၅

    မန္တလေးရုံး
    ၂၆(ဘီ)လမ်း၊၆၂x ၆၃ လမ်းကြား၊
    မဟာဇေယျာဘုံရပ်၊အောင်မြေသာစံမြို့နယ်၊
    မန္တလေးမြို့၊
    ၀၉-၄၉၂၄၀၈၇၃

    ပုသိမ်ရုံး
    အမှတ်(၅၆) ၊ ပုသိမ်-မုံရွာ-ရေဦးလမ်း၊
    (၁၅)နယ်မြေ ၊ မြတ်တိုရပ်ကွက် ၊ပုသိမ်မြို့။
    ၀၉-၈၅၅၃၄၃၀၊ ဝ၉-၇၃၁၃၀၅၂၁

    ပြည်ရုံး
    အခန်းအမှတ်(၁၅)၊မီးသတ်တိုက်ခန်း၊
    ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်
    ကွက်၊ပြည်မြို့။
    ၀၉-၇၃၁၃၀၅၂၃

    ပဲခူးရုံး
    အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊
    ပဲခူးမြို့။
    ၀၉-၇၃၁၂၆၄၂၅

    တောင်ကြီးရုံး
    အမှတ်(၁၁၂)၊ မြေညီထပ်၊ဇောတိကလမ်း၊သစ်တောရပ်ကွက်
    တောင်ကြီးမြို့။
    ၀၉-၄၉၃၁၉၉၄၈

    မြစ်ကြီးနားရုံး
    အမှတ်(၆၂)၊ စီတာပူရပ်ကွက်
    မြစ်ကြီးနားမြို့။၀၉-၆၄၁၂၁၇၉

    ပခုက္ကူရုံး
    အမှတ်(၃၅)၊တပ်မလမ်း၊ (၇)ရပ်ကွက်
    ပခုက္ကူမြို့။၀၉-၄၉၃၂၁၁၈၁

    ကလေးရုံး
    အမှတ်(၄/၇)၊ပင်လုံလမ်းမတော်လမ်း၊
    ပင်လုံရပ်ကွက်၊ကလေးမြို့။
    ၀၉-၄၉၃၃၀၇၁၅

    လားရိူးရုံး
    ဆိုင်ခန်းအမှတ်(၁၁)၊စစ်သားစုဆောင်းရေးတိုက်တန်း၊ကံ့ကော်လမ်းနှင့် ဘူတာလမ်းထောင့်၊
    ရပ်ကွက်(၁)လားရိူးမြို့။
    ၀၉-၇၃၁၃၆၃၂၆၊ ဝ၈၂-၃၀၅၃၅

    မော်လမြိုင်ရုံး
    အမှတ်(၃၃/ဘီ) သိပွံလမ်း၊အန်းဘဲတန်း ရပ်ကွက်၊
    မော်လမြိုင်မြို့။
    ၀၉-၄၉၃၂၅၉၀၂

    မုံရွာရုံး
    မုံရွာတက္ကသိုလ်ဘုရားအနီး၊ကျောက်ကာလမ်း၊
    မုံရွာမြို့။၀၉-၄၇၀၅၈၂၅၅

    မကွေးရုံး
    အမှတ်(၈၀)၊ကမ်းနားလမ်း၊အလယ်ရပ်၊
    မကွေးမြို့။
    ၀၉၄၉၃၂၂၁၁၇၈

    ကျိုင်းတုံရုံး
    နောင်နွန်ကျေးရွာ၊ မိုင်းဇိုင်း၊
    ကျိုင်းတုံမြို့။
    ၀၉၅၂၅၂၀၈၆

    သံတွဲရုံး
    အမှတ်(၁၂၃)၊ဇီဇဝါလမ်း၊(၆)ရပ်ကွက်၊
    သံတွဲမြို့။
    ၀၉-၈၅၁၆၆၄၈

    ဘားအံရုံး
    အမှတ်(၆/၄၃၂)မြို့တော်ဦးလမ်း၊(၆)ရပ်ကွက်။
    ဘားအံမြို့။
    ၀၉-၇၃၁၄၀၂၃

    တောင်ကုတ်ရုံး
    ပြည်-တောင်ကုတ်လမ်း၊ ကန်ပိုင်ရပ်ကွက်၊
    တောင်ကုတ်မြို့။
    ၀၉-၄၉၆၆၈၁၃၉

    မြိတ်ရုံး
    အမှတ်(၃၅)၊ သိန်းညီနောင်လမ်း၊ကံဖျားရပ်ကွက်။
    မြိတ်မြို့။
    ၀၉-၄၉၈၇၂၄၃၀

    ထားဝယ်ရုံး
    အမှတ်(၄၃၀)၊ရေးလမ်း၊ဆင်ဆိမ့်ရပ်ကွက်၊
    ထားဝယ်မြို့။
    ၀၉-၄၉၈၅၀၈၂၆

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    April 5, 2015 at 12:18 pm

    သခင်​မျိုး​ဟေ့ ဒိုဘာမင်​

    အာဝူးး

    🙂

  • kai

    April 5, 2015 at 1:50 pm

    Different Length of Ring Finger Can Say A Lot About Your Personality

    =

    =

    =

    • ခင်ဇော်

      April 5, 2015 at 2:57 pm

      A

      :mrgreenn:

      • kai

        April 7, 2015 at 1:57 pm

        ဘယ်လိုဖြစ်ပြီး.. အကုန်တူနေကြသလည်း.. အံ့ဩမိတယ်..။
        ကြည့်ရတာ.. အေကကောင်းနေလို့နဲ့တူဒယ်.. :k:

        • ခင်ဇော်

          April 7, 2015 at 1:59 pm

          ကတောက်!!
          လက်ကို ရိုက်ပြီး တင်ရမလိုဖစ်နေဘီ
          :k:

    • Alinn Z

      April 7, 2015 at 2:59 pm

      ကျနော်လည်း A ပဲ.. ။
      မယုံ လာကျိ
      :kwi:

    • ဦးကျောက်ခဲ

      April 8, 2015 at 12:33 pm

      ဟိုက်စ်… ကျောက်စ်လည်း A ပဲ…
      :k:

      • မဟာရာဇာ အံစာတုံး

        April 29, 2015 at 4:17 pm

        ဟရို့ … A ဆိုဒ်တွေ များကြပါလားကွယ်ရို့ …
        ဥငေးကျောက်စ် ကတော့ A ဆိုဒ်ဆိုတာ မယုံဘူးဗျာ …
        D ဆိုရင် နည်းနည်း ယုံရသေး .. ဟေဟေး …

        လူမိုက် ခင်ဇော်၏ ရွှေရင် ဖုံးတုံ့ … ဆိုတဲ့ ပို့စ်နဲ့ တွဲဖက် ကြည့်ပါကုန် …

  • တောင်ပေါ်သား

    April 6, 2015 at 3:33 pm

    I am … ( A ) 🙂

    • မြစပဲရိုး

      April 14, 2015 at 1:21 pm

      “C” ဗျို့။ “C” :))

  • kai

    April 7, 2015 at 2:18 pm

    မြန်မာပြည်စီးပွားရေး..အနာဂတ်အတွက်…။
    =

    • kai

      April 8, 2015 at 4:18 am

      Invited VIP Guests: Hollywood Actress/Director Michelle Yeoh, U.S. Congressman Dana Rohrabaher, Congressman Brad Sherman, Congressman Alan Lowenthal, Congresswoman Dr. Judy Chu, Congressman Ted Lieu, and CA Assemblymember Ed Chau.
      Keynote Speakers: (1) Aung Naing Oo – Director General of the Directorate of Investment and Company Administration (DICA), Myanmar
      (2) Karen Knudsen – Director, Office of External Affairs, East-West Center
      (3) Khine Khine Nwe, Joint General Secretary of the Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI), Myanmar
      (4) Dr. Miemie W. Byrd, President of the Suu Foundation
      (5) Steeve Kay, President of the Kay Family Foundation
      (6) Dr. Tony Chan, Owner, ABC Pharmacy

      • Ma Ma

        April 8, 2015 at 10:31 am

        သဂျီး ရေ-
        ရောက်ခဲ့ရင်လည်း သတင်းပေးအုံးလေ။

  • kai

    April 8, 2015 at 5:13 am

    California towns are running out of water as the drought grows…

    California towns are running out of water as the drought grows more severe – and it could impact people across the country. Tom Llamas reports #Facecast

    Posted by ABC World News Tonight with David Muir on Sunday, April 5, 2015

  • kai

    April 9, 2015 at 2:19 pm

    မေး။ ။ကိုအောင်ဒင်က နိုင်ငံရေး အကျဉ်းသားဟောင်း တယောက် ဖြစ်ပါတယ်။ အမေရိကန်မှာ ရှိနေတုန်းကလဲ အစိုးရကို အများကြီး ဝေဖန်ခဲ့တယ်။ အခု အစိုးရကို ဘယ်လို အကဲဖြတ်ချင်ပါသလဲ။

    ဖြေ။ ။ ကျနော် ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုဘူး။ ကျနော် တယောက်တည်း ဖြစ်တဲ့အခါကျတော့ ၂ ဘက် လုံးကို ကြည့်ပါတယ်။ အစိုးရဘက်ကိုလည်း ကြည့်တယ်၊ ကျနော်တို့ ဒီမိုကရေစီ အင်အားစုဘက်ကိုလည်း ကြည့်တယ်။ အစိုးရဘက်မှာလည်း ဆိုးတဲ့လူတွေ ရှိသလို ကောင်းတဲ့လူတွေလည်း ရှိတယ်။ အရင်တုန်းက ဒီအဖွဲ့အစည်းက အဆိုး ချည်းပဲလို့ မြင်ထားရာကနေ အဲ့ဒီအထဲမှာလည်း ကောင်းတဲ့လူတွေ ရှိပါလားလို့ မြင်လာတဲ့အခါမှာ အံ့ဩစရာ ဖြစ်လာ တယ်။ နောက်ပြီးတော့ ဒါတွေက ကြိုဆိုစရာ ဖြစ်လာတယ်။ တချိန်က ကျနော်ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ အင်အားစုတွေ ဘက်ကို ကြည့်တဲ့အခါကျတော့လည်း အရင်ကတော့ လူကောင်းတွေချည်းပဲပေါ့။ ရှင်းရှင်းပြောရရင် ဟိုဘက်က အမဲ။ ဒီဘက်က အဖြူပေါ့။ ခုက နှစ်ဖက်စလုံးမှာ မီးခိုးရောင်တွေက ရှိလာပြီ။

    ဒီချိန်က တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရမယ့်အချိန်၊ ပြည်လည်တည်ဆောက်ရမယ့် အချိန်မှာ တင်းမာမှုတွေနဲ့ ဆက်သွားမယ်ဆိုရင် ပြန်လည်တည်ဆောက်ခြင်းက ဒီထက်ပိုပြီးတော့ နှေးကွေးလိမ့်မယ်၊ ရှိတဲ့အနေအထားကနေ ကျနော်တို့က ကောင်းအောင်ဆက်လုပ်ရမယ့် တာဝန်ရှိတယ်။ မကောင်းဘူးဆိုပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ဘေးထွက်ထိုင်နေလို့လည်း မရဘူး။ ရှိနေတဲ့ အနေအထားမှာ ရနိုင်တဲ့အခွင့်အရေးကို ယူပြီးတော့ ပိုကောင်းသထက် ကောင်းအောင် ဆက်လုပ်ရမယ့် အချိန်လို့ ကျနော်က မြင်ပါတယ်။ အခု ကျနော်တို့ဘက်မှာလည်း အသက်ဝဝရှုဖို့ အခွင့်အရေး ရှိလာတယ်။ အဲဒီတခုက နှစ်ဖက်စလုံးအတွက် အကျိုးရှိပါတယ်။

    မေး။ ။ တကယ့်ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ သမ္မတကနေ အုပ်ချုပ်တဲ့ အစိုးရတရပ်၊ အဲ့ဒါမျိုးကို နောက်ထပ် ငါးနှစ်၊ ဆယ်နှစ် မှာ တွေ့ရ မယ့် အလားအလာရှိပါသလား။

    ဖြေ။ ။ ကျနော်ထင်တယ် မဖြစ်နိုင်သေးဘူးဗျ။ နောက်ထပ် နှစ် ၂ဝ လောက်လည်း စောင့်ချင် စောင့်ရလိမ့်မယ်။ အရင်တုန်းက ကျနော်လည်း အင်မတန်ကို မာတယ်ပေါ့နော်။ Hardliner ပေါ့။ အရှေ့ဥရောပကတော်လှန်ရေး တွေ ကျနော် လေ့လာတယ်။ အဲဒီမှာ လူထုအုံကြွမှုနဲ့ အာဏာရှင်အစိုးရ တွေ ပြုတ်ကျသွားတယ်။ အာဏာရှင် အစိုးရကနေ လူထုရွေးကောက်တင်မြှောက်တဲ့ အစိုးရတွေ တက်လာတယ်။ ဒါပေမယ့် အဲ့ဒီ လူထုကိုယ်စားပြု အစိုးရက အရည်အချင်း မပြည့်စုံတာရယ်၊ နောက် သူတို့ထဲမှာလည်း အကျင့်ပျက်ခြစားမှုတွေ ရှိကြတယ်။ ရှေ့က အာဏာရှင် ချန်ထားရစ်ခဲ့တဲ့ ပြဿနာ အထုပ်ကြီးတွေက သိပ်ကြီးလာတယ်။ နောက် လူထုက မျှော်လင့်ချက် သိမ်ငယ်လာတယ်။ အဲဒါနှစ်ခု ပေါင်းဆုံ လာတဲ့ အခါကျတော့ စီးပွားပျက်လာတယ်။ နောက်ပိုင်း လူထုကိုယ်၌က သူတို့တင်ခဲ့တဲ့ အစိုးရကို ပြန်ဖြုတ်ချတယ်။ တိုင်း ပြည်က မတည်မငြိမ်ဖြစ်လာတယ်။ လတ်တလော အီဂျစ်က အနီးဆုံး နမူနာပဲ။

    ကျနော့်တိုင်းပြည်ကို အဲဒီလို မဖြစ်စေချင်ဘူး။ လူတွေပါဝင်တဲ့၊ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ စနစ်ကြီးတခုကို လုံးဝဖြိုလိုက်ပြီးတော့ အသစ်ဆောက် ဆိုတာ မဖြစ်နိုင် ဘူးလို့ ကျနော်ထင်တယ်။ ဖြစ်ရင်လည်း အန္တရာယ်ကြီးပြီးတော့ နောက်ဆုံး ဆိုဗီယက် ရုရှားမှာလို အာဏာရှင်စနစ်ပဲ ပြန်သွားမယ့်သဘော ရှိတယ်။ နှစ်ဖက် အပေးအယူ လုပ်ရမယ်၊ ညှိနှိုင်းရမယ်၊ ပူးပေါင်းဆောင်ရွက်ရမယ်။ တဖက်ကို ဘယ်လိုပြောရမလဲ အနိုင်ရသူ အ ကုန်ယူပေါ့၊ Winner Takes All ဆိုတာတော့ မရှိသင့်တော့ဘူး။
    http://burma.irrawaddy.org/interview/2015/04/08/73708.html
    ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၏ ဒု ဥက္ကဋ္ဌဟောင်း ကိုအောင်ဒင်နှင့် ဧရာဝတီအင်တာဗျူး

  • kai

    April 11, 2015 at 4:50 pm

    Posted by: Video-editer on April 11, 2015 at 12:33 PM 0 Comments

    ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က လပေါင်းအတန်ကြာ လက်မခံဘဲ လျစ်လျူပြုထားခဲ့ရာက အခုလို မမျှော်လင့်ဘဲ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်လာတာဟာ ၅ဝ ရာခိုင်နှုန်းကျော် အောင်မြင်နေပြီလို့ ၆ပွင့်ဆိုင်မှာ ပါဝင်တဲ့ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဧပြီ ၁ဝရက်နေ့မှာ ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကရော ၆ပွင့်ဆိုင်တွေ့ဆုံမှုအပေါ် ဘယ်လိုသဘောထားလဲ။

    ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဟာ ဖွဲ့စည်းပုံပြင်ဆင်ဖို့အဓိကဖြစ်တယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ သူတို့ဆွေးနွေးတဲ့အခါမှ သမ္မတဦးသိန်းစိန်က သဘောပေါက်သွားပြီး သူ့အနေနဲ့ ဆွေးနွေးဖို့ ဘာတစ်ခုမှ ပြင်ဆင်ထားခဲ့တာမရှိဘဲ နောက်တစ်ခေါက် မေလ ၁၁ရက်မတိုင်ခင် ထပ်မံတွေ့ဆုံတဲ့အခါမှ သူ့အနေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်ထားမယ်လို့ ပြောဆိုခဲ့တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကလည်း ၆ပွင့်ဆိုင် တွေ့ဆုံပွဲမှာ နောက်ထပ် ဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ အချိန်ဇယား သတ်မှတ်မှုနဲ့ ဆွေးနွေးရမယ့် အကြောင်းအရာ Agenda တွေကို အသေးစိတ်ဆွေးနွေးဖို့ တင်ပြခဲ့ပြီး ဆွေးနွေးမှုအပေါ် ကျေနပ်တဲ့ပုံပေါက်သလို ရွှင်ရွှင်ပျပျရှိနေတယ်လို့ သူက မှတ်ချက်ပေးပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ဘယ်လိုပုဒ်မတွေ ဘယ်လိုအပေးယူလုပ်ပြီး ညှိနှိုင်းပြင်ဆင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး အားလုံးမျှော်လင့်တဲ့ ရလဒ်တစ်ခုခု ရလာနိုင်ပါတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

    တိုင်းရင်းသားတွေအားလုံးရဲ့ သဘောထားဖြစ်တဲ့ အထွေထွေသဟဇာတဖြစ်ရေးအတွက် စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုကို အစိုးရဘက်က လက်ခံပြီး ဖွဲ့စည်းပုံပြင်ဆင်မှုတွေ လုပ်မယ်ဆိုရင် အပေးအယူလုပ်သွားမယ်လို့ သူ့အနေနဲ့ ထည့်သွင်းဆွေးနွေးခဲ့တဲ့အကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။

    မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ၆ပွင့်ဆိုင်ဆွေးနွေးပွဲမှာ အချက် ၃ချက်ကို သဘောတူညီခဲ့ပြီး ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေ အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ဖို့၊ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ တည်ငြိမ်အေးချမ်းဖို့အရေးကြီးတဲ့အချက်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာတွေကို နောက်ထပ် ၆ပွင့်ဆိုင် ဆွေးနွေးပွဲတွေမှာ ဆွေးနွေးကြဖို့ သဘောတူညီချက်ရှိတယ်လို့ ဆိုပါတယ်။
    http://kamayutmedia.com/video/politics/3723

  • kai

    April 14, 2015 at 7:59 am

    Aung Win

    မဆိုင်တဲ့သူတွေ ကတော့ အားလပ်ရက် ပျော်ပါး အပန်းဖြေ နေကြ
    လေရဲ့။ ဆိုင်တဲ့သူတွေ အသက်ပေး တမ်း အကြမ်း တိုက်နေရ တာမို့ အိမ်သူတွေလည်း ရင်ပူ၊ စစ်သားတွေလည်း အသက်ဘေး နီး၊ စစ်ပြေးပြည်သူတွေလည်း အတိ ဒုက္ခ ရောက်။ နဲနဲပါးပါး ညှိနှိူင်း လို့မရ တော့ဘူးလား ဆရာတို့။ အရင်တုန်းက လက်တွဲဆောင်ရွက်ခဲ့တာတွေ အများကြီး။ နာစရာတွေကို လွမ်းစရာနဲ့ဖြေပြီး သင်္ကြန်ရက် ကလေးတော့ အေးချမ်းစွာ
    ဖြတ်သန်းခွင့် ပြုသင့်ပါတယ်
    နှစ်ဖက် စစ်ခေါင်းဆောင်တို့။
    ========================
    ကိုးကန့်ဒေသမှာ ၆ ရက်ကြာ တိုက်ပွဲပြင်းထန်နေ
    Koe Kant2

    By ဒီဗွီဘီ
    13 April 2015
    Print
    Email

    တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ်အတွင်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား ဧပြီ ၈ ရက်ကစပြီး အခုချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကိုးကန့် တပ်ဖွဲ့ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ဒီဗွီဘီကို ပြောပါတယ်။

    လောက်ကိုင်မြို့ရဲ့အရှေ့တောင်ဘက်ခြမ်း သုံးရှမ်းဒေသမှာ အစိုးရစစ်တပ် အများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ၂ ဖက် တိုက်ပွဲပြင်းထန်ဖြစ်ပွား နေတာလို့ ပြောပါတယ်။

    “၈ ရက်နေ့ကစပြီး တော်တော်လေးကို ပြင်းထန်လာပါတယ်။ အခုချိန်ထိ ဖြစ်နေတုန်း ပါပဲ။ သူတို့က လက်နက်ကြီးလည်း ပိုသုံးလာတယ်။ အမြောက်တွေ ပိုပြီးတော့ စိတ်လာတယ်ပေါ့။ ပြီးတော့ သံချပ်ကာကားနဲ့ တင့်ကားနဲ့ ပစ်ကူပါတယ်။ လူအင်လား လည်းပိုပြီး သုံးလာတာတွေ့ရပါတယ်။ ကျနော်တို့ ဒေသထဲရောက်နေ တာကတော့ တပ်မ ၂၂ ကလွဲလို့ ဒီပြင်တပ်မတွေ တွေအားလုံးရောက်နေပါတယ်။ ကျနော်တို့ရဲ့ ဂွင်ကျဉ်း ကျဉ်းလေးထဲကို အားလုံးလိုလိုရောက်နေတယ်။ ပြီးတော့ စကခတွေ လည်း အများကြီးရောက်နေ ပါတယ်။ ကြည်းတပ်ရဲ့အင်အားနဲ့တွက်ကြည့်လိုက်ရင် ရာခိုင်နှုန်း ၂ဝ ကျော်လောက်က ကျနော်တို့ ကိုးကန့် ဒေသ ထဲရောက်နေတယ်” လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

    ဒီလို ထိုးစစ်ဆင်မှုကြောင့် ၂ ဖက် ထိခိုက်ကျဆုံးမှုတွေ များ တယ်လို့ သူက ပြောပါတယ်။

    “ကျနော်ထင်တယ်အခု ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၅ ရက်ပေါင်းလိုက်ရင် တပ်မတော်ဖက်က ကျတာနဲ့ ဒဏ်ရာရတာနဲ့ဆိုရင် ၇၀ဝ လောက်ရှိမယ်ထင်တယ်။ ကျနော်တို့ဘက်ကတော့ ၆ဝ လောက်ရှိပါတယ်။”လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

    ကိုးကန့်တပ်ဖွဲ့အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးလိုလားမေပယ့် သူတို့အဖွဲ့ကို အစိုးရဖက်က အသိအမှတ်မပြုတဲ့ အတွက် အစိုးရက ထိုးစစ်ဆင်နေရင် တတ်နိုင်သလောက် ခုခံသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

    ကိုးကန့်တပ်ဖွဲ့နဲ့အတွက် တအာင်းတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် တို့က ပူးပေါင်း တိုက်ခိုက်မှုတွေရှိ တယ်လို့ လည်း ပြောပါတယ်။

    ဖေဖော်ဝါရီ ၉ ရက်ကစတင်ခဲ့တဲ့ လောက်ကိုင်တိုက်ပွဲတွေကြောင့် ဒီနေ့ထိ မြန်မာပြည်ဘက် ထွက်ပြေး တိမ်းရှောင်လာရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေ ၈၀၀ဝ ခန့် ရှိပြီး တရုတ်ပြည်ဖက်က မှာလည်း အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    • kai

      April 14, 2015 at 12:37 pm

      လူ့ယဉ်ကျေးမှုအရ.. နှစ်ကူးရက်မှာတော့.. ခဏလောက်အပစ်ရပ်ကြဖို့ကောင်းတယ်..။
      ဘယ့်နှယ်အညိုးအတေးတွေနဲ့ချနေကြတယ်မသိ….။

      လူသားဆန်ကြတယ်ဆိုရင်ဖြင့်.. ၁ဝရက်အပစ်ရပ်ရေး… အထူး(အထူး)အခါတသိန်း.. တိုက်တွန်းပါကြောင်း..။

      • မြစပဲရိုး

        April 14, 2015 at 12:39 pm

        အတ္တ၊ အတ္တ၊ အတ္တ အတ္တ၊ အတ္တ၊ အတ္တ၊ အတ္တ၊ အတ္တ၊ အတ္တ အတ္တ၊ အတ္တ၊ အတ္တ ……………

      • ခင်ဇော်

        April 14, 2015 at 1:17 pm

        သဘူတောပါတယ်။
        ထောက်ခံပါတယ်။
        .
        .

        .
        .
        .

        အဟွာ။
        ကော်မန့် အရောင်က ဘိုလိုချယ်ဒါရဲဟမ်??
        :mrgreenn:

        • kai

          April 14, 2015 at 1:34 pm

          < font color="red" >

  • kai

    April 14, 2015 at 1:33 pm

    Myanmar Bans Condoms, Viagra And Birth Control Pills …
    http://www.ibtimes.com/myanmar-bans-condoms-...
    International Business Times
    4 days ago – Performers dance at the opening ceremony of a water pavilion during celebrations to mark Thingyan, Myanmar’s New Year water festival, …
    Myanmar bans condoms, Viagra for Songkran – Bangkok Post
    http://www.bangkokpost.com › News › AsiaBangkok Post
    4 days ago – Thailand and other Southeast Asian countries celebrating the Buddhist new year all have imposed various bans, from Thailand outlawing …

  • kai

    April 16, 2015 at 3:03 pm

    ဒီနှစ်သင်္ကြန်အကြတ်နေ့မှာ မွန်ပြည်နယ် မုဒုံမြို့ကလူငယ်တွေဟာ ဆင်တူဝတ်စုံအမျိုးမျိုး ဝတ်ဆင်ပြီး အုပ်စုလိုက် ရေပက်ခံထွက်ကြ တာ တွေ့ရပါတယ်။ ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
    RFA MyanmarVideoChannel

  • kai

    April 19, 2015 at 5:02 am

    Married locum GP who fondled teenager’s breasts in ‘moment of madness’ when she came to him with chest pains is jailed

    Dr Unt Tun Maung, 43, working as a locum GP on Teesside at time of attack
    He asked vulnerable girl to remove her bra before cupping her breasts
    Court told he was a clever, respected man who had a ‘moment of madness’
    Currently suspended and is facing General Medical Council investigation

    By Chris Pleasance for MailOnline

    Published: 10:01 EST, 18 April 2015 | Updated: 11:27 EST, 18 April 2015

    Dr Unt Tun Maung, 43, asked the vulnerable teen to remove her bra before cupping and squeezing each of her breasts, Durham Crown Court heard

    Dr Unt Tun Maung, 43, asked the vulnerable teen to remove her bra before cupping and squeezing each of her breasts, Durham Crown Court heard

    A married GP who fondled a vulnerable teenager’s breasts when she came to him complaining of chest pains has been jailed for 18 months.

    Dr Unt Tun Maung, 43, was working as a locum GP when he assaulted the patient during a routine examination at a Teesside medical centre in 2012, Durham Crown Court was previously told.

    The father-of-one, of Chester-le-Street, County Durham, had spent 12 years working in the NHS, but has now lost everything because of a ‘moment of madness’, his lawyer told the court.
    …………….

    Dr Maung came from a medical family and had worked in the NHS since moving to the UK in 2000, Mr Hurst said, and was held in high regard both professionally and personally.

    Read more: http://www.dailymail.co.uk/news/article-3044811/Married-locum-GP-fondled-teenager-s-breasts-moment-madness-came-chest-pains-jailed.html#ixzz3XhdUPzgB
    =

    • kai

      April 19, 2015 at 5:08 am

      စာရေးဆရာမရဲ့အမျိုးသားဆိုရင်…. မြန်မာပြည်အတွက်တော့.. သတင်းကြီးဖြစ်သွားမှာပေါ့…။
      အင်္ဂလန်က.. မြန်မာကွန်မြူနတီက.. ဘာတွေရပ်တည်ပေးလို့ရသလည်းတော့မသိ..။

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        April 19, 2015 at 5:10 am

        သူ​တွေ့သွားပြီကိုး
        အာ့ တခြား ဘယ်​သူမှတ်​လို့တုန်​း
        ဟိ
        🙂

        • kai

          April 19, 2015 at 5:20 am

          ကျုပ်က.. ကျောင်းသားဘဝမှာထဲက.. မြန်မာပြည်ရဲ့စာအုပ်တိုက်တခုမှာ.. အလုပ်လုပ်ဖူးတယ်လေ.. နော…။
          အဲဒီကနေစင်တင်ပေးခဲ့သူတွေ…အများကြီး….
          ထားထားလင်းဆိုရင်လည်း.. အဲဒီတိုက်မှာ.. ဝတ္တုတိုလေးတွေရေးခဲ့တာကနေ… စခဲ့တာ..။ :k:

  • kai

    April 19, 2015 at 5:22 am

    Joshua Chit Tun to Run for U.S. Senate

    Joshua Chit Tun, 28, announces his intent to run for U.S. Senate to represent California in 2016. If he wins the election, he will be the first Burmese-American to serve in the U.S. Senate. He is running for the U.S. Senate so that he will inspire the next generation of leaders (#NextGenLeaders) to run for public office around the world to improve their own communities, such as those in the country of his birth, Burma. His experience on student organization, education reform, human rights issues, tech, multimedia, and international relations provides a valuable background to represent California, lead the U.S. Senate, and inspire the world.
    Joshua Chit Tun experiences in human rights issues and international relations began with his childhood in Burma and his emigration to the United States of America and will help him lead the U.S. Senate to improve these issues. Born in 1986 to Walter Chit Tun, II and his Thai mother, Sandy Thay, Joshua Chit Tun’s family, except for his father, escape to the United States. He was 5 during the military retaliation of the 8888 Nationwide Popular Pro-Democracy Protests. From living in a militaristic government that had and continues to have many human rights issues in their home country to the difficulties of adjusting to a completely foreign country with sparse Burmese communities and support, Joshua Chit Tun learns about the difficulties of the Burmese people and will focus on improving the human rights of the people around the world. As U.S. Senator, he will lead the Senate to improve the American commitment to promote democracy, human dignity, and their accompanying human rights that was started and inspired by the American Revolution.
    More information about his personal life and influences may be read at the article, “Origins Define a Future.”
    Joshua Chit Tun’s endeavors exposes him to a variety of issues and industries. At age 19 in 2005, he promotes cultural awareness with his student group, Multi Ethnic Cultural Association (M.E.C.A.). The expansion of M.E.C.A. throughout the world ushers in the establishment of the nonprofit organization, International Multi Cultural Education Association (I.M.C.E.A.), and new programs that promotes the arts, such as MECA Entertainment. In order to help coordinate student collaboration in M.E.C.A, I.M.C.E.A, and throughout the world, he establishes the tech property, STUDENTdirect.me, in 2010. He developed STUDENTdirect.me at the time under the advisement of Ramin Shirani, who has experience in the venture capitalist (V.C.) process due to the establishment of his own venture-capitalist-backed firm, Aquantia Corp. In order to achieve the goal of reforming education and uniting students throughout the world to solve global issues, Joshua Chit Tun establishes STUDENTdirect Charitable Foundation in 2012. Along with the efforts of Brian Antezana, Bola-Ige Alabi Efeshodiamhe, and volunteers of STUDENTdirect International, STUDENTdirect expands worldwide and gains full member status of UN Youth Associations and Commonwealth Youth Council. More about the expansion of STUDENTdirect may be read at the article, “STUDENTdirect International (Africa, Europe, and Middle East) Report 2013-2014.” Joshua Chit Tun credits his grandfather, Walter Chit Tun, M.D, as a major influence of M.E.C.A, I.M.C.E.A, STUDENTdirect, and his campaign to be U.S. Senator since Walter Chit Tun, M.D. also organized student movements to democratize Burma, revolutionized bodybuilding, became one of the first Burmese movie stars, and became an icon in India and Burma. In 2014, Joshua Chit Tun becomes a founder of JBM along with Brian Antezana and Milton Antezana in order to provide comprehensive solutions to global problems by providing multilateral approaches in the fields of tech, multimedia, medical, education, nongovernmental organizations (N.G.O.), community outreach, and governments. Among its projects are advising STUDENTdirect and maintaining its website, mySTUDENTdirect.org, advising Boogiezone, and establishing YoungINC.LA, a tech, multimedia, and organization incubator and accelerator. Joshua Chit Tun approaches JBM Community, a subsidiary of JBM, with his intent to run for U.S. Senate in order to motivate #NextGenLeaders to unite and change their world. JBM Community initiates the U.S. Senate Campaign and their #NextGenLeaders program. Joshua Chit Tun’s accomplishments and experience gives him a unique position and point of view that proves he will rally and unite innovative leadership that will be responsible to solve global issues as a U.S. Senator.
    Read more about Joshua Chit Tun’s accomplishments in the article, “Joshua Chit Tun’s Accomplishments Timeline.”
    As California’s U.S. Senator, Joshua Chit Tun will initiate the change in leadership that is needed to address critical issues. He will help current legislators and politicians find the courage to enact reform that is necessary and crucial for the wellbeing and future of the United States of America by being an example and leader that they can follow. He developed the necessary fortitude and leadership necessary to enact this change during his previous ten years of tribulations while pursuing the vision to change the world through international collaboration. Joshua Chit Tun is committed to helping the U.S. Senate to modernize industries, revolutionize education and international relations, develop help #NextGenLeaders, both domestically and internationally. Joshua Chit Tun, as California’s U.S. Senator, will mark a new chapter in comprehensive leadership and lasting change for California, for the United States, and for the world.
    Read more about the Campaign to Elect Joshua Chit Tun to Represent California as Its U.S. Senator @ http://www.ChitTun.US
    To coordinate press, to volunteer or contribute to the Campaign to Elect Joshua Chit Tun to Represent California for Its U.S. Senator, or to become a part of #NextGenLeaders, message Brian Antezana @ YoungINC.LA.
    Learn more about Mr. Joshua Chit Tun @ the following:
    • Agents for Change
    • Chit Tun Foundation
    • Chit Tun Group
    • Mr. Chit Tun’s YoungINC.LA Résumé

    • kai

      April 19, 2015 at 5:25 am

      မြန်မာထဲက.. ယူအက်စ်စိနိတ်… Run သူပေါ်လာပြီဖြစ်ကြောင်း…။ :k:

  • kai

    April 21, 2015 at 8:04 am

    မြန်မာသက္ကရာဇ် ၁၃၇၆- ၁၃၇ရ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော နှစ်သစ် ဆုတောင်းစကား

    တစ်နှစ်ထက် တစ်နှစ်ပြောင်းသွားတဲ့ အခါကျတော့ နှစ်သစ်ကူးခြင်း နှစ်သစ်ကူး ခြင်းကမတူပါဘူး ဒါပေမယ့်တစ်ခု တူတာဘာလဲဆိုတော့ နှစ်သစ်ကူးအချိန်မှာ အားလုံးကနေပြီးတော့ ဒီနှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ ချမ်းမြေ့ပါစေ နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းမွန်ကြပါစေလို့ ဆုတောင်းကြတာကြီးပါပဲ၊ ကျွန်မလဲ ဒီအတိုင်း ပါပဲ ကျွန်မတို့နိုင်ငံအတွက် နှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းစေခြင်တယ် နှစ်သစ်တိုင်းနှစ်သစ် နှစ်သစ်တိုင်းဟာ နှစ်ဟောင်းတိုင်းနှစ်ဟောင်းတိုင်းထက် ပိုပိုပြီးတော့ကောင်းသွားတယ်ဆိုတာဟာ တစ်ကယ်ဒီနိုင်ငံဟာ တိုးတက်နေတယ်ဆိုတာကိုပြတာပဲ ဒါပေမယ့် ဒါတွေဟာ ကျွန်မတို့ ကျိုးစားမှရမယ်ဆိုတာ ကျွန်မခဏခဏပြောပါတယ်၊ အဲ့တော့တိုတိုနဲ့ နှစ်သစ်အတွက်ဆုတောင်းပေးရမယ်ဆိုလို့ရှိရင် ကျွန်မနဲ့ ကျွန်မရဲ့ နိုင်ငံရဲ့ပြည်သူလူထုဟာ နိုင်ငံအကြီုးအတွက် ဆန္ဒတစ်ထပ်တည်းဖြစ်ပြီးတော့ ကျွန်မတို့ရဲ့ဆန္ဒနဲ့ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေ ကျွန်မတို့ရဲ့မျှော်လင့်ချက်တွေကို က ျိူ းစားအားထုတ်ခြင်းအားဖြင့် အကောင်ထည်ဖော်နိုင်ပါစေ လို့ ဆုတောင်းမေတ္တာပို့ပါတယ်၊ အားလုံးနှစ်သစ်ကူးမှာ ကျန်းမာချမ်းသာကြပါစေ ဘေးဘယာ ဝေးကွာကြပါစေ ကောင်းကျိုးလိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေ။

    National League for Democracy
    https://www.facebook.com/NLDParty

  • kai

    April 29, 2015 at 3:58 pm

    Obama decries Baltimore riots, speaks with frustration on underlying issues
    Apr 28 2015
    President Obama forcefully condemned the riots in Baltimore as “counterproductive” on Tuesday, labeling the rioters as “criminals and thugs” and striking a new tone of frustration with the cycle of allegations of deadly police abuse followed by violent protests.
    ==
    Fox News

    “That is not a protest. That is not a statement. That’s a handful of people taking advantage of the situation for their own purposes and they need to be treated as criminals.”

    President Barack Obama made it very clear there is no excuse for the kind of violence that has happened in the ‪#‎BaltimoreRiots‬. http://bit.ly/1IjPXMX

  • kai

    April 29, 2015 at 4:39 pm

    Stephen Hawking Predicts Humans Won’t Last Another 1,000 Years On Earth
    The Huffington Post | By James Gerken

    Posted: 04/28/2015 11:49 am EDT

    Renowned British physicist and author Stephen Hawking has a dire prediction for humanity: We will not survive another millennium unless we colonize another planet.

    “I don’t think we will survive another 1,000 years without escaping beyond our fragile planet,” Hawking said in remarks delivered at Sydney’s Opera House last weekend. His addresses on Saturday and Sunday were his first in Australia, but were delivered via hologram from his office in Britain.

    We must continue to go into space “for the future of humanity,” he added. “I want to encourage public interest in space.”

  • မြစပဲရိုး

    May 2, 2015 at 6:14 pm

    မေ မှာ အရောင်မရင့်သေးတော့ ဒီမှာဘဲ သတင်းချလိုက်ပြီ။

    It’s a girl! :-)))))

    Kate Middleton, Duchess of Cambridge, is ‘doing well’ after giving birth to her second child weighing 8lbs 3oz

    The Duchess of Cambridge gave birth to a baby girl at 8.34am this morning at the Lindo Wing of St Mary’s Hospital
    Kate, 33, was admitted to the hospital at 6am this morning and was accompanied by the Duke of Cambridge
    The little girl is fourth-in-line to the throne and will be known as Her Royal Highness Princess (name) of Cambridge
    A Kensington Palace statement said both the Duchess and her newborn daughter are ‘doing well’ after the birth

    သူ့ အစ်ကို ဂျော့ဂျ် မင်းသားလေး က ဝါဆိုလပြည့်။
    ဒီ မင်းသမီးလေး က ကဆုန်လပြည့်။
    Taurus (ကြောင်ကြီး နဲ့ ဇိုဒီးရပ်စ် ဆိုင်း တူ နေတာကော)
    ဒေးဗစ်ဘက်ခမ်း နဲ့ နှစ် ၄ဝ တိတိ ကွာရော။
    ဒေးဗစ်ဘက်ခမ်း တောင် ထိပ်စည်း ပြောင်းသွားရှာပြီ။
    lol:-)))

Leave a Reply