မိန်းမတို့ဘုန်း Hairdo Hairstyle

ကျမတို့ညီအမတွေရဲ့ ကလေးဘဝတလျှောက် ဆံပင် အလှဖန်တီးရှင်က အမေပါ။အမေ့လက်ရာကတော့ အားလုံးတပုံစံတည်းထွက်ပါတယ်။အဲဒီပုံကတော့ Bob Hair လို့ခေါ်တဲ့ ရှေ့ဆံမြိတ်က မျက်ခုံးပေါ်အတိ၊နောက်ဆံပင်က ဂုတ်ပေါ်တိတိ ၊အုန်းမှုတ်ခွက်မှောက်ထားသလိ ုနေလို့ အုန်းမှုတ်ခွက်ေကလို့လည်း ခေါ်ပါတယ်။ ကျမတို့ မောင်နှမတွေကတော့ ငယ်ငယ်က ဖတ်ဖူးတဲ့ကာတွန်း ဦးအောင်ရှိန်(ထင်တယ်)ရဲ့ Three Stooges လိုမျိုး ဇာတ်ကောင် ဘဲဂေါင်း၊ဆန်ပြုတ်နဲ့ အီကြာကွေး တို့ရဲ့ ဆံပင်ပုံနဲ့ တူတယ်ဆိုပြီး ဘဲဂေါင်းဆန်ပြုတ်အီကြာကွေးကေလို့ ခေါ်ပါတယ်။ အမေက ကိုယ့်ဆံပင်ကို ကပ်ကြေးနဲ့ ညှပ်ပြီဆိုရင် မတိုစေနဲ့နော်လို့ တဖွဖွ မှာရပါတယ်။ ညှပ်ပြီးရင် ဆောင့်ကြောင့်ထိုင်နေတဲ့ သူ့ပေါင်ပေါ် မျက်နှာမှောက်ခိုင်းပြီး လည်ဂုတ်ပေါ်က ဆံပင်ငုတ်တိုလေးတွေကို ဂျုုတ်နဲ့ ဆွဲပေးပါတယ်။အဲဒီ အချိန်ငြိမ်အောင် ထန်းလျက်ခဲတလုံးပေးပြီး ချော့ထားတတ်ပါသေးတယ်။ ပြီးရင်တော့ မှန်ကြည့်ခွင့်ရပါပြီ။မှန်ထဲ ဆံပင်ညှပ်ပြီးစ ကိုယ့်ပုံကြည့်တိုင်း အမေညှပ်တာ … Continue reading မိန်းမတို့ဘုန်း Hairdo Hairstyle