မြန်မာတို့ရဲ့ မြန်မာ

 

နောက်ဆုံး post တင်ပြီး ၁ နှစ်နဲ့ ရ လ အကြာမှာ သရဲဝင်ခြောက်လိုက်ပါဦးမယ်..

ပထမတော့ fb မှာပဲတင်နေတာပါ.. မမခင်ဂျော်ရဲ့ တောင်းဆိုချက်ကို မလွန်ဆန် နိုင်တဲ့ အလျောက် ရွာသားတွေ သားရေ ယိုစေဖို့

မြန်မာတို့ရဲ့ မြန်မာ ဘီယာတော့ မဟုတ်ပါဘူး မြန်မာစားစရာလေးတွေကို အသိတစ်ယောက် ရိုက်ခိုင်းလို့ ရိုက်ပေးထားတာပါ..

 

 

ကဲဗျာ ခင်ဗျားတို့ကို စကြွေးချင်တာကတော့ ပန်းစွယ်တော်က မြန်မာဟင်း set ပါပဲ.. ကြက်သားဆီပြန်၊ ခရမ်းချဉ်သီးသုတ်၊ ငပိချက် တို့ စရာနဲ့ ဘာရွက်ကြော်လဲတော့မသိဘူး

စားဗျာအားတော့မနာကြနဲ့ ကျတော်က အားရပါးရစားမှ ကြိုက်တာဗျ

20150720_foods_NOK_0871

 

20150720_foods_NOK_1032

အအီပြေသရက်သီးသုတ်လေးလဲ မမေ့နဲ့ဦးနော

20150728_foods_NOK_3184

ဝါတွင်းကာလ ကြက်ရှောင်ထားတဲ့ ကိုယ်တော်တွေ အတွက်ကတော့ ပုစွန်ဆီပြန်ပေါ့ဗျာ


20150720_foods_NOK_0962

 

ကဲ အီနေမှာ ဆိုးလို့ ခရမ်းချဉ်သီးသူတ်လေးလဲ မြည်းလိုက်ပါဦးဗျို့


20150720_snacks_NOK_0942

ဒီအတိုင်းစားလို့ ဘယ်ဝင်မလဲ အတို့အမြှပ်လေးလဲ ပါ

20150728_foods_NOK_3124

ကဲ ဒါကတော့ များများစားဖို့လိုတယ်ဗျို့

20150728_foods_NOK_3155

 

အော် ပန်းစွယ်တော်မှာ မစားချင်တဲ့ သူတွေ ပါတယ် . ဟုတ်ကဲ့ဗျာ အာ့ဆိုလဲ ခရေပင်လမ်းက ပဒုမ္မာ မှာ လိုက်ကြွေးပါမယ်

ဒါကတော့ ဝက်အာလူးပါဗျ

20150722_snacks_NOK_1392

 

 

ဝက်သားအီနေမယ်ဆိုတာ သိလို့ ကုလားဟင်းလေးနဲ့ စားဗျ
20150722_snacks_NOK_1424

ကဲ ပန်းစွယ်တော်မှာ လို ပုစွန်လေးတွေ တော့မဟုတ်ဘူး ပုစွန်တုတ်ကွေးဗျ.. ဥကျောက်တို့ အကြိုက်ပေါ့ဗျာ
20150722_snacks_NOK_1473

ပုစွန်တုတ်ကွေးစားလို့အီတယ်ဆိုရင်လည်း ခရမ်းသီး မီးဖုတ်နဲ့ စားဗျာ. ဖုတ်တာလေးဆိုတော့ တော်တော်မွှေ့းသဗျို့.. ကမတ်တို့ မာဂ တို့ အကြိုက်ပေါ့

20150722_snacks_NOK_1493

ကဲ ဝက်သားမစား ပုစွန်မကြိုက် အဆီရှောင်ချင်တဲ့ အန်တီ ဘုံမာတို့၊ အန်တီမမ တို့ ၊ အန်တီ မွသဲတို့ လို ခန္တကိုယ် သွယ်လျှအောင် ထိမ်း သိမ်း နေတယ်ဆိုရင်တော့ ဒါကတော့ ကြာက် ဗူးသီး ကာလသားချက် ဆို ဘယ်လိုနေမလဲဗျ

20150722_snacks_NOK_1495

ကျနော်ကတော့ဆိုင်တွေမှာ မစားချင်တော့ဘူး အာ့ကြောင့် အိမ်မှာ ပဲ ပြန်စားတော့ မဗျို့ ဒါပေမယ့်  ကျနော့်အကြိုက် ဝက်ပုန်းရည် ဟင်း နှစ်ခွက်ကိုတော့ ၂ ဆိုင်လုံးက မ လာခဲ့သဗျ.

ဒါကတော့ ပန်းစွယ်တော် ဝက်ပုန်း

20150728_foods_NOK_3149

ဒါကတော့ပဒုမ္မာ ဝက်ပုန်း

20150722_snacks_NOK_1522

 

အိမ်မှာဆို်တော့ ဆိုင်တွေ မှာလိုမျိုး ဆီပြန်တွေ မစာချင်ဘူးဗျာ မိန်းမကို သီးစုံ ကုလားဟင်းလေး ချက်ခိုင်းလိုက်တယ်

 

 

20150802_foods_NOK_3674

ဘူသီးကလဲ ရှိနေပြန်တော့ အလကားမဖြစ်အောင် ဟင်းချိုလေးပေါ့ဗျာ

20150802_foods_NOK_3699
ကဲ ဟင်းတွေတော့ အဆင်ပြေပြီ အတို့အမြုပ်လေးအတွက် ငပိရည် တို့စရာပါမှ မြိန်မှာကိုးဗျ.. ငပိရည်ဆိုတော့မှ ဖျော်ထားတာလဲ မရှိဘူးဗျာ .. ကွကိုယ်ပဲ ဖောျ်ရမှာပဲ စားခါနီးကို အလုပ်ကရှုပ်သနဲ့
20150802_foods_NOK_3564

ကဲ ငါးပိရည်နဲ့ တို့စရာလဲ ရပြီ ဆိုတော့ လွေးပြီဗျာ .. ဗိုက်ကတော်တော်ဆာနေတာ. ခင်ဗျားတို့ကတော့ ဆိုင်မှာ စားလားပြီးပြီဆိုတော့ မခေါ်တော့ပါဘူးနော့

20150802_foods_NOK_3519

ပြီးရင် ခနစောင့်ဗျာ. အချိုပွဲလေးပြင်ပေးမယ်ဗျို့ ခုတော့ တော်တော်မောသွားလို့ နားလိုက်ဦးမယ်ဗျာ..
အော် ရေဘေးအတွက် ကျနော့ရဲ့ တော်ရိရော်ရိပုံလေးတွေကို fb မှာရောင်းနေတယ်ဗျာ ကြုံရင်အားပေးကြပါဦးနော့ ဒီပုံတွေထဲကလဲ လိုချင်ရင် ပြောပါနော်

ဒီမှာတော့ သိပ်မတင်ဖြစ်ဘူးဗျ. fb မှာဆိုရင်တော့ ကျနော့ page က https://www.facebook.com/gandaryiphotos ပါဗျာ မ like ရသေးရင် like ပေးခဲ့ ဦးနော်

ဂန္ဓာရီဆြာအုပ်

 

 

27 comments

  • မြစပဲရိုး

    August 5, 2015 at 2:57 am

    အလိုလေး။ စာအုပ်လေး ဟေ့။
    အစားအသောက် ပုံတွေ နဲ့ ပြန်မြင် ရတာ တကယ်ဘဲ ဝမ်းသာလှ တယ်။
    မကြာမကြာ ပြန်လာပါ ကွယ်။

    ပုံတွေ က အနောက်တိုင်း က အစားအသောက် မဂ္ဂဇင်း တွေ ထက် တောင် အပြင်အဆင် အဆင့်မြင့်တယ်။
    ဟင်းတစ်ချို့ မှာ ဆီ တွေများတာ လျှော့ဖို့ ဆိုင်တွေ ကို အကြံပေးချင်တာ ဆီများ မှ ဟင်း တွေ က ပိုခံ လို့များလား လဲ တွေးမိသေး။
    အသားဟင်း တွေထက် ငပိရည် အတို့စုံ ကို ဆွဲယူထားချင်ရဲ့။ :-))

    ရေဘေးအတွက် တစ်တပ်တစ်အား ပါဝင်ပေးမှု ကို သာဓုပါ။

    • ဂန္ဓာရီ ဆြာအုပ်

      August 6, 2015 at 1:43 am

      ဆီများတာတော့ ပြောခဲ့ပါတယ် ဒါပေမယ့် ပဒုမ္မာမှာ ကျတော့ ဆီကိုဂရုစိုက်ထားတာတွေ့တယ်..

  • ဇီဇီခင်ဇော်

    August 5, 2015 at 5:21 am

    ကျေးးကျေးး ဆြာအုပ်…!!! Thank you sooooooo much..!!!
    အစားအသောက် ကို ဂလို အဆင့်မြင့်မြင့်ရိုက်ထားးတာ မြင်ချင်နေလို့ ပါ..
    :chit:

  • ဇီဇီခင်ဇော်

    August 5, 2015 at 8:00 am

    ဂလိုဘာ။
    မြန်မာ ဓာတ်ပုံဆရာတွေက များသောအားဖြင့် ရှုခင်းတို့ လူပုံတို့ ကိုပဲ အဆင့်မြင့်အောင် ကြိုးစားအားထုတ်ပြီး ရိုက်ကြတယ်။
    အဆင့်လည်း မြင့်ပါရဲ့။

    အစားအသောက်ပိုင်းကျ ကိုယ့် မြန်မာ ဟင်းလျာတို့ မုန့်တို့ ကို စားချင်အောင် ရိုက်မယ်လို့ မကြိုးစားကြပါဘူးးး
    ဆြာအုပ် ရဲ့ Street Food ဓာတ်ပုံတွေတုန်းကလည်း သဘောကျဖူးပါရဲ့။

    ကျနော် ဘီယာပို့(စ) ရေးတော့ ကိုယ့် မြန်မာပြည်ထုတ် ဘီယာတွေ ရှာတဲ့ အချိန်မှာ ထမီရင်လျှားပုံတွေနဲ့ချည်း ထွက်လာတယ်။
    သူများဘီယာတွေမယ် ကြည့်လိုက်တာနဲ့ သောက်ချင်စိတ်ပေါ်လာတာချည်းပဲ။

    ဘီယာ ကို သောက်ချင်စိတ်ပေါ်လာအောင် မရိုက်ထားပဲ ကောင်မလေးကိုပဲ အဟွာပုချင်အောင် ကြော်ငြာထားသလိုတွေမို့ ကော်မာရှယ်အတွက် သီးသန့် ဓာတ်ပုံ မျိုးတွေ ထွက်လာစေချင်လို့ ပြောမိတာပါ။
    အမှားပါရင် ခွင့်လွှတ်ပါလို့။

    ငပိရည်နဲ့ တို့စရာ Last Photo ပုံကို ရောင်းမယ် ဆို ဝယ်မယ်ဗျာ။

    🙂

    • ဂန္ဓာရီ ဆြာအုပ်

      August 6, 2015 at 10:46 am

      လိုချင်တာ အကုန်ရောင်းမယ်ဗျို့ ကြိုက်တာဝယ်

      • ဇီဇီခင်ဇော်

        August 7, 2015 at 8:30 pm

        ဆိုတော့ ….
        ငပိရည် တို့စရာ ပုံ အတွက် ဘယ်လို ဆက်သွယ်ရမတုန်းးး
        အဲဒီ ပုံ ယူမှာ။

        🙂

  • အောင် မိုးသူ

    August 5, 2015 at 9:31 am

    ပုံလေးတွေတော့ အရမ်းမိုက်တယ်။ ပုံထဲက ဘာစားချင်သလဲမေးရင် ပုစွန်ဆီပြန်နဲ့ ခရမ်းသီးမီးဖုတ်ပဲ စားချင်မိ။

  • ဦးကျောက်ခဲ

    August 5, 2015 at 10:20 am

    ဟီ ဟိ နှလုံးသားမရှိဘူးပဲပြောပြော အနုပညာမျိုးစေ့မသန်ဘူးပဲပြောပြော…
    ပန်းပုံတို့ ရှူခင်းပုံတို့ သဘာဝအလှပုံတို့ဆိုရင် စိတ်မဝင်စားဘူး …
    စားလို့ သောက်လို့ရတာဆိုရင်တော့ လာထားပဲ… အ ဟတ်စ်
    ဆြာအုပ်ပုံတွေကိုကြည့်ပြီး သွားရည်ကျတယ်ဗျာ… ရှလွတ်စ် :k:

    • ဂန္ဓာရီ ဆြာအုပ်

      August 6, 2015 at 10:49 am

      သိနေတယ်လေ ဟဲဟဲ ပုဇွန်တုတ်ကွေးကြီးကော ကြိုက်တယ်မလား

      • ဦးကျောက်ခဲ

        August 6, 2015 at 1:52 pm

        ပုဇွန်တုတ်ကွေးကြီးက ဝေးနေတာကြာဘီပေါ့ ဆြာအုပ်ရယ်… ဟိ
        :k:

        • ဂန္ဓာရီ ဆြာအုပ်

          August 6, 2015 at 1:59 pm

          ခနတော့ သီးခံပေါ့ဂျာ.. ပြီးမှ အတိုးချစားပေါ့ 😛

  • Mike

    August 5, 2015 at 10:45 am

    .သွားရည်ကျစရာဟင်းတွေချည်းပါလား ဆြာအုပ်ရေ
    .ဒါပေသိ..တောသားပြောပြော..အောက်ဆုံးကငပိရည်တို့စရာပွဲလေးပိုသဘောကျသဗျ 🙂 ရှလွတ်

  • kai

    August 5, 2015 at 12:49 pm

    ဒီလိုဆြာအုပ်ရေ…
    မြန်မာ့စားဖွယ်တွေပုံနဲ့.. ၂၀၁၆ ကလင်န်ဒါလုပ်ချင်တာဗျ..။
    ငပိရည်တို့စရာ… ထမင်းဝိုင်းစားနေသူတွေကို Background ဝါးဝါးထား .. ရှလွတ်.. ♫ ♬
    အကြော်စုံ… အကြော်သည်ကို.. Background ဝါးဝါးထား.. ရှလွတ်.. ♫ ♬
    အထွေထွေအသုတ်စုံ… အသုတ်သုတ်နေသူကို Background ဝါးဝါးထား.. ရှလွတ်.. ♫ ♬
    မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ အထမ်းသည်ကို Background ဝါးဝါးထား.. ရှလွတ်.. ♫ ♬
    ကြေးအိုး.. ဆီချက်.. လုပ်နေသူကို Background ဝါးဝါးထား.. ရှလွတ်.. ♫ ♬
    ဒါန်ပေါက်နှင့်ချဉ်ပေါင်ဟင်းချို.. သနပ်… ထမင်းဝိုင်းစားနေသူတွေကို Background ဝါးဝါးထား.. ရှလွတ်.. ♫ ♬
    ???

    လိုမယ်ထင်တာတွေဝင်ဆွေးနွေးကြည့်ကြပါဦး..
    ၆မျက်နှာ.. ၆ပုံပဲကောင်းမလားလို့… :k:

    စသဖြင့်ပေါ့…။

    • ဇီဇီခင်ဇော်

      August 5, 2015 at 1:52 pm

      အိုဗျာ။
      လုပ်မှတော့ ၁၂ မျက်နှာလုပ်။
      တစ်ဝက် ပေးမယ်။
      ပွိုင်ထဲကသာနှုတ်။
      အဟွတ်။။
      :mrgreenn:

      ကောက်ညှင်းမုန့် မျိုးစုံ
      ဆန်မုန့်မျိုးစုံ။
      မြန်မာ အချိုပွဲ။
      လက်ဖက်ပွဲ။
      စသည်ဖြင့်ပေါ့။
      ဟိ

      :kwi:

    • ဇီဇီခင်ဇော်

      August 5, 2015 at 2:01 pm

      ပြောရင်းစိတ်ပါလာပြီ။

      မနက်စာ
      နေ့လည်စာ
      ညနေစာ ရှိတယ်မလားး

      ၁၂ ကို ၃ နဲ့ စားတော့ ၄ မရလားးး

      မနက်စာ ၄ မျိုး

      ကောက်ညှင်းပေါင်း၊ အုန်းပေါင်း နဲ့ အကြော်စုံ၊ ရေနွေးကြမ်း
      ကော်ဖီ နဲ့ (မုန့်ဟင်းခါး၊ မုန့်တီ စသည်ဖြင့်)
      လက်ဖက်ရည်နဲ့ (ပေါက်စီ၊ စမူဆာ၊ ပလာတာ စသည်ဖြင့်)
      နောက်တစ်မျိုး ကူစဉ်းစားပေးကြအူးးး
      :mrgreenn:

    • ဇီဇီခင်ဇော်

      August 5, 2015 at 2:05 pm

      နေ့လည်စာ
      မြန်မာ ထမင်းဟင်း ဝိုင်း (ငါးပိရည်နဲ့ တို့စရာ၊ အသုပ် တို့ ဘာတို့နဲ့ တစ်ပစ်ကယ် ထမင်းဝိုင်း
      အထူးပြုလုပ်ထားသော် ထမင်း ဝိုင်း – ဥမပါ ဒံပေါက် ဝိုင်း
      တိုင်းရင်းသား အစားအသောက်တစ်မျိုးဝိုင်း (စကောထမင်းဝိုင်းလိုဟာမိုး) ၊

      နောက် တစ်မျိုး စဉ်းစားပေးကြအူးး
      :mrgreenn:

    • ဇီဇီခင်ဇော်

      August 5, 2015 at 2:05 pm

      ညနေစာကို

      ဟော့ပေါ့လို ကြေးအိုးလို အပါ ဘီယာ အပါ ဘာလို တစ်ဝိုင်းး
      အသားကင်မျိုးစုံ နဲ့ ဝိုင် က တစ်ဝိုင်း
      ဂဏန်းလို ဘဲကင်လို ဟင်းကြီး တွေပါတဲ့ တရုတ်ဟင်း မျိုးက တစ်ဝိုင်းးး

      ကျန်တာ ဆက်စဉ်းစားပေးပါအူးးးး

      အဲ။
      စားစရိတ် သွားစရိတ် ကို တဂျီး က ပေးမတဲ့။

      :mrgreenn:

      • ဂန္ဓာရီ ဆြာအုပ်

        August 6, 2015 at 11:06 am

        အဲသာရိုက်လို့ကတော့ ဟေဟေး
        တလလုံး အိမ်မှာ မီးခိုးတိတ်ကြိုက်ရချည်သေး

    • kai

      August 5, 2015 at 2:40 pm

      အဲဒီလိုကလင်န်ဒါ ယူအက်စ်မှာဝေလိုက်လို့ကတော့.. ဆဲစာတွေရောက်လာလောက်တယ်..
      ဂလု..ဂလုတွေဖြစ်ပြီး.. မစားရအညော်တွေခံကြရလို့..။
      ခုနေပြောရင်းတောင်.. ရှလွတ်စ်..ဂလုဖြစ်ကုန်ပြီ..

      ဂလုစ်.. ရှလွတ်.. ♫ ♬

    • ဂန္ဓာရီ ဆြာအုပ်

      August 6, 2015 at 11:02 am

      တကယ်လုပ်ချင်ရင် ရိုက်ပေးပါမယ်သဂျီး ရေ
      ဒါပေမယ့် သဂျီးပြောသလို အတိအကျ ရနိုင်ဖို့တော့မဖြစ်နိုင်ဘူးဂျ
      ကြေးအိုး.. ဆီချက်..ဒါန်ပေါက် က မြန်မာစာမှ မဟုတ်ပဲ

      အိုဘာပဲဖြစ်ဖြစ်ရိုက်ချင်တာ အကုန်ပြောရိုက်ပေးမယ်.. ဒါပေမယ့် အစားအသောက်ဆိုတာက ဝယ်ပြီးမှ ရိုက်ရမှာ ဆိုတော့ကာ အကုန်အကျတော့ များမယ်ဗျ
      ဥပမာဗျာ. ကြေးအိုးဆီချက်ဆို ဝယ် .. ပထမတစ်ကြိမ်ရိုက် စိတ်ကြိုက်မတွေ့ရင် နောက်နေ့ နောက်နေ့တွေလည်း သွားဝယ်စား အဲအဲ သွားဝယ်ရိုက်နေရမှာ ဆိုတော့ကား… ကျနော်က စိတ်တိုင်းကျဖို့ဆို အနည်းဆုံး ၁ဝ ခါ လောက်ရိုက်တာဂျ

  • aye.kk

    August 5, 2015 at 1:26 pm

    ငပိရေတို့စရာ၊အနှစ်သက်ဆုံး
    ရုံးပတီသီးကြော်ထားတာလည်းကြိုက်တယ်။

  • manawphyulay

    August 5, 2015 at 2:20 pm

    အောက်ဆုံးက စုံလင်စရာ တို့စရာ ပဲ စားချင်နေမိတယ်။

  • ပုံတွေက မိုက်တယ် ပြတ်သားတယ် ဆရာအုပ်
    အသားဟင်းပုံတွေတော့ မကြိုက်ဘူး
    အသားဟင်းက အနီးကပ်ရိုက် စားချင်စဖွယ်မရှိဘူးထင်လို့

    အသီးအနှံပုံကတော့ ပြတ်သားလေ လှလေဘဲ
    ရန်ကုန်လာရင် အခုရိုက်ပြထားတဲ့ ထမင်းဆိုင်လိုက်ကြွေးပါ

    • ဂန္ဓာရီ ဆြာအုပ်

      August 6, 2015 at 11:12 am

      အောင်မငှီး

  • Ma Ma

    August 5, 2015 at 10:53 pm

    ကြက် ဗူးသီး ကာလသားချက် ဆိုတော့ အသားလည်းပါ၊ အသီးအနှံလည်းပါ၊ အရည်သောက်လို့လည်းရဆိုတော့ တစ်ပွဲထဲနဲ့ အပြီးပဲ။
    ကြိုက်ပ့ါ။
    အချိုပွဲစားဖို့ ရေသောက်ပြီး စောင့်နေတယ်။ 😀

  • @QUIL@

    August 6, 2015 at 2:31 am

    မိုက်တယ်ဗျ…
    အဲ့ဒါတွေ ရိုက်တာ
    အထူးသဖြင့် မြန်မာ အစားအစာဖြစ်တာကို ပိုသဘောကျတယ်…
    အားပေးပါတယ်ဗျ

  • ဂန္ဓာရီ ဆြာအုပ်

    August 6, 2015 at 11:21 am

    အားပေးကြသူအားလုံးကျေးဇူးပါ
    ငပိရည်တို့စရာ ကြိုက်တဲ့ သူများ တွေ့ရင် အဝကြွေးမှာ ဖြစ်ကြောင်း (မြစပဲရိုး,manawphyulay,aye.kk,Mike)
    အန်တီ Ma M အတွက်တော့ အချိုပွဲ ပြင်နေကြောင်းပါ ကွန် မကောင်းလို့ reply တောင်ခုမှ လုပ်နိုုင်ပါတယ်
    @QUIL@ မြန်မာဘီယာ ကောဟ

Leave a Reply