မခ ျို မြိန်သေးသည့် ကလောင်ပီတိ

မစုဥာဏ္August 22, 20151min37827

ရေခဲမှတ်အောက် ရောက်အောင် အေးနေတဲ့ နယူးရောက် ဆောင်းတွင်းတနေ ့မှာ..လမ်းမတွေ ပေါ် ထူထူထဲထဲ ကျနေတဲ့ နှင်းတွေ ကို ဖိနှင်း၊ နှုတ်ကလဲ မြည်တွန်တောက်တီးပြီး Great Neck စာကြည့်တိုက်ကို လာခဲ့တဲ့ ကျွန်မ…. စာကြည့်တိုက်ထဲရောက်တော့ ရှက်မိပါရဲ ့။ လားလား..အသက် ၂ နှစ်ကနေ ၁ဝ နှစ်ကေ ျာ် အထိ ကလေးတွေ ..မောင်မင်းကြီးသားလေးတွေ၊ မယ်မင်းကြီးမလေး တွေက ဒီလောက်အေးတဲ့ ဆောင်းတွင်းမှာ တောင် စာကြည့်တိုက်ကို အရောက်လာပြီး “ကလေးစာကြည့်ခန်း” မှာ အငြိမ့်သား စာထိုင်ဖတ်နေကြလေရဲ ့။

အသက် ၂နှစ်လောက်ကလေးက စာဖတ်နိုင်ပါ ့မလားဆိုပြီး မေးချင်သူတွေ ရှိကြမှာပဲ။

ဟုတ်ကဲ့..စာမဖတ်တတ်တဲ့ ကလေးတွေ ဖတ်လို ့ရတဲ ့စာအုပ် “Picture books” တွေ ကိုထားပေးတဲ့ အတွက် သူတို ့လေးတွေ အရုပ်ကြည့်ပြီး စာဖတ်ကြပါတယ်။ စာကြည့်တိုက်ထဲမှာ လူကြီးတွေ အတွက် သာမက ကလေးစာဖတ်ခန်း၊ကလေးကွန်ပျူတာခန်း၊ ကလေးအိမ်သာ၊ ကလေး စာအုပ်စင်၊ ကလေး ဆော့စရာ အခန်းဆိုပြီး သီးသန် ့ထားပေးပါတယ်။ အသက် ၂နှစ်အရွယ်ကလေးတွေ ကိုင်မယ့် ကွန်ပျူတာထဲမှာ ကလေးသီချင်းတွေ၊ ဒါမှမဟုတ် ပုံပြင်ပြောပြတဲ့ ပရိုကမ်တွေထည့်ထားပေးသလို၊ သူတို ့သုံးမယ့် ကီးဘုတ်ကိုလဲ အရောင်လေးတွေနဲ ့ လုပ်ထားပေးပါတယ်။ ဒါကြောင့် စာမတတ်သော်လည်း ကလေးတွေ ဟာ ကီးဘုတ်ပေါ်က အရောင်လေးတွေ နဲ ့နှိပ်ပြီး ကွန်ပျူတာ ကို သုံးကြပါတယ်။
စာမဖတ်တတ်သေးတဲ့ ကလေးငယ်လေးတွေ အတွက် ပုံကြည့်ပြီး ဖတ်လို ့ရတဲ့ စာအုပ်တွေကို ဒီလို သီးသန် ့ခွဲထားပါတယ်။

library 1Picture Books for kids (photo: by Su Nyan)

ကလေးတွေအတွက် ရောင်စုံကီးဘုတ်ပါ။ (photo: Su Nyan)

Colorful keyboard for kids

ပြီးတော့.. သူတို ့ စာဖတ်တဲ့ စားပွဲတွေနားမှာ ဖတ်ချင်စရာကောင်းအောင် အရုပ်ပုံလေးတွေ ချိတ်ထားပေးပြီး၊ကလေးတွေ အတွက် ဆိတ်ငြိမ်သာယာတဲ့ ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပေးထားတဲ့ အတွက် ဒီနိုင်ငံက ကလေးတွေဟာ စာကြည့်တိုက် ကို ငယ်ငယ်ကတည်းက တွယ်တာကြပါတယ်။

စာကြည့်တိုက်ထဲ ရောက်ပြီဆိုတာနဲ ့ သူတို ့တွေ ဟာ စာကြည့်တိုက် စည်းကမ်းကို လိုက်နာပြီး အသံ မမြည်အောင်၊ ဘေးကလူတွေကို အနှောက်မယှက် မဖြစ်အောင် နေတတ်ကြပါသေးတယ်။ ကလေးတွေဟာ စာကြည့်တိုက်ကို လာပြီး သူငယ်ချင်းအသစ်တွေနဲ ့တွေ ့ကြ၊ အတူတူ စာဖတ်ကြ နဲ ့အင်မတန်မှ ချစ်စရာကောင်းတဲ့ ဓလေ့ လေးပါ။

library 3
အသက် ၂နှစ်ကနေ ၅နှစ်လောက် အထိ ကလေးတွေ သုံးဖို ့ကွန်ပျူတာနဲ ့ခုံလေးတွေပါ

မဆီမဆိုင်…

ရှမ်းပြည်မြောက်ပိုင်း ရွာလေးတစ်ရွာရဲ ့လယ်ကွင်းတွေ ထဲမှာ အရွယ်နဲ ့ မလိုက်အောင် နွားကျောင်းနေရတဲ့ ကလေးတွေ ကို သွားမြင်ယောင်မိတယ်။ ကျွန်မ ကြီးပြင်းခဲ့တဲ့ ရွာကလေးမှာ ကလေးတွေ အတွက် မပြောနဲ ့လူကြီးတွေ ဖတ်ဖို ့စာကြည့်တိုက်တောင် မရှိခဲ့ပါဘူး။ ရွာမှာ ရှိတဲ့ တစ်ဆိုင်တည်းသော စာအုပ် အငှားဆိုင်လေးမှာ ကာတွန်းစာအုပ်တွေ ငှားငှားဖတ်ရင် လူကြီးတွေက ဆူတတ်လို ့ ခိုးခိုးပြီးဖတ်ရတာ ကို သွားပြီး သတိရ မိပါသေးတယ်။

ရွာလေးနဲ ့အနီးပတ်ဝန်းကျင်ရွာ က ကလေးအများစုဟာ..တနေ ့တနေ ့ ဝမ်းစာအတွက် ပင်ပန်းကြီးစွာ ရုန်းကန်ရကြပါတယ်။ တချို ့မိဘတွေ က ကိုယ့်ကလေးတွေ ကို ပညာတတ်ချင်လွန်းလို ့..အခမဲ့ စာသင်ပေးတဲ့ ဘုန်းကြီးကျောင်း မှာ ကလေးတွေ ကို သွားအပ်ပြီး စာသင်စေပေမယ့် စီးပွားရေးအကြပ်တည်းတွေ ကြောင့် ရေရှည်တောင့်မခံနိုင်ကြပါဘူး။

ဒီလိုနဲ ့ပဲ ကလေးတွေဟာ.. ဆင်းရဲလို ့ ပညာသင်ခွင့်မရ၊ ပညာ မတတ် တော့ အသိပညာ ဗဟုသုတပိုင်း မှာ အားနည်းပြီး ..အရွယ်လေးနဲနဲ ရလာတာနဲ ့ အရက်သောက်တတ်၊ ဘိန်းရှူတတ်၊ မိန်းကလေးတွေ ဆိုရင်လဲ စောစောစီးစီးနဲ ့ အိမ်ထောင်ကျ(ဒါမှမဟုတ်) အိမ်နီးချင်းနိုင်ငံတွေ မှာ သွားပြီး အလုပ်လုပ်ကြရင်း ရေတိမ်နစ်ကြ…ဒီလိုနဲ ့ဘဝ ကို စတေးသွားရတဲ့ လူငယ်တွေ ဒုနဲ ့ဒေး။

လက်လှမ်းမီဆုံး လူငယ်တွေ ဖြစ်တဲ့ တူ၊တူမတွေ ကို တောင် စာဖတ်နိုင်အောင်၊ စာဖတ်ချင်စိတ်ဖြစ်လာအောင် မဖန်တီးပေးနိုင်တဲ့အတွက် အပြစ် မကင်းဘူးလို ့ ကျွန်မ ခံစားမိတယ်…

အမေရိကန်ပြည်ထောင်စုမှာ တော့..မိဘတွေ အများစု ဟာ ကလေးတွေ စာဖတ်ချင်လာအောင် နည်းအမျိုးမျိုးနဲ ့ အားပေးကြတာကို မြင်တွေ ့ရပါတယ်။ ဥပမာ..စားသောက်ဆိုင်ထဲ ရောက်လို ့ အစားသောက်တွေ မှာတော့မယ် ဆိုရင်..ကလေးတွေ ကို မီနူးကဒ်ပေါ်မှာ ရေးထားတာတွေ ဖတ်ပြခိုင်းတာမျိုး၊ သတင်းစာ ကို မိသားစုလိုက် အတူဖတ်ကြတာမျိုး၊ သတင်းထဲပါတဲ့ အကြောင်းအရာ တစ်ခုခု ကို ရွေးပြီး အတူ ဆွေးနွေးကြတာမျိုး၊ ညအိပ်ရာဝင်ခါနီးမှာ ပုံပြင်စာအုပ်တွေ နဲ ့ကလေးတွေ ကို အသံထွက်ပြီး စာဖတ်ပြတာမျိုး စသဖြင့် စာပေဘက် ကို စိတ်ဝင်စားမှု ပိုစေဖို ့လမ်းခင်းပေးကြပါတယ်။

အုပ်ချုပ်သူ အစိုးရဘက်ကလည်း ကလေးစာကြည့်တိုက်တွေ ဖွင့်လှစ်ပေးတာမျိုး၊ အထက်တန်းအထိ အခမဲ့ ပညာရေးစနစ် ကို က ျင် ့သုံးပေးတာမ ျိုး စတဲ့ ထောက်ပံ့မှုတွေ နဲ ့ အားပေးကြသလို၊ စာပေလောက ကို ကြည့်ပြန်ရင်လည်း ကလေးဖတ်ဖို ့စာအုပ်မျိုးစုံ ကို တွေ ့နိုင်ပါတယ်။

မြန်မာပြည်တွင်းမှာတော့….

လူကြီးတွေက.. “ငါ့ဘာသာ”…. “ငါ့ပါတီ”… “ငါ့စီးပွားရေး””ငါ့မြေကွက်” ..စသဖြင့် တိုက်ပွဲတွေ ဖြစ်နေဆဲ…..

စာရေးဆရာတွေ ကလည်း.. လူကြီးတွေ ကို ပညာပေးဖို ့ဆုံးမ စာအုပ်တွေ တောင် ရေးလို ့ မဆုံးနိုင်ဖြစ်နေ သေးသမို ့ကလေးတွေ အတွက် စာအုပ် မရေးနိုင်သေးဖြစ်နေဆဲ…

ဒီလိုနဲ ့… လယ်ကွင်းတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ကလေးအလုပ်သမားတွေ မ ျားသထက် မ ျားလာဆဲ…

မီးပွိုင့်တွေနားမှာ ဖိနပ်မပါ ခြေဗလာနဲ ့ပန်းရောင်းနေတဲ့ ကလေးငယ်တွေ တိုးလာနေဆဲ…

စာရေးခြင်း အနုပညာကို တတ်မြောက်တဲ့ စာရေးသူတွေ အနေနဲ ့တိုင်းပြည်ရ  ဲ့ အနာဂတ် ဖြစ်တဲ့ မ ျိုးဆက်သစ် ကလေး ငယ်တွေ အတွက် စာပေတွေ မရေးသားပေးနိုင် သရွေ  ့…”ကလောင်ပီတိ ခ ျို မြိန်၏” လို ့ ပြောဖို ့မသင့်သေးတဲ့ အတွက် ..ကွ ျန်မလဲ ကလောင်တစ် ချောင်းကို ကိုင် ပြ ီး ယောင်တောင်ပေါင်တောင် ဖြစ်နေဆဲ…
flood 3
Photo: facebook (credit to original photographer)

(ကွ ျန်မကို သတိတရ တံခါးလာခေါက်တဲ့ အရီးလတ်အတွက် အသစ်မရေးအားသေးလို ့ မှတ်စုဟောင်းထဲက တစ်ပုဒ်ကို ကမန်းကတန်း ကောက်တင်လိုက်တာပါ။ ရွာသူရွာသားမ ျားအားလုံးကို သတိရကြောင်းပါ)

ခ ျစ်ခင်စွာ

မစုဉာဏ်

 

27 comments

  • kai

    August 22, 2015 at 3:50 am

    ကျုပ်ကတော့.. စာကြည့်တိုက်က.. ကစားကွင်းက… ကျောင်းက.. အမေရိကန်ကလေးတွေတွေ့ရင်… ကြိမ်လုံးအောက်.. .အင်မတန်ငြိမ်တဲ့.. မြန်မာကလေးတွေ.. ပြေးပြေးမြင်မိတော့တာပဲ..
    အိုဘယ့်… ဘက ပညာရေး..။
    နောင်အနှစ် ၂ဝတွင်.. အာဖဂန်နစ်စတန်ဖြစ်လတံ့…။


    =

    • မစုဉာဏ်

      August 24, 2015 at 3:47 am

      မြန်မာပြည်က ခါးသီးတဲ့ အမှန်တရားတွေ ပေါ ့ရှင်
      ကျွန်မတို ့အခမဲ့ ဆေးခန်းဖွင့်ထားပေးတဲ့ ရန်ကုန် အောင်ဇေယျာမင်း အခမဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်း တခုတည်းမှာတောင် ကျောင်းသားပေါင်း ၂၀၀ဝ နီးပါးရှိတယ်။
      အလှူရှင် အရမ်းပါးလို ့ဆန်တွေ မလုံလောက်တဲ့ အခါ ကျောင်းနေ ကျောင်းသားလေးတွေ ကို ကိုရင် ဝတ်ခိုင်းပြီး ဆွမ်းခံခိုင်းရတဲ့ အကြောင်း ဘုန်းဘုန်းက ပြောပြဖူးပါတယ်။
      ကလေးရွယ်ဆိုတော့ သူတို ့ခမျာ မဝတ်ချင်တဲ့ သူတွေ လဲ ရှိရင် ရှိမှာပဲ။ ဗုဒဘာသာကို နက်နက်ရှိုင်းရှိုင်းနားလည်သွားမယ့် ကလေးတွေ ရှိနိုင်သလို ဝမ်းရေးအရ ကိုးကွယ်လိုက်ရတဲ့ ကလေးတွေ လဲ ရှိနိုင်တာပဲ။
      အမေရိကန်ပြည်ထောင်စုမှာလဲ ကျောင်းမှာ ခရစ်ယာန်လို ဆုတောင်းတာတို ့၊ ဘုရားသီချင်းကို အသားပေးသင်ပေးတဲ့ ကျောင်းတွေလဲ ရှိတာပါပဲ။
      ကျမတော့ ဖြစ်နိုင်ရင် ကလေးတွေ ကို သူတို ့ဘာသာ စူးစမ်းလေ့လာပြီး တကယ်သက်ဝင်တဲ့ ဘာသာရေးကို ရွေးချယ်စေချင်ပါတယ်။

  • Ma Ma

    August 22, 2015 at 9:37 am

    အသစ်မရေးနိုင်သေးလို့ အဟောင်းတင်ပေးတာလည်း ဝမ်းသာစရာပါပဲ။ 🙂

    အရောင်လေးတွေနဲ့ ကီးဘုတ်ကြည့်ပြီး သူ့အရွယ်နဲ့သူ အဆင်ပြေအောင် စဉ်းစားပေးခံရတဲ့ နိုင်ငံသားကလေးလေးတွေကို အားကျမိတယ်။

    ဘာသာရေးတစ်ဖက်စွန်းရောက်အောင် ကလေးတွေကို မှားယွင်းစွာဘရိန်းဝပ်လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရင် သဂျီးပြောသလို ဖြစ်သွားမယ်။

    အဲဒီလိုမဟုတ်ပဲ စစ်မှန်တဲ့ ဘာသာအယူဝါဒကို ဖြူစင်စွာယုံကြည်ကြည်ညိုတတ်အောင် သင်ကြားပြသဆုံးမပေးတာမျိုးကိုတော့ ကလေးဘဝကတည်းက သန္ဓေတည်အောင် လုပ်ပေးသင့်ပါတယ်။

    • မစုဉာဏ်

      August 24, 2015 at 3:54 am

      တဘက်စွန်းရောက်တဲ့ ဘာသာရေး ယုံကြည်သူ လူတစ်စုကြောင့် တကမာလုံး စိတ်ဆင်းရဲ ကြတာ မျက်မြင်ပဲမို ့ မမပြောသလို ဖြူစင်စွာယုံကြည်တတ်အောင် သင်ကြားပြသဖို ့(အထူးသဖြင့် နုနယ်သူ ကလေးတွေ အတွက်) သိပ်အရေးကြီးတယ်လို ့ယုံကြည်မိပါတယ်။

  • အောင် မိုးသူ

    August 22, 2015 at 10:05 am

    ပြောရရင် ကိုယ်တွေငယ်ငယ်တုန်းက ဖြစ်ချင်တဲ့အရာတွေပါ။ အခုခေတ်ကလေးတွေကတော့ ရာခိုင်အနည်းငယ်သာ ခံစားခွင့်ရကြပါတယ်။ လူချမ်းသာတွေအချို့ပေါ့။

    • မစုဉာဏ်

      August 24, 2015 at 3:50 am

      အမေရိကန်ပြည်ထောင်စုလို တိုးတက်တဲ့ နိုင်ငံကြီးတွေမှာတော့ မူလတန်း ကနေ အထက်တန်းအထိ အခမဲ့ ပညာသင်ကြားရေးစနစ်ကို ကျင့်သုံးတဲ့ အတွက်ရော၊ စာကြည့်တိုက်တွေ မှာ အခမဲ့ စာအုပ်ငှားခွင့် ကွန်ပျူတာသုံးခွင့်တွေ ပေးထားတော့ ဆင်းရဲတဲ့ ကလေးတွေလဲ သုံးနိုင်ကြတာမို ့ကျမတော့ အုပ်ချုပ်သူ အစိုးရနဲ ့ပဲ ပိုသက်ဆိုင်တယ် ထင်တာပါပဲ။

  • ဟိုးအရင်ခေတ်တွေက တည်းက ကလေးဆိုတာ ကျောင်းစာဘဲ ဖတ်ရမယ်လို့ လူကြီးတွေက တရားသေသတ်မှတ်ခဲ့ပါတယ်။
    ဆရာကြီး မင်းသုဝဏ် က မောင်ခွေးဘို့ကဗျာများနဲ့ ကလေးတွေအတွက်တာဝန်ကျေခဲ့သလို
    ကာတွန်းဦအောင်ရှိန်ကလည်း ကလေးများအကြိုက် ကာတွန်းတွေဖန်တီးပေးခဲ့ဘူးပါတယ်။

    ကလေးဂျာနယ်
    ရွှေသွေး
    တေဇ
    မိုးသောက်ပန်း ဆိုတာတွေနဲ့ ကလေးတွေအတွက် ဖန်တီးပေးခဲ့ကြဘူးပါတယ်.

    အခုချိန်မှာ ဘာလုပ်လုပ် စီးပွုားရေးဈေးကွက်နဲ့ ဘဲ တွက်လုပ်ကြတော့
    ထုတ်ဝေသူအပိုင်းကလည်းရောင်းကောင်းမယ့် စာအုပ်လောက်သာထုတ်တော့
    ကလေးစာပေ နေရာပျောက်သွားပါတယ်။

    အခုနောက်ပိုင်းမှာတော့ ကလေးတွေကို “ဓမ္မစကူး ” ကိုပို့ပေးတာတွေ့ရပါတယ်.။
    (ကျနော်အမြင်ကတော့ ဒီ ဓမ္မစကူး ဆိုတဲ့ စကားလုံး ကို မနှစ်သက်ပါဘူး။
    သူများဘာသာက ဆန်းဒေးစကူး ကို အတုယူပြီး ပြီး ပေးထားတယ်လို့ ထင်မိပါတယ်။
    မြန်မာ စာလုံး တစ်လုံးမှ မပါ ။
    ဒီလောက်ဝေါဟာရ ကြွယ်တဲ့ မြန်မာဘာသာမှာသူများစာလုံးတွေဘဲဖြစ်နေလို့ ဖတ်ရတာထောင့်တောင့်တောင်)

    လမ်းပေါ်မှာလျောက်ပြီး သွားချင်ရာ သွားနေမနေကြဘဲ
    ကလေးတွေကို စုပေးနိုင်တဲ့ “တရားကျောင်း”လေးမှာကလေးတွေ တစုတဝေးရှိနေခဲ့ရင်
    သူတို့ လေးတွေ သိဘို့ လိုအပ်တဲ့
    ဘာသာရေး
    လူမူ့ရေး
    နိုင်ငံတကာအရေး
    ခေတ်မှနည်းပညာတွေကို သင်ပေးခွင့်ရနိုင်မယ်ထင်ပါတယ်။
    စူးစမ်းလေ့လာတတ်အောင်လမ်းဖွင့်ပေးနိုင်ပါတယ်

    ကလေးတွေကို မစုနိုင်ဘဲနဲ့တော့ ဘာမှ သင်ပေးလို့ရမှာမဟုတ်။

    • မစုဉာဏ်

      August 24, 2015 at 4:06 am

      ကိုပေါက်ပြောသလိုပဲ မြန်မာပြည်က ကလေးတွေ တော်တော်များများက ဝမ်းရေးကို ဦးစားပေးနေရတာမို ့စူးစမ်းလေ့လာဖို့ ဘက်ကို အချိန်မပေးနို်င်ကြဘူး။ နယူးယောက်ကနေ လူငယ်တစ်ဖွဲ ့က Mobile classroom ဆိုပြီး ရန်ကုန်မှာရှုှိတဲ့ လက်ဖက်ရည်ဆိုင်တို ့စားသောက်ဆိုင်တို ့မှာ လုပ်နေတဲ့ ကလေးတွေ အတွက် စာလိုက်သင်ပေးနေတာ၊ ဒီ ၂ နှစ်ကျော်အတွင်း ကေုျာင်းသားဥိးရေလဲ တိုးလာလို ့သူတို ့တွေ ကားတောင် ထပ်တိုးချဲ ့ကြရတာကို ကြည့်ချင်းအားဖြင့် ကလေးတွေ မှာ သင်ကြားချင်စိတ်ရှိကြတယ်လို ့ပြောနိုင်ပါတယ်။ တကယ်ဆို တနေကုန် အလုပ်ပင်ပန်းထားလို ့သူတို ့တွေ နားနေနိုင်တာပဲ၊ ဘယ်သူမှ လဲ အတင်း ကြပ် မသင်ခိုင်းပဲနဲ ့သူတို ့ကိုယ်တိုင် လိုလိုလားလား လာသင်ကြတယ်ဆိုပဲ။

  • aye.kk

    August 22, 2015 at 3:47 pm

    မစုဉာဏ်ရဲ့ချိုမြိန်တဲ့စာ
    ဖတ်ရလို့ဝမ်းသာပီတိဖြစ်ရပါတယ်။
    ဗမာပြည်မှာပွင့်တဲ့ပန်းတိုင်းလန်းစေချမိပါတယ်။
    ကိုပေါက်ရဲ ့comment လည်းဖတ်ပြီး
    အားနည်းချက်တွေကနေရာတိုင်းမှာရှိနေဆဲဆိုတာ
    ခံစားမိပါတယ်။။

    • မစုဉာဏ်

      August 24, 2015 at 11:58 am

      @ aye.kk
      အချိန်ပေးဖတ်တဲ့ အတွက်ရော ကွန်မန် ့ရေးပေးအတွက် ကျေးဇူးတင်ပါတယ်

  • မြစပဲရိုး

    August 22, 2015 at 4:34 pm

    မအားတဲ့ ကြားက တင်ပေးတဲ့ ပို့စ်လေး အတွက် တကယ်ဘဲ ကျေးဇူးတင်ပါတယ် မစုဉာဏ်။

    အဲဒီကနေ တွေးစရာတွေ အများကြီး ဖြစ်ခဲ့ပါတယ်။
    လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် နောက် က မကောင်းတဲ့ လူ တစ်ချို့ ကို ဆွဲထုတ် အပြစ် တင် နေမိ တာ ကိုယ်တိုင် အပါအဝင် လို့ ဝန်ခံပါတယ်။

    ဒါပေမဲ့ အတွင်း ကို အသေအချာ နှိုက်ဝင်ကြည့် ရင် နိုင်ငံတကာ အဆင့်မှီ ပညာရှင် တွေ အများကြီး ဒေါ်အောင်ဆန်းစုကြည် နားမှာ ဝိုင်းရံ နေတာပါ။
    ဥပမာ – တစ်နိုင်ငံလုံး အတွက် ထိရောက်တဲ့ စာကြည့်တိုက် တွေ ဖြစ်ဖို့ နိုင်ငံတကာ အဆင့် public libraries အတွက် အကြံပြု နိုင်သူ တွေ အနီးကပ် ရှိနေတယ်။
    သူတို့ နာမည်ကိုလဲ ပြောရင်သိကြမှာပါ။
    ဒါပေမဲ့ လုပ်ပိုင်ခွင့် အာဏာ မရှိဘဲ နိုင်ငံအဝှမ်း လုပ်လို့ မရ တာမို့ သူ့နေရာ ကွက်ကွက်လေးဘဲ လုပ်ပေးနေခွင့်ရတာ သူလဲ စိတ်မကောင်းစရာပါ။

    ဒါမျိုး ပညာရှင်တွေ အကြောင်း ကို မသိကြတာလား။ မသိဟန်ဆောင်နေလား။
    သေချာတာ က အဲဒီလို လူ တွေ က သူတို့ လုပ်နေတာ တွေ ကို အသံကောင်းဟစ်မပြဘူး။
    နေရာမလုဘူး။

    အခုတော့ လူတစ်ချို့က သူတို့ ရဲ့ overall မကြည့်တတ် တဲ့ အရည်အချင်း နဲ့ ကိုယ့် မှီရာ ကွက်ကွက် လေး ကို ဘဲ ကြည့်ပြီး အသင်းလိုက် ကို ဝါးလုံးရှည်ရမ်းပြီး ဝေဖန်ရေး လုပ်လာ နေကြတာ ကိုတော့ မကြိုက်ဘူး။

    ဒီအချိန်မှာ စာသင်ခွင့်မရ တဲ့ အပြင် ထမင်းတောင် ဝဝ မစားရတဲ့၊ အရွယ်နဲ့ မလိုက် လမ်းကြမ်းလျှောက်နေရတဲ့ ကလေး တွေ အားလုံး အတွက် ကိုယ့်အတ္တတွေ အားလုံး ကို နောက်ချန်ပြီး တစ်သားထဲ စုစည်း နေရတော့ မဲ့ အချိန်ဖြစ်နေပြီ။
    ဝေဖန်ချင်ရင် အားမွေးထားကြပါ။
    ကိုယ့်ကိုယ်ကို ရဲ့ စိတ်ဓာတ်ရေးရာ က အစ ပညာရပ်ပိုင်း အမြင်ကျယ်နိုင်ဖို့ အထိ အဆင့်မြင့်အောင် မြှင့်ထားကြပါ။
    ဒါမှ သူများ နဲ့ ယှဉ်ရင် နောက်မကျန်တဲ့ အမြင် နဲ့ ဝေဖန်ပိုင်းခြား မှု လုပ်နိုင်မှာမို့ပါ။

    အသင်းတစ်သင်း မှာ လူကောင်း တွေ ရှိနေလဲ ထိပ်တန်းမှာ စီး နေတဲ့ ခေါင်းဆောင်ကြီး က သုံးမရအောင် ညံ့ ပြီး စိတ်ဓာတ် မကောင်း ရင် အဲဒီ အသင်း ကို အားကိုး လို့ မရတာ လက်တွေ့ဘဲ။
    အသင်းတစ်သင်း မှာ လူဆိုး တွေ ရှိနေလဲ ထိပ်တန်းမှာ စီး နေတဲ့ ခေါင်းဆောင်ကြီး က အရမ်းကို တော်ပြီး စိတ်ဓာတ်ကောင်း ရင် အဲဒီ အသင်း ကို အားကိုး လို့ရမှာ အသေချာပါဘဲ။
    မှားတဲ့ လောဂျစ် ဆိုလဲ အမှားပေါ့။

    ဒါပေမဲ့
    ဒီကလေး တွေ ရဲ့ အနာဂါတ်လှပနိုင်ရေး ကို မျှော်တွေး ပြီး ဒေါ်အောင်ဆန်းစုကြည် ကို သာ ပံ့ပိုးကြပါ။
    သူ့စကား ကို သာ အခုချိန်မှာ နားထောင်ကြပါ။
    မှတပါး အခြားမရှိ။

    (ပို့စ် အကြောင်း က ချော်သွားရင် စောဒီးပါ မစုဉာဏ် ရေ)

    BTW.
    ဓာတ်ပုံထဲ က ကလေးလေး ကို “ကျောင်းနေလား” လို့ မေးမိလိုက်လို့ ငိုသွားတာလို့ ပြောတာဘဲ။
    (အင်တာနက် ပုံပြင်မို့ မှန်မမှန်တော့ မသိ)
    အဲဒီလို ကျောင်းမနေနိုင်တဲ့ ကလေး တွေ အတွက် အရီး လဲ trauma ရှိခဲ့ဘူးတယ်။
    ဒါနဲ့ ရွာထဲမှာ ဒီ စကား တွေ ပြောနေ၊ ရေးနေတာပါ မစုဉာဏ်ရေ။

    တို့တွေ ရဲ့ ကလောင် တွေ တစ်နေ့တော့ ချိုမြိန်လာမယ်လို့ အိမ်မက် ထားတာပါဘဲ။
    မဖြစ်နိုင်တဲ့ အိမ်မက်လား၊ ဖြစ်လာမဲ့ အိမ်မက်လား အခုချိန်ထိ ဇဝေဇဝါဖြစ်နေတုန်းဘဲ။

    • မစုဉာဏ်

      August 24, 2015 at 3:41 am

      အရီးပြောတာ ထောက်ခံပါတယ်။
      အခုတလော NLD အမတ်လောင်း အရွေးမခံရတာတွေ ကို မကျေနပ်ကြလို ့ဒေါ်စုကို ဝိုင်းပြီး ဝေဖန်ကြတာ၊ တိုက်ခိုက်ကြတာတွေ
      အများ ကြိးတွေ ့နေရတယ်။ ဝေဖန်သူတွေက သူတို ့ရဲ ့သဘောထားကို လွတ်လွတ်လပ်လပ်ပြောဆိုဝေဖန်ခွင့် ရှိကြသမို ့ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေဆိုတာလဲ လူထဲက လူတွေ မို ့မှားကြ၊ အားနည်းကြတာတွေ ရှိမှာ အသေချာပါ။

      ဒီအချိန်မှာ ဒေါ်စုထက်ပိုကောင်းတဲ့ ခေါင်းဆောင် ၊ မြန်မာ ပြည် အပေါ်စေတနာထားတဲ့ ခေါင်းဆောင် ၊ နိုင်ငံတကာ ထောက်ခံမှုရတဲ့ ခေါင်းဆောင် မရှိသေးတဲ့ အတွက် သူ ့မှာ တကယ် အားနည်းနေရင်တောင် ဝန်းရံရမယ့် အချိန်လို ့မြင်ပါတယ်။
      မဟုတ်ရင် ဘက်ပေါင်းစုံနိမ့်ကျနေတဲ့ မြန်မာနိုင်ငံရဲ ့ အခြေအနေက ဒီထက်ပိုဆိုးဖို ့ပဲရှိတော့တာ။
      ကျမတော့ ကလေးတွေ တော်တော်များများ ပညာသင်ခွင့်မရတာ တခုတည်းနဲ ့တင် ဒီအစိုးရကို နောက်ထပ် အုပ်ချုပ်ဖို ့အခွင့် အရေးမပေးသင့်တော့ဘူးလို ့ထင်တာပဲ

  • ဇီဇီခင်ဇော်

    August 23, 2015 at 11:11 am

    စဉ်းစားကြည့်ရင် အဲဒီ တုံးလုံးဖြစ်နေတဲ့ ဂျန်နရေးရှင်းလက်ကို မြန်မာနိုင်ငံက ဆက်ပြီးရောက်မှာ။
    ဒီ အချိန်မှာ ပညာရေးမမြှင့်နိုင်ရင် မြန်မာနိုင်ငံက သွားပြီ။
    ခုကို လူငယ်တွေ စာမဖတ်ဘူးး
    စာရေးသူဆိုလိုရင်းတွေကို နားမလည်ပဲ အရင် ဆဲ ကုန်ပြီ။
    အယုံလွယ်နေကြပြီ။

    ကဘာမပျက်ခင် မြန်မာနိုင်ငံ ဆို တာ အရင် ပျောက်နိုင်တယ်။

    😥

    • မစုဉာဏ်

      August 24, 2015 at 4:00 am

      ဟုတ်ပါ့ရှင်။ စာရဲ ့ ဖွင့်ဆိုချက်ကို နားမလည်ပဲ အလွတ်ကျက်နည်းနဲ ့မှတ်နေရတဲ့ နိုင်ငံဆိုတော့ … ရှမ်းပြည်က တူမ တယောက်ကဆို မိဖုရားဖွားစောကျောက်စာထဲက ” အဆင်းလှသော အသံသာသော” စတဲ့ ဆုတောင်းထဲက အဆင်းလှသော ကို “လှလှလေး ဆင်းတယ်” လို ့နားလည်သတဲ့။ ရင်လေးစရာပါ။

  • kai

    August 23, 2015 at 12:24 pm

    https://www.facebook.com/ayeayesoentp/posts/1629241650676949?fref=nf&pnref=story
    Aye Aye Soe

    ( ၁)

    ” အန်တီ အိုဗာတင်း ၂ဗူး ပေးပါ ”
    စက္ကူဗူးကြီး ထင်၍ ပေးလိုက်သည်

    ” မဟုတ်ဘူး ပုလင်းပြောတာ ”
    နှစ်ခေါက်လျှောက်လိုက်ရ၍ စိတ်အချဉ်ပေါက်ပြီး
    ” ဟဲ့ ဒါ ပုလင်းလို့ခေါ်တယ် ဗူး မဟုတ်ဘူး ”

    ပြောတဲ့သူက ဆယ်တန်းအောင်

    ( ၂)

    ” အန်တီ သမီးကို အချိုရည် ၂ပုလင်း ”
    Max ၂ပုလင်း ထုတ်ပေးလိုက်သည်
    ” အာ မဟုတ်ဘူးလေ အန်တီရဲ့ ကော်ဗူးပြောတာ”
    ” ဟဲ့ ဒါကို ဗူးလို့ခေါ်တယ် သမီးက ပုလင်းလို့ပြောတာကိုး ဟဲ့ ”

    ပြောတဲ့သူက ဆယ်တန်း

    ( ၃)

    ” အန်တီ သမီးကို ပစ်တိုင်းထောင် အကြောပြေဆေး ပေးပါ”
    ထုတ်ပေးလိုက်သည်
    အသာကိုင်ကြည့်ပြီး
    ” ဟင် ဗမာဆေးကြီး သမီးဝယ်တာ အင်္ဂလိပ်ဆေးပါ ”
    ” ဟဲ့ ပစ်တိုင်းထောင် အကြောပြေဆေး ဆိုမှတော့ အင်္ဂလိပ်ဆေး ဖြစ်ပါ့မလား ဟဲ့ စဉ်းစားကြည့်ပါဦး ”
    ” မသိဘူးလေ အမေက ဝယ်ခိုင်းလိုက်တာ သမီးက အင်္ဂလိပ်ဆေး ထင်နေတာ ”

    ကြည့်လိုက်တော့ ဆယ်တန်း နှစ်ခါကျ

    ( ၄)

    ” အန်တီ မြေပဲ မရွေး မရှိဘူးလား ”
    ” မရှိဘူး ”
    ” ရှိပါတယ် ဟိုနေ့က သမီးဒီနားက ယူသွားတာလေ ”
    ” အော် ရွှေပင်ငွေပင် လား ”
    ” ဟုတ်တယ် ဟုတ်တယ် ”
    ” ဟဲ့ အဲဒါ မြေပဲကွတ်ကီးလေ မြေပဲမရွေး မဟုတ်ဘူး စာလည်း ဖတ်ကြည့်ပါဦး သမီးရယ် ”
    ” အို သမီးက ဒါတွေ ဝါသနာမပါဘူး မဖတ်ချင်ဘူး ”

    ကြည့်လိုက်တော့ ဆယ်တန်း နှစ်ခါကျ
    ဟင်း ဂမ်းမ ကျတာတောင် နည်းသေး

    ( ၅)

    ” အန်တီ ဘောပင် တစ်ဒါဇင်တဲ့ အဲဒါ သမီးဘယ်လောက်ပေးရမှာလဲ ”
    ” သမီး ဘယ်နှစ်တန်ထိ နေခဲ့လဲ ”
    ” ခုနှစ်တန်း ”

    ကဲ ကွာ
    ( ကျမဆိုင်က အလုပ်သမား တွေ တစ်ဒါဇင်မှာ ဘယ်လောက်ရှိမှန်း ဝင်လာသူတိုင်း မသိပါ ၈ တန်းသမားတောင် မသိကြပါ)

    ( ၆)
    ” မမ တစ်ထုတ်ပေးပါ”
    လာဝယ်တိုင်း မမ
    စိတ်ထဲက ကလိကလိ ထိန်းမရတော့
    ” ဆရာမ မာမားလေ မမ မဟုတ်ဘူး ပေါင်းရေးထားတာာလေ ခွဲရေးတာမှ မဟုတ်တာ ”
    ” မသိဘူးအေ ကျုပ်က မမပဲခေါ်တာ”
    ” ဆရာမ ကျောင်းမှာ ဘာသသင်တာလဲ”
    ” ရ တန်းသချင်္ာ ”
    အောင်းမလေး တော်ပါသေးရဲ့

    ( ၇))

    ” ငါ့ကို ကေဟီး တစ်ထုတ်လောက် ”
    ဟမ်
    ” ပိုးတီ မုန့်လေး လေ ”
    ” အော် K .Hi ”
    ” ဆရာမ ကျောင်းမှာ ဘာသင်လဲ”
    ” ဆယ်တန်း အင်္ဂလိပ် ”
    တိန်

    ( ၈)

    ” သမီးကို ဆန်းဌေး ( သူက အာာ့လိုပဲခေါ်သည်) အနီ တစ်ထုတ်”
    ” ကော်ဖီလာား လ႓က်ရည်လား”
    ” မသိဘူး အဖေသောက်တာ ”
    ” ဟဲ့ ဆယ်တန်းရောက်နေပြီ ကော်ဖီလား လ႓က်ရည်လာား ဖတ်တတ်ရမှာပေါ့ အမှုမဲ့ မနေနဲ့ ဖတ်”

    လာဝယ်သည့်ကလေးမှမဟုတ် ကလေးတိုင်းနီးပါး လူကြီးတွေလည်း ပါ

    ( ၉)

    ” အမ ကျမကို Max အဝါရောင် တစ်ဗူး ”
    ” ဆရာမ Max က အဝါ မထွက်ဘူးလေ ”
    ” လိမ္မော်ရည်ကို ပြောတာပါ”
    ငင့် ဆရာမရယ်
    လိမ္မော်ရည်ဆိုမှ လိမ္မော်ရောင်ပေါ့ ဆရာမရဲ့

    သူကား ဘွဲ့ပူပူေနွေးနွေး ရ မူပြဆရာမ

    ( ၁ဝ )

    ” မကြီး သမီးကို premier တစ်ထုပ်”
    ” ဟုုတ်ပါပြီ သူူကများတယ်
    ် 3 in 1လား
    2+1 လားး
    espresso လား ”
    ” မသိဘူူး အနီထုပ်ကလေး ”
    ” အော 3 in 1″

    ကြည့်လိုက်တော့ ဆြာမ
    လေ့လာစူးစမ်းမှု
    ကိုယ်သောက်သည့် ကော်ဖီလေးတောင် ကိုယ် မသိ”

    ( ၁၁)

    ” ငါ့ကို တစ်ထောင်တန် တစ်ကတ်”
    ” ဘာကတ်လဲ ”
    ” ဟဲ့ နင်ပဲ အမြဲထည့်ပေးနေတာ နင်မမှတ်ထားဘူး လား”
    ” ဟာ ကျမမှာ အမလိုလူတွေ တစ်ပုံကြီး ဘယ်မှတ်မိနိူင်ပါ့မလဲ
    အမတောင် အမဖုန်းနံပါတ် ဘာလဲ မသိမှတော့ ”
    ” အာ့ဆို ပြော ဘာရောင်လေးလည်း ”
    ” ပန်ကာပုံလေးနဲ့ အဝါရောင်”
    ” ပန်ကာဆို အပြာပါ အမရယ် တယ်လီနောပါ ”
    ” အေး ဟုတ်တယ် ဟုတ်တယ် အဲဒါ”

    ကြည့်လိုက်တော့ ဟင်း
    အာ့မို့ ချစ်အစိုးရ လက်ထက် ပညာသင်လာခဲ့တဲ့
    လူတွေနဲ့ စကာပြောရတာ အဆင်ကို မပြေဘူး
    ကျမက အောက်စဖို့ဒ် ဆင်း
    grin emoticon

    * တစ်ကယ့်အဖြစ်အပျက်တွေပါ
    အများကြီး ရေးစရာ ကျန်ပါသေးသည်
    စူးစမ်းဆင်ခြင်မှု လေ့လာသင်ယူလိုမှု အပိုင်းတွေပါ အားနည်း
    ကျမလည်း အင်္ဂလိပ်စာ အသံထွက်မမှန်ပါ
    လေယူလေသိမ်း မရပါ
    ဆရာကို စော်ကားစကား မပြောလိုပါ
    တစ်ကယ့်အရည်အချင်းပြည့်ဝသော ဆရာ ဆရာမများကို
    ရွေးချယ်စီစစ်၍
    လစာကောင်းကောင်းပေး ခန့်ထားသင့်သည်။
    ဘာသာာရပ်ကျွမ်းကျင်မှု မရှိသူ ကို သင်ခိုင်းနေကြမှတော့
    ဒီကလေးတွေ…

    • kai

      August 23, 2015 at 3:30 pm

      လေးအောက်သမား.. ဓာတ်ပုံသမား.. ဗီဒီယိုအက်ဒီတာတွေ.. ရောင်စုံကီးဘုတ်တွေသုံးပါတယ်ဗျ..
      ကျုပ်တောင်အရင်က.. သုံးဖူးသေး..။
      ရောင်စုံကီးဘုတ်.. ရောင်စုံကီးဘုတ်.. တခု ၂၀..။ တခုနှစ်ဆယ်..။
      ကြိုက်တဲ့အရောင်ရွေးပ့ါ..။

        • မစုဉာဏ်

          August 24, 2015 at 3:34 am

          သူကြီးက ရွာသူရွာသားများအား ရောင်စုံကီးဘုတ် ကို တစ်အိမ်တစ်လုံးစီ လက်ဆောင်ပေးမယ်လို ့ ကြားသိရကြောင်း း)

        • kai

          August 24, 2015 at 10:56 am

          ဟုတ်ပါ့..
          ကဲ.. ဒေါင်းလုပ်လုပ်ပြီး.. ယူကြစေဗျား..
          (မှတ်ချက်။ ။တယောက်.. တအိမ်ထောင်.တခုသာ..)

  • ဦးကြောင်ကြီး

    August 24, 2015 at 11:38 am

    .. မဆူညံ တပ်ကူသံ လာဘ်ဖူလှ ျံ ငှက်ဖြူ ပ ျံ

    • မစုဉာဏ်

      August 24, 2015 at 12:03 pm

      လာဘ်ဖူလှ ျံ ဆိုတော့ နောက် ထပ် စာပေဆု တစ်ခု (ရွာက မပေးရင်တောင် ဦးကြောင် ကြီးဆီက) ထပ်ရ မယ့် နိမိတ်လို ့ယူဆပါကြောင်း

  • Mike

    August 24, 2015 at 11:51 am

    .အော်..မစုဉာဏ်ပြန်ပေါ်လာလို့ ဝမ်းသာပါ၏…
    .စကားအတင်းစပ်…က ျုပ်ဆီမှာ မစုဉာဏ်ရထားတဲ့ .မန်းဂဇက်ချစ်သူများစာပေဆုလေးတောင်သောင်တင်နေသဗျာ
    .ဘယ်ကိုပေးရမှန်းမသိ…ရန်ကုန်ပြန်ရောက်ရင်ဆက်သွယ်ပါ
    .ဒါမှမဟုတ် ရန်ကုန်မှာအမျိုးတွေရှိနေရင် က ျနော့ကိုဆက်သွယ်ပြီးယူခိုင်းလို့ရပါတယ်
    .သောင်းစိန် ဝ၉၇၃၁၁၇၉၂၃ ပါဗျ :))

    • မစုဉာဏ်

      August 24, 2015 at 12:01 pm

      ကိုသောင်းစိန်..
      ဆုကို သိမ်းထားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့်
      စာပေဆုဆိုတာ တစ်ခါမှ မရခဲ့ဖူးလို ့ကွ ျန်မ အတွက် အင်မတန်မှ အဖိုးတန်တဲ့ ဆုလေးပါ။
      ကျွန်မ သူငယ်ချင်းကို ယူခိုင်းလိုက်ပါမယ်။

      • Mike

        August 24, 2015 at 1:07 pm

        .အိုကေပါ မစုဉာဏ်ရေ :))

    • ဦးကြောင်ကြီး

      August 24, 2015 at 12:07 pm

      အနော ်လိုခြင်တဲ့ဆု ပါပါမိုက်ဆီမှာ ရှိလယ်.. အဲလာ …. ပေးမား

  • Shwe Ei

    August 24, 2015 at 1:04 pm

    -သဂျီးတစ်ယောက်လဲ ဘက ပညာရေး ဆိုတိုင်း
    -ဘုန်းကြီး ကြိမ်လုံးကိုင်တာဘဲ ပြေးမြင်နေတော့တာဘဲ
    -စာသင်ဖို့ ဆရာ ဆရာမ တွေကို လခပေးပြီး ငှားရပါတယ်ဆိုမှ
    -သင်တာကလဲ အစိုးရစစ်စာမေးပွဲဝင်ဖြေလို့ရအောင်…အစိုးရက ထုတ်ထားတဲ့
    -သင်ရိုးညွှန်းတမ်းကိုဘဲ ကျောင်းချိန်အတိုင်းသင်ရတာဘာဘဲ
    -ယဉ်ကျေးလိမ္မာ သင်တန်းလို ဟာမျိူးးက ပိတ်ရက်မှာ လာတက်သူရှိမှ
    -သင်နိုင်တာ..ဒါတောင် ကျောင်းစာမပြီးရင် အချိန်ပို ခေါ်ရတာမျိုးးရှိသေးတယ်
    -အစိုးရကျောင်းက ဆရာ ဆရာမ အများစုက ကျူရှင်တက်မှ စာသင်ပေးချင်တာမျိုးး
    -ကျောင်းမှာ သင်ရိုးညွှန်းတန်းပြတ်အောင် အချိန်ပြည့်စာသင်တဲ့ ဆရာ ဆိုတာ လက်ချိုးရေလို့ရတယ်
    -စနစ်ကြောင့် မဟုတ်ဖူး သဂျီးရေ …
    -လူဒေကျောင့် လူဒေကျောင့် ဘုန်းကြီးတွေစာသင်ကျောင်းဖွင့်နေရတာ… 😛

Leave a Reply