အချစ်ဆုံးလေးရေ …

love-sky

အချစ် ဆိုတာ
မိုးကောင်းကင်ကြီး လိုပါပဲ …။

နေ ပူတယ် …။
နှင်း ကျတယ် …။
မိုး ရွာတယ် …။

တစ်ခါတစ်ခါ
တိမ်တိုက်တွေ နေကို ကွယ်လို့
မိုးကလည်း အုံ့တတ်ပါသေးတယ်။

တိမ်တွေကို အရောင်ခြယ်လို့
လှပစေတဲ့ အခါတွေလည်း ရှိတယ်။

တိမ်မည်းတွေနဲ့
ကြောက်စရာအသွင် ဖန်ဆင်းလို့
ခြောက်လှန့် အသံပေးတဲ့ အခါတွေလည်း ရှိတယ်။

ဘာပဲပြောပြော
သူဟာ ကျယ်ပြန့်တယ်
နက်ရှိုင်းတယ်
သူ့ရင်ခွင်ကြား အားလုံးကို
ထွေးပိုက်လို့ ထားတယ်။

+ + + + +

သူ့ဆီက နေရောင်တွေ ဖြာကျတဲ့အခါ
ပျော်ကြတဲ့သူတွေ ပျော်ကြတယ်။
စိတ်ဆိုးတဲ့သူတွေ ဆိုးကြတယ်။

သူ့ဆီက နှင်းစက်တွေနဲ့ ဖြန်းပက်လိုက်တဲ့ အခါ
ပျော်ကြတဲ့သူတွေ ပျော်ကြတယ်။
စိတ်ဆိုးတဲ့သူတွေ ဆိုးကြတယ်။

သူ့ဆီက မိုးပွင့်တွေ ခြွေချလိုက်တဲ့အခါ
ပျော်ကြတဲ့သူတွေ ပျော်ကြတယ်။
စိတ်ဆိုးတဲ့သူတွေ ဆိုးကြတယ်။

သူက ကျီစယ်လို့ ကစား
တိမ်ထုတွေနဲ့ နေရောင်ကို ဖုံးအုပ်ထားတဲ့အခါ
ပျော်ကြတဲ့သူတွေ ပျော်ကြတယ်။
စိတ်ဆိုးတဲ့သူတွေ ဆိုးကြတယ်။

သူက စိတ်ဆိုးယောင်ဆောင်
မျက်နှာမည်းကြီးနဲ့
ငေါက်ငမ်းသံတွေ လျှံထွက်သွားတဲ့အခါ
ပျော်ကြတဲ့သူတွေက ပျော်ကြပါသေးတယ်။
စိတ်ဆိုးတဲ့သူတွေ ကလည်း ဆိုးကြပါသေးတယ်။

ဘာပဲပြောပြော
သူ့ရဲ့ ပြာလဲ့လဲ့ နှလုံးသားဟာ
ဘယ်တော့မှ ပြောင်းလဲလို့ မသွားခဲ့ဘူး။

+ + + + +

အချစ်ဆုံးလေးရေ …

ကိုယ်တို့ရဲ့ အချစ်ဇာတ်လမ်းမှာလည်း

နေပူတဲ့အခါ ရှိမယ် …။
နှင်းကျတဲ့အခါ ရှိမယ် …။
မိုးရွာတဲ့အခါ ရှိမယ် …။
မိုးအုံ့တဲ့အခါ ရှိတယ် …။

တိမ်တွေကို
အလှဆုံး အရောင်ခြယ်ထားတဲ့ အခါမျိုးတွေလည်း ရှိမယ် …။
တိမ်တွေကို
အမည်းရောင် ဆိုးလို့ မိုးခြိမ်းသံတွေ ညံနေတဲ့ အခါမျိုးတွေလည်း ရှိမယ် …။

ဒီလို အခါမျိုးတွေမှာ
အပြန်အလှန်
နားလည်မှုတွ ထားလို့
မပြောင်းလဲတဲ့ ပြာလဲ့လဲ့ နှလုံးသားဆီမှာသာ
သက်ဆုံးတိုင် ခိုနားကြရအောင်လားကွယ် …..။

+ + + + +

– အံစာတုံး
(Anniversary အမှတ်တရ ကဗျာ လက်ဆောင်)

11 comments

  • Happy Anniversary! Love you so much forever!

    ကဗျာလေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တန်ဖိုးကြီးပစ္စည်းလက်ဆောင်တွေ မလိုအပ်ပါဘူး။ ကဗျာလေးတစ်ပုဒ် စာလေးတစ်ကြောင်းနဲ့တင် ပြည့်စုံပါတယ် ကိုကို …

    • ဇီဇီခင်ဇော်

      July 22, 2015 at 11:26 am

      မြန်လိုက်တဲ့ အချိန်တွေ။
      ၂ နှစ် ရှိသွားပြီနော်။
      တွဲလက်တွေ မြဲပါစေ။

      :chit:

  • အောင် မိုးသူ

    July 22, 2015 at 11:10 am

    ကဘာကြီးအချစ်လိုတယ် လူတိုင်းအချစ်လိုတယ်
    ချစ်တာ ပြသနာ ဘာမှမရှိ
    အမုန်းသာဒုတ်ခရောက်နိုင်တယ်

  • တောင်ပေါ်သား

    July 22, 2015 at 11:33 am

    လုံမရေ
    သူကမချွဲတတ်ဘူးဆို း)

  • ဦးကျောက်ခဲ

    July 22, 2015 at 11:33 am

    အဟမ်း… အဟမ်း… ပြေလည်ရင် ကျေနပ်တယ်…
    ကွိုင်ရှာ ရန်ဖစ်မယ်ဆို… ဦးယေးနဲ့ ကိုရင်ဆာကို သတိမရပါနဲ့… ခွိ :k:

  • မြစပဲရိုး

    July 22, 2015 at 1:06 pm

    သွားစမ်းပါ မောင်အံ ရယ်။
    အချစ် ဆိုတာ ကို မင်း က “မျက်ဝန်း များ နဲ့ စကား မပြောတတ် ဘဲ” နဲ့ များ။
    လုံမ လေး စိတ် ပြေသွားပြီလား။
    ၂နှစ် ဆိုတာ နဲ တဲ့ အချစ်သက်တမ်း မဟုတ်ဘူး။
    နောက်ထပ် ၂၅ ဆ မက ခိုင်မြဲစေသား။
    နားလည် ခွင့်လွှတ်မှု နဲ့ အပြစ်ကင်းတဲ့ ချစ်ခြင်းများ တည်စေသား။

    . ကျောက်စ် တို့ ဆာ တို့ နောက် အသစ်လေး တစ်စုံလောက်များ ထပ်ပြီး ဝါသနာပါဂီ မလုပ် ချင်တော့ ဘူးလား။ :-)))

    • ဦးကျောက်ခဲ

      July 22, 2015 at 1:17 pm

      ဟီး ဟီး … အရီးက ဂဇက် ဖွဘုတ်ဂရုမှာမရှိလို့ ဒိတ်အောက်တွားဘီ…
      နောက်ထပ်တစ်တွဲက ရန်ကုန်ကိုရောက်တဲ့ မန်းသူမန်းသားလေးတွေပါခီည…
      နှစ်ယောက်ပေါင်းရင် “လသဂျား” လို့ အမည်ရကြောင်းပါ… အား ဟိ :k:

  • Mike

    July 22, 2015 at 2:43 pm

    .ကဗျာလေးကတော့ ကြွေလောက်တယ်မောင်မောင်အံ…ငါတို့တုန်းက မှီငြမ်းတာပဲလုပ်ခဲ့တာ
    .အဲ့လိုရေးတတ်ဖူး…ဘာပြောပြော ဝမ်းသာပါတယ်လေ…မပျယ်လွင့်မယ့်အချစ်တွေနဲ့အတူ အမြန်ဆုံးနီးစပ်နိုင်ကြပါစေ

  • လှပတဲ့မိုးကောင်းကင်ကြီးဖြစ်ဘို့
    ချစ်ခြင်းတရားတွေလိုမယ်
    မေတ္တာတရားတွေလိုမယ်
    အပြန်အလှန်ခွင့်လွှတ်ခြင်းတွေလိုမယ်
    ထိုက်သင့်တဲ့ပိုင်ဆိုင်မူ့တွေလိုမယ်

  • Swal Taw Ywet

    July 27, 2015 at 12:57 am

    ၂ နှစ်ပြည့် အထိမ်းအမှတ် တခုခုလေးများ လုပ်ချင် အဲလေ
    လှူချင်စိတ် မရကြဘူးလား။
    အလှူခံပို့စ်လေးတပုဒ် ရွာထဲတင်ထားခဲ့ရတယ်။
    နီးစပ်ရာ လက်တို့ ပေးကြစေခလို။
    မြန်မြန်ဗျို့။
    နောက်ကားတွေ တန်းစီနေB.
    With respect,
    Swal Taw Ywet.

Leave a Reply