ITနှင့် ဂျပန်စာတွင်စိတ်ဝင်စားသော လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း

manawphyulayAugust 27, 20101min1820
Myanmar DCR Co., Ltd မှ ဝန်ထမ်းရွေးချယ်မှုနှင့်ပတ်သက်သော ရှင်းလင်းပွဲ
ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ.လွန်တက်နေသော ကျောင်းသားကျောင်းသူများနှင့်
ITနှင့် ဂျပန်စာတွင်စိတ်ဝင်စားသော လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း

Myanmar DCR Co.,Ltd(Yangon)မှ ဝန်ထမ်းရွေးချယ်မှုရှင်းလင်းပွဲကို
အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်သည်၊၊

နေ့ရက်           – ၂၀၁ဝခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။ (တနင်္ဂနွေနေ.)
ပထမအကြိမ်ရှင်းလင်းပွဲ    – ၁ဝးဝဝ မှ ၁၂းဝဝ နာရီ (Reception Time ၉း၃၀
နာရီ)
ဒုတိယအကြိမ်ရှင်းလင်းပွဲ  – ၁၄းဝဝ မှ ၁၆းဝဝ နာရီ (Reception Time ၁၃း၃၀
နာရီ)
နေရာ                            -The Strand Hotel (၉၂၊ ကမ်းနားလမ်း၊
ကျောက်တံတားမြို.နယ်၊ရန်ကုန်မြို.။)

ပထမအကြိမ် နှင့် ဒုတိယအကြိမ်ရှင်းလင်းပွဲ၏ အကြောင်းအရာများမှာ
အတူတူပင်ဖြစ်သည်။

ဂျပန်နိုင်ငံရှိ Daiichi Computer Resources (DCR)ကုမ္ပဏီလီမိတက်သည်
ဝန်ထမ်းဦးရေ ၁၄၀ဝနှင့် ၂၀၀၉ခုနှစ်အတွက်ရောင်းအား 116M$
ရရှိသောအောင်မြင်နေသည်. ကုမ္ပဏီဖြစ်ပါသည်။ DCR Co.,Ltd မှ Myanmar DCR
Co.,Ltd ကို ၁၄.၇.၂၀၀၈ တွင် ရန်ကုန်မြို့၌ ၁၀၀
ရာခိုင်နှုန်းဂျပန်လူမျိုးပိုင် ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပါသည်။
ယခုလက်ရှိတွင် ဝန်ထမ်း(၁၇၀)ဦးနှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိပါသည်။

အဓိကလုပ်ငန်းမှာ ဂျပန်နိုင်ငံမှ System Development လုပ်ငန်းများကို
မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှထူးချွန်၍အရည်အချင်းပြည့်မီသော
ဝန်ထမ်းကောင်းများအနေဖြင့်လည်း နောင်တွင်ဂျပန်-
မြန်မာအသွားအပြန်ပြုလုပ်ကာအလုပ်လုပ်ဆောင်နိုင်မည့် အခွင့်အရေးများလည်း
ရရှိနိုင်မည် ဖြစ်ပါသည်။

၂၀၁၁ခုနှစ်၄လပိုင်းဝန်ထမ်းရွေးချယ်မှုနှင့် ပတ်သက်၍ —-
ကွန်ပျူတာတက္ကသိုလ်(တတိယနှစ်) သို့မဟုတ် Thesis ပြုလုပ်နေသော
ကျောင်းသူကျောင်းသားများ။
ဂျပန်စာနှင့် ကွန်ပျူတာတွင် အတွေ ့အကြုံမရှိသေးသော်လည်း သင်္ချာ၊
အင်္ဂလိပ်စာတွင် အခြေခံကောင်း၍ IT တွင် စိတ်ဝင်စားသော
တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားများ နှင့် Thesis ပြုလုပ်နေသော
ကျောင်းသူကျောင်းသားများအတွက် ဝန်ထမ်းရွေးချယ်မှုနှင့်ပတ်သက်သော
ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်သည်။
ကွန်ပျူတာတက္ကသိုလ်(တတိယနှစ်)၊သို့မဟုတ် Thesis ပြုလုပ်နေသော
ကျောင်းသူကျောင်းသားများအား
အဓိကထားသော်လည်း ဆေးတက္ကသိုလ်ကျောင်းသူကျောင်းသားများအတွက်
အသက်အရွယ်နှင့်  အရည်အချင်းကိုလိုက်၍ အထူးစဉ်းစားပေးမှုများ ရှိသည်။

ယခုရှင်းလင်းပွဲတွင် ရန်ကုန်ရှိကျော်ကြားသော
ဂျပန်စာသင်ကျောင်းများဖြစ်သည့် Win Japanese Language School နှင့်
Momiji Japanese Language Centerတို့မှလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။

လျောက်ထားသူအတွက် သတ်မှတ်ထားသော အချက်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
       Japan ဘာသာစကားနှင့် IT တွင်စိတ်ဝင်ိစားပြီး Programmer/System Analyst/
IT Consultant အဖြစ်အလုပ်လုပ်ကိုင်ချင်သူူ၊
ဂျပန်စီးပွားရေးကိုစိတ်ဝင်စားသူူ
       မည်သည့်တက္ကသိုလ်မှမဆို ဘွဲ.ရပြီးသူ (သို.) 2011 April တွင်
ကျောင်းပြီးမည့်သူ
       Master ကျောင်းသားကျောင်းသူများအနေဖြင့် 2011 April တွင် Thesis
ပြီးဆုံးမည့်သူ
       အသက်အကန်.အသတ်အနေဖြင့်2011 March 31 တွင် ၂၃ နှစ်မပြည့်သေးသူ
(ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူများ -၂၅ နှစ်မပြည့်သေးသူ)
       တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊
ဇီဝဗေဒဘာသာရပ်များမှ အနည်းဆုံးဂုဏ်ထူး(၂)ခု ရရှိသူ
       ယခင်နှစ်များ(၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀)တွင် Myanmar DCR မှကျင်းပခဲ့သော
ဝန်ထမ်းရွေးချယ်ပွဲများတွင် ဝင်ရောက်ဖြေဆိုဖူးခြင်း မရှိသောသူ
       အခြား company တွင် လက်ရှိအလုပ်လုပ်ကိုင်နေခြင်းမရှိသူ

(ရှင်းလင်းပွဲသို့တက်ရောက်ရန် လူဦးရေကန့်သတ်ထားပါသဖြင့် လျောက်ထားသူ
သာတက်ရောက်ရန်ဖြစ်ပါသည်။)

ရှင်းလင်းပွဲတက်ရောက်ရာတွင် ယူဆောင်လာရမည့်စာရွက်စာတမ်းများ
–       မှတ်ပုံတင်ကတ် မူရင်းနှင့်မိတ္တူ
–       တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ
–       တက္ကသိုလ်ဝင်တန်းအမှတ်စာရင်း မိတ္တူ
(ဝန်ထမ်းရွေးချယ်မှုတွင် အသက်အကန့်အသတ်ရှိပါသဖြင့်
မပျက်မကွက်ယူဆောင်လာပါရန်)

ကန့်သတ်ချက်များနှင့်ကိုက်ညီမှုမရှိဘဲ
ဝန်ထမ်းအဖြစ်ဝင်ရောက်ကြောင်းသိရှိလျှင် ဝန်ထမ်းအဖြစ်မှ
ချက်ချင်းရပ်ဆိုင်းမည်ဖြစ်ပါသည်။

ရှင်းလင်းပွဲသို့တက်ရောက်ရန်
လူဦးရေကန့်သတ်ထားပါသဖြင့်အောက်ဖော်ပြပါလိပ်စာတွင် ၁၃.၉.၂၀၁ဝမှ
၁၆.၉.၂၀၁ဝအတွင်း လူကိုယ်တိုင်လာရောက်၍ ကြိုတင်စာရင်းပေးသွင်းကြပါရန်။

Myanmar DCR Co., Ltd.
408B, 4th Floor, Yuzana Tower No.69, Shwe Gone Daing Road, Bahan
Township, Yangon, Myanmar
PHONE: 558229 (Registration Form အားကုမ္ပဏီတွင်သာ လက်ခံမည်)
စာရင်းလက်ခံချိန် ။     ။   ၉းဝဝ မှ ၁၁း၃ဝ နာရီ
၁၃း၃ဝ မှ ၁၆းဝဝ နာရီ