အစာ အာဟာရ Food Nutrition

Ma MaAugust 5, 20151min38125

သက်ရှိသတ္တဝါရယ်လို့ဖြစ်လာရင် အသက်ရှင်သန်ရေးအတွက် အစားအစာမျိုးစုံ စားကြရတယ်။

 

အဲဒီလို စားကြရတဲ့အခါမှာမှ……….

၁။ ဘာကို စားမလဲ၊

၂။ ဘာ့ကြောင့် စားမလဲ၊

၃။ ဘယ်လို စားမလဲ၊

၄။ ဘယ်လောက် စားမလဲ

၅။ ဘယ်အချိန် စားမလဲ………. စသဖြင့် မေးခွန်းပေါင်းများစွာ ပေါ်လာပါတယ်။

 

ခုရက်ထဲ အစာ စားခြင်းနဲ့ ပတ်သက်တာတွေ စဉ်းစားမိနေလို့။

 

သဂျီးပြောတဲ့ အာဟာရပြည့်ဝအောင် အမဲသားစားပါဆိုတာကလည်း အတွေးပေါ်စေတဲ့ အကြောင်းရင်းထဲမှာပါတယ်။

 

စိတ်ရောက်သလောက် ………………

လက်မရောက်နိုင်သေးလို့ အစပျိုးပေးထားတယ်။

 

စာရှု့သူများရဲ့ အတွေးအမြင်တွေ ပြောပေးခဲ့ရင် နောက်လာမယ့်ပိုစ့်တွေမှာ အကြိတ်အနယ် ဆွေးနွေးစရာ ဝေဖန်စရာတွေ ပေါ်လာနိုင်တာမို့…………………..

 

 

ဒီတပတ်တော့ ဒီမျှသာ :k:

25 comments

  • kai

    August 6, 2015 at 6:05 am

    လူသားက အစားစားရာမှာ.. အသက်ပိုင်းအလိုက်ခွဲသင့်တယ်ထင်မိတယ်..။
    ၁ဝနှစ်အောက်…
    ၁ဝကျော်သက်…
    လူငယ်..
    လူရွယ်…
    လူကြီး..
    လူအို.. စသဖြင့်ပေါ့..။

    နွားနဲ့..နွားထွက်ပစ္စည်းတွေကို.. ၁ဝနှစ်အောက်တွေစားသင့်.. ဆယ်ကျော်သက်တွေ.. လူငယ်တွေစားသင့်ပေမယ့်…
    လူကြီးနဲ့ လူအိုတွေကတော့ သတိထား..စားရမှာပေါ့..
    Red meat တွေက.. လူကြီးတွေနဲ့..သိပ်တည့်လှရယ်တော့မဟုတ်..။

    တကယ်တော့.. ယူအက်စ်လို.. ဥရောပလို.. ဖွံ့ဖြိုးပြီးနိုင်ငံတွေမယ်.. အမဲသားက အစားဆုံးအသားတခု…
    တရက်ကို.. နွားကောင်ရေ ၁သိန်းကျော်သတ်စားနေကြတာ.. အကြောင်းမယ့်တော့မဟုတ်..။
    ပြောရရင် နွားကနေ.. အရိုးတွေ.. အရေပြားတွေထွက်လာသေးသမို့.. ဒါတွေက လူ့ယဉ်ကျေးမှုအတွက်အသုံးတည့်တဲ့.. ပစ္စည်းတွေလည်းဖြစ်ကုန်တာပဲ..
    ပိုက်ဆံအိပ်တွေ.. ခရီးဆောင်အိပ်တွေ.. ဆိုဖာတွေ.. ခါးပတ်တွေ.. အကျီ င်္တွေ… လူနေမှုမြင့်.. ကြာရှည်ခံတာတွေပေါ့…။
    ကြာရှည်ခံတော့.. သူ့အစားထိုးသုံးရမယ့်ဟာတွေ.. ကမ်မစ်ကယ်နဲ့လုပ်ရတာတွေ.. သစ်တွေ.. ဝါးတွေသက်သာရော…
    ဒီလိုနဲ့.. ကမ္ဘာကိုလည်း တဖက်တလမ်းအကျိုးပြုသပေါ့…။

    မြန်မာက.. လူ့ယဉ်ကျေးမှုအဆက်ဆက်.. ပုံမှန်လည်ပါတ်လာတဲ့.. သံသရာကို.. ထဖေါက်လိုက်သမို့.. အတင်းကိုတိုက်တွန်းနေရာသာတာဖြစ်…။

    အမဲသားစားတာများရင်.. နွားများများမွေးရမယ်..။
    နွားများများမွေးသတ်စားကြရင်.. နွားနဲ့နွားထွက်ပစ္စည်းတွေပိုထွက်လာမယ်..။
    အလုပ်အကိုင်အခွင့်အလန်းတွေ သိန်းချီထွက်လာတာမို့..။
    =
    မြန်မာတွေ အကြီးအကျယ်ပြင်သင့်တာထဲ.. ပင်လယ်ထွက်စာတွေစားသင့်တာလည်း ပါသဗျ..။
    ပင်လယ်ကြီးဘေးငုတ်တုတ်ရှိတဲ့နိုင်ငံ.. တခြားအဟာရမပြည့်မှီတာတွေ.. စားနေကြ.. ဖြစ်နေတာဟာ.. ပြိတ္တာကျိန်စာသင့်နေတာပါ..။
    ပြိတ္တာဆိုတာ.. ရှေ့မှာမြင်လျှက်.. စားနိုင်လျှက်.. စားသင့်လျှက်.. မစားနိုင်မစားရတဲ့ဘဝကိုခေါ်တာပါ..။
    ဦးနှောက်ထဲက.. မှိုင်းမိနေတဲ့အတွေးလေးပြင်လိုက်ရင် ပြီးသွားတဲ့ကိစ္စ..မလွန်ဆန်နိုင်ပဲ… ဖြစ်နေတာပါ..။

    ဒါကနောက်တဆင့်ကျ.. ရှင်းမယ်…။
    =
    In the USA 23 million chickens are killed every day, 100000 cows(4000 every hour) and 112 million pigs are killed every year.

    • kai

      August 6, 2015 at 6:22 am

      The United States consumes the most meat per capita of any nation in the world. As of 2009, Americans consumed an average of 265 pounds of meat per person annually, dwarfing the global average of 92 pounds per person. The nation’s voracious appetite for meat has created a massive and heavily mechanized domestic meat industry. The United States produced about 132 billion pounds of meat in 2013.

      Chickens, cattle, and hogs make up the vast majority of meats produced in the country. More than 8.5 billion chickens were slaughtered nationwide in 2014, followed by roughly 32.5 million cattle, and 112 million pigs in 2013.
      Slightly more than 1.4 million people were employed in food manufacturing, roughly 1.1% of all U.S. workers. Of that, roughly a third were employed in animal slaughtering and processing.
      http://www.usatoday.com/story/money/business/2015/04/15/247-wall-st-states-killing-animals/25807125/

    • kai

      August 6, 2015 at 6:27 am

      Evidence for Meat-Eating by Early Humans | Learn Science …
      http://www.nature.com/…/evidence-for-meat-eating-by-early-humans-1...
      Nature
      by B Pobiner – ‎2013 – ‎Cited by 2 – ‎Related articles
      The first major evolutionary change in the human diet was the incorporation of meat and marrow from large animals, which occurred by at least 2.6 million years …
      =
      Eating Meat Made Us Human, Suggests New Skull Fossil …
      http://www.livescience.com/23671-eating-meat-made-us-human.html
      Oct 3, 2012 – Early hominids, ancestors to modern humans, may have been regular meat-eaters, a new fossil find suggests.
      =============
      India Stays World’s Top Beef Exporter Despite New Bans on ...
      time.com/3833931/india-beef-exports-rise-ban-buffalo-meat/
      Time
      Apr 23, 2015 – India is already the largest global exporter of beef. … expand their bans on the slaughter of cows and bullocks, according to a report by the … basmati rice as India’s largest agricultural food export in terms of value, according to …
      You visited this page on 7/3/15.

      • Ma Ma

        August 6, 2015 at 7:40 pm

        ကလေးတွေ အမဲသားစားရင် သွားပိုးစားမယ်။
        လူကြီးတွေအမဲသားစားရင် ယူရစ်အက်စစ်များလို့ ဂေါက်ရောဂါဖြစ်စေနိုင်တယ်။ :kwi:

        သဂျီးကို ကန့်လန့်မလုပ်ရရင် ရိုးရာပျက်သွားမှာစိုးလို့။ :k:

  • အစကတော့ အရမ်းကြိုက်တယ်.. ဒါမယ့် နောက်ကျ…စားခါနီး သူတို့တွေကို မျက်လုံးထဲမြင်လာပြီး မစားဖြစ်တော့တာ…

    တစ်ခြားသတ္တဝါတွေရော မမြင်ဘူးလားဆို.. ဝက်သားတော့ ဖြတ်လို့ မရသေးဘူး…. ဈေးလမ်းထဲမှာ နေတော့.. မြင်နေရတဲ့ ငါးတွေ ဘာတွေဆို မစားဘူး…

    ခု ပဲစားဖို့ ကြိုးစားနေတယ်.. 😀

    • Ma Ma

      August 6, 2015 at 7:48 pm

      ကြီးလာမှ သတ်သတ်လွတ်အမြဲတမ်းစားတဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် သတ်သတ်လွတ်စားပြီး ဝတောင်လာတယ်။

      သတ်သတ်လွတ်စားလည်း အာဟာရပြည့်ရနိုင်ပါတယ်။

  • အရင်ကတော့ တစ်ဝစားတယ်

    အခုတော့ အကြိမ်နည်းနည်း နဲ့ ခဏခဏစားတယ်

    အသက်ငါးဆယ်ကျော်လာတော့ အစားကို မဆင်ခြင်နိုင်ရင် ကိုယ်ဘဲဒုက္ခရောက်မှာစိုးလို့ပါ

    အသားငါးကတော့ အများစားနေကျ အစား အစာ အကုန်စားပါတယ်

    စိတ်မကောင်းတာကတော့

    ပုရစ် ကိုအ ရင်လို တစ်ဝ မစား ရတော့ တာပါဘဲ

    ဘယ်အချိန်စားလဲမေးရင် ကျနော်က တော့ အဆာမခံပါဘူး

    မနက် ရနာရီမထိုးခင် မနက်စာ

    နေ့လည် တစ်နာရီထက်နောက်မကျ

    ညနေစာကတော့ အလုပ်ပြီးချိန် ၈နာရီပါတ်ဝန်းကျင်မှစားရတာ နှစ်အတော်ကြာပြီ

    ဆာသည် ဖြစ်စေ မဆာသည်ဖြစ်စေ

    သူ့အချိန်ရောက်ရင် တော့ မဖြစ်မနေစားလိုက်တာပါ

    ညစာ မစားဘဲ နေဘို့ကတော့ ဘယ်တော့မှစိတ်ကူးမရှိ

    • Ma Ma

      August 6, 2015 at 8:32 pm

      ဘယ်လိုစားမလဲဆိုတာရဲ့ အဖြေပါလို့ စိမ်းပေးလိုက်ပါတယ်။ 🙂

  • ဟေသီ

    August 6, 2015 at 12:44 pm

    အမဲသားကတော့ အိပ်ရာထဲလဲသွားတုန်းက ကျန်းမာရေးအတွက် ဆိုပြီး တစ်ခါ စားဖူးတယ်။ ကျန်တာအားလုံးကို အာဟာရ ပြည့်အောင် အသားငါး အစုံစားတယ်။ အသီးအရွက် အကုန်စားတယ်။ အဖေရော အမေကပါ အစားရှောင်တာ သိပ်မကြိုက်ဘူးဆိုတော့ အကုန်စားရတယ်။ ဒါကြောင့်လည်း လူက ထွားထွားကြီး ဖြစ်ပြီး ဒီခေတ်က လူတွေအမြင်တော့ စိတ်ပျက်စရာ ကိုယ်ခန္ဓာ ဖြစ်ကောင်း ဖြစ်နေနိုင်တာပေါ့လေ.. ဒါပေမယ့် အစုံစားတဲ့အတွက် အင်အားအမြဲပြည့်နေတယ်။ ရာသီပေါ်ရောဂါ ဖြစ်လေ့ ဖြစ်ထ မရှိဘူး။ နေမကောင်းဖြစ်လည်း ခဏလေးနဲ့ နလန်ထူနိုင်တယ်။ အမဲသား ရှောင်လည်း တခြား အာဟာရကို ပြည့်နေအောင် စားလို့ ရတယ် ထင်တာပဲရယ်။

    • Ma Ma

      August 6, 2015 at 9:06 pm

      အသီးအရွက်ရော အသားငါးပါ စားနိုင်တဲ့ သွားတွေကို သဘာဝကြီးက လူတွေကို လက်ဆောင်ပေးထားတာမို့ ……..
      အစားကို စုံအောင်စားတာ အားပေးတယ်။ 🙂

  • ဇီဇီခင်ဇော်

    August 6, 2015 at 1:13 pm

    အစားအသောက်ကိစ္စ ဆိုတော့ သများ ဝါသနာမပါပါဘူး ချစ်မမ။
    သများ အပြတ်ဆုံးက အစားတဏှာရယ်ပါ။.

    ဟိဟိ။
    ငါကွ ခင်ဇော် (စီဒီ တူ ကြောင်)

    :mrgreenn:

    • Ma Ma

      August 6, 2015 at 9:24 pm

      ယုန်ပါတယ်။
      ကြောင်ပါတယ်။ :k:

  • ဝင့်ပြုံးမြင့်

    August 6, 2015 at 5:03 pm

    .အမဲသားစားရေး မစားရေးထက် လူတွေရဲ့ ခေါင်းထဲသွင်းထားတဲ့ သဘောတရားက ဒုက္ခပေးနေတာ။ ေဂျာ့အိုဝဲ မှန်ပါတယ်။ တိုင်းပြည်တွင်းကလူတွေကို ဘရိန်းဝပ်မလုပ်ဘဲ အဲဒီတိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ အုပ်ချ ုပ်လို့ မရပါဘု။

    • Ma Ma

      August 6, 2015 at 11:10 pm

      မျှစ်ကြော်ရဲ့ ဖောက်ထွက်တဲ့အတွေးတွေကို သဘောကျတယ်။

      အမဲသား စားရေး မစားရေးကလည်း သဂျီးကို ကန့်လန့်တိုက်ချင်လို့သာ ပြောနေတာ :k:
      ကိုယ်တိုင်တော့ အမဲသားလည်း ကြိုက်၊ အစုံလည်း စားတယ်။

      အာဟာရဆိုတဲ့နေရာမှာ လူ့ခန္ဓာကိုယ်အတွက် စားရတဲ့ အာဟာရသာမက
      စိတ်အတွက် လိုအပ်တဲ့ အစာအာဟာရတွေလည်း အရေးကြီးတာပါပဲ။ 🙂

  • aye.kk

    August 6, 2015 at 8:20 pm

    မမရေ
    တရုတ်လူမျိုးစစ်စ်သူငယ်ချင်းတစ်ယောက်ကအမဲသားလုံးဝမစားပါဘူး။
    တရုတ်ဆိုပေမယ့်ဗမာတွေအခေါ်ဝေါ်အရ၊ဖူကျန့်(လက်ရှည်)တရုတ်တွေကအမဲသားကို
    အလျှင်းမစားကြဘူးဆိုပိုမှန်ပါတယ်။သူငယ်ချင်းကအမေရိကန်ပြောင်းသွားတော့
    အမဲသားမစားဘူးဆိုတဲ့အယူကိုပါယ်စွန့်လိုက်တယ်၊ရောမရောက်တော့ရောမအကျင့်
    ဖြစ်သွားတယ်လို့ဆိုရမှာပါဘဲ။အမဲသားကဈေးအကြီးဆုံးအစားစာဖြစ်ပြီး၊မစားရင်
    ခေတ်မမှီင်္ဘူးလို့အပြောခံရမှာတဲ့၊အထင်သေးမခံနိုင်လို့အများနည်းတူစားတယ်လို့
    ပြောပြဘူးတယ်။အာဟာရအတွက်စားသင့်စားထိုက်တာစားရမှာပါဘဲ။အိမ်မှာမိသားစုတွေ
    အားလုံးအမဲသားကိုအယူဝါဒတစ်ခုအနေနဲ့မပါယ်စွန့်နိုင်ကြလို့ဘယ်သူမှမစားကြတာအမှန်ပါ။
    အစ်မတစ်ယောက်ပဲ၊အဲအယူဝါဒတွေပါယ်စွန့်ပြီးစားဖြစ်တယ်၊မိဘတွေနဲ ့အတူနေစဉ်တုန်းကါလက
    လက်ထက်တော့ယောင်လို့တောင်မစားခဲ့ရပါဘူး။အခုဘာသာရေးလုပ်ပြီးတဲ့နောက်ပိုင်း
    မစားဖြစ်တော့ပါ၊ကိုယ့်စိတ်အရသနားတဲ့စိတ်ဖြစ်ပေါ်လာလို့ပါ၊ပြီးခဲ့တဲ့အပါတ်ကသမုတိသံဃာ
    တွေအမဲသားဘုဉ်းတယ်ဆိုလို့၊အစ်မအနေနဲ ့ဆွမ်းဟင်းချက်ပို့ပေးလိုက်တယ်။။။
    အခုတော့ကျန်းမာရေးအရအသီးအရွက်နဲ ့အသီးအနှံတွေစားဖြစ်တာများပါတယ်။
    အသားတွေအနေနဲ ့ကဒီဘက်ဒေသမှာမွေးတဲ့မွေးမြူရေးကြက်ဝက်တွေတော့မစားသုံးရဲတော့
    အသားတွေအနေနဲ ့မစားဖြစ်တဲ့နေ့ရက်တွေပိုများတယ်။။။

    • Ma Ma

      August 6, 2015 at 11:28 pm

      အသားစားတာများလို့ အသည်းလုပ်ဆောင်ချက်အားနည်းပြီး အလာဂျစ်ဖြစ်တတ်သေးတယ်။

      အသားလည်း စားတိုင်းမကောင်းပါဘူး။

      ပြောရမယ်ဆိုရင် အသက်အရွယ်နဲ့လိုက်ပြီး စားသင့်တာ ပြောင်းသွားသလို စားချင်တာတွေလည်း ပြောင်းသွားတယ်။

  • ဦးကျောက်ခဲ

    August 6, 2015 at 9:01 pm

    စားတာကတော့ စားသင့်တာကို စားသင့်တဲ့အချိန် ချင့်ချိန်စားယုံပေါ့…
    အိန္ဒိယတိုင်းသား ဟိန္နူတချို့တွေဆို တစ်သက်လုံး သက်သတ်လွတ်…
    အမဲသားနဲ့ ဝက်သားဆို တို့တောင်တို့တာမဟုတ်ဘူး …
    ပဲမျိုးစုံ လုံးတီးဆန် အသီးအရွက် အာလူးနဲ့ နွားနို့ပဲ အဓိကထားပြီးစားကြတာ…
    ဒါပေမယ့် သူတို့ဆီမှာ ကမ႓ာကျော် သိပ္ပံပညာရှင်တွေနဲ့ Nuclear Technology ရှိတယ်…
    ကံ စိတ် ဥတု အဟာရ … လေးမျိုးညီမျှမှ ရှင်သန်နိုင်သလားလို့ပါ…

    • Ma Ma

      August 6, 2015 at 11:34 pm

      နောက်ပိုစ့် ဘာကိုစားမလဲမှာ ဒီမန့်ကို ကုဒ်ပေးထားတယ်။ 🙂

    • kai

      August 7, 2015 at 4:54 am

      ထေရာဝါဒတချို့တွေရဲ့ သက်သတ်လွတ်ကတော့.. နို့..နဲ့ နို့ထွက်တွေမပါဘူးဗျ..။
      အဲဒီမှာတင်.. ဟိန္ဒုဟိုက်ဘရစ်အယူယူသူတွေ.. မျိုးကန်းတာပဲ..။
      ဆိုတော့…
      အိနိ္ဒယဟာ..အမဲသားမစားဆုံးနိုင်ငံတခုဖြစ်ပေမယ့်.. နွားအသတ်ဆုံးနိုင်ငံ.. Export အများဆုံးနိုင်ငံတခုတဲ့ဗျ..။

      • Ma Ma

        August 8, 2015 at 9:33 am

        နွားကိုသတ်ရုံနဲ့ အာဟာရ ရတာမှ မဟုတ်တာ။
        နွားသား (အမဲသား) စားမှ အာဟာရ ရတာမဟုတ်လား။

        • kai

          August 10, 2015 at 3:14 pm

          အိနိ္ဒယသားတွေ.. နွားနို့လိုချင်တော့.. နွားကိုမွေးတယ်..။
          အဲဒီကနေနွားမွေးကျွမ်းကျင်လာတော့..( နွားဟာဘာသာရေးအရ.. မြင့်မြတ်စေဦး.. ) အသားစားဖို့နွားမွေးကြတော့တာပဲ..။
          အိနိ္ဒယသားတွေ ကိုယ်တိုင်တော့မစား.. အမဲဖျက်ပြီး ကမ္ဘာတင်ပို့တာမှာ.. သူတို့ အမဲသားရောင်းရဝင်ငွေက တနှစ် ၄.၃ ဘီလီယန်ဒေါ်လာဆိုတော့.. မြန်မာတပြည်လုံးသစ်တွေတရားဝင်ရောင်းလို့ရငွေ တနှစ် ၁ဘီလီယန် နဲ့နှိုင်းကြည့်စေချင်တယ်..။

          မြန်မာတွေ သင့်တဲ့ကျိန်စာက.. ဟိန္ဒူဘာသာကို ယူသုံးလိုက်နာပြီး အမဲသားမစားကြတာအပြင်.. ဗမာ့နည်းဗမာ့ဟန်သက်သတ်လွတ်ပါထလုပ်ပြီး.. ဗမာသက်သတ်လွတ်ထဲ.. နို့ပါမသောက်ကြတာပဲ..။
          ကြားထဲ.. ငါးပါးသီလထဲ.. ပါဏာတိပါတ.. တိရိစ္ဆာန်အသက်ပါထည့်ပြီး.. လိုက်နာကြသမို့.. တိရိစ္ဆာန်(လည်း) မသတ်ရဖြစ်..။
          အဲဒီမှာ.. နွားကိုမမြင်လိုပါ.. လုပ်ပြီး.. မျိုးကန်းကြတာ..။

          ကြားထဲက.. ဗျဝိဗျတ္တ အမွေဖြစ်တဲ့.. နတ်စိမ်းတွေကနေ.. တောင်ပြုန်းပါလုပ်..
          ဝက်သားကလည်းမစားသူ အများသား..။

          အနိစ္စ… အနိစ္စ…။ :k:
          =
          Selling the Sacred Cow: India’s Contentious Beef Industry …
          http://www.theatlantic.com/business/…indias…beef…/385359/
          The Atlantic
          Feb 12, 2015 – Export began in the 1960s and grew significantly in the last decade. Last year, India exported $4.3 billion worth of beef, a number expected to ..
          =
          Myanmar’s exports of teak, hardwood and other timber reached US$ 947 million in the fiscal year 2013-2014, according to figures released by Myanmar’s Ministry of Commerce.

        • kai

          August 10, 2015 at 3:23 pm

          ကြုံလို့ ထပ်တွန်းရရင်..
          ။နွားမွေး… နိုင်ငံခြားထုတ်ရောင်းလို့.. တနှစ် ၁ဘီလီယန်ဒေါ်လာဝင်ငွေရတယ်ထား..။
          တနိုင်ငံလုံးရှိသမျှသစ်တွေခုတ်ရောင်းလို့.. ၁ဘီလီယန်ငွေနဲ့တူနိုင်မလား.. တွေးကြည့်..

          သစ်ခုတ်တော့.. တောပြုန်း.. တောပြုန်းတော့.. အခုလိုရေကြီးမိုးခေါင်တွေဖြစ်..
          လူ့သားအသက်အိုးအိမ်စည်းစိမ်တွေပျက်…။
          နွားမွေးတော့…။ အမဲသားစား.. နွားနို့သောက်နိုင်.. လူတွေအဟာရဖြစ်..။ ဦးနှောက်တွေဉာဏ်မှီ၊ လူတွေကျမ်းမာ..။ အသက်တွေရှည်..။

          နွားမှမဟုတ်..။ သိုး..။ဆိတ်၊ ကြက်..။ ဝက်.. ။ ပင်လယ်ငါး..။ ရေချိုးငါး..။ပုဇွန်..။ ဂဏန်း အကုန် မွေးမြူစားသုံးရေးလုပ်နိုင်..။

          ဘယ်ဟာက သမ္မာအာဇီဝဖြစ်မလည်း..။ ဒီခေတ်အမြင်နဲ့..တွေးကြည့်…တွေးကြည့်.. ။

  • ဦးကြောင်ကြီး

    August 9, 2015 at 2:58 am

    ကောင်းဒိုင်း စွတ်ဆားဖို့ မသင့်ဒါ လူဓါး… အားပြတ် တေမဲ။

  • Shwe Ei

    August 12, 2015 at 9:27 am

    -နွားမှုလယ်ယာစနစ်ကို စက်မှုလယ်ယာပြောင်းပြီးမှ
    -နွားသားစားဖို့ တိုက်တွန်းပါ သဂျီးရယ်..
    -လောလောဆယ် ဒီအကောင်တွေကိုဘဲ ခိုင်းစားနေရတာ 😛

  • Alinsett @ Maung Thura

    August 29, 2015 at 1:46 pm

    ၁။ ဘာကို စားမလဲ၊

    ၂။ ဘာ့ကြောင့် စားမလဲ၊

    ၃။ ဘယ်လို စားမလဲ၊

    ၄။ ဘယ်လောက် စားမလဲ

    ၅။ ဘယ်အချိန် စားမလဲ……….

    .ဖွေးဖွေးကို မေးဖို့…မေးခွန်းများ…. မှတ်သွားပါသီ…

Leave a Reply