ဘယ်ကိုသွားလဲ မောင်တိမ်မည်း… မြို့ ပတ်ရထားစီးမလို့ ဆို…
ပထမဆုံး အတွေ့ အကြုံ
ပထမဆုံး မြို့ ပတ်ရထား စီးဖူးတာက အဘိုးနဲ့ ဗျ… မှတ်မှတ်ရရ ကျွန်တော် ၃ တန်းသာသာပဲရှိဦးမည်ထင်… အရင်အခေါ် ချောင်တွင်းကုန်းဘူတာ… အခု ပါရမီ ဘူတာကနေ မြို့ တပတ်စီးသဗျ… သိပ်ငယ်လွန်းတော့ စီးဖူးတယ်ဆိုတာပဲ မှတ်မိတယ်… ပုံရိပ်တွေကတော့ ဝေေ၀၀ါးဝါး…
ပြန်လည်စီးဖြစ်ပုံ
ပထမဆုံး အခု ပြန်စီးဖူးတော့ မြို့ ထဲကနေဗျ… ဒီလိုရယ် အဲ့နေ့ က တကယ်တော့ ပျင်းပျင်းနဲ့  ရုပ်ရှင်ကြည့်ဖို့ ထွက်လာတာ… ကံဆိုးချင်တော့ လက်မှတ်က ကြိုမ၀ယ်ထားမိဖူး… တင်တဲ့ကားက နိုင်ငံခြားကား တပတ်လည်း ရှိပီဆိုတော့ ကြိုဝယ်ဖို့ လိုလောက်မယ်မထင်ပါဖူးဆိုပီး ထွက်လာတာ… ဖြစ်ချင်တော့ လက်မှတ်ကုန်နေတယ်တဲ့ဗျာ… အဲ့ဒါနဲ့  ကျွန်တော်လည်း ဘားလမ်းကနေတဆင့် ကုန်းတံတားပေါ်တက် … ရထားတွေကို ငေးမောကြည့်နေရင်းကနေ မြို့ ပတ်ရထားလေး စီးရင် ကောင်းသား ဆိုပီး အတွေးပေါ်သဗျို့ … ဒါနဲ့ ပဲ ကုန်းတံတားပေါ်ကနေ ဘူတာ စင်္ကြန် ဂိတ်ကို ဆင်းလာခဲ့မိတာပေါ့…
တိမ်မည်း ။ ။ မြို့ ပတ်ရထား စီးချင်လို့ ဗျ….
လက်မှတ်ရောင်း ။ ။ ခုံလေးကို မဖိနဲ့ ဗျာ… အနားသားတွေက ပါးနေလို့ ပါ…
အဲ့မှ သေချာကြည့်မိတယ်.. ဖိထားမိတဲ့ ဘက်က သစ်သားက ပါးပါးသာ ကျန်တော့သည်… ထို့ ဖြင့် ထောက်ထားသော လက်ကို ဖယ်လိုက်ပီး လက်မှတ်စစ်အား ဆက်ပြောရာ…
တိမ်မည်း ။ ။ မြို့ ပတ်ရထား စီးချင်လို့ ပါ…
လက်မှတ်ရောင်း ။ ။ တစောင် ၃၀၀
တိမ် ။ ။ ဘယ်အချိန်လဲဗျ…
ရောင်း ။ ။ ၃ ခွဲ
တိမ် ။ ။ ဟာ… အခုကို ခွဲနေပီ… မှီပါ့မလား…
ရောင်း ။ ။ မှီပါတယ်… အောက်ကို ဆင်းသွားလိုက် ရထား အပြာကြီး…
ထို့ ဖြင့် အောက်ကို တချက်ဝှေ့ ကြည့်လိုက်သည်.. ဘာရထားမှ မမြင်ရ…
တိမ် ။ ။ မတွေ့ ဖူးဗျ…
ရောင်း ။ ။ ဆင်းသွားပါလေ… တွေ့ ပါလိမ့်မယ်…
တိမ် ။ ။ ဘယ်စင်္ကြန်လည်းဗျ…
ရောင်း ။ ။ ဆင်းသာကြည့်ပါဗျာ… အဲ့တစီးပဲရှိပါတယ်…
ထို့ နောက် ကျွန်တော်လည်း လက်မှတ်ကို ယူကာ အောက်ကို အသောဆင်းလာမိသည်…. ကြည့်လိုက်ရာတွင် ရထား အပြာမှာ ညဘက် စင်္ကြန်တွင် ထီးထီးကြီး ရပ်ထားတာကို မြင်လိုက်ရသည်… မှီသေးသည် အထင်ဖြင့် တအေးအေး လျှောက်လာမိသည်… သို့ သော် အခြေအနေက မအေး… တခနတွင် ဥသြံသံ နှစ်ချက် ဆင့်ကြားလိုက်ရသည်…
ရထားထွက်တော့မည်လား…
ထင်သည့်အတိုင်းပင် ရထား ဘီးများ စလိမ့်လေပီ… ကျွန်တော်လည်း နှစ်ပေါင်း များစွာမှ ပြန်စီးဖြစ်သော မြို့ ပတ်ရထားအား မလွဲချော်စေရန် အလို့ ငှာ ဖနောင့်နှင့် တပါးသားတည်း ကျအောင် ပြေးပီးနောက် မှီရာ ရထားပွဲ ကို စွေ့ ခနဲ ခုန်တက်လိုက်သလို တွဲထိန်းမှ ဂရုဏဒေါသနှင့် ဆဲဆိုသံကို လည်း တပါတည်း ကြားလိုက်ရပါသည်၊
ထို့ နောက် ရထားအတွင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်….
အဲကွန်းရထားလို့ လူသိများတဲ့ သုံးရာတန် မြို့ ပတ်ရထားဟာဖြင့် ပြတင်းပေါက်များ ဖွင့်ထားကာ လူအများနဲ့ ပြည့်သိပ်နေပါသည်…
ထိုင်ခုံများက အများကပ်ထိုင်လို့ ရသော ဘေးထိုင်ခုံများသာ၊ တဦးချင်းထိုင်ခုံ မရှိ… အများထိုင်ခုံဆိုသော်လည်း ကျွန်တော့်အတွက် ထိုင်စရာမရှိ…
အဲကွန်းဆိုတော့လည်း အေးသော အရသာ မပြောပါနဲ့  လေတောင် အနဲငယ်ပဲရတာ…
သို့ နှင့် ထိုင်ခုံရလို ရငြား တတွဲပီး တတွဲ ပြောင်းလျှောက်ကြည့်သို့ လည်း ထိုနည်းသာ…
ထူးခြားသည်ကား နိုင်ငံခြားသားများ တွေ့ ခြင်းပဲ.. ပြင်သစ်သံ ဖြင့် နိုင်ငံခြား သား ယောကျာင်္း မိန်းမ တချို့ ဟာ တွဲထဲမှာ ဟိုမှသည် တယောက်စ နှစ်ယောက်စ ရပ်နေသည်ကို တွေ့ ရပါသည်…
ရှမ်းလမ်းဘူတာ အရောက်မှ ကျွန်တော် ထိုင်စရာနေရာ ရလိုက်ပါသည်… ဖုန်းကို gps ဖွင့်ပီး ဘူတာမှတ်တိုင်များ လမ်းကြောင်းများ ဖွင့်ပီး ကြည့်မိပါသည်…
ခရီးစဉ်အလျောက် ကြာချိန် ကို မှတ်သားမိသည် မှာ အောက်ပါအတိုင်းဖြစ်သည်…
- ညနေ ၃း၃၀ – ရန်ကုန်ဘူတာကြီး
- ညနေ ၃း၃၁ – ဘုရားလမ်း
- ညနေ ၃း၃၄ – လမ်းမတော်
- ညနေ ၃း၃၄ – ပြည်လမ်း
- ညနေ ၃း၃၉ – ရှမ်းလမ်း
- ညနေ ၃း၄၁ – အလုံလမ်း
- ညနေ ၃း၄၄ – ပန်းလှိုင်လမ်း
- ညနေ ၃း၄၈ – ကြည့်မြင့်တိုင်
- ညနေ ၃း၅၁ – ဟံသာဝတီ
- ညနေ ၃း၅၅ – လှည်းတန်း
လှည်းတန်းမှာ ရောက်သော် ရှည်လျားစွာ တပတ် အတိ မစီးချင်တာက တကြောင်း အခါအားလျော်လျင် ကျူရှင် သွားရန် လှည်းတန်းမှ တဆင့် သွားလို့ တာက တကြောင်း…. နှစ်ကြောင်းပေါင်းကာ လှည်တန်းမှာ ဆင်းနေခဲ့မိသည်…
ထို့ နောက် လှည်တန်း ဘူတာမှ အရောင်းစာရေးနှင့် အောက်ပါအတိုင်း စကားအချီ အချ ပြောဖြစ်လေသည်…
တိမ် ။ ။ ဘူတာအားလုံးရဲ့ ၀င်ချိန်ထွက်ချိန် စာရင်း စာအုပ်လေးများရမလား ခင်ဗျ…
ရောင်း ။ ။ လောလောဆယ်တော့ ကုန်နေပီ မောင်ရင်ရဲ့… ပုံမှန်အားဖြင့်တော့ ရိုက်ထားပါတယ်လေ… ဒီဘူတာရဲ့ ဇယာားကတော့ အပြင်မှာ ကြည့်ပါလေ….
တိမ် ။ ။ အချိန်က ဘယ်လို ကြည့်ရလဲဗျ…
ရောင်း ။ ။ မောင်ရင် က ဘယ်သွားမှာလဲ…
တိမ် ။ ။ ရန်ကုန် ပါ ခင်ဗျ…
ရောင်း ။ ။ ဒါဆို လက်ဝဲ၇စ် ဘယ်ဘက်အခြမ်းက ရန်ကုန်သို့ ဆိုတာကိုကြည့်ပါလေ…
တိမ် ။ ။ သုံးရာတန် နှစ်စီး ဆက်တိုက်တွေ့ ပါ့ ဦးလေး… စောတဲ့ တစီး ပေးပါလေ…
ရောင်း ။ ။ စောတဲ့ တစီးက အဲကွန်း မကောင်းဖူး မောင်ရင်… မောင်ရင် စောင့်နိုင်သပ ဆိုရင် နောက်တစီး စီးပါလေ… အဲ့တစီးကမှ အဲကွန်း ပါသဗျို့ …
ထို့ နောက် လက်မှတ်ရောင်း ညွန်ကြားချက်အတိုင်း စောင့်စီးလေရာ ထိုင်ခုံ နှစ်ခုံတွဲ တဖတ်နှစ်ခုံစီဖြင့် အဲကွန်းကောင်းသော ရထားကို စီးမိသည်။
အသွားခရီးစဉ်ထက်စာရင် အပြန်ခရီးစဉ်ကသာပီး သက်တောင့် သက်သာ ရှိလှပေသည်…
ဒဏ်ငွေဆောင်ရရန် တလက်မအလို
များမကြာမှီ ကျွန်တော်သည် မြို့ ပတ်ရထား စီးရန် အကြောင်း ပေါ်လာပြန်သည်…
ထို့ နေ့ ကား သဃန်းကျွန်း တွင် မင်္ဂလာဆောင်ကို ရက်မှားပီးလာမိသည်… ထို့ သို့ ရောက်ခါနီးမှ ရက်မှားလာမိသည်ကို အမှတ်ရမိသဖြင့် ရသော အချိန်ကို မလေလွင့်စေရန်…
သဃန်းကျွန်းမှ သံလမ်း ရှိ ကျူရှင်သို့ သွားရန် လှည်တန်း ဘူတာမှတဆင့် သွားကြည့်ရန် အကြံပေါ်လေသည်…
ထိုတွင်ပြသာနာက သဃန်းကျွန်းဘူတာမှ လှည်းတန်းသို့ တိုက်ရိုက်ရထားမရှိ… ဘူတာရောက်ပီး အချိန်ကြည့်နေဆဲ တခနမှာပဲ ရထား တစီး ဆိုက်ကပ်လာသည်…
အချိန်မကုန်စေရန်အလို့ ငှာ အရောင်းစာရေးထံသို့ သာ ပြေးသွားမိသည်…
တိမ် ။ ။ အခုရထားက မလွကုန်းရောက်လားဗျ…
ရောင်း ။ ။ ရောက်တယ်….
အလျင်လိုနေသဖြင့် အိပ်ကပ်ထဲမှ ပိုက်ဆံတရွက်ထုတ်လိုက်ရာ ပါလာသည်က ၁၀၀ တန်တရွက် (ကျန်တဲ့ပိုက်ဆံတွေက အိတ်ထဲက ထုတ်ရမည်ဖြစ်သဖြင့် အလျင်မမှီတော့)… စီးရမည့် ဘူတာမှာ (သဃန်းကျွန်း – နှင်းဆီကုန်း – မလွကုန်း) နှစ်မှတ်တိုင်သာ စီးရမည် ဖြစ်သဖြင့် လက်မှတ်ပါလည်း မနဲပါဟူသော ထုံးမူပီး ၅၀ တန် လက်မှတ်ကိုသာ ၀ယ်ဖြစ်လိုက်သည်…
တကယ်တမ်းကျတော့ ပြသာနာက ၅၀ တန်နဲ့  ၂၀၀ တန် တွဲကို မကွဲ…
(မှတ်ချက်… ထို့ အဖြစ်အပျက်နောက် မှတ်သားမိသည်က ထိုရထားသည် ၅၀ ၂၀၀ ရထားဖြစ်သည်… ယမန်နေ့ က အဲကွန်းရထားလို ဘေးထိုင်ခုံအကောင်းစားမဟုတ်ပေမယ့် သစ်သားဘေးထိုင်ခုံနဲ့  လူ ချောင်ချိသော ၂၀၀ တန်းတွဲ အများစုနဲ့  ၅၀ တန် တွဲ အနည်းငယ် ပါရှိသည်။ ၅၀ တန်းတွဲမှာ နှစ်ယောက်တွဲသစ်သားခုံ နှစ်ခုကို မျက်နှာချင်းဆိုင်ထားသော အတွဲဖြစ်သည်… တွဲဘေးနားတွင်လည်း အဖြူရောင်နှင့် မထင်မရှားရေးသားထားသည်ကို သေချာကြည့်ပါက မြင်တွေ့ နိုင်သည်)
ထိုနှင့် ကျွန်တော်သည် အလျင်တစော တက်လိုက်ရာ ရထားစတင်ထွက်ပါမှ ၂၀၀တွဲကို မှားယွင်းတက်ရောက်မိမှန်း သတိထားမိလိုက်သည်….
တွဲပြောင်းရန် ကြိုးစားသော်လည်း ငါးဆယ်တန်တန်းကို ကူးရန် အပေါက်မထားရှိသဖြင့် လက်လျော့ခဲ့ရသည်…
ကံကြမ္မာက နှင်းဆီကုန်းဘူတာတွင် လက်မှတ်စစ်များ တက်ရောက်လာသည်ကစသည်…
(မှတ်ချက်… ယမန် နေ့ က ရန်ကုန်ဘူတာကြီးမှ လှည်းတန်းအထိ လက်မှတ်စစ်များ တက်ရောက်ခြင်းမရှိ၊ ယနေ့ မှာလည်း မလွကုန်းမှ လှည်းတန်းသို့  တခြား ၅၀ ၂၀၀ ရထားဖြင့် ပြောင်းလဲ စီးနှင့်ခဲ့သော်လည်း လက်မှတ်စစ်နဲ့  မကြုံ)
စစ် ။ ။ လက်မှတ်ပြပါ…
တိမ် ။ ။ ကျွန်တော့်မှာ ငါးဆယ်တန် ပဲ ပါပါတယ်ခင်ဗျ…
စစ် ။ ။ ဘယ်က တက်လာတာလည်း…
တိမ် ။ ။ ကျွန်တော် သဃန်းကျွန်းက တက်လာတာပါ… တွဲမှားတက်မိတာပါ…
ကျွန်တော့် မျက်နှာကို စေ့စေ့ တချက်ကြည့်ပီး….
စစ် ။ ။ နောက်မှတ်တိုင်ကျရင် တွဲပြောင်းစီးလိုက်ပါ….
သက်ပြင်းရှည်မကြီး တချက်ချလိုက်မိသည်… ထိုအခါ ဘေးနားက လူက..
ဘေး ။ ။ ခင်ဗျ ကံကောင်းတာဗျ… ပုံမှန်ဆို ဒီလူတွေက ဒဏ်ရိုက်ရုံတင်မကဖူး… လူပါ ရစ်သေးတာ…
စိတ်ထဲနဲ့ တွေးလိုက်သည်…. နောက်တခါ ၅၀ တန် ၂၀၀ တန် တွဲကို ခွဲခြားအောင် စီးမည်။ အလျင် မလိုတော့ ဟု….
(မှတ်ချက် – ထို့ နေ့ တွင် တခြားမှတ်သားစရာ တခုကား မလွကုန်းမှ လှည်းတန်းအသွား ဘူတာကြီး အားဖြတ်သွားရန် နာရီဝတ်နီးပါးမျှ စောင့်ဆိုင်းရခြင်းပင်….)
လေးစားလျက်
တိမ်မည်း
ရန်ကုန် မြို့ပတ်ရထားကို ငယ်တုန်းက တော့ စီးဖူးသဗျ…
လမ်းမတော် ကနေ အရိုးဆေးရုံကို ဆိုပါတော့…
ဘတ်စ်ကား ခ ၅၀ကျပ်ခေတ်မှာ တကြောင်းကို ၁၀ပဲကျသဗျ…
လပေး လုပ်ထားရင် တလ ၃၀၀ တဲ့ … တ၀က်သက်သာတဲ့သဘော…
လူကြပ်တာ ကုန်တင်တာ ထွက်ချိန်မမှန်တာ အဲကွန်းမပါတာ …
တွေကလွဲရင် ပေါ့လေ…
ခေတ်ပြောင်းသွားပြီးနောက် တော့ စီးမကြည့်ဖူးသေး….
လူကလည်း ပြောင်းသွားပြီလေ… ရထားလမ်းမြင်ရင် ရထားစီးဖို့ထက် ဓာတ်ဖမ်းဖို့ ချောင်းနေတော့တာကိုး..
အဲ့လို..

Was this answer helpful?
LikeDislike.အရင် ခေတ်ထက်စာရင် အများကြီး သာသွားပါပီ…
.ရထားအချိန်ကတော့ နာရီဝက် တခါတလေ နောက်ကျပါတယ်.. တခါတလေ လည်း .အကြောင်းကြောင်းကြောင့် ရထား တစီးလုံး မလာတာမျိုးလည်း ရှိတက်ပါတယ်…
.ဒါပေမယ့် အရင်ကထက်တော့ အများကြီး သာလာပါပီ….
Was this answer helpful?
LikeDislikeလွန်ခဲ့တဲ့အနှစ် ၄၀ကျော်လောက်က နယ်မှာနေတော့ ရန်ကုန်ရောက်တုန်းဆိုပြီး အဖေက မြို့ပတ်ရထားလိုက်စီးပေးတယ်။
ကိုယ်နေတဲ့မြို့က မြစ်ဝကျွန်းပေါ်မြို့ဖြစ်တဲ့အပြင် ရထားလမ်းနဲ့အလှမ်းဝေးလို့ ရထားဆိုတာ အဲဒီကမှ စပြီးမြင်ဖူးတာ။
ဘ၀တလျှောက်လုံးနဲ့တွက်ကြည့်လိုက်ရင် ရထားစီးပြီး ခရီးနီး/ဝေး သွားတာ အင်မတိအင်မတန်နည်းတယ် ပြောရမယ်။
နိုင်ငံခြားမှာ MRT တွေ ဥဒဟိုသွားပြီး သွားလာရေးမှာအဓိက အသုံးပြုနေရတာကိုတော့ ဘတ်စကားစီးရတာထက်စာရင် အများကြီးအဆင်ပြေအကျိုးများလို့ သဘောကျသား။
Was this answer helpful?
LikeDislikeကျွန်တော်ကတော့ ရထား အတော်စီးဖူးတယ်လို့ ပြောလို့ ရပါတယ်…
ရထားနဲ့  မန်းကို ၃တန်း (ခန့် မှန်းခြေ ၁၉၉၅) ခုနှစ်က စပီးပေါ့.. နှစ်တိုင်းလိုလို ရထားနဲ့ ခရီးသွားဖြစ်ပါတယ်..
ရိုးရိုးတွဲ… အထူးတွဲ… အိပ်စင်… ဗိုလ်သင်တန်းတက်တုန်းက စစ်သားတွဲလည်း စီးခဲ့ဖူးပါတယ်…
နောက်ပီး ပြင်သစ်သွားတုန်းကလည်း မြို့ ပတ်ရထားအတွေ့ အကြုံကလည်း တမျိုးပါ…
သူတို့ ဆီကဟာကို ကြည့်ပီး ရန်ကုန်သာ အဲ့လို ဖြစ်ရင် ကောင်းမယ်လို့  မျှော်လင့် မိတာ အမှန်ပါ….
Was this answer helpful?
LikeDislikeစစ်တိမ်မဲ
ရစ်ဇိမ်ဆွဲ
ညစ်လိမ်ဖဲ
ဖျစ်ဒိန်ခဲ…
Was this answer helpful?
LikeDislikeမှတ်သားးဖွယ်ရာပဲ…

ရေးးတတ်ပါ့…
နိ လည်းး အတော် လွဲချော်တတ်သကိုးးးး
Was this answer helpful?
LikeDislike.လွဲတာတော့ မပြောနဲ့  အမရေ….
.ရထားပေါ်ပြေးတက်တာနဲ့  လက်မှတ်စစ်မိတာကတော့ တကယ့်ရှော့ ….
Was this answer helpful?
LikeDislikeဂျပိုးတွေ ကိုက်တုန်းပဲလား
ကျနော်တော့ မစီးဖြစ်တာ နှစ်ပေါင်း အတော်ကြာပြီ
၃ – ၄ နှစ်လောက်တောင် ရှိပါပေါ့
ရန်ကုန် မြို့ပတ်ရထားက အားကိုးလို့ရရင်ကောင်းမယ်
Was this answer helpful?
LikeDislike၂၀၀ တန်း ၃၀၀ တန်း ကတော့ ဂျပိုး မကိုက်ဖူး ခင်ဗျ…
ရန်ကုန် subway project အရဆိုရင်တော့ ဒီနှစ်ပတ်ဝန်းကျင်မှာပဲ လက်ရှိ ရထားတွေကို ၀င်ချိန် ထွက်ချိန် မှန်အောင် လုပ်နိုင်မယ်လို့  မျှော်လင့်ပါတယ်…
Was this answer helpful?
LikeDislike၈၈ကျောင်းသားသပိတ်တုံးက… အာအိုင်တီ(ကြို့ကုန်း)ကနေ.. မြို့ထဲ..လမ်းမတော်ဘူတာအထိ.. သူငယ်ချင်းတွေနဲ့.. ရထားလမ်းကြောအတိုင်းလမ်းလျှောက်ပြန်ခဲ့ရတာသတိရမိတယ်..
အင်္ဂလိပ်က မြို့ပြစနစ်သေသေချာချာလုပ်သွားတဲ့အထဲ.. မြို့ပတ်ရထားလမ်းပါတယ်…
အဲဒီမြို့ပတ်ရထားလမ်းအ၀ိုင်းကျယ်က.. တိုကျိုယာမနိုတယ်ပါတ်လမ်းနဲ့သိပ်မကွာဘူးဗျ..။
တိုကျိုက လူ၃သန်းခွဲကျော် ကိုရွေ့ပြောင်းပေးနေနိုင်တာမို့.. အဲလို လူ ၁၃သန်းကျော်မြို့ကြီး.. ကားထရပ်ဖစ်ထင်သလောက်မရှိ..။
ရန်ကုန်ကို နေချင့်စဖွယ်မြို့ကြီးဖြစ်အောင်.. အဲဒီတခုအာရုံစိုက်.. ဖွံ့ဖြိုးအောင်လုပ်လိုက်ယုံနဲ့ပြီးတယ်..။
ရန်ကုန်မှာရှိတာမှ.. လူ၆သန်းလောက်…။ ၃သန်းကျော်လောက်ကို.. မြို့ပါတ်ရထားကတာဝန်ယူနိုင်တယ်ဆိုရင်..မြို့လမ်းတွေအကုန်ချောင်ကုန်မှာ…။
အလုပ်အကိုင်အခွင့်အလန်းသန်းချီထွက်လာမှာဖြစ်သလို… မင်္ဂလာဒုံဖက်လိုနေရာတွေက မြေအိမ်ဈေးတွေလည်း.. မြို့လည်နဲ့တန်းညှိပြီး.. ဆွဲချပေးသွားနိုင်မှာ..။


တိုကျိုက..နယူယောက်က မြေအောက်ရထားလမ်းတွေဆို.. ကားလမ်းမတွေအောက်မှာ..မြောင်းကြီးတူးပြီးအပေါ်ကအုပ်လိုက်ယုံနဲ့ ဖောက်တာ..။
ဘာနည်းပညာဆန်းဆန်းမှမလို…။ မြေအောက်ရထားလမ်းဘေးပလက်ဖောင်းမှာ.. ဈေးဆိုင်ခန်းတွေဖွင့်ရောင်းလို့ရသေး..။
ရန်ကုန်မှာ.. အနော်ရထာ..။ ဗိုလ်ချုပ်လမ်းအောက်… အဲလိုလုပ်လိုက်ရ…မြို့လယ်ကအိမ်.. မြေဈေးတွေပြုတ်ကျ..။
အနိစ္စ..။
=
Ridership
An estimated 3.68 million passengers[2] ride every day on Tokyo’s Yamanote Line, with its 29 stations. For comparison, the New York City Subway carries 5.08 million passengers per day on 26 lines serving 468 stations,[3] and the London Underground carries 3.36 million passengers per day on 12 lines serving 275 stations.[4]
Was this answer helpful?
LikeDislikeသဂျီးရေ ဒါကို သူတို့  မသိဖူးများထင်လေစ… အခုတောင် အိမ်ခြံမြေဈေးတွေ အေးနေလို့  ဒေါ်လာဈေးဝင် မွေနေတာ ကမောက်ကမ ဖြစ်နေတယ်….
အစိုးရထက် ဟိုလူတွေက ပိုချမ်းသာနေတော့ ဘွားတော်တက်ရင်တောင် ယှဉ်နိုင်ဖို့ မမြင်…
ထားပါလေ… ဒါက တကိတ်စ…
အခု ရန်ကုန် subway project အလိုအရကတော့ ဒီနှစ်ကစပီး ရထားချိန် စပီး မှန်ကောင်းလေရဲ့… (မျှော်လင့်တာပါ)…. သူတို့ က ဒီနှစ်ကို လက်ရှိရထားလမ်းကို လုပ်မယ်… နောက်ပီး… မြေအောက်ရထားလမ်း… နောက်ပီး ကောင်းကင် ရထား လမ်း အဆင့်ဆင့်ပေါ်… အဲ့လို လုပ်မယ်လို့ ပြောလေရဲ့…
နောက်တခုက အခု လက်ရှိရထားဘူတာတွေက ဝေးလွန်းသဗျ… သူတို့ ဆီရောက်အောင် သွားတာနဲ့ တင် အတော် အချိန်ကုန်တာ (ကျွန်တော်တို့ အိမ်ကနေ ဘူတာကိုရောက်ဖို့  နာရီဝက်လောက် လမ်းလျှောက်ရတယ်)… လုံခြုံရေး အရဆို မလွကုန်းဘူတာဆို တော်သေးတယ်…
တချို့ ဘူတာတွေဆို ညဆို လမ်းလျှောက်ဖို့ တောင် မသင့်တော့ဖူး….
အကွာအဝေးကိတ်စရယ်… လုံခြုံရေးရယ်… ရထားအချိန်မှန်တာရယ်… အဲ့သုံးခုကို ဖြေရှင်းပေးနိုင်ရင်တော့ ဘူတာတွေ လူပြန်စည်လာမှာ အသေအချာပဲ……
Was this answer helpful?
LikeDislikeအဲကွန်းရထားတော့ တကယ်မစီးဖူးသေးဘူး။
Was this answer helpful?
LikeDislikeလတ်မှတ်ရောင်းတွေကို သာ အသေအချာမေးပါ ကိုအောင်မိုးသူရေ….
သူတို့ သိပါတယ်… အဲကွန်းရထားဆိုပေမယ့် တကယ် အဲကွန်းကောင်းတာတွေက နောက်မှ ၀င်တဲ့ရထားထင်တယ်…
ကျွန်တော် မှတ်ကြည့်မိသလောက် နှစ်စီးသာသာပဲ ရှိတယ်ထင်တယ်….
Was this answer helpful?
LikeDislikeသပ်ချောင်တိမ်မဲ လက်ရှောင်ဇိမ်ဆွဲ ဖက်ပေါင်အိမ်ထဲ ဗွက်ရှောင်လိမ်ဖဲ
Was this answer helpful?
LikeDislikeအခုပြထားတဲ့ ခရီးအပွာအဝေနဲ့ရောက်ရှိချိန်အရဆို
ရထားက အတော်လေးခရီးရောက်တာဘဲ
ကြည့်မြင်တိုင်ကနေ လှည်းတန်းကို ကားစီးရင် မိနစ် ၄၀
လက်ရှိအချိန်မှာတစ်မြို့လုံးနီးပါးလမ်းတွေပြင်နေတော့ အလွန်ကျပ်ဗျာ
Was this answer helpful?
LikeDislikeမင်္ဂလာဒုံကနေ မြို့ ထဲလာမယ့်လူ တို့ … အင်းစိန်ကနေ မြို့ ထဲ လာမယ့်သူတွေအတွက်ကတော့ ဈေးကော အချိန်ပါ သင့်လျော်ပါတယ်… ခရီးတိုသမားတွေ အတွက်ကတော့ ဘူတာ ကို သွားရတာ… ရထားလာအောင် စောင့်ရတာနဲ့ ကတော့ ကားနဲ့ ယှဉ်ရင် သိပ်မကာမိသေးဖူး ခင်ဗျ…
လေးဘူတာ စီးဖို့ လောက်ကို အဆင်ပြေလာရင်တော့ ကားကိတ်စ အတော် ချောင်လည် သွားမယ် မှတ်ပါတယ်…
Was this answer helpful?
LikeDislike.RIT တက်တုန်းက မြို့ပါတ်ရထားကို လေးနှစ်လောက်အမုန်းစီးတက်ခဲ့တာ
.ကျိုက်ကလဲ့ကနေ ကြို့ကုန်းအထိပေါ့
.ခုတော့မြင်သာနေရ မစီးဖြစ်တော့ပါဘူး
.တိမ်မည်း says: နောက်တခုက အခု လက်ရှိရထားဘူတာတွေက ဝေးလွန်းသဗျ… သူတို့ ဆီရောက်အောင် .သွားတာနဲ့ တင် အတော် အချိန်ကုန်တာ (ကျွန်တော်တို့ အိမ်ကနေ ဘူတာကိုရောက်ဖို့  နာရီဝက်လောက် .လမ်းလျှောက်ရတယ်)…
.
.
.ကိုတိမ်မည်းပြောတာလည်းအမှန်ပဲ…
Was this answer helpful?
LikeDislikeဦးကြီးမိုက်လည်း ရထားအတော်စီးခဲ့သကိုး…..
ပြန်စီးကြည့်ဖို့  တိုက်တွန်းပါတယ်…
အရင် က နဲ့  အတော် ကွာသွားပါပီ…
Was this answer helpful?
LikeDislike.မဆိုင်ပေမယ့် ပြောတော့ပြောပြချင်တယ်။ ရန်ကုန်မှာနေရတာ မွန်းကြပ်လိုက်တာ။ နယ်မှာပဲ နေချင်တယ်။ နယ်မှာက ဘယ်သွားသွား စက်ဘီးလေးနဲ့၊ ကျန်းမာရေးလည်းကောင်း၊ ကိုယ်လက်လှုပ်ရှားမှုလေးနဲ့ပေါ့။ လျှပ်စစ်မီးသာ မှန်ပစေ၊ နယ်မှာ နေလို့ပိုကောင်းတာ သေချာတယ်။
Was this answer helpful?
LikeDislike.ဟုတ်… ကျွန်တော်ကတော့ နယ်ကတက်လာတာ မကြာသေးဖူးခင်ဗျ…
.အမှန်ကတော့ ရန်ကုန်သားတောရောက်နေ… မြို့ ပေါ်ပြန်တက်တယ်ဆိုရင် မှန်ပါတယ်…
.ပြန်ရောက်ခါစက ဘက်စ်ကား မစီးချင်လို့  တက်ကစီချည်းပဲ ကျွေးတာ ခရီးစရိတ်အတော်ထောင်းသွားလေရဲ့…
.ကျွန်တော်နယ်မှာစနေတုန်းက တဆောင်လုံး စက်ဘီးသမားဆိုတော့ စက်ဘီးလေးနဲ့ ပေါ့…
.အဲ့တုန်းက စက်ဘီးနဲ့  မြို့ ပတ်သာ… ကိုယ့်သာ လူတွေ မသိတယ်… မြို့ ကလူတွေက ဘယ်လောက် အမြင်ကတ်ကုန်တယ် မသိ… ကျွန်တော်ဆိုရင် သိနေတဲ့လူတွေချည်းပဲ… အဲ့ကောင်လေးပေါ့ စက်ဘီးလေးနဲ့ လေဆိုပီး….
.နောက်ပိုင်း ဆိုင်ကယ်နဲ့ ဆိုတော့ ပိုပီးလွတ်လက်တယ်…
.အခုရန်ကုန်ရောက်တော့ ဆိုင်ကယ်ကို တမ်းတမိတာ တပိုင်းသေနေပါရဲ့…
Was this answer helpful?
LikeDislikeကျောင်းတက်တုံးက ကလေးဆေးရုံကနေ လမ်းမတော် ဆေးကျောင်းကို ရထားစီးပြန်ကြရတာ သိပ်ပျော်ခဲ့တာပဲ။
အဝေးကတော့ ရန်ကုန် မန္တလေး စီးဖူးတယ်။ အထက်တန်းတွဲတော့ မစီးဖူးဘူး။
မြစ်ကြီးနား-ဖားကန့်စီးဖူးတယ်။အသက်လုတက်ရတယ်။
အခုတလောတော့ မြို့ပတ်ရထားအတော်အဆင်ပြေနေတယ်ကြားမိတယ်။
အန်တီ့မိတ်ဆွေက နေ့စဉ် သမိုင်းဘူတာနဲ့ တာမွေဘူတာ အလုပ်ဆင်းတက် သွားပြန်နေတယ်။သူသွားရတာ မနက် တာမွေ-သမိုင်း၊ညနေ သမိုင်း-တာမွေ ဆိုတော့ အများသူငါ သွားတဲ့ လမ်းနဲ့ ပြောင်းပြန်ဖြစ်နေတာမို့ ချောင်ချောင်ချိချိ စီးရပါတယ်တဲ့။
လွန်ခဲ့တဲ့ ၆လလောက်က ရန်ကုန်ဘူတာကြီးကို လူကြိုဖို့ သွားတော့ ဟောင်းနေတာကလွဲရင် အတော် အဆင်ပြေပြေသွားလာလို့ ရတာ တွေ့ရပါတယ်။
ရထားစနစ်ကို အောင်မြင်အောင်လုပ်စေချင်ပါတယ်။
Was this answer helpful?
LikeDislike. ဟုတ်တယ် အန်တီရေ…
.သူများနိုင်ငံတွေမှာ ရထားတွေနဲ့  မြို့ ပတ်တာတွေကြည့်ပီး… ကိုယ့်လည်း မြို့ ပတ်ချင်သပ…
.သူများနိုင်ငံတွေလောက် အဆင်မပြေသေးပေမယ့်… အရင်ကထက်တော့ အဆင်ပြေလာတယ်လို့  ပြောလို့ ရပါပီ…. အကောင်းဘက်က ကြံဖန်တွေးကြည့်ရင်ပေါ့….
.ရထားစနစ် အောင်မြင်ဖို့ ကျွန်တော်လည်း စောင့်မျှော်နေမိပါတယ်…
Was this answer helpful?
LikeDislikeရထားက ၇ တန်းကျောင်းသားဘဝ ကျောင်းပြေးတုန်းက အတော်စီးခဲ့တာ ၊
တိုးကြောင်ကလေးဘက်ဆို သိပ်ပျော် ၊ နွေကျောင်းပိတ် ကချင်မြေပြန်လည်း ရထားနဲ့ပါ ၊
အင်းစိန်ဂျီတီအိုင်တက်တော့လည်း ရထားပါပဲ ၊
သားလေးငယ်ငယ်က သားအဖ မြို့တစ်ပါတ်စီးကြတာ ၊ ၃ နာရီလောက်ကြာသဗျ ၊
အခုတော့ မစီးဖြစ်တော့ပါဘူး ၊ အဲယားကွန်းရထားတော့ စီးကြည့်ဦးမှပါ ၊
Was this answer helpful?
LikeDislike.စီးကြည့်ပါခင်ဗျ… အဲ့ကွန်းတကယ်ကောင်းတဲ့ရထားက အမှတ်စဉ်နဲ့ ရထားမဟုတ်ပဲ.. နာမည်လေးနဲ့ ဖြစ်နေတက်ပါတယ်… ရထားအချိန်စာရင်းတွေ တခုနဲ့ တခု တိုက်ကြည့်တော့ မတူညီတာလေးတွေတော့ ရှိပါတယ်ခင်ဗျ…
.အကောင်းဆုံးကတော့ အရောင်းစာရေးသာ မေးကြည့်ပါ…
Was this answer helpful?
LikeDislikeမြို့ပတ်ရထားအကြောင်းပြောရရင်ဖြင့် မြေအောက်ရထား (Subway) ကို ခဏလောက်ထားပါဦးဗျာ…
လက်ရှိရထားလမ်းကိုပဲ ဘယ်လိုလုပ်ကြမလဲစဉ်းစားကြည့်ရင်…
ပထမဆုံးကိစ္စက လျှပ်စစ်မီးဗျ…
မီးရထားဆိုတာ ကားလိုမျိုး အင်ဂျင်နဲ့သွားတဲ့အမျိုးအစားမဟုတ်တဲ့အတွက် လျှပ်စစ်မီးအားကို
ဒီဇယ်စက်ခေါင်းက Generator မောင်းပြီးပေးမယ့်အစား လျှပ်စစ်မီး Source တစ်ခုကနေပြီးပေးတာ
ပိုပြီးတော့ အဆင်ပြေမယ့်ကိစ္စဗျ….
လျှပ်စစ်မီးကို တိုက်ရိုက်ပေးတဲ့အတွက် ကုန်ကျစရိတ်က ဒီဇယ်နဲ့မောင်းနှင်တဲ့စရိတ်ထက် သက်သာလာမယ်…
ကျွန်တော့်အမြင်ကတော့ လျှပ်စစ်မီးဟာ ရထားလုပ်ငန်းအတွက် အကြီးမားဆုံးအဟန့်အတား တစ်ခုဖြစ်နေသေးတယ်…
ဒုတိယက ရထားလမ်း…
ရထားလမ်းတွေဟာ လူနေရပ်ကွက်တွေနဲ့ အတော်လေးအလှမ်းဝေးတဲ့နေရာမှာရှိနေတယ်…
ဒါတွေကို အနီးဆုံးဖြစ်အောင် ကြားခံဖြတ်လမ်းအသစ်တွေနဲ့ ကွန်ယက်အသစ်တွေဖြန့်ရမယ်…
ရှိပြီးသားရထားလမ်းနဲ့ ဘူတာရုံတွေအပေါ်မှာ ကန့်လန့်ဖြတ် နောက်ထပ်ရထားလမ်းတွေဖောက်ပြီးတော့ ဘူတာထဲမှာ ရထားတစ်ခုကနေ တစ်ခုပြောင်းစီးလို့ရမယ့် ပလက်ဖောင်းတွေလုပ်ပြီး… လူနေထိုင်ရာနေရာတွေနဲ့ အနီးနိုင်ဆုံးနီးအောင် စီမံကိန်းဆွဲဖို့ပဲ…
လမ်းအသစ်ဖောက်ပြီဆိုမှတော့ အိမ်တွေဖျက်ရမယ်… ဒါကနောက်ထပ်အကြီးမားဆုံးသော အဟန့်အတားတစ်ခု…
အိမ်မဖျက်ချင်ဘူးဆိုရင် မြေအောက်ရထား (Subway) လုပ်ရမယ်… ပုံမှန်မြေပေါ်ရထားလမ်းထက်…
ရင်းနီးမှုများမယ်… လျှပ်စစ်သုံးစွဲမှုပိုများမယ်… လေ၀င်လေထွက်စနစ်တွေလုပ်ရမယ်…
ဦးဆုံးရင်းနီးမှုအတော်လေးကြီးမားမယ့် စီမံကိန်းဖြစ်သွားမယ်…
အပေါ်ကဆိုခဲ့တာနဲ့ဆက်ပြောရင် တတိယကတော့ ရင်းနီးမြှုပ်နှံမှု…
ကားတစ်စီးကို သိန်း ၂၀၀ ၀န်းကျင်နဲ့ ရင်းနီးမြှုပ်နှံလိုက်ရင်… တစ်နေ့ကို အုံနာကျေး ၈၀၀၀၀ ပြေးမလွတ်တဲ့ ရန်ကုန်မြို့မှာ… သိန်းပေါင်းထောင်ချီရင်းနီးမြှုပ်နှံပြီး…
နှစ်ပေါင်းကြာရှည်စွာအချိန်ယူ အမြတ်ထွက်အောင်စောင့်ရမယ့် ရထားလုပ်ငန်းကို ပေါ်ပင်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက စိတ်မ၀င်စားတာတော့အမှန်ပဲ….
ရထားတစ်စီးကို အုံနာကျေးဘယ်လောက်လို့တောင်းပြီး ပြေးဆွဲလို့မှမရတာကိုး…
ဒီလိုအလုပ်မျိုးကို စိတ်ရှည်ရှည်နဲ့ ရင်းနီးမယ့် ကော်ပိုရေးရှင်းကြီးတွေလိုသဗျ…
အစိုးရကတော့ ငွေကြေးအရလုပ်နိုင်ကိုင်နိုင်တဲ့အနေအထားရှိပေမယ့်…
သူ့ပြသနာနဲ့သူမို့ ဒီဘက်ကို စောင်းပေးလုပ်နိုင်မယ်မထင်…
သူ့မွေးထားတဲ့သန်းကြွယ်သူဌေးကြီးတွေကလဲ မျိုးမျိုးမြတ်မြတ်ငွေလွယ်လွယ်ရမယ့်အလုပ်လောက်
ရထားလုပ်ငန်းကို စိတ်ဝင်စားပုံမရှိ…
နောက်ဆုံးပြသနာက… တိကျသောစီမံခန့်ခွဲမှု…
ဒီအထဲမှာ ဘာပါသလဲဆိုရင် တိကျသော အချိန်စီမံခန့်ခွဲမှု…
တိကျသော ရထားစီးနင်းခွင့်လက်မှတ်ရောင်းစနစ်…
ဒါတွေပါတယ်…
အဲဒီလိုပဲ ရထားဘူတာရုံတွေရဲ့သန့်ရှင်းရေး… ပြုပြင်ထိန်းသိမ်းရေးတွေပါတယ်…
ဒါတွေကို ကျော်လွှားနိုင်မှ… ရထားစနစ် ဦးမော့လာမယ်…
ခင်မင်လျက်-
ကြောင်ဝတုတ်
Was this answer helpful?
LikeDislike.ကိုကြောင်ဝတုတ်ရေ…
.ဒါတွေကတော့ ဖြစ်လာဖို့ အတော်အလှမ်းလိုသေးတယ် သဘောမှာ ရှိသဗျ… သိရသလောက်ကတော့ ဒီကိတ်စကို JICA က ကိုင်နေပါတယ်… Yangon Subway Project ပါ… Project က တော့ သုံးပိုင်းရှိပါတယ်…
.ပထမ တပိုင်းက အခုလက်ရှိရထားလမ်းကို ကောင်းမွန်အောင်လုပ်ဖို့  (၀ါ) ရထားလမ်း ပျက်တောက်မှူ မဖြစ်ရေး… ရထားစက်ခေါင်းတွေရဲ့ Maintenance မှန်ရေး (၀ါ) တခါတရံ ရထားများပျောက်မှူ ဟန့် တားရေး… နောက်တခုကတော့ ရထားအမချိန်မှန်ရေးပေါ့… ဒီအပိုင်းကျတော့ ရှိသမျှ ဘူတာ အားလုံး အချက်အဆိတ်မိဖို့ လိုပါတယ်…. နောက်ပီး central network တခု ကောင်းကောင်းလိုပါတယ်… လက်ရှိရထားလမ်းကိုပဲ သက်မှတ်ချိန် ၅ မိနစ်ပဲ အလျော့အစွန်းရှိရင်ကို အတော်ဟန်ကျသွားပါပီ…
.နောက်တပိုင်းကတော့ subway ပေါ့… အဲ့တာကတော့ ရတဲ့အပိုင်းလုပ်မယ် မရတဲ့အပိုင်းကျတော့လည်း သုံးပိုင်းမြောက်ဖြစ်တဲ့ မိုးပျံရထားနဲ့ ရှင်းမယ့်ပုံပေါ်ပါတယ်….
နောက်ဆုံးတခုကတော့ ဒီကိတ်စတွေက ရှုံးတာ မြတ်တာ အရင်းခံမဟုတ်ပဲ… အစိုးရက ပေါ်လစီ တခုချက်မှတ်ကာ ဦးဆောင်ဖို့ လိုပါတယ်…. ဥပမာ အစိုးရ တ၀တ် ကျန်တာက ကန်ပနီတွေပေါ့…. အဲ့အတွက် အစိုးရက သဘောထား ပြက်သားဖို့ လိုပါတယ်…. ဒီအတွက်ကတော့ သိပ်မမြင်မိသေးပါဖူး…
အရင်ဆုံး ရထား အချိန်မှန်ဖို့  မျှော်လင့်ကျတာပေါ့….
ခင်မင်လျက်
တိမ်မည်း
Was this answer helpful?
LikeDislikeဒီရက်ပိုင်း သတင်းတစ်ပုဒ် ထဲမှာ မြို့ပါတ်ရထား ဘူတာရုံ တွေ ကို အဆင့်မြင့်မြင့် ဖြစ်စေဖို့ အတွက် ပြုပြင်ဖို့ တင်ဒါ ခေါ်တယ် တဲ့။
အရေးကြီး တဲ့ လမ်းပိုင်း တွေ ကိုတော့ ဂရုမစိုက် ဘဲ အပေါ်ယံ နှမ်းဖြူး တဲ့ အလုပ်ကိုဘဲ (အိတ်ထဲ ထည့်နိုင်ဖို့ အလွယ်နည်း) ရှေ့တန်းတင်နေတဲ့ ဒီ အသုံးမကျ ဦးနှောက်မရှိ တဲ့ ချိန်းဘရီး အစိုးရ ကို ဆက်သာ တည်မြဲ စေမယ် ဆိုရင်တော့ လဲ
Was this answer helpful?
LikeDislike.အရီးရေ… အဲ့ကိတ်စကို ကျွန်တော်လည်း ဖဘမှာ အစိုးရကို သွယ်ဝှက်ပီး ဆဲပီးပါပီ… တော်တော် ဆဲချင်စိတ် ပေါက်သွားလို့ ပါ….
.ဒါပေမယ့် ဒီကိတ်စကို အစိုးရ ဘက်တော်သားအချို့ ကတော့ ဘူတာ တခုနဲ့  တခုကြားမှာ ဆက်သွယ်ရေး ကောင်းမွန်ဖို့  central စနစ် တည်ဆောက်နေတယ်လို့  ပြောလေရဲ့….
. ဒါတွေကလည်း ကိုယ်တွေ မြင်ရတာ မဟုတ်တော့လည်း ခက်သာား….
Was this answer helpful?
LikeDislikeမျှောကြတယ်လား
မျှောပါဗျာ
မျှော်တာပြည်သူတွေရဲ့အခွင့်အရေးပါ
Was this answer helpful?
LikeDislike.မျှော်လင့်ချက်ရှိမှ အသက်ရှင်ကြရတာကို ခင်ဗျ… မျှော်လင့်နေဦးမှာပါ… ကျွန်တော် ပြည်သူ တယောက်ပါ…
Was this answer helpful?
LikeDislikeရထားစနစ်ကို သေချာကောင်းအောင်လုပ်နိုင်ရင်
လမ်းပေါ်မှာ ကုန်နေတဲ့အချိန် နည်းနည်းပဲဖြစ်ဖြစ် လျော့သွားနိုင်မလားမသိ
Was this answer helpful?
LikeDislike.အဲ့လိုရင်းကတော့ တော်တော်များများ သိလေရဲ့… သို့ ပေသိ ငါတို့ ရဲ့ ချစ်လှစွာသော အစိုးရကတော့ ဒါမျိုးထက်စာရင် ကုန်းကျော်တံတား ဆောက်ဖို့ ပဲ စိတ်ဝင်စားလေရဲ့…..
Was this answer helpful?
LikeDislikeသတင်းစာမှာ ကားလမ်းပိတ်တာကို တံတားထပ်ဆောက်ဖို့မလိုပဲ ဖြေရှင်းနိုင်ဖို့ ကူညီပေးချင်လို့ဆိုပြီး သတင်းစာမှာ နာမည်နဲ့ဖုံးနံပါတ်ထည့်တဲ့ ကြော်ငြာကို ဖဘမှာ ၀ိုင်းရှယ်ကြတာတွေ့လိုက်ရသေးတယ်။
နောက်တော့လည်း ဘာမှဖြစ်မလာပါဘူး။
Was this answer helpful?
LikeDislike.ဟုတ်တယ် အန်တီ Ma Ma ရေ… တကယ်တမ်းတော့ ကုန်းကျော် မဆောက်ပဲ ဖြေရှင်းလို့ ရတဲ့ နည်းတွေရှိပါတယ်… ဥပမာ မြို့ ပတ်ရထားပေါ့… နောက်ပီး ဘက်စ်ကားတွေ စီးကမ်းရှိအောင်လုပ်တာ… ကားတင်သွင်းမှူကို တင်းကျပ်တာ… မလွယ်တဲ့ အလုပ်တခုဖြစ်ပေမယ့် လုပ်ရင်တော့ ဖြစ်မှာပါ… ခက်တာက မလုပ်တာ… လေပါတယ်….
Was this answer helpful?
LikeDislikeCivil Management ကိုမသိတဲ့သူတွေက မီးစင်ကြည့်ကနေတဲ့အချိန်ကြီးမှာဗျာ….
ပြောလို့တောင် မကုန်တဲ့အမှားတွေ…. အမှားတွေ…
ခင်မင်လျက်-
ဖက်ဖက်ကက်
Was this answer helpful?
LikeDislike