UK ရဲ့ national bird တဲ့

ဘာရယ်ဟုတ်ပါဘူး ၊ သတင်းလေးတွေ လိုက်ဖတ်ရင်း ဒီသတင်းလေး တွေ့လို့ပါ ၊

http://www.bbc.co.uk/news/uk-33090043

အဲဒီငှက်ကလေးကို နိူင်ငံကိုယ်စားပြုအထိမ်းအမှတ် ငှက်အဖြစ် လူပေါင်း ၂ သိန်းကျော်က ရွေးခဲ့သတဲ့ ၊

မဲအားလုံးရဲ့    ၃၄ % က ဒီငှက်ကလေးကို ရွေးတာပါတဲ့ ၊ ၁၂ % နဲ့ ဒုတိယက ဇီးကွက်ဗျ ၊

တစ်ခြားနိူင်ငံတွေမှာလည်း ရှိသတဲ့ ၊

အမေရိကန်က   American bald eagle လင်းယုန် ၊ အိန္ဒိယက colourful Indian peacock ကဒေါင်း ၊

ပြင်သစ်က  the Gallic rooster  ကြက်ဖ ၊ ဩစတြေးလျက အီမျူးငှက် တဲ့ ၊

ဘာပဲဖြစ်ဖြစ်ဗဟုသုတပေါ့နော ၊

 

Robin tops poll to find UK’s ‘national bird’

3

3a

27 comments

  • ဇီဇီခင်ဇော်

    June 11, 2015 at 4:09 pm

    ချစ်စာလေးးး
    :chit:

    • တောင်ပေါ်သား

      June 11, 2015 at 4:14 pm

      ဟုတ်ပဗျာ ၊ 🙂

  • kai

    June 11, 2015 at 4:13 pm

    မြန်မာက.. အကောင်ကြီးကို.. ခြင်္သေ့အစား.. ဆင်လုပ်သင့်..။
    ငှက်ကိုတော့.. ဒေါင်း..။
    ပန်းကိုတော့ ငုဝါပန်း

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 11, 2015 at 4:14 pm

    ချစ်စာလေးညော်..
    အမွေးနှုတ်ပီး ကင်စားချင်ထှာ…

    သားတို့တိုင်းပြည်မှာ ရော ဘယ်အကောင် ကိုယ်စားပြုလဲ ဟင်င်င်င်

    • တောင်ပေါ်သား

      June 11, 2015 at 4:20 pm

      သနားစရာကွယ် ၊ မကင်နဲ့ ၊ ကြော်စား 🙂

    • kai

      June 11, 2015 at 4:31 pm

      ခြင်္သေ့ကို …တော်တော်ကြီုက်သမို့.. ဘုရားရှေ့ထည့်…။
      နိုင်ငံတော်တံဆိပ်ထဲထည့်.. ပိုက်ဆံထဲထည့်ထားကြတာ..
      ခြင်္သေ့တကယ့်အကောင်လိုက်ကြီးက.. မြန်မာပြည်မယ်.. မရှိ..။
      ဇာတိမြေမဟုတ်…။

      ဆင်ကတော့.. ယိုးဒယားအပါအဝင်.. စိန့်တိုင်းနဲ့စစ်ဆိုင်တုံးကလည်း..စစ်ရေးမှာ တော်တော်အသုံးတည့်ခဲ့ပြီး..
      တိုင်းပြည်အင်ပါယာချဲ့တာမှာ.. ပထမ။ဒုတိယ၊တတိယ စသဖြင့်နိုင်ငံတော်တည်ထောင်ခဲ့ရာမှာ.. တော်တော်အသုံးဝင်ခဲ့တဲ့ သတ္တဝါမို့..။

      • မြစပဲရိုး

        June 11, 2015 at 4:38 pm

        Burmese Cat ဆိုပြီး တစ်ကူးတစ်က ကို နာမည်ပေးထားတာ ရှိတာမို့ ကြောင် ကို ရွေးကြပါလား။ lol:-))))

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        June 11, 2015 at 4:39 pm

        အင်းလေးကန်ထဲမှာ မြန်မာ့မျိုးရင်း ငါးပိစိပေါက်စတွေ ရှိသဗျ…
        ငါးမပြောနဲ့ ကန်ကိုယ်တိုင်ကိုက ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတော့
        သည်ဘက်ခေတ်ဆို အဲ့အကော်ငတွေ ကျန်သေးရဲ့လားတောင်မသိ…

        လွန်ခဲ့တဲ့ ၁ဝနှစ်ဝန်းကျင်က မြန်မာ့မျိုးရင်း ရေပုတ်သင်တွေ အတော် အိပ်စပို့လုပ်ရတယ်..
        အာ့တွေလည်း ခုခေတ်ဆို ဘိုင်အိုအင်ဂျင်နီယားရင်း နိုင်တဲ့ အိမ်နီးချင်းတိုင်းပြည်တွေမယ် သူရို့မျိုးရင်းဖြစ်အောင်
        ပြောင်းခံရပြီလား မဆိုနိုင်….

        တလောက
        အော်ရိုဝါးနား မျိုးစိတ်တခု လည်း ထားဝယ်ဘက် တွေ့သတဲ့ ….
        ရှေ့လျောက် ဘယ်လိုဖြစ်မလဲတော့ မဆိုနိုင်

        ငါးသမားဖြစ်ဖူးလို့ မျိုးရင်း ငါးတွေအကြောင်း သိသလောက် လာပြောတာ….

        အဲ့လို…

        • kai

          June 11, 2015 at 4:41 pm

          ဗမာ့ငါးကေ့တာ့ ဧရာဝတီလင်းပိုင်…။

        • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

          June 11, 2015 at 5:20 pm

          အဲ့ဒါပြောမလို့…
          ဧရာဝတီ လဗိုင် ကို အစိုးရအနေနဲ့ တကောင်လောက် ဆမ်ပယ်ဖမ်းပြီး ငါးပြတိုက်ထဲထားလို့ …ပတ်ဘလစ်ကို
          ပြထားသင့်တယ်
          ပိုတတ်နိုင်ရင် မျိုးစပ်ပြီး … အကောင်ဖောက်သင့်တယ်

          အော်ရိုဝါးနားက … နည်းနည်းပိုဆက်ဆီဖြစ်တယ် သဂျီးရဲ့
          အဲ့သည့်ငါးမျိုးက ဒိုင်နိုစောခေတ်ကတည်းက ရှိနေတဲ့မျိုးရင်းလေ…..
          ဒိုင်နိုဆောကွယ်တာတောင် သူမကွယ်ဘဲ ကျန်ခဲ့တာ…
          ကနေ့ခေတ် ဘိရုမာမယ် မျိုးဖောက်လို့ မရသေးတဲ့ ငါးမျိုး
          များများဖော်ထုတ်ဖို့ကောင်းတယ်..

          (ဈေးကွက်အရလည်း) အမေဇုံမြစ်ဝှမ်းက ကောင်တွေနဲ့ ထင်ထင်ရှားရှား ကွဲပြားသမို့…
          သီးသန့်ဖြစ်တည်မှု ဖြစ်နေတယ် ဆိုရမယ်ဗျာ….

        • kai

          June 12, 2015 at 5:01 am

          အမှတ်မမှားရင်.. ကချင်ပြည်က.. ကန်ကြီးတခုမှာ..(အင်းတော်ကြီးလို့ထင်..) ကမ္ဘာ့သက်တမ်းအကြာဆုံးငါးမျိုးနွယ်တွေ့ခဲ့ဖူးတယ်..။
          မြန်မာတိုးရစ်ဇင်ကို.. အဲဒီလိုအကောင်တွေလိုက်ပြတဲ့ဖက် ပြောင်းယူသင့်သလို.. အဲလိုရှေးဟောင်းကန်တွေ.. သတ္တဝါတွေကို.. မျိုးရင်းထိမ်းသိမ်းဖို့လည်း.. ရံပုံငွေများများထား.. လုပ်သင့်လှတယ်…။

  • မြစပဲရိုး

    June 11, 2015 at 4:31 pm

    အဲဒါ ရော်ဘင် လို့ခေါ်ကြတယ် ကိုမျိုး။ :-)))
    အပြင်မှာ စာကလေး ထက် တောင် သေးတယ်။
    ခရစ်စမတ်ကဒ် လေး တွေ မှာ ပါတဲ့ အကောင်လေးပေါ့။
    သေးသေးလေး။ ဆောင်းတွင်း မှာ ပိုတွေ့ရတယ်။
    http://en.wikipedia.org/wiki/European_robin

  • Ma Ei

    June 11, 2015 at 4:39 pm

    ငှက်ကလေးက ချစ်စရာလေး…
    အိမ်က ပန်းပင်တွေပေါ်လာလာနား အကောင်ပလောင် အစာရှာတဲ့ ငှက်ကလေးတစ်မျိုးရှိတယ်…
    နှံပြီစုတ်ထက်နဲနဲကြီးတယ်…ဝမ်းဗိုက်ပိုင်း နီနီရဲရဲလေး…ဓာတ်ပုံရိုက်ဖို့ချောင်းတာ တစ်ခါမှမရ…

  • ဝင့်ပြုံးမြင့်

    June 11, 2015 at 6:29 pm

    .ကျမကတော့ ရော်ဘင်ကို ရင်ပုံနီငှက် လို့ မြန်မာပြန်ပါတယ်

  • ကူမားရ်

    June 12, 2015 at 12:28 am

    လူစကား နားလည်တယ်ဆိုရင် ယံနိုင်စရာမရှိ
    ဗေတား မွေးစားမိဘတွေရှဲု back yard မှာ လူရှိရှိနဲ့ကို အစားလာစားတာ
    သူတို့ကိုချောင်းရင်သိတယ် တို့မကြည့်ပါဘူးဆိုမှကောင်းကောင်းငြိမ်ငြိမ်စားတယ်
    အဲ ရန်ဖြစ်ရင်တော့ တစ်ကောင်နဲ့တစ်ကောင် သေအောင် ကိုက်ဆိတ်ပြစ်တာ

    • မြစပဲရိုး

      June 12, 2015 at 4:22 am

      ကိုဆွေ – ငှက်ကလေး တွေ လူစကား တတ်တာတော့ ဟုတ်မယ်မထင်။
      ကိုဆွေ သာ ငှက်စကားတတ် တာ ဖြစ်ရမယ်။ lol:-)))

  • Ma Ma

    June 12, 2015 at 9:23 am

    -စာကလေးလို့ ထင်နေတာ။
    -အဲဒါကြောင့် မြစာကလေး ဖြစ်သလားလို့။

    -သဂျီးပြောတဲ့ နိုင်ငံတော်အကောင်ကို ဆင် ဆိုတာ သဘောကျတယ်။
    -အကောင်ကြီးတဲ့အပြင် လူကို အကျိုးပြုတဲ့ သတ္တဝါဖြစ်လို့။

    -ခြင်္သေ့ကိစ္စကတော့ သတ္တိရှိတဲ့ တောတောင်ကိုအစိုးရတဲ့ တောရာဇာလို့ မှတ်ထားရာက ခုတလော -ဖဘမှာ သစ်ပင်ပေါ်တက်ပြေးတဲ့ ခြင်္သေ့ပုံကြည့်ပြီး မကြိုက်တော့ဘူး။

    -ပန်းအနေနဲ့ဆိုရင် လမ်းဘေးမှာ အလွယ်တကူပေါက်နေ ပွင့်နေတဲ့ ပျဉ်းမပန်းကိုလည်း (ပန်းစာရင်းဝင်ရဲ့လားတောင်မသိ) ကြိုက်တယ်။ ခရမ်းရောင်မို့လို့။ :a:

    -ငါးနဲ့ပတ်သက်ရင် ရေချိုငါးတွေဖြစ်တဲ့ ငါးရံ့၊ ငါးခူ၊ ငါးကြင်း၊ ငါးမြစ်ချင်း တွေကို တခြားနိုင်ငံတွေမှာ -(ကိုယ်သိသလောက်) မရှိကြဘူး။

    -ပင်လယ်ငါးတွေသာ နိုင်ငံတကာမှာ ရနိုင်တာ။

    -ဟိုးတုန်းက ပင်လယ်ငါးတွေလောက်သာ အိပ်စပို့လုပ်ကြတာ။
    -အခုဆိုရင် ရေချိုငါးဖြစ်တဲ့ ငါးရံ့၊ ငါးခူ၊ ငါးကျီး တွေကို အိပ်စပို့ လုပ်နေကြပြီ။

    -ရေချိုငါးက ပင်လယ်ငါးထက်စာရင် အရေအတွက် အကန့်အသတ်ရှိတယ်။
    -ပင်လယ်ငါးပမာဏထက် အများကြီးနည်းတယ်။

    – အိပ်စပို့လုပ်ရင် ရေရှည်မှာ ပြည်တွင်းစားသုံးမှုအတွက် ရင်လေးစရာပဲ။

    • kai

      June 12, 2015 at 2:42 pm

      “ဆေးဝယ်ရင် ဒီစူဇာမှာစိတ်ချရတယ်”လို့.. ကြော်ငြာစာသားရေးပေးတဲ့.. ဆရာသိန်းဖေမြင့်ကို.. အစိုးရက.. မြန်မာတွေရေချိုငါးချည်းနှိပ်မနေပဲ.. ပင်လယ်ငါးစားရအောင်သွားရေးခိုင်းတော့..
      “ခေတ်မှီသူတိုင်း ပင်လယ်ငါးစားကြသည်”လို့.. ရေးပေးတယ်မှတ်ဖူးတယ်..။

      မြန်မာတွေပင်လယ်ငါးစားကြ..
      ရေချိုငါးတွေ ပြစားကြ..။ :k:

      • တောင်ပေါ်သား

        June 12, 2015 at 2:57 pm

        ပင်လယ်ငါးက အကြောတက်တယ် သဂျီးရဲ့ 🙂

  • ​ဒေါ် လေး

    June 13, 2015 at 1:36 pm

    ရော်ဘင်ငှက် က ချစ်စာလေး

  • Mike

    June 15, 2015 at 3:15 pm

    .မြန်တ ျန့်ကိုယ်စားပြု ဧရာဝတီလင်းပိုင်ကိုသဘောတူသဗ ျ

  • manawphyulay

    June 16, 2015 at 1:08 pm

    မြန်မာပြည်မှာကော ဘယ်ငှက်က ကိုယ်စားပြုသလဲ လေးလေးမျိုး သိလားဟင်။ သိရင်ပြောပြပါလား။ ဗဟုသုတလေးတွေ မှတ်ထားချင်လို့ပါ။
    ကျေးကျေး
    မနော

    • တောင်ပေါ်သား

      June 16, 2015 at 1:23 pm

      သိပါဘူးဗျာ ၊
      ဇီးကွက်ကိုတော့ လာဘ်ကောင်ဆိုလား ၊
      ဒေါင်းကတော့ ဟိုးအရင်ကတည်းက အလံတွေမှာပါတာပဲ ၊

  • Alinsett @ Maung Thura

    June 17, 2015 at 10:06 am

    ကျနော် အချစ်ဆုံးကတော့… နေပြည်တော် တိလိတ်ဆန်ရုံထဲက..ခြင်္သေ့ဖြူဖြူကြီးတွေရယ်…
    ပင်ဂွင်းငှက်တွေရယ်….

    :k:

    • တောင်ပေါ်သား

      June 17, 2015 at 11:03 am

      ခြင်္သေ့ ဖြူဖြူဖွေးဖွေးကြီးလား ? 🙂

Leave a Reply