နှလုံးသားဖြင့် အလုပ်လုပ်သူ – Working Attitude

ဇီဇီMay 14, 20152min362848

https://www.facebook.com/tin.nyunt.338?fref=ts

 

နှလုံးသားဖြင့်လုပ်သူ (Credit to Tin Nyunt)

 

“ဂျွန် မင်းကို ငါဘယ်လောက်ပေးရမလဲ”

ကျွန်တော့်ဖေဖေက ပထမလူငယ်ကိုမေးလိုက်ခြင်းဖြစ်သည်။ ဖေဖေသည်သူ့ကို ကောက်ရိတ်ချိန်ရာသီတွင် ငှားရမ်းခဲ့သည့်အတွက် အခကြေးငွေပေးရန် မေးနေခြင်းဖြစ်သည်။ ဂျွန်က

“မစ္စတာဘားရက်စ် ၅၅ ဒေါ်လာကျပါတယ်”

ဖေဖေက ၅၅ ဒေါ်လာဟု ချက်လက်မှတ်တွင်ရေးပေးလိုက်ပြီး “ကျေးဇူးတင်ပါတယ်ကွာ” ဟုတလေးတစား ပြန်ပြောလိုက်သည်။

ဖေဖေသည် ဂျွန်ကဲ့သို့အလုပ်လာလုပ်နေသည့် နောက်ထပ် လူငယ်တစ်ယောက်အား..

“မိုက်ကယ် မင်းကိုရော ငါဘယ်လောက်ပေးရမလဲ” ဟု မေးလိုက်သည်။ သူသည် ဂျွန်နှင့်အတူတူ အလုပ်လုပ် သည့် လူငယ်တစ်ယောက် ဖြစ်သည်။

“၇၅ ဒေါ်လာကျပါတယ်ခင်ဗျာ”

ဖေဖေက အံ့အားသင့်သလိုပြန်ကြည့်လိုက်ပြီး

“ဘာဖြစ်လို့ ပိုသွားရတာလဲ မိုက်ကယ်” ဟုပြန်မေးလိုက်သည်။

မိုက်ကယ်က “အလုပ်လုပ်မယ့်နေရာအရောက် ကားနဲ့သွားရတာရယ်၊ အပြန်အတွက် ဓာတ်ဆီဖိုးရယ်၊ ထမင်း စရိတ်ရယ် ပေါင်းပြီးတောင်းတာပါခင်ဗျာ” ဟုပြောလိုက်သည်။

“အော် သိပြီ၊ သိပြီ” ဟုဖေဖေကပြောပြီး ချက်လက်မှတ်တွင် ၇၅ ဒေါ်လာဟုရေးပေးလိုက်သည်။

ဖေဖေက နောက် အလုပ်သမားတစ်ယောက်ဖြစ်သည့် နာသန်ဆိုသူအား

“ကိုင်း မင်းကိုရော ငါဘယ်လောက်ပေးရမလဲ” ဟုမေးလိုက်သည်။

“၃၈ ဒေါ်လာနဲ့ ဆင့် ၅ဝ ပါခင်ဗျာ”

ဖေဖေက တောင်းသည့်ငွေပမာဏ ကွာခြားလွန်းလှသဖြင့် အံ့အားသင့်သွားသည်။ တတိယလူငယ်သည်လည်း ပထမနှင့် ဒုတိယ လူငယ်နှစ်ယောက်တို့ကဲ့သို့ပင် တစ်ချိန်တည်းနှင့် အလုပ်တစ်မျိုးတည်းအတွက် အတူတူ ငှားရမ်းခဲ့ခြင်းဖြစ်သည်။ သူတို့ အလုပ်သို့ လာရောက်ကြရသည့် ခရီးအကွာအဝေးမှာလည်း အတူတူပင် ဖြစ်သည်။ ဖေဖေက သူဘာကြောင့် ကျန်နှစ်ယောက်ထက် လျော့တောင်းနေရသည်ကို ရှင်းပြခိုင်းသည်။

 

“နေစမ်းပါဦးကွ မင်းကဘာကြောင့် သူတို့ထက်လျော့ တောင်းနေရတာလဲ”

“ဆရာကတော်က ကျွန်တော်တို့ကို နေ့လည်စာကျွေးပါတယ်။ အဲဒီအတွက် နေ့လည်စာဖိုး ကျွန်တော့်ကို ပေးစရာမလိုပါဘူး။ နောက်ပြီး ကောက်ရိုးတွေကို အမိုးအောက်သယ်သွားချိန်မှာ ကျွန်တော်တို့နားနေရပါတယ်။ နားချိန်အတွက်လည်း ထည့်မတွက်ထားပါဘူး။ လယ်ကွင်းကို ကျွန်တော်ကားနဲ့မလာပါဘူး။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စကားပြောရင်း လမ်းလျှောက်လာနေကျဖြစ်လို့ ဆီဖိုးလည်းမကုန်ပါဘူး။ ဒါကြောင့် ကျွန်တော့်အလုပ်ချိန်နဲ့ ကျသင့်တဲ့ငွေပမာဏကိုတွက်လိုက်ရင် ၃၈ ဒေါ်လာနဲ့ ဆင့် ၅ဝ ပဲရှိပါတယ်” ဟု ရှင်းပြ လိုက်သည်။

ဖေဖေက ချက်လက်မှတ်တွင် ဒေါ်လာ ၁၀ဝ ဟုရေးပေး လိုက်လေသည်။

ဖေဖေသည် လူငယ်သုံးယောက်စလုံးကိုပြန်ကြည့်လိုက်သည်။ သူတို့သုံးယောက်စလုံး ဖေဖေ့ကို စိတ်မသက် မသာနှင့် ပြန်ကြည့် နေကြသည်။ ရရှိထားသည့် ချက်လက်မှတ်လေးတွေကို ကိုင်ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေကြသည်။ ဖေဖေက

“ငါ မင်းတို့ကို အလုပ်ခိုင်းဖို့ခေါ်လာတုန်းက တန်းတူညီမျှ အလုပ်တစ်ခုတည်းအတွက် ငွေတန်ဖိုးကိုလည်း တစ်တန်းစားတည်း သတ်မှတ်ပြီးခေါ်လာတာပါ။ လူတိုင်း သူနဲ့ ထိုက်တန်သလောက် ရတတ်ပါတယ်ကွာ” ဟု ပြန်ပြောလိုက်သည်။

သူက လူငယ်သုံးယောက်စလုံးကို စိတ်ကောင်းရှိသည့် ဖခင်တစ်ယောက်၏လေသံဖြင့်

“သားတို့ အလုပ်ကို နှလုံးသားနဲ့လုပ်တဲ့လူပဲ ငါကလေးစားတာကွ” ဟုပြောလိုက်လေသည်။

(Mind and Soul)

၁၄.၅.၂၀၁၅

~~~~~~~~~~~~~~~~~~~~~~~~~~

 

အဲ ဒီ စာလေး ကို ကြိုက်လို့ ပါ။

ကိုယ်တွေ့နဲ့ ယှဉ်တော့ လည်း မှန်နေတယ်။

ကိုယ်တိုင်ကလည်း အရမ်းတော်တဲ့ထဲ မပါဘူးး၊

တတ်မြောက်တာတွေလည်း အများကြီး မရှိဘူးရယ်။

လုပ်ဖြစ်တဲ့ အလုပ်မှာတော့ စေတနာပါအောင် ကြိုးစားလုပ်ခဲ့တာချည်း။

ကိုယ့်စေတနာကို မြင်တဲ့သူကျ တော်ရုံ ကိုယ့် အမှားကို ခွင့်လွှတ်ကြတယ်။

ကိုယ်က အရမ်း လွဲပြီး အမှားအယွင်းများတာရယ်။

:a:

နောက်ပြီး စိတ်မပါရင် ဘာမှ မလုပ်ချင်ဘူးးး၊

နောက်တော့ Chicken Soup for the Soul  ထဲက လုပ်ချင်တာ မလုပ်ရရင်လည်း လုပ်နေရတဲ့ အလုပ်လေးမှာ ပျော်ရွှင်အောင် လုပ်ပါ ဆိုတာလေးနဲ့ အမြင်မှန်ရခဲ့တာ။

နောက်ပြီး ဘယ်သူနဲ့ အလုပ် လုပ်ဖြစ်ဖြစ် ကိုယ့်ကြောင့် ပြသနာ နည်းအောင် Complaint နည်းအောင် ကြိုးစားခဲ့တော့ တော်တန်ရုံ မတတ်မြောက်တတ်တာကို သင်ပေးသွားချင်သူနဲ့ ချည်း တွေ့ခဲ့ရတယ်။

စေတနာချည်းပဲ စိုက်ရလို့ ကိုယ့်ဘက်က အရှုံးမရှိဘူး ပြောတာပါ။

.

သူများနိုင်ငံမှာ အလုပ် စ လုပ်ရတဲ့ အချိန် မှာ ဒီမှာ ရောက်ပြီးသားလူတွေ သင်ကြ တယ်။

ကိုယ့် အခွင့်အရေးကို အတိအကျယူဖို့…

လျှော့မပေးဖို့…

တင်းမာ ထားဖို့ … စသည်ဖြင့်ပေါ့။

ခက်တာက ကိုယ့် အခွင့်အရေးကို အဲလိုကြီး တစာစာ မတောင်းချင်ဘူးးး

တောင်းရမှာ ရှက်ခဲ့တာ။

:mrgreenn:

လုပ်ရတဲ့ အလုပ်ကို ကြိုးစားပြီး စိတ်နှစ်ပြီး လုပ်ပေးခဲ့တယ်။

ပြောသမျှ မှတ်ထားပြီး အထာကြည့်နေခဲ့တာပဲ။

.

ရှိတာပေါ့။ တစ်ခါတစ်လေ ကိုယ့် အပေါ် မတရားသဖြင့်လို့ ထင်တဲ့ ကိစ္စတွေ ရှိတာပေါ့။

လိုက်လျောနိုင်သလောက်ဆို စိတ်ထဲ ဘာမှ ထားမနေဘူးးး

.

ကိုယ်ကလည်း ကိုယ့်တွက်ကိန်းနဲ့ ကိုယ်။

စနေ အလုပ်ဆင်းရတဲ့ အလုပ်တွေချည်းပဲ ရှိတဲ့ နိုင်ငံမှာ ၂ ရက်လုံး နားခွင့်ပေးထားတဲ့ အလုပ်…

ကိုယ်က ဝေးလို့ ကိုယ့် အလုပ်ချိန်ကို သက်တောင့်သက်သာ ထားပေးထားတဲ့ အလုပ်…

အလုပ်ချိန် အွန်လိုင်းသုံးလို့ရတဲ့ အလုပ်…

အလုပ်ပြီးရင် ရတယ်၊ တခြား ပရက်ရှာဘာမှ မပေးတဲ့ အလုပ်… တစ်ခုမှာ ကိုယ် ပျော်တယ်လေ။

.

.

ဒါက မင်းသားကြီးဘက်က ကိုယ် ရဲ့ အလုပ်လုပ်နိုင်ခြေမသိခင်မှာ သူပေးထားခဲ့တဲ့ အခွင့်အရေးမို့ ကိုယ့်ဘက်က လည်း ကိုယ်ပေးနိုင်သလောက်က ဘယ်တော့မှ မကပ်တွက်ခဲ့ဘူးးး

အလုပ် အရမ်း များလို့ ပြန်ခေါ်ရင် တနင်္ဂနွေကိုလည်း ကိုယ်ဘက်က ဘာ အပိုမှ မတောင်းဆိုပဲ သွားပေးတယ်။

လိုအပ်ရင် ည ၁ဝ နာရီထိ နေရတုန်းကလည်း နေပေးတယ်။

ရုံးကလူတွေကတော့ ဝိုင်းမြှောက်ပေးတာပေါ့။ ဟိုဟာတောင်း ဒီလိုတောင်းနဲ့။

မင်းသားကြီး အထာက ကျ တစ်မျိုးရယ်။

သူ က လည်း Calculative မဖြစ်ဘူးးး

သူ့ကို စေတနာ အရင်းမခံပဲ Calculative ဖြစ်တာကို မုန်းပါတယ်။

သူ တရုတ် နှစ်ကူးဆို ၁ဝ ရက် ပိတ်ပေးတဲ့ ကြားထဲက HR Ladies  တွေ စနေပိတ်ရက်ကျရင် ပြန်ပေးဖို့ ကတ်တွက်တာကို မုန်းပြီး နှစ်ကူးတဲ့ ၃ ရက်ပဲ ပိတ်ပေးတော့တာ ၃ နှစ်လောက် ရှိပါပေါ့။

ဒီကြားထဲ ကိုယ့် အချိန်ပို ဆင်းမှုတွေ အတွက် ပိတ်ရက် ကို သူများထက် ပိုပေးတော့ မကျေနပ်ကြဘူးးး

 

အစည်းအဝေးမှာ ပြောတာလေး မှတ်ထားတယ်။

“သူများထက် အခွင့်အရေး ရချင်ရင် သူများထက် အလုပ်ပိုလုပ်ရတယ်” တဲ့။

“လုပ်တဲ့ အလုပ်တိုင်းကို ငါကချည်း လုပ်နေရတာ၊ ငါချည်းရှုံးတယ်လို့ မတွက်ရဘူး” တဲ့။

“ကိုယ် ချည်းရှုံးတဲ့ အလုပ်မရှိဘူး၊ အနည်းဆုံး အတွေ့အကြုံ က အမြတ်” လို့ သူပြောခဲ့ဖူးတာပါ။

.

ကိုယ့် စိတ် အတိုင်းပဲ။ ဘာမှ မရရင်တောင် အတွေ့အကြုံ က အမြတ်လို့ စိတ်ဖြတ်နိုင်လို့ ဘယ် လို အလုပ်သစ်မဆို မညည်းမညူ လက်ခံပြီး ကြိုးစားခဲ့ရတာ။

ဘယ်သူမှတော့ အလုပ်စ လုပ်တဲ့ အချိန် ရာထူးကြီးကြီး ပိုက်ဆံ များများ ဘယ်ပေးမလဲလေ။

ကိုယ် ရချင်တဲ့ ပမာဏ နဲ့ တန်အောင် ကိုယ် လုပ်နိုင်သလား ကိုယ့် ကိုယ်ကို အသိကြဆုံးပေါ့။

ဒီလိုပဲ ကိုယ်က ဒီလောက်ပဲ ရလို့ ဒီလောက်ပဲ လုပ်ပေးမယ် ဆိုတဲ့ စိတ်လည်း အလုပ်လုပ်တဲ့ နေရာမှာ မထားသင့်ဘူးရယ်။

.

ကျွဲကူး ရေ ပါ ပါတယ်။

ကြိုးစားမှု၊ စေတနာ၊ စိတ်ပါမှု နောက်မှာ အထက်တက်ဖို့ လမ်းစ က ပေါ်လာမြဲလို့ ယုံတယ်။

ခု တလော အရောင်း ဝန်ထမ်းတွေရဲ့ မခြေမငံတွေ ဆက်ဆံခံရတာတွေ ကြားမိလို့ပါ။

ကိုယ့် ရတဲ့ နေရာကို အရမ်းနိမ့် တယ် ဒါမှ မဟုတ် အရမ်း မြင့်တယ် ထင်လို့ မရပါဘူးးး။

အဲဒီ စိတ်ထဲက တစ်ခုမဟုတ် တစ်ခု ဝင်လာမိရင် လက်ရှိအလုပ်ကို စိတ်ကုန်တတ်တယ်၊ အားလျော့တတ်တယ်လေ။

ကြိုးစားသူအတွက် အခွင့်အရေးဟာ အမြဲလာပါတယ်။

.

တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်။

သူများ အတွက် လုပ်နေရပါလား မစဉ်းစားပဲ နဲ့ ကိုယ့် အတွက်ကိုယ် ကြိုးစားနေရတာလို့ စဉ်းစားလိုက်ရင် အားပြန်တက်လာရော။

.

လခ စားမှန်သမျှမှာ ကိုယ့် အလုပ်ကို လုပ်သလို သဘောထားပြီး လုပ်တဲ့သူ အတော် နည်းတယ်။

အဲတော့ ကိုယ့် အလုပ်လို သဘောမထားရင် တောင်မှ ကိုယ့် အတွက် နောက် အမြင့်ကို ကူးရမဲ့ အချိန်မှာ ရှိသင့်တဲ့ အရည်အချင်းကို စုဆောင်းနေတယ် လို့ တွေးရင် ရော ရတာပေါ့နော့။

.

ဒီ နေ့ နည်းနည်း အားနေလို့ ပွါးချင်ရာလေး ပွါးလိုက်တာပါ။

ဒီ မေ ၁၂ ဆို မင်းသားကြီးဆီ မှာ လုပ်သက် ရ နှစ် ရှိပြီ လေ။

48 comments

  • တောင်ပေါ်သား

    May 14, 2015 at 10:38 am

    ကြိုက်သဗျာ ၊

    စိတ်ဓါတ်ကိုပြောတာ ၊ 🙂

    • ခင်ဇော်

      May 14, 2015 at 10:46 am

      သူ့ ရဲ့ အဲဒီ စိတ်လေးကို ကြိုက်လို့လည်း မြဲတာ။
      အတုခိုးမှန်ခဲ့ရတာ။

      🙂

  • အောင် မိုးသူ

    May 14, 2015 at 10:59 am

    ဘာပဲလုပ်လုပ် စေတနာလေးထည့်လုပ်ပေးပါတယ်။ တစ်ခါတစ်လေတော့ ဝန်ထမ်းဘဝကို ငြီးငွေ့သလိုရှိသား။

    • ခင်ဇော်

      May 14, 2015 at 11:01 am

      ဟုတ်တယ်။
      နောက် ၅ နှစ်လောက် ဆိုရင် တော့ နောက် လမ်းကြောင်း တစ်ခု ကို ပြောင်းမယ်။
      ဝန်ထမ်းကောင်းဖြစ်ဖူးမှ အလုပ်ရှင်ကောင်း ဖြစ်တာကိုးနော့။

      🙂

  • Mike

    May 14, 2015 at 11:02 am

    အစည်းအဝေးမှာ ပြောတာလေး မှတ်ထားတယ်။

    “သူများထက် အခွင့်အရေး ရချင်ရင် သူများထက် အလုပ်ပိုလုပ်ရတယ်” တဲ့။

    “လုပ်တဲ့ အလုပ်တိုင်းကို ငါကချည်း လုပ်နေရတာ၊ ငါချည်းရှုံးတယ်လို့ မတွက်ရဘူး” တဲ့။

    “ကိုယ် ချည်းရှုံးတဲ့ အလုပ်မရှိဘူး၊ အနည်းဆုံး အတွေ့အကြုံ က အမြတ်” လို့ သူပြောခဲ့ဖူးတာပါ။

    .ဆုံးမစကားလေးကြိုက်တယ်..
    .အဲ့လိုဘော့စ်နဲ့တွေ့ရတာ ခင်ဇော် ကံကောင်းတာပေါ့

    • ခင်ဇော်

      May 14, 2015 at 11:05 am

      အဲလို ကံကောင်းဖို့လည်း ရင်း ခဲ့ရတဲ့ အချိန်တွေ စိတ်ဓာတ်တွေ ရှိတာပေါ့ မိုက်မိုက်ရယ်။
      မြန်မာ ဆိုရင် စစချင်း မယုံဘူးကိုးးး
      ၂ နှစ်လောက် က တစ်ယောက်အထာ တစ်ယောက်သိဖို့ အချိန်ယူရတာ အပင်ပန်းဆုံးပဲ။
      နောက် ခန့်မဲ့သူဆို မြန်မာ မှ လိုချင်အောင် နေထိုင်ပြခဲ့ရတာ။

      🙂

      • Ma Ma

        May 15, 2015 at 9:36 am

        (နောက် ခန့်မဲ့သူဆို မြန်မာ မှ လိုချင်အောင် နေထိုင်ပြခဲ့ရတာ။)
        ကောင်းလိုက်တဲ့ စိတ်ဓာတ်။
        အမျှော်အမြင်ကြီးပါပေတယ်။
        ဒီလိုစိတ်တွေထားနိုင်လို့လည်း အောင်မြင်တာပေ့ါ။

        များသောအားဖြင့်တော့ ခုရေတွင်းတူး ခုရေကြည်သောက်ချင်ကြတယ်။
        ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတာထက် ဘယ်လောက်ရမှာလဲကို ပိုသိချင်ကြတယ်။

        • ခင်ဇော်

          May 15, 2015 at 10:20 am

          အဟုတ်ပါ့ ချစ်မရယ်။
          တစ်ချို့ဆို ဘာမှ မပေးချင်ပဲ သူများ တန်းတူရချင်တာ ဆိုးပါ့။

  • အရီး လေး

    May 14, 2015 at 11:08 am

    ကိုယ်​လုပ်​နိုင်​သ​လောက်​ ​စေတနာရှိရှိ လုပ်​​ပေးတာ
    ​ကောင်​တဲ့ အ​တွေး​တွေ ကိုရ​စေတာ စာဖတ်​ခြင်​းရဲ့ အကျိုး​ကျေးဇူးဘဲ
    ခုနနှစ်​ဆိုတာ​ မနဲဘူးဘဲ ​လေးစားပါတယ်​

    • ခင်ဇော်

      May 14, 2015 at 11:10 am

      အချိန်တွေကို နောက်ပြန်ကြည့်မိတော့ ရ နှစ်ဟာ ခန လေး လိုပဲ နော် အရီးလေးးးး
      အလုပ်စ ဝင်ကာစက ဒီ မှာ ၂ နှစ်လောက် လုပ်နိုင်ပါ့မလားလို့တွေးခဲ့မိတာ။

      🙂

  • ကြောင်ဝတုတ်

    May 14, 2015 at 11:46 am

    ကျုပ်ကတော့ (၇)နှစ်လဲပြည့်ရော…. အလုပ်ထွက်စာတစ်ခါတည်းတင်ပစ်လိုက်တာပဲ…

    ဝန်ထမ်းအလုပ်မှာပျော်ဖို့ဆိုတဲ့ကိစ္စမှာ အကြောင်းအချက် (၂)ချက်က အဓိကကျတယ်လို့ မြင်တယ်…
    (၁) ဝန်ထမ်းတစ်ယောက်ကို သူ့ရဲ့ စီမံခန့်ခွဲသူက နှစ်စဉ်အကဲဖြတ်နေဖို့…
    (၂) ဝန်ထမ်းတစ်ယောက် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်ရမယ့်တာဝန်… ပြတ်ပြတ်သားသားရှိနေဖို့…
    ဒီ(၂)ချက်ကို အလေးထားရင်… အဆင်ပြေမယ်လို့ထင်ပါတယ်…

    ဥပမာပြောရရင် ကျွန်တော်ဝန်ထမ်းတစ်ယောက်လုပ်တယ်… ဒါပေမယ့် ကျွန်တော့်လုပ်ရည်ကိုင်ရည်အတွက်… ရာထူးတိုးပေးဖို့… လစာတိုးပေးဖို့ (၇)နှစ်တာကာလပတ်လုံး… တစ်ခွန်းမှမပြောဘဲ… စေတနာနဲ့ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်ခဲ့တယ်…
    ဘာမှမပြောတဲ့အတွက် ဘာမှပြန်မရဘူးဆိုတဲ့အချိန်တွေရှိခဲ့သလို… နားလည်တတ်တဲ့ အထက်အရာရှိတွေကြောင့် လစာ… ရာထူးတစ်ခုခုတိုးတက်အောင် လုပ်ပေးခံခဲ့ရတာလဲရှိပါတယ်…
    ဒါပေမယ့် (၇)နှစ်တာကာလကို ပြန်ခြုံကြည့်ရင်တော့ ငိုပြတတ်တဲ့ကလေးက မုန့်ပိုစားရတာကိုတော့ ငြင်းမရပါဘူးဗျာ…

    နောက်တစ်ချက်က…
    တချို့အလုပ်တွေမှာ တာဝန်ခွဲဝေမှု (Job Description) အရ ရှင်းရှင်းလင်းလင်းမရှိရာကနေ…
    တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတာတွေ… အလုပ်မှာမပျော်တာတွေဖြစ်ကောင်းဖြစ်လာတတ်တယ်…
    အဲဒီမှာ ကိုယ်လုပ်ရင်တော့အဆဲခံရတယ်… သူလုပ်ရင်တော့ကောင်းတယ်… ဒါမျိုးတွေဖြစ်လာတတ်သပေါ့…
    အကောင်းဆုံးကတော့ တိကျသေချာတဲ့ တာဝန်ခွဲအပ်မှု…
    ဝန်ထမ်းတစ်ယောက်ရဲ့ Performance ပေါ်မှာ အမြဲမပြတ်အကဲဖြတ်ပြီး သိတတ်မှုပေးခြင်းဆိုတာ
    ဝန်ထမ်းတစ်ယောက် အလုပ်တစ်ခုမှာ… ကြာရှည်စွဲလုပ်ဖို့ အကြောင်းအရင်းတစ်ခု ဖြစ်ကောင်းဖြစ်လာ မှာပါပဲ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ခင်ဇော်

      May 14, 2015 at 12:30 pm

      ဟုတ်တယ်။
      ဒါပေမဲ့ ကိုယ့် အကြောင်းကို သိသလောက် ကိုယ့်ကို ဘယ်လို နေရာပေးရမယ် ဆိုတာ သိတဲ့ စီနီယာမျိုးနဲ့မို့ ကိုယ်လည်း အဲလောက် မြဲတယ် ထင်မိတယ်။
      ငိုပြမှ ပိုရ မဲ့ နေရာဆို ကျုပ်တော့မငိုတတ်တာနဲ့ ပြောင်းရမှာ။

      :k:

      • ကြောင်ဝတုတ်

        May 14, 2015 at 1:34 pm

        ဝန်ထမ်းတစ်ယောက် အလုပ်တစ်ခုမှာ ကြာရှည်နေတဲ့အတွက်…
        သူရဲ့တက်လမ်းအတွက် လမ်းတစ်ချို့ပိတ်သွားတဲ့အကြောင်းကို အလုပ်ထွက်ပြီး…
        အားနေတဲ့အချိန်ကြရင် ရေးပါဦးမယ်….

        ခင်မင်လျက်-
        ဖက်ဖက်ကက်

        • ခင်ဇော်

          May 14, 2015 at 1:43 pm

          ရေးပါအူးအေ။
          ခါတလေကျ အမြင် အတွေးတွေ ယူချင်ပါသေးတယ်။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 16, 2015 at 1:11 am

      ပိုစ့်ပိုင်ရှင် ဝတုတ်မဂျီး နဲ့ အစိမ်းရောင် ဟိုဝတုတ်ထီးကြီးခည…
      လူဆိုတာ ဆက်စ် အင်န် မန်းနီး ထက် ရီကော့ဂ်နစ်ရှင်န်း ကို တခါတရံမှာ ပိုမက်မောတတ်ကြစမြဲရယ်လို့..
      ဖတ်ဖူးပါကြောင်း
      သများအတွက်ကတော့ ၃ခုစလုံး
      တန်- ဆေး
      လွန် – ကောင်း
      များ – ဗဲဒီးဂွတ်..

      😛

      • ခင်ဇော်

        May 16, 2015 at 6:16 am

        ဒါလည်းး အမှန်ပါပဲ ဂီ…
        အမ ခုနောက်ပိုင်းးမှာ ရိကော့နေးးရှင်းး နောက် လိုက်မှန်းး မသိ လိုက်မိ နေတာ..

  • Alinsett @ Maung Thura

    May 14, 2015 at 12:07 pm

    ရ နှစ်တောင် ရှိပြီပဲ
    အဲ့ဒီနှစ်တွေအတွင် ခိုင်မြဲသေချာတဲ့ နေရာတစ်ခု အသိအမှတ်ပြု ခံရပြီလို့ မှတ်ရင် ရမယ်ထင့်

    လုပ်သက်ထက် လုပ်ကွက်ကို ပိုကြည့်ကြတဲ့ ဒီခေတ်မှာ လုပ်သက်ကော လုပ်ကွက်ပါ
    အတိုင်းအတာတစ်ခု ရောက်နေပြီဖြစ်တဲ့ မမဂျီးကို
    အဲ့လို တော်တဲ့အလုပ်ရှင်တစ်ယောက်ကလည်း
    လက် မလွှတ်ချင်လောက်အောင် အားကိုးနေလောက်ပါပြီ။

    • ခင်ဇော်

      May 14, 2015 at 12:32 pm

      ဆက်ဆက်ရယ်။
      မမဂျီးက အဆင်ပြေရင် နေရာ တစ်ခုမှာ ငြိမ်နေချင်တဲ့ သူမျိုးမို့
      ကိုယ့် ကို ငြိမ်ငြိမ်ထားတဲ့ သူနားမှာများ မြဲလေသလား မသိ။

      :k:

  • kai

    May 14, 2015 at 12:25 pm

    အဖိုး..မိဘ…အထိက..အစိုးရဝန်ထမ်းမျိုးရိုး…
    ကျုပ်ကကျ… နိုင်ငံတကာလှည့်.. လခစားလုပ်စားတဲ့သူ…။
    လုပ်ခဲ့တဲ့အလုပ်တွေမှ.. ရေတွက်လို့တောင်မရနိုင်…။
    အမျိုးအစားလည်းစုံပါ့..။ အလုပ်ချိန်လည်း.. တရက်၁၈နာရီအထိ…လုပ်ဖူးပါ့…။

    ဆိုတော့..
    လခစားဘဝစိတ်ကုန်လာပြီ..
    ကိုယ်ပိုင်အလုပ်လုပ်မယ်.. လုပ်ရမယ်… လုပ်သင့်တယ်…လို့… တွေးမိ.. :kwi:

    • ခင်ဇော်

      May 14, 2015 at 12:33 pm

      တဂျီးးး
      အဲ ဒီအ တွေးကို မနှစ်ကတည်းက တွေးမိ။
      ဗေဒင်က နောင်နှစ်မှ ကောင်းမယ် ဆိုလို့ စောင့်နေ။
      နောက်နှစ်ကို ၂ မျိုး ခွပြီး ကိုယ်ပိုင် အလုပ် အိုကေရင် အိမ်မှာ နေ စာရေးစားးး
      တဂျီး ပိုက်ပိုက်ယူ/

      :k:

  • ဝင့်ပြုံးမြင့်

    May 14, 2015 at 1:24 pm

    .အဲဒါတွေက ဟိုနိုင်ငံရောက်နေလို့ ပြောအားရှိတာပါ။ ဒီနိုင်ငံမှာ နေရင် တစ်မျိုး ဖြစ်သွားမှာ။ ဒီမှာက ကိုယ်ကလျှော့ပေးလေ နောက်ရောက်လေ။

    • ခင်ဇော်

      May 14, 2015 at 1:25 pm

      ပြောကြတယ်။
      ကိုယ့် ကံကြမ္မာနဲ့ အကျိုးပေး ကို စိန်ခေါ်ကြည့်ချင်သေးရဲ့။

      ဘာ မဆို အသွားအပြန် ရှိတယ်လို့ ယုံကြည်တုန်းမို့။
      🙂

  • padonmar

    May 14, 2015 at 10:27 pm

    တီဒုံကတော့ လခစားဆိုလို့ ဟောက်ဆာဂျင်ဘဝမှာ သူများလက်အောက်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံပဲရှိတယ်။
    လစာ ဘာမှ မရပါဘူး။ဒါပေမယ့် အတွေ့အကြုံက သိပ်အဖိုးတန်တယ်။ကိုယ့်အထက်က ဆရာတွေ မမတွေ၊ကိုယ့်လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ၊သူနာပြုတွေ ၊လူနာတွေ အားလုံးအပေါ် တာဝန်ကျေတာထက် ပိုအောင် လုပ်ခဲ့တယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်တယ်။
    လူနာကို အရင် စမ်းသပ်ရတိုင်း ကိုယ့်ဆရာတွေဆို ဘာလုပ်မယ်လို့ ကြိုတွေးပြီး အဆင်သင့်လုပ်ပေးထားတတ်တာ။သူတို့ရောက်လာလို့ ဒါစမ်းမယ်၊ဒါလုပ်မယ်၊ဒီလိုကုမယ် ပြောတဲ့ အချိန်မှာ ကိုယ်အဆင်သင့်ပြင်ပေးထားတာလေးကြောင့် အချိန်ကုန်၊လေကုန်သက်သာသွားတာ ၊လူနာလည်း မြန်မြန်သက်သာရာရသွားတာ မြင်လိုက်ရရင် ကျေနပ်တာပဲ။

  • padonmar

    May 14, 2015 at 10:33 pm

    အခု အလုပ်ရှင်ဘဝရောက်တော့လည်း ဘယ်သူဟာ အပြလုပ်တယ်။ဘယ်သူဟာ တကယ်လုပ်တယ်။ဘယ်သူကတော့ဖြင့် ချီးမွမ်းခံချင်လွန်းလို့ အိုဗာဖြစ်နေတယ်ဆိုတာ အလုပ်ရှင်တွေမှာ sense ရှိတယ်၊အာရုံသိတယ်လို့ ပြောချင်ပါတယ်။
    ကိုယ်လုပ်တာ အသိအမှတ်ပြုမခံရသေးဘူးဆိုရင်
    အသိအမှတ်ပြုခံရလောက်အောင် ကိုယ်တကယ်မလုပ်သေးလို့ပါလို့ ပြောချင်တယ်။
    မိဖုရားကြီး မောင် ခွေးကြည့်ခိုင်းသလို ပုံပြင်လိုပေါ့။
    ဒါ့ကြောင့် ကေဇီလေး ရဲရဲကြီး စိန်ခေါ်လိုက်စမ်းပါ။
    တချိန်ချိန် ကိုယ်ပိုင်အလုပ်လုပ်တဲ့အခါ မင်းသားကြီးဟာ အလုပ်ရှင်-အလုပ်သမား ဘဝကနေ ကေဇီလိုတာမှန်သမျှ ကူပေးမယ် ဆိုတဲ့ မိတ်ဆွေရင်းဖြစ်သွားမှာပါ။

    • ခင်ဇော်

      May 15, 2015 at 10:16 am

      ဟုတ်တယ် အာတီဒုံရေ။
      သူ ပြောဖူးတယ်။
      သူ့ ဆီက ဘယ်လောက်ရမှ ဖြစ်မယ် လို့ တောင်းဖို့ ကြံရင် သူ့ အတွက် ဘယ်လောက်ဖိုး လုပ်ပေးဖို့ သူ့ဘက်ကလည်း တောင်းဆိုမှာပဲ ဆိုတာ မျှော်လင့်ထားပါတဲ့။
      လိုတာထက် ပိုရချင်တာ လူ့သဘာဝ ဆိုပေမဲ့ ကိုယ်ပေးနိုင်တဲ့ ပမာဏထက် အမြဲ ရချင်နေတာက ပုံမှန် မဟုတ်ဘူးထင်ပါရဲ့။
      ချစ်ခြင်းမေတ္တာ အပါအဝင်ပေါ့လေ။
      🙂

  • weiwei

    May 15, 2015 at 9:19 am

    မျိုးရိုးထဲမှာ တစ်ယောက်မှ မလုပ်ခဲ့ဖူးတဲ့ အစိုးရဝန်ထမ်းအလုပ်ကို လုပ်ခဲ့တာ ၁၅ နှစ်ပြည့်တော့မယ် ..
    ကောင်းတာလဲပါ ဆိုးတာလဲပါတဲ့ အခြေအနေမှာ သေချာတွက်ချက်ကြည့်ရင် အဆိုးဘက်က ပိုများပါတယ် .. ပညာအတော်အသင့်ရပေမယ့် ဥစ္စာမရခဲ့ဘူး … ကုသိုလ်စိတ်ထက် အကုသိုလ်စိတ် ပိုရတယ် ..
    လူတစ်ယောက်အတွက် အဓိကကျတဲ့ ..
    ၁။ ပညာရသလား ….. (နောက်ထပ် ရစရာ မမြင်တော့)
    ၂။ ဥစ္စာရသလား …. (ဝင်ငွေနဲ့ကွက်တိဖြစ်အောင် မနဲကြိုးစားပြီး သုံးနေရ)
    ၃။ ကုသိုလ်ရသလား …. (စိတ်ပျက်လွန်းလို့ တရားကျမိပေမယ့် အကုသိုလ်စိတ်က ပိုဖြစ်ရ)

    တော်ပါပြီ … မကြာခင်ပဲ လွတ်လပ်စွာနဲ့ ကိုယ်ပိုင်အလုပ် လုပ်ပါတော့မယ် …

    • ခင်ဇော်

      May 15, 2015 at 10:12 am

      ကိုယ်ပိုင် အလုပ် လုပ်တာလည်း အားပေးတယ် ဝေ။
      သများ နောက်နှစ်မှ စ မှာ။

      🙂

    • Foreign Resident

      May 15, 2015 at 1:53 pm

      weiwei says:
      ” ဝင်ငွေနဲ့ကွက်တိဖြစ်အောင် မနဲကြိုးစားပြီး သုံးနေရ ”

      ့အောင်မယ် ၊ အောင်မယ် ၊ အစိုးရ ဝန်ထမ်း အရာရှိမကြီး ၊
      အပျို ကြီး ( သူဋ္ဌေးမကြီး ) ကများ ညည်းနေရသေးတယ် ။
      တခြားသူတွေ ညည်းဖို့ ချန်ပါဦး ။

  • Mike

    May 15, 2015 at 10:00 am

    .ဒီပို့စ်နဲ့ဆိုင်လို့ မလာတာပါ

    Aung Myo Oo
    ဝန်ထမ်းဆိုတာ ..
    ဝန်ထမ်းဆိုတာ… အောင်မြင်တဲ့ Company တခုဖြစ်ဖို့ အရေးကြီတဲ့ Resource ဖြစ်လို့ သူတို့ကို အမြဲ Active ဖြစ်ဖို့ HR က သင့်တော်တဲ့တာဝန်ခွဲဝေမှုတွေ၊ ထိုက်တန်တဲ့ခံစားခွင်တွေနဲ့ Motivate လုပ်ဖို့လိုအပ်ပါတယ်…
    ဝန်ထမ်းတွေ Demotivate ဖြစ်နေပြီဆိုရင် ဘယ်လိုတွေတုံ့ပြန်လာသလဲဆိုတော့…
    ၁။ သတ်မှတ်ထားတဲ့ အလုပ်အချိန် ထက်နောက်ကျပြီးမှ ရောက်တယ်။
    ၂။ အလုပ်ဆင်းရမယ့် အချိန်နီးလာရင် နာရီကို လှမ်းကြည့်တတ်တယ်။
    ၃။ အလုပ်ဆင်းရမယ့် အချိန်ထက်စောပြီး ဆင်းတတ်တယ်။
    ၄။ စည်းကမ်းတွေကို နည်းမျိုးစုံနဲ့ ဖောက်လာတယ်။
    ၅။ တာဝန်တွေကို ပေါ့ဆစွာ ထမ်းဆောင် လာကြတယ်။
    ၆။ တာဝန်ပေးရင် တာဝန်မယူလိုဘဲ နောက်ဆုတ် လာကြတယ်။
    ၇။ တစ်နေ့တာ အလုပ်တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးစီးအောင် မလုပ်နိုင် ကြတော့ဘူး။
    ၈။ အသေးအဖွဲ့ကိစ္စတွေနဲ့ပတ်သက် ပြီးအမြဲလိုလို ညည်းညူလာတတ် ကြတယ်။
    ၉။ အလုပ်မပြီးတာနဲ့ပတ်သက်ပြီး တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန် အပြစ်ပုံချ လာတတ်ကြတယ်။
    ၁၀။ အလုပ်ကို တာဝန်ယူလိုတဲ့ သူတွေရှားပါးလာ ကြတယ်။
    ၁၁။ အလုပ်ချိန်အတွင်းမှာ အပြင်ကို ခဏခဏ ထွက်တတ် လာတယ်။
    ၁၂။ ထမင်းစားချိန် လက်ဖက်ရည် သောက်ချိန်တွေမှာ ခွင့်ပြုထားတဲ့ အချိန်ထက်ပိုပြီး ယူတတ် လာကြတယ်။
    ၁၃။ ကြီးကြပ်သူ မန်နေဂျာတွေ၊ MD တွေရှေ့မှာ အလုပ်အရမ်း ကြိုးစားပြပြီး၊ နောက်ကွယ်မှာ နေချင်သလို နေနေတတ်ကြတယ်။
    ၁၄။ ကျေနပ်လောက်တဲ့ အကြောင်းပြချက်မရှိဘဲ ခွင့်ယူ လာတတ်တယ်။
    ၁၅။ မကျေနပ်မှုတွေကို မသိမသာ ပြလာတယ်။
    ၁၆။ နစ်နာမှုတွေကို မသိမသာ ပြလာတယ်။
    ၁၇။ Key Person တွေက အချိန်ပို မဆင်းလိုကြောင်း တင်ပြ လာတတ်တယ်။
    ၁၈။ ဝန်ထမ်းတွေက ယခင်ကလို အထက်လူကြီးအား မေးမြန်းတာ မရှိတော့ဘူး။
    ၁၉။ ဝန်ထမ်းတွေက ယခင်ကလို အထက်လူကြီးကို အကြံဉာဏ် တောင်းခံတာမရှိတော့ဘူး။
    ၂၀။ ဝန်ထမ်းတွေက ယခင်ကလို အထက်လူကြီးအား တိုင်ပင်ခြင်းလည်း မရှိတော့ဘူး။
    စတဲ့လုပ်ငန်းခွင် Demotivate တွေဖြစ်လာ ပြီဆိုရင်တော့ တာဝန်ခံတွေ တာဝန်ရှိသူတွေဟာ မိမိတို့ရဲ့ လုပ်ငန်းတွင်းကို ဂရုတစိုက် လေ့လာ သုံးသပ်ဖို့လိုနေပါပြီ။
    ဘာကို အဓိက လေ့လာမလဲ။ အဓိက လေ့လာရမှာက ဝန်ထမ်းတွေရဲ့ ခံစားမှု Emotion ပဲဖြစ်တယ်။ ခံစားမှု Emotion ဆိုတာပျော်ရွှင်တာ၊ ကြောက်တာ၊
    ဒါသထွက်တာ၊ချစ်ခင်တာ၊ မနာလိုတာ စတာတွေဟာ ခံစားမှု ပဲဖြစ်တယ်။ အဲလို ခံစားမှုတွေကို လေ့လာနိုင်ရင် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကျ နေတာကို လေ့လာနိုင်
    လာမှာပါ။ ယခုလို လေ့လာနိုင်ခြင်းကြောင့် ဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုကို သဘောပေါက် လာနိုင်တယ်။
    လုပ်ငန်းခွင် တွေမှာရှိတဲ့ ဝန်ထမ်းတွေ Demotivate ဖြစ်ရတာ သူတို့ရဲ့ Emotion ကိုရိုက်ခတ်ကြတာလဲ လေ့လာ ကြည့်ရအောင်
    “ ငါ့လာမစမ်းနဲ့။ ငါ့မှာ မင်းတို့ကို ဖြိုခွဲ ဖျက်ဆီးနိုင်တဲ့ အာဏာရှိတယ်။ မင်းတို့ လစာလျော့ သွားချင်လား၊ အလုပ် ထွက်သွားချင်လား ကြိုက်တာပြော ငါလုပ်ပေးနိုင်တယ်။”
    “ ဟိုတစ်ယောက်ကို တွေ့တယ်မှတ်လား ငါအလုပ် ထုတ်လိုက်ပြီ မင်းတို့လည်း ကြပ်ကြပ် သတိထားကြ”
    “ ရှေ့ကထွက်သွားတဲ့ ဝန်ထမ်းဆို အရမ်းတော်တာ မင်းဘာမှ အသုံးကိုမကျဘူး”
    အဲလို ဝန်ထမ်းတွေကို ဆူလေ၊ ခြိမ်းခြောက်လေ၊ ခြောက်လန့်လေ တခြားလူတွေနဲ့ နှိုင်းပြီးပြောလေ ဝန်ထမ်းတွေက တာဝန်ရှိတဲ့ တာဝန်ခံတွေကို ယုံကြည်မှုက လျော့လေ၊ လုပ်ဆောင်နိုင်စွမ်းကျလေ၊သင်တို့ရဲ့ စကားတွေကို နားမထောင်လေပါပဲ။
    “ နင့်ကိုငါ ဘယ်နှစ်ခါ ပြောထားရမလဲ အစမ်းခန့်လဲ မဟုတ်တော့ဘူး။ အခုထိ နားမလည်သေး ဘူးလား။ ငါအော်ရလွန်းလို့ ငါးထောင် ရောင်းစားလို့ရနေပြီ” အဲဒီလို ခဏခဏ အော်နေပြန်ရင်လည်း စိတ်ဖိစီးစေနိုင်ပါသည်။
    – ဝန်ထမ်းအချင်းချင်း ခွဲခြားဆက်ဆံတာ။
    – ဝန်ထမ်းတွေအပေါ် ဘက်လိုက်တတ်တာ။
    – ဝန်ထမ်းအချင်းချင်း ရန်တိုက်ပေးတာ။
    – အလုပ်နဲ့ လူမှုရေးတွေ ရောထွေးနေတာ။
    – အလုပ်နဲ့ဝန်ထမ်းတွေကို ဦးစားပေးမှုမရှိတာ။
    – လုပ်ပိုင်ခွင့်တွေ မပေးထားတာ။
    – ဝန်ထမ်းတွေရဲ့ ခံစားခွင့်တွေကို မသိဟန်ဆောင်ပြုတာ။
    – ကိုယ်တိုင် မလုပ်လိုတာ တွေကို ဝန်ထမ်းတွေကိုခိုင်းတာ။
    – ဝန်ထမ်းတွေကို ဦးစားပေးခြင်းမရှိတာ။
    – ဝန်ထမ်းတွေနဲ့ ရင်းနှီးအောင် မနေတာ။
    – အဆိုးမြင်ဝါဒကို လက်ကိုင်ထားတာ။
    – အပြောနဲ့လက်တွေ့ ထပ်တူညီမှုမရှိတာ။
    အဲဒီလို အထက်လူကြီး တွေကြောင့် ဝန်ထမ်းတွေရဲ့ Emotion တွေထိခိုက်ကာ၊ Stress ဖိစီးမှုတွေ ဖြစ်လာကြပါတယ်။ Stress တွေကြောင့် ဝန်ထမ်းတွေဟာ ဝမ်းနည်း အားငယ် တတ်လာတယ်။ အမြဲတမ်း စိုးရိမ်ကြောင့် ကြလာကြတယ်။ အရာရာကို အလိုမကျခြင်းတွေ၊ ဒေါသကြီးခြင်းတွေနဲ့အတူ အဆိုးမြင် လာကြတယ်။ နောက်ဆုံးမှာ လုပ်ငန်းခွင်ကြီးကို စိတ်ကုန်လာပြီး ကျောခိုင်းသွားကြတော့တယ်။
    တကယ်လို့ အထက်ပါ အချက်အလက်တွေ အပြင် အခြားဖြစ်နိုင်စရာ အချက်တွေကိုလည်း လေ့လာထား ကြမယ်ဆိုရင် Manager တွေ၊ MD တွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင်ထဲမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပြည့်စုံတဲ့ ပြီးပြည့်စုံတဲ့ ဝန်ထမ်းတွေ ရရှိလာကြမှာ မလွဲဧကန် ဖြစ်ပါတော့တယ်။
    Credit to – Original Uploader

    • ခင်ဇော်

      May 15, 2015 at 10:08 am

      ကျေးကျေး မိုက်မိုက်။
      အလုပ်သမား ကောင်းဖြစ်ဖူးမှ အလုပ်ရှင်ကောင်းဖြစ်တာမို့
      ကိုယ်ချင်းစာ တရား နဲ့ စည်းကမ်းတိကျမှု မျှရင် အဲဒီ အလုပ်က စိတ်ကြည်သာစရာ ကောင်းမှာပါ။

      🙂

  • မြစပဲရိုး

    May 15, 2015 at 12:43 pm

    . ဒီ အတိုင်း စာတို လေး ရေးပြီး ထွက် လို့ မရ အောင် ချုပ် ထား နိုင်မဲ့ ပို့စ် ထင်ရဲ့။
    အခု တော့ ပြေးပြီ။
    သိတယ်နော်။ ဒီ အဖွားကြီး လေရှည်တော့မည်။ lol:-)))

    • ခင်ဇော်

      May 15, 2015 at 3:31 pm

      ပြန်လာခဲ့နော် အရီးး

      :k:

  • Ma Ei

    May 15, 2015 at 1:57 pm

    .ပြောရင် ယုံပါ့မလားမသိ…
    .အခုထိ အလုပ်လုပ်နေတဲ့ … — Group of Co, မှာ 1996 ထဲက ခုထိ ဆိုတော့….
    .ဒီ နှလုံးသားကို လိုအပ်တဲ့ နေရာ Entity ရွှေ့ခိုင်းလာတာ ခု တတိယ — — Ltd… မှာလုပ်ရတဲ့
    .၃ နှစ်နီးပါးမှာတော့ ဒါဏ်ရာ တွေနဲ့ နှလုံးသား ဖြစ်နေပါပြီ ဆွိရေ…

    • ခင်ဇော်

      May 15, 2015 at 3:34 pm

      ခါတလေကျ အလုပ်နဲ့ မပတ်သက်တဲ့ အရာတွေ၊
      ကိုယ့် အလုပ်ပုံရိပ်နဲ့ မပတ်သက်တဲ့ အရာတွေ အတွက်တော့ အထိခိုက်မခံပါနဲ့ မွအိရေ။
      ကိုယ့် အမ အေးဆေးသဘောကောင်းတာကို သိတာမို့ တက်ချင် နင်းချင်သူတွေ လည်း ရှိမှာပါပဲ။

      :a:

  • ဦးဦးပါလေရာ

    May 15, 2015 at 3:52 pm

    .ကျုပ် လခစား ဝန်ထမ်းဘဝမှာတုန်းက
    .သူများတွေ သိပ်အကောင်းမပြောတဲ့အလုပ်ရှင်တွေဟာ
    .ကျုပ်အပေါ်မှာတော့ တော်တော်ကြီး ကောင်းတယ်လို့ ထင်တာပဲ…
    .အဲဒိအလုပ်တွေလုပ်လို့ ဘာ ရ လ ာ လဲ ဆိုတော့-
    .အလုပ်ကို ကိုယ့်အလုပ်ကို စိတ်ထဲထားလုပ်တော့
    .အလုပ်ရဲ့ ဖိစီးနှိပ်စက်မှု့ ကို ကောင်းကောင်းခံနိုင်တယ်
    .အလုပ်ကို ကျုပ်က နိုင် သွားတယ်
    .အလုပ်က ထွက်ခွာတဲ့အခါ
    .ပညာနဲ့ အတွေ့အကြုံတွေ တပုံကြီးကျန်တယ်..
    .အဲဒါတွေက ရောင်းစားလို့မရပေမယ့် လုပ်စားလို့တော့ရတယ်လေ…။

    • ခင်ဇော်

      May 15, 2015 at 3:58 pm

      မှန်လိုက်လေ ဦးပါ ရေ။
      ကိုယ့် လုပ်သမျှက (ကောင်း/ဆိုး) ကိုယ့် အတွက် ကျန်တယ် ဆိုတာလေး သိလိုက်ရင်
      ကိုယ့် အတွက် ကောင်းဖို့ ဘာလုပ်ရမယ် ဆိုတာ ကောင်းကောင်း သိသွားတာပါပဲ။

      🙂

  • Alincho

    May 15, 2015 at 3:53 pm

    အလုပ်သမား ကောင်းဖြစ်ဖူးမှ အလုပ်ရှင်ကောင်းဖြစ်တာမို့
    ကိုယ်ချင်းစာ တရား နဲ့ စည်းကမ်းတိကျမှု မျှရင် အဲဒီ အလုပ်က စိတ်ကြည်သာစရာ ကောင်းမှာပါ။
    မှတ်သားစရာတွေအများကြီးရလိုက်ပါတယ် တီတီခင်ဇော်။

    • ခင်ဇော်

      May 15, 2015 at 4:00 pm

      လာအားပေးတဲ့ အတွက် ကျေးကျေးပါ ချို.

      :chit:

  • ကြည်ဆောင်း

    May 15, 2015 at 4:52 pm

    အတွေ့အကြုံလေးတွေ ဝေမျှပေးတာဖတ်လို့ကောင်းလိုက်တာ..
    ကြည်ဆောင်းကတော့ စိတ်ထားကောင်းရင် ကံကောင်းတယ်လို့ယုံတယ်
    စိတ်တော့ပင်ပန်းပေမဲ့ ကိုယ့်ကို ကိုယ် စိတ်ရှင်းတယ်

    • ခင်ဇော်

      May 15, 2015 at 5:07 pm

      ကိုယ် နိုင် သလောက် အကောင်းးဆုံးး လုပ်ပေးးခဲ့တော့
      ကြည်ဆောင်းးလေးးပြောသလို
      ၁) စိတ်ရှင်းးတယ်
      ၂) လိပ်ပြာလုံတယ်
      ၃) နောင်တနည်းးတယ်
      ၄) အိပ်ပျော်တယ် လေ..
      🙂

  • မြစပဲရိုး

    May 16, 2015 at 5:36 am

    “လုပ်ချင်တာ မလုပ်ရရင်လည်း လုပ်နေရတဲ့ အလုပ်လေးမှာ ပျော်ရွှင်အောင် လုပ်ပါ ” ဆိုတာလေး ဖတ်လိုက်ပြီး ပြုံး မိလိုက်တယ်။
    မောင်ဂီ ဆီမှာ Stay hungry လို့ နောက်လိုက် မိတဲ့ အာရုံ က ဆက် နေလို့လား မသိ။
    ပန်းသီးပါပါး ရဲ့ စကား ကို သွားသတိရလိုက်တာ။
    သူက
    “You need a lot of passion for what you’re doing because it’s so hard.
    Without passion, any rational person would give up.
    If you don’t love it, you’re going to fail.” တဲ့။
    မပြီးသေး။ ““If you haven’t found it yet, keep looking. Don’t settle.” တဲ့။
    သဘော ကတော့ ကိုယ်မလုပ်ချင်တဲ့ အလုပ်၊ ကိုယ်မကြိုက် တဲ့ အလုပ် ကို လုပ် နေရင် ဘယ်တော့မှမအောင်မြင်ဘူး၊
    ဒီတော့ ကိုယ်လုပ်ချင်တာကို ရအောင်ရှာ လုပ် ၊ မကြိုက်တာ လုပ်ပြီး အတည်ဖြစ် မသွားစေနဲ့ လို့ ဆိုချင်သလားဘဲ။

    အမှန် တော့ ဒီမှာ ဇီကလေး ကို ငြင်းဖို့ မဟုတ်။
    ထောက်ခံဖို့ပါ။
    စတိဗ် ကိုလဲ မှားတယ် မပြောပါဘူး။
    သူ့လို လိုချင်တာ ကို မရ ရအောင် လုပ်တတ်တဲ့ လုပ်နိုင်တဲ့ စိတ်မဝေဝါး တတ် တဲ့ သူ အတွက်တော့ မှန်မှာပေါ့။

    ဒါပေမဲ့ လူတော်တော်များများ ဟာ မလုပ်ချင်တာ တွေ တော့ များပြီး ကိုယ်ဘာလုပ်ချင်တယ် ဆိုတာ ကို အတိအကျ မသိတော့ ရည်မှန်းချက် မရှိကြတာများတယ်။
    ဒီအတွက် ကိုယ်ကျရာမှာ မပျော်လဲ မလုပ်ချင်လဲ စေတနာ လေးထည့်ပြီး လုပ်တာ က ကိုယ့် အတွက် အောင်မြင်ဖို့ အခွင့် များပါတယ်။
    ကိုယ့် က စေတနာ ထားတာ ကို မှန်ကန်တဲ့ နည်း နဲ့ ပြတတ်ဖို့လဲ လိုတယ်။
    တစ်ချို့ အလုပ်မှာ စေတနာကောင်း ပေမဲ့ ပြသပုံ မမှန်တော့ တစ်ခါတစ်ခါ စေတနာ က ဝေဒနာ ဖြစ် ပြီး အလုပ်မှာ မပျော်တတ်ဘူး။
    အရေးကြီးဆုံး က ဘယ်မှာ ဘာလုပ်လုပ် အကောင်းမြင်စိတ် ကို ရှေ့ထားပြီး တွန်းတွန်းတိုက်တိုက် လုပ်သင့်မလားဘဲ။
    အထက်လူကြီး က သဘောပြည့် မှု ပေါ်မှာလဲ အောက်လက်ငယ်သား တွေ ရဲ့ လုပ်ရည်ကိုင်ရည် တိုးတက်မှု/ ကျဆုံးမှု ရှိမှာပါ။
    တစ်ချို့ လူကြီး က တကဲ့ စွမ်းရည်ရှိ သူ တွေ ကို ရှေ့တန်းတင်ပြီး တန်ဖိုးထား တယ်။
    တစ်ချို့ လူကြီး က ထက်ရင် ချောင်ထိုးချင်တယ်။
    ဒီတော့ မဖြစ်သာလို့ ဒီလို လူ နဲ့ လုပ် ရရင်လဲ အလိုက်အထိုက် ပေါင်းရင်း
    ကိုယ့်ဘက်ပါအောင် ဆွဲနိုင်ဖို့ …..
    ဟိ … ပြောတော့ လွယ်သား။ တကယ်တော့ အဲလို လဲ တွေ့ရော သီအိုရီ တွေ မသုံးနိုင် အောင် စိတ်ပျက် ကြရပါတယ် မဟုတ်လား။
    အဲဒီအချိန်မှာ မပြုတ် မရှုပ် နေသာသလို လုပ်ရင်း နေနေရတဲ့ ဘဝ တွေ ရွှေပြည်ကြီး ထဲ အများကြီးပါ။
    မပျော်တဲ့ စွမ်းအား တွေ နဲ့ သွားနေရတဲ့ ယန္တယား ကြီး ဘယ်နှဲ့ တိုးတက်ပါ့။
    ဒီတော့ ၂၀၁၅ မှာ တကယ် တော်သူ တွေ ကို ဂရုထားမဲ့ သူ အတွက် မဲ တစ်ပြား အရေးကြီး သနော်။
    (အိုး အို ဘာမှလဲ မဆိုင် ဘဲ ဘိုလိုဖစ်ပြီး ဒီဘူတာ ဆိုက်သွားပါလိမ့်)

    Many Congratulations on your long and happy loyal service! :-)))

    • ခင်ဇော်

      May 16, 2015 at 6:27 am

      ခါတလေ မလုပ်ချင်ဘူးးလို့ ဆိုတဲ့ အလုပ်တစ်ခု ကို လုပ်ရမယ်
      ဆိုရင်တော့ ကျနော်တော့ သင့်/မသင့် နဲ့ ယေဘူယျ ပြန်စဉ်းးစားးမိတယ်..
      ဒါပေမယ့်လည်းး ပိုက်ဆံ ဝင်တဲ့ သိက္ခာရှိတဲ့ ကိုယ့် အသက်မွေးးဝမ်းးကြောင်းးအလုပ်က လွဲရင်
      ကျန်တာတွေတော့ စိတ်ပါတာပဲ လုပ်မိနေတုန်းးပဲ..
      :k:
      မဲတပြားး အတွက်ကတော့
      စေတနာ ခေါင်းးစဉ်အောက်ကပဲပြောပြော…
      သင့်/မသင့် ခေါင်းးစဉ်အောက်ကပြောပြော…
      တခြားးးခေါင်းးစဉ် အများးကြီးးအောက်ကပြောပြော,..
      သူ့ တစ်ယောက်တည်းး အတွက်ပါ…
      :chit:

    • kai

      May 16, 2015 at 8:07 am

      အတွေးအခေါ်တို့ရဲ့..အထွဋ်သည်ဘာသာရေး..
      ဆိုတော့..
      မြန်မာအများစုက.. သည်းခံသည်းခံ..ထေရာပြော/လုပ်သမျှသည်းခံ.. ထေရာဝါဒဝင်..
      စတိဗ်ဂျော့က.. ဇျာန်ဗုဒ္ဓဘာသာဝင်…။ :k:

      Opinion Journal: Arctic Drilling: The Next Energy Boom? 3:15
      NEWS.com.au-Mar 25, 2015
      STEVE Jobs used one particular technique to help clear his mind and achieve … It was mindfulness, the kind taught in Zen Buddhism, which an …

      • မြစပဲရိုး

        May 16, 2015 at 12:03 pm

        {စတိဗ်ဂျော့က.. ဇျာန်ဗုဒ္ဓဘာသာဝင်…။ }
        . ထေရဝါဒီမဟုတ် လို့ ပြောချင်တဲ့ သဘောလား ။ရှင်းရှင်း ပြောပါလေ။ lol:-))))

  • Mr. MarGa

    May 17, 2015 at 8:52 am

    လောလောဆယ် လူက အူကြောင်ကြား ဖြစ်​ချင်နေပါတယ်​ဆိုမှ ဒါဖတ်​လိုက်​တာ အူလည်​လည်ဖြစ်​သွားတယ် 🙂
    ဘယ်​အလုပ်​ပဲဖြစ်ဖြစ် ပညာ နဲ့ ငွေကြေး တစ်​ခုခုတော့ရမှ ကိုယ့်အတွက်​လည်း အကျိုးရှိမယ်​လို့ နားလည်​ထားမိတာ(လွဲနေသလားတော့မသိ)
    တစ်​ရက်​တစ်​ရက် ကိုယ့်အတွက် ဘာမှမကျန်​ဘဲ နေ့စဉ်​လည်​ပတ်နေရတာကို မကြိုက်​လို့ အခုအလုပ်​ကထွက်ဖြစ်​တာ
    ရှေ့ကိုတိုးစရာ ဘာမှ မမြင်​တဲ့အချိန်​မှာ ကိုယ့်အချိန်တွေ အလဟဿ ကုန်နေတယ်​လို့ မြင်နေမိတော့ motivationက ပျောက်​က​ရောလေ
    လောလောဆယ်တော့
    ဘာဖြစ်​ချင်​တာလဲ လို့ ကိုယ့်ကိုကိုယ် ပြန်မေးနေရတယ်
    ငွေရှာမယ်​ဆို ကိုယ့် profession က သိပ်ပြီး ရှာလို့လွယ်​တဲ့အထဲမှာမရှိဘူး
    ကိုယ်​ပိုင်​အလုပ် လုပ်​တာကမှ ပိုလွယ်​မယ်​လို့ မြင်နေမိတာလေ
    အလုပ်​ကို အရှုံးအမြတ်​တွက်​တာ သိပ်ပြီး များနေသလားမသိ
    ပညာရှာချင်​သလား ငွေရှာချင်​သလား မေးနေရတုန်း

    ဘာတွေပြောနေမိမှန်းလည်းမသိတော့ပါဘု 🙂

    • ခင်ဇော်

      May 17, 2015 at 9:02 am

      မျက်စေ့လည်စရာမလိုဘူးလေ။
      ဘယ်အတွက် အလုပ်လုပ်ပါ လို့ ပြောထားတာမဟုတ်။
      ဘယ် အလုပ်လုပ်ပါလို့ ပြောထားတာလည်းမဟုတ်။
      အလုပ်တစ်ခုကို လုပ်နေရတုန်း အချိန်မှာ စေတနာ ပါပါ ကိုယ့် အလုပ်လိုသဘောထားပြီး လုပ်သင့်တယ်လို့ ပြောတာ။
      ပြောင်းချင်လဲ ပြောင်းချင်တဲ့ အချိန်ပြောင်းလို့ရတယ်။
      ကိုယ့် စိတ်ရင်းထည့်ပြီး လုပ်ပေးခဲ့တာဖြစ်တဲ့ အတွက် ပိုမြင့်တဲ့နေရာတွေ့လို့ ကူးခဲ့ရရင်တောင် သူတို့ အပေါ် ကိုယ့်ရဲ့ လုပ်နိုင်စွမ်း အကြွေးမကျန်ဘူး လို့ ပြောချင်တာ။
      နာ့ အတ္တကတော့ ကိုယ့်ကို အမှတ်တရ ကျန်စေချင်တဲ့ ဂီ ပြောတဲ့ ရီကိုနိုက်ဇေးရှင်း အတွက် ပို အလုပ်လုပ်ဖြစ်တယ်။

  • padonmar

    June 4, 2015 at 9:58 pm

    စာရေးစာဖတ်ဝါသနာရှင်ဂရုကို ရှဲသွားပါတယ်နော်။

    • ခင်ဇော်

      June 5, 2015 at 10:07 am

      ဟုတ်။
      အာတီဒုံ ကျေးကျေးးး
      အဲဒီ ပေ့(ချ) ကို ပစ်ထားမိတာကြာပေါ့။

      ပြန်လာပါအူးမယ်။

Leave a Reply