ကိုရွှေဗျိုင်းကို ဘယ်ခေါင်းပေါ်မှာ နားစေချင်လဲ
မှော်ပီဆရာသိန်းကြီးရဲ့ ဗျိုင်းနားမင်္ဂလာ စာတမ်း ပြန်ပုံနှိပ်ထုတ်ဝေတာဖတ်ရပါတယ်။မင်းလောင်းရွေးတော့ အဖေက မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်မယ်၊မင်္ဂလာဗျိုင်းနားပါစေ။ သားက သူသာမင်းဖြစ်ရင် တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် လုပ်မယ်တဲ့။ ဗျိုင်းက သားခေါင်းပေါ် နားလိုက်တာ တိုင်းပြည်ကြီးလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကရော။ အဲဒါ ဘာ့ကြောင့်လဲဆိုတော့ တိုင်းသူပြည်သားတွေ ကုသိုလ်ကံ မကောင်းလို့ပါတဲ့။ (ဒီနေရာမှာ ကုသိုလ်ကံဆိုတာကို ရှေးရိုးစွဲ ယူနေကျ အပေါ်ယံ လူအများမြင်ကောင်းရုံ လှူတာ ၊ဥပုသ်စောင့်တာ၊တရားအားထုတ်တာပဲ မယူဘဲ အတွင်းစိတ်ထားကောင်းများ ရှိတာမှ ကုသိုလ်ကံလို့ ယူစေချင်ပါတယ်)စည်းကမ်းမရှိ၊ ကိုယ်ချင်းစာစိတ်မရှိ၊လုံ့လဝီရိယမရှိ၊ဉာဏ်အမြော်အမြင်မရှိရင်တော့ မင်းကျင့်တရားနားမလည်တဲ့ သားပေါ်ပဲ ဗျိုင်းနားသွားပါလိမ့်မယ်။ Post Views: 1,079
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed