၃။ ခိုးပေါက်

၃။ ခိုးပေါက်

” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၃)

 

တရုပ်ပြည်နဲ့မြန်မာပြည် နယ်နိမိတ်ကို သံတိုင်တွေနဲ့ခြားထားပါတယ်။

သံတိုင်တွေက လူတစ်ရပ်ကျော်ကျော်မြင့်ပြီးအဖျားမှာသံချွန်တွေတပ်ထားပါတယ်။

အရာရာကိုကျော်လွှားနိုင်တဲ့ဉာဏ်အပြည့်ရှိတဲ့ ကျနော်တို့လူမျုးိတွေက

သံတိုင်ကို ကျယ်အောင်ချဲ့ထားပြီး လူတစ်ယောက်စာဝင်လို့ရအောင်လုပ်ထားပါတယ်။

ခိုးပေါက်လို့ခေါ်ပါတယ်။

ဒီလိုခိုးပေါက်လေးတွေက လေးဘက်လေးတန်မှာ ရှိပါတယ်။

တောင်ဘက်မှာတော့ ဆင်ဖြူပေါက်နားလေးမှာ ရှိပါတယ်။

မြောက်ဘက်ဆိုရင်တော့ မန်ဝိန်းပေါက်အလွန် မြန်မာရိုးရာအနှိပ်ခန်း

တွေနားမှာ ရှိပြန်ပါတယ်။

ခိုးဝင်ခိုးထွက်သူကိုဖမ်းဘို့ ရဲကားတွေက အမြဲကင်းလှည့်နေပါတယ်။

အဲလို ပါတ်ပါတ်လည်ကာထားတဲ့နေရာအတော်များများမှာ

နယ်ခြားမျဉ်း မဖြတ်ကျော်ရဆိုတာကို ဆိုင်းဘုတ်အဝါကြီးတွေနဲ့

သတိပေးစာရေးထားပါတယ်။

သတိပေးစာ
သတိပေးစာ

ခိုးထွက်တာမိသွားရင် ဒဏ်ငွေယွမ် ၂၀ဝ ကနေ ၅၀ဝထိ ရိုက်တတ်ပါတယ်။

သူတို့ဥပဒေအရတော့ တစ်နှစ်အောက်ချုပ်နှောင်ထားခွင့်ရှိတယ်လို့ဆိုပါတယ်။

စာအုပ်အနီမရှိသူ တွေကတော့ မူဆယ်ဘက်ကနေ ကျယ်ခေါင်ဘက်ကိုအလုပ်လာလုပ်ရင်

ကျပ်တစ်ထောင်အကုန်မခံနိုင်တော့ ခိုးပေါက်ကိုဘဲအားကိုးကြရပါတယ်။

ကျယ်ခေါင်မြိုထဲကို ခိုးဝင်ဘို့အတွက်ဆိုရင် မူဆယ် မြို့ထဲဘက်ကလာသူက

ဆင်ဖြူပေါက် နဲ့ နန်းတော်ပေါက်နားက ခိုးပေါက်ကို အားကိုးကြပါတယ်။

ကျယ်ခေါင်အတွင်းပိုင်းကလူတွေကတော့ အသစ်ဖွင့်ထားတဲ့ကျယ်ခေါင်ဈေး

နားက ခိုးပေါက်ကနေပြီး နမ်းခမ်းသွားတဲ့ဘက်ကိုထွက်ပါတယ်။

 

ညနေဆိုရင်အဲဒီကျယ်ခေါင်ဈေးနားကသံတိုင်တွေနားမှာ

တက္ကစီသမားတွေက ထိုင်ခုံတွေနဲ့အကျအနထိုင်ပြီးတရုပ်ပြည်ထဲကထွက်လာမယ့်သူကို

မြန်မာပြည်ဘက်ကနေပြီး လာကြိုနေတတ်ပါတယ်။

ဝန်စည်စလည်ပါတဲ့သူများကတော့ အနောက်တောင်ဖက်ဖျားက ချောင်းလက်တက်လေးထဲကနေပြီး

သံလှေကြီးကိုစီးပြီး ရွှေလီမြစ်ကနေတစ်ဆင့်နမ်းခမ်းသွားတဲ့လမ်းဘက်ကိုထွက်ပါတယ်။

ရေလမ်းကတော့ ဝင်သူထွက်သူများပါတယ်။

ဒ တက္ကစီသမားတွေကလည်း လှေဆိုက်ချိန်ဆိုရင် ရှိနေတတ်ပါတယ်။

ဒါပေမယ့် သူက အချိန်မရွေးထွက်လို့မရပါဘူး သူ့အချိန်နဲ့သူဘဲထွက်တာကိုး။

 

2လှေဆိပ်
2လှေဆိပ်

လူတိုင်းမသိပေမယ့် သွားလို့ရတဲ့နေရာလေးတစ်ခုကတော့ တောင်ဘက်ဖျားမှာရှိတဲ့

ကချင်မနောစားသောက်ဆိုင် အုတ်နံရံကိုကျော်ထွက်ရင် ရပါတယ်။

ဒီနေရာလေးကတော့ လူတိုင်းသွားလို့မရပါဘူး။

တရုတ်ရဲကားတွေကတော့ ခိုးပေါက်တွေရှိတဲ့သံဇကာတစ်လျောက်

ရေလမ်းဝင်ထွက်ပေါက်တွေမှာမကြာခဏ ကားနဲ့ပါတ်ကြည့်လေ့ရှိပါတယ်။

ဒါပေမယ့်လဲ ဒီခိုးပေါက်က ထွက်မြဲထွက်နေကြတာပါဘဲ။

2 ဒီကနေဖြတ်သွားရင် ကချင်တမင်းဆိုင်ကိုရောက်တယ်လေ
2 ဒီကနေဖြတ်သွားရင် ကချင်တမင်းဆိုင်ကိုရောက်တယ်လေ

တစ်ခါတစ်လေ ကျယ်ခေါင် ထဲရွှေလီထဲကို ဝင်လာတာကြာပြီး

လချီပြီး အပြင်မထွက်သူတွေကလဲ ဒီခိုးပေါက်ကိုဘဲအားကိုးရပါတယ်။

မထွက်မိလို့လချိီပြီး ကြာခဲ့ရင် ပေးရတဲ့ငွေက သောင်းချီတဲ့အပြင်

အပြောအဆို ခံရတော့ ခပ်တည်တည်နဲ့ခိုးပေါက်က ထွက်ပြီး

တရားဝင်ပြန်ဝင်ကြပါတယ်။

တရုပ်ဘက်ကတော့ ရက်လွန်တာ ပြုတာသိပ်မပြောပေမယ့် မြန်မာဘက်ကတော့

ကူညီစောင်မ ဘို့ အဆင့်သင့်ရှိနေတတ်တာ ချီးမွမ်းဘို့ကောင်းလှပါတယ်။

ဘယ်လောက်စည်းကမ်းတွေထုတ်ထုတ်ကျနော်တို့ မြန်မာတွေကတော့

ဘယ်လိုကျော်ရခွရမယ်ဆိုတာ သိနေတာကတော့လည်း ချီးမွမ်းစရာပါဘဲ။

ဒီလိုဝင်စို့ထွက်စို့လုပ်နေကြတဲ့သူတွေ က တရုပ်ပြည်ဘက်ကိုဘာမှ မပေးရပေမယ့်

မြန်မာပြည်ဘက်က တော့ တစ်ရက်လွန်ရင်တစ်ရက်ဒဏ်ကြေးကောက်ပါတယ်။

 

တရုပ်ပြည်ဝင်ထွက်ပေါက်မှာတော့လူကုန်ကူးမူ့တိုက်ဖျက်ရေးအတွက်

LED ဆိုင်းဘုတ်ကြီးကိုမြန်မာစာလုံးပေါင်းအမှားသတ်ပုံအမှားတွေနဲ့

ရေးထားတာပြီး ကိုတစ်နေကုန်ထိုးပြထားပါတယ်။

တရုပ်ပြည်ထဲကို ဝင်တဲ့အခါ ကလေးပါလာတယ်ဆိုရင် ကလေးကို

မြန်မာလဝက ဘက်ကနေ ခွင့်ပြုချက်ရေးပေးရသလို ကလေးနာမယ်နဲ့မွေးသက္ကရာဇ်ကို

စာနဲ့ရေးပေးလိုက်ရတာပါတယ်။

ဒီမှာတစ်ခုကောင်းတာက ကလေးပါတဲ့သူတွေက တရုပ်ပြည်အဝင်မှာဆိုရင်

အများနည်းတူ တန်းစီစရာမလိုဘဲရောက်တာနဲ့တန်းဝင်လို့ရတာပါဘဲ။

ဘယ်လိုဘဲပြောပြော တရုပ်ပြည်ဘက် သူတို့ဆီလာလည်တဲ့သူတွေကိုနွေးထွေးစွာ

မကြိုဆိုပေမယ့် ဒုက္ခလဲမပေးပါဘူူး။

အထက်အမြင့်ကအမြင်
အထက်အမြင့်ကအမြင်

မြန်မာဘက်ကတော့ သူများနိုင်ငံကိုသွားလည်မယ့်သူတွေကို

ဖိဖိစီးစီး စစ်ဆေးပြီး ပိုက်ဆံကောက်ပါတယ်။

အမြင်မတော်တာ တစ်ခုကတော့ တရုပ်ပြည်ဘက်က ဝင်ပေါက်ထွက်ပေါက်တွေဟာ

ခမ်းနားလွန်းနေပြီးမြန်မာပြည်ဘက်က တော့ သားသားနားနားမရှိတော့

လူမျိုးခြင်းယှဉ်ရင် အမြင်မှာကတည်းက တစ်ရည်နိမ့်နေသလိုပါဘဲ။

မြန်မာဘက်က လူဝင်မူ့ကြီးကြပ်ရေးအိမ်ယာစခန်းလို့ရေးထားပေမယ့်

အဲဒီစခန်းဝင်းထဲမှာ စားသောက်ဆိုင် ဈေး ဆိုင်တွေဘဲတွေ့နေရပါတယ်။

တစ်ရက်တစ်ရက် ဝင်တဲ့လူနဲ့ထွက်တဲ့လူဆိုရင်ဝင်တဲ့သူအရေအတွက်

ကပိုများပါတယ်။

ဒီလောက်များတဲ့သူတွေ နေ့တိုင်း ဘာလို့များတရုပ်ပြည်ထဲကို ဝင်နေကြလဲဆိုတာကို

လိုက်ကြည့်မိတဲ့အခါ

…………………………………………………………………………..

ကိုပေါက်လမ်းသလားနေသည်

 

2 comments

  • မြစပဲရိုး

    July 18, 2015 at 9:49 pm

    ဥရောပဖက်မှာတော့ အာဖရိက တို့ အာဖကန်နစ်စတန်တို့ ကနေပြီး တစ်ဆင့်ပြီး တစ်ဆင့် ယူကေ ထဲ ကို ပြင်သစ် က တစ်ဆင့် ခိုးဝင်ဖို့ လုပ်နေကြတာ။။
    .လော်ရီ တွေ ထဲခိုးဝင်၊ တစ်ချို့ လဲ သွားနေတဲ့ လော်ရီ တွေထဲ ခိုတက် နဲ့ ဘဝ ကို ရပ်တည်ဖို့ နည်းလမ်းရှာကြတာ။
    ဒီဘက်တွေ က လဲ စာနာရမဲ့ လူတွေ ဒင်းကြမ်းဖြစ်လာတော့ အစိုးရလဲ လူသားချင်းစာနာဖို့ ပေါ်လစီ တွေ နောက်ရောက်ကုန်ပြီ။

    ကိုယ်မသိနိုင်တဲ့ အကြောင်းလေး တွေမျှပေးလို့ ကျေးဇူးပါ ကိုပေါက်ကြီး။

  • ကိုလတ်ကြီးရေ
    သွားရင်းလာရင်း မြင်တာကြားတာ

    ပါးပါးလေးတွေကို ပြန်ရှယ်ပေးတာပါ

    ခိုးပေါက် နေရာ ဓါတ်ပုံတွေတော့ မရိုက်တော့ ဘူး

    ပိတ်သွားမှာစိုးလို့

Leave a Reply