၂၀၁၅ ရွေးကောက်ပွဲ အတွက် အကြံဉာဏ် အမြင် တောင်းခံခြင်း။

Swal Taw YwetOctober 25, 20151min26910

မြန်ပြည်တွင်း မဲညစ်ဘို့ ဘာတွေ လုပ်လာနိုင်လည်း မှန်းဆမရနိုင်လောက်အောင်ဖြစ်နေ။

၁။မဲ တရုံ လူ ၃ထောင် စနစ်ကနေ မဲ မပေးရတဲ့ သူတွေ များအောင် လုပ်မယ်။

၂။လူအတုတွေနဲ့ မဲအတုတွေ နေရာပြောင်းပြီးလိုက်ထည့် နိုင်တယ်။

၃။သံရုံးကြိုတင်မဲတွေကို စာရွက် ချိန်းလိုက်နိုင်တယ်။

၄။ပယ်မဲတွေ များအောင်လုပ်မယ်။

၅။တပ်မဲ ဝန်ထမ်းမဲတွေ ကို အမိန့်နဲ့အရောင်ချယ်မယ်။

( ၂၀၁၂ နေပြည်တော် မှာ NLD နိုင်တုန်းက မဲပေးသူ ၆ဝ ရာနှုန်းလောက်ဘဲ ရှိတာ သတိထားမိခဲ့၊ ဖွင့်ပေးထားတာလို့ ထင်မြင်မိပါသည်၊ ထပ်မံ ဖွင့်ပေးမည်မထင်။)

ကျန်တာဘာတွေ လုပ်နိုင်ကြသေးသလည်း ဆွေးနွေးကြစေခလို။

ရွှင်လန်းချမ်းမြေ့ ကျန်းမာကြပါစေ။

With respect,

Swal Taw Ywet.

10 comments

  • kai

    October 25, 2015 at 6:37 pm

    နိုင်ရင်လည်း.. အဆင့်အတန်းရှိရှိ..။
    ရှုံးရင်လည်း သိက္ခာရှိရှိ..
    သခင်မျိုးဟေ့.. ဒို့ဘားမန်င်း…။

  • ဇီဇီခင်ဇော်

    October 25, 2015 at 8:04 pm

    Checklist ပြက္ခဒိန်
    ——————-

    ရွေးကောက်ပွဲ ရာသီ အတွင်း ပြည်သူတွေအတွက် ရက်စွဲအလိုက် Checklist ရေးပေးပါတယ်။ ပြက္ခဒိန်မှာ ရေးမှတ်ထား။ ဖုန်းထဲက ပြက္ခဒိန်မှာ ထည့်ထား။ to do list မှာ ထည့်ထားပေါ့။

    ယနေ့မှ ၃၁.၁၀.၂၀၁၅ (လကုန်အထိ)
    မိတ်ဆွေတွေကို ရွေးကောက်ပွဲ အသိပညာတွေ ဖြန့်ဝေပါ။ မဲဆွယ်ပါ။

    ၁.၁၁.၂၀၁၅ (တနင်္ဂနွေ)
    မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ စထုတ်လို့ရပြီ။ ဒီနေ့ပဲ သွားထုတ်ပါ။ တနင်္ဂနွေမိုလို့ပါ။ နောက်ရက်တွေ အလုပ်ဖွင့်ရင် ထုတ်ရခက်ပါတယ်။ ထုတ်ပေးချိန်က မနက်၈နာရီက ညနေ ၆နာရီပါ။ သွားထုတ်ရင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား ယူသွားပါ။ ဒါမှ မဲစာရင်း မပါတဲ့သူတွေ မဲဆန္ဒရှင် လက်မှတ်ရမယ်။ မဲစာရင်းမှာ ပါလည်း ထုတ်ထားပါ။ လက်မှတ်မှာ
    ၁-မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု
    ၂-ကိုယ်ပေးရမယ့် မဲရုံနံပါတ်၊ ကိုယ့်မဲစာရင်း အမှတ်စဉ်
    ၃-ကိုယ့်နာမည်၊ ကျားမ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်၊ အမိအဖ၊ လိပ်စာတွေပါတယ်။ အကုန်ပြန်စစ်ပါ။ အထူးသဖြင့် ဘယ်မဲရုံပေးရမယ်၊ ကိုယ့်မဲနံပါတ်ကို သေချာစစ်ပါ။ အရင်က မဲစာရင်း မပါခဲ့တဲ့သူတွေ ရပ်ကွက်မှာ သက်သေခံပေးနိုင်သူ ခေါ်သွားနိုင်ရင် ပိုကောင်းတယ်။

    ၂.၁၁.၂၀၁၅ (တနင်္လာ)
    မဲဆန္ဒရှင် လက်မှတ် မထုတ်ရသေးရင် သွားထုတ်ပါ။

    ၃.၁၁.၂၀၁၅ (အင်္ဂါ)
    ခဲချွန်ဓားလို ဓားအသေးလေးနဲ့ လမ်းဘေးမှာ ကပ်ထားတဲ့ (အထူးသဖြင့် မဲရုံတွေအနားမှာ ကပ်ထားတဲ့) ကိုယ့်ပါတီ စတစ်ကာလေးတွေ လိုက်ခွာပေးပါ။ ပုံမှန် ၅ရက်နေ့မှ မဲဆွယ်တာရပ်ဖို့ NLD က ညွှန်ကြားပေးမယ့် စတစ်ကာ အသေးတွေကို စောစောခွာတာ ပိုကောင်းမယ်။ ကျန်သွားရင် ဒုက္ခရောက်နိုင်တယ်။ တခုတော့ရှိတယ်။ သူများစတစ်ကာ စေတနာပိုပြီး သွားမခွာနဲ့။ ရဲအတိုင်ခံနေရမယ်။ ကိုယ်ခွာမယ်ဆိုရင်လည်း ကိုယ့်ပါတီက လူတယောက်ယောက် အကြောင်းကြားထား။ မဲဆန္ဒရှင် လက်မှတ် မထုတ်ရသေးရင် သွားထုတ်ပါ။

    ၄.၁၁.၂၀၁၅ (ဗုဒ္ဓဟူး)
    စတစ်ကာတွေ ဆက်ခွာပေးပါ။ မဲဆန္ဒရှင် လက်မှတ် မထုတ်ရသေးရင် သွားထုတ်ပါ။ သူများလည်း တိုက်တွန်းပါ။

    ၅.၁၁.၂၀၁၅ (ကြာသပတေး)
    မဲဆွယ်တာကို NLD က ရပ်ပြီ။ စတစ်ကာတွေ ခွာတာ၊ ပိုစတာတွေ ဖြုတ်တဲ့နေရာမှာ ကူညီပါ။ မဲဆန္ဒရှင် လက်မှတ် မထုတ်ရသေးရင် သွားထုတ်ပါ။ သူများလည်း တိုက်တွန်းပါ။

    ၆.၁၁.၂၀၁၅ (သောကြာ)
    ကိုယ့်ရပ်ကွက်ကို တစ်ပတ်ပတ်ကြည့်ပါ။
    ကိုယ်ပေးရမယ့် မဲရုံအနားမှာ ကိုယ့်ပါတီ ကြေညာတာတွေ၊ ပိုစတာ၊ဗီနိုင်း၊စတစ်ကာတွေ ရှိမရှိ လိုက်ကြည့်ပါ။
    မဲဆန္ဒရှင် လက်မှတ် မထုတ်ရသေးရင် သွားထုတ်ပါ။

    ၇.၁၁.၂၀၁၅ (စနေ)
    ကိုယ့်အိမ်က အလံတွေ၊ ဖုန်းမှာ စတစ်ကာ ကပ်ထားတာတွေ ဖြုတ်ပါ။
    ဖုန်း ringtone မှာ NLD သီချင်း ပြောင်းထားတာ ရှိရင် ပြင်ပါ။
    မဲဆန္ဒရှင်လက်မှတ် မထုတ်ရသေးရင် ထုတ်ဖြစ်အောင် ထုတ်ပါတော့။
    ကိုယ့်မဲရုံနဲ့ မဲအမှတ်စဉ်ကို ကျက်လိုက်တော့။ ဒါမှ ရှာရလွယ်မယ်။

    မနက်ဖြန် မနက်စောစောထသွားရမယ်။ မဲရုံမှာ လူများမယ်ဆိုရင် မနက်အစောကြီး သွားစောင့်ဖို့ ပြင်ထား။
    မှတ်ပုံတင်၊ မဲဆန္ဒရှင်လက်မှတ် တစ်ခုခု သေချာအောင် ထည့်ထား။
    ရေဗူး၊ အဆာပြေစားစရာ ကြိုထည့်ထားရင် မနက်မှ မရှာရတော့ဘူးပေါ့။

    ၈.၁၁.၂၀၁၅ (တနင်္ဂနွေ)
    ၁- စောစောရောက်နိုင်လေ ကောင်းလေပါ။ တန်းစီချင် စီရမယ်။ အိမ်ကအထွက်ခင် ကိုယ့်မှာ ပါရမှာပြန်စစ်။
    မဲဆန္ဒရှင် သက်သေခံ လက်မှတ်( ဒါမှမဟုတ်) မှတ်ပုံတင်၊ ရေဗူး၊ စားစရာ။
    ကိုယ့်ကိုယ်ကိုယ် ပြန်စစ်။
    NLD အကျင်္ီတွေ ဖြစ်မနေစေနဲ့။ အနီ၊ ပင်နီ၊ ယောပုဆိုး မဝတ်နဲ့။
    အမေစုပုံ တက်တူးထိုးရင် ဖုံးထား။ ဗလပြမနေနဲ့။

    ၂- ဟိုမှာ စောရောက်ရင် မဲရုံမှာ ကြိုတင်မဲ ပေးသူစာရင်း ကပ်ထားလိမ့်မယ်။ မကပ်သေးရင် ကပ်ဖို့ ကွန်ပလိန်းလုပ်ပါ။
    ဒါဥပဒေနဲ့ အညီပဲ။ ကပ်ထားရင် ဖတ်ပြီး မှတ်ထား။ မဲရုံအပြင်မှာဆို ဓာတ်ပုံရိုက်လို့ ရနိုင်တယ်။ မဲရုံမှူးကို မေးပြီးမှ ရိုက်ပါ။

    ၃- တန်းစီပါ။ စည်းကမ်းမမဲ့ပါနဲ့။ မလိုပဲ အော်ကျယ်အော်ကျယ် မလုပ်ပါနဲ့။ ကိုယ့်အလှည့်ရောက်ရင် မဲလက်မှတ်ကို ထုတ်ပါ။
    မဲရုံမှူးလက်မှတ် ပါလား၊ ပြဲနေလား၊ မင်စွန်းနေလားစစ်ပါ။ မစုံရင် ပြန်လဲပါ။
    ပြီးရင် ဘာလွှတ်တော်လဲ စစ်၊ မဲပေးခန်းထဲဝင်ပြီး ဘယ်လက်က လက်မလက်ညိုးနဲ့ ချိန်ပါ။ ညာလက်က တံဆိပ်တုံးကို တင်ပါ။ ထိထိမိမိ ဖိချပါ။ တခါပဲ။
    မထင်လို့ဆိုပြီး နောက်တစ်ခေါက် မရိုက်နဲ့။ ပြန်လဲပေးဖို့ ရှိချင်မှ ရှိမယ်။ ရှိတောင် တော်တော်ပြောရမယ်။ နေပြည်တော်က နှစ်မဲ။
    နေပြည်တော် တိုင်းရင်းသား သုံးမဲ။
    ကျန်ဒေသတွေ သုံးမဲ။ တိုင်းရင်းသား လေးမဲ။ ကိုယ် မဲပေးရမယ့် အရေအတွက်ကို ပေးပါ။

    ၄- လက်ကို မင်တို့ခံပါ။ မလိုအပ်ပဲ ပါတီ မဲရုံကိုယ်စားလှယ်ကိုပဲ ဖြစ်ဖြစ်၊ အမတ်လောင်းပဲ ဖြစ်ဖြစ် နှုတ်မဆက်နဲ့။
    ကိုယ့်ကြောင့် သူဖြေရှင်းနေရရင် မကောင်းဘူး။

    ၅- အကြောင်းကြောင်းကြောင့် နောက်ကျနေရင် လေးနာရီထိုးမှာ မဲရုံပရဝဏ်ထဲတော့ ရောက်ပါစေ။
    လေးနာရီမဲရုံပိတ်ပေမယ့် ပရဝဏ်ထဲ ရှိနေရင် ပေးခွင့်ရှိတယ်။

    ၆- အိမ်မပြန်နဲ့။ မဲရုံပိတ်ပြီးရင် မဲရေတာကို စောင့်ပါ။ ဆူဆူညံညံ မလုပ်ပါနဲ့။ လူတယောက်တပေါက် မကျေနပ်တာ မပြောပါနဲ့။
    တခုခု အဆင်မပြေရင် ပါတီရဲ့ မဲရုံကိုယ်စားလှယ်ကို ပြောပါ။ သူရှင်းသင့်ရင် ရှင်းပေးမယ်။ မဲရေတာ ပယ်မဲကို မသင်ကာရင်တောင်းကြည့်ပါ။
    ကိုယ်က ပယ်မဲ ဖြစ်ရတဲ့ အကြောင်းတွေကိုတော့ ဖတ်ထားပေါ့။

    အဆင်ပြေချောမွေ့ကြပါစေ…
    .
    .
    Credit to သက္ကမိုးညို

  • ဇီဇီခင်ဇော်

    October 25, 2015 at 8:15 pm

    .နိုဝင်ဘာ ၈ ရက်မှာ လာမပေးတဲ့မဲတွေ အသုံးချမခံရဖို့ မဲပေးခွင့်ရသူအားလုံး မဲထွက်ပေးကြဖို့ လိုတယ်။

    မဲရုံက မနက် ၆ နာရီကနေ ညနေ ၄ နရီအထိ စုစုပေါင်း ၁ဝ နာရီဖွင့်မယ်။

    စင်ကာပူ သံရုံး မဲရုံ အတွေ့အကြုံအရ မဲလက်မှတ် ထုတ်ပေးတဲ့ ကောင်တာ ၁၂ ခုရှိတယ်၊ မဲလက်မှတ် ၃/၄ စောင်ကို တကြိမ်ထဲ ထုတ်ပေးပြီး တကြိမ်ထဲ ဆန္ဒပြု/ မဲပုံးထဲ ထည့် လုပ်ရတယ်။ တနေ့လုံးအတွက် လူ ၃၀၀ဝ ပေးရဖို့ ဖျစ်ဖျစ်မြည်အောင် လုပ်ရတယ်။

    အခုတွေ့တဲ့ မဲရုံပုံစံတွေအရ မဲလက်မှတ်ကို တယောက်ပြီးမှ တယောက် လွှတ်တော် တခုပြီးမှ နောက်လွှတ်တော်တခု မဲလက်မှတ်ထုတ်/ ဆန္ဒပြု/ မဲပုံးထဲ ထည့် လုပ်ရမယ် ဆိုတော့ လူ ၃၀၀ဝ ရှိတဲ့ မဲ ဆန္ဒနယ်မြေလိုမျိုးမှာ လူကုန် ပေးနိုင်ပါ့မလား သံသယ ရှိတယ်။

    ္ဆမဲလက်မှတ်ထုတ်/ ဆန္ဒပြု/ မဲပုံးထဲထည့် ဆိုတဲ့ ၃ ဆင့်မှာ စာရွက်တွေထဲ ကိုယ့်နာမည် ပါမပါ ဖင်ပြန် ခေါင်းပြန် ရှာရတဲ့ မဲလက်မှတ်ထုတ်တဲ့ အဆင့်က အကြာဆုံးပဲဆိုတော့ (ဥပမာ) လှို့ဝှက် ဆန္ဒပြုခန်းတွေ အများကြီးလုပ်ထားရင်တောင် ထူးလာမှာ မဟုတ်ဘူး။ လွှတ်တော် ၃ခု နဲ့ တိုင်းရင်းသား ကိုယ်သားလှယ် အတွက် မဲထုတ်တဲ့ စားပွဲတွေ ခွဲထားတယ် ဆိုပေမယ့် တခုပြီးမှ တခုဆိုတော့ တကယ်တော့ တခုပဲ ရှိတာနဲ့ အတူတူပါပဲ။

    ဒီနေ့ မဲရုံပုံစံနဲ့ မဲပေးလေ့ကျင့်ကြတဲ့ ပုံတွေ တက်လာတော့ အချိန်မှတ်တဲ့ ကိစ္စလုပ်ဖြစ်ကြရင် ကောင်းမယ်လို့ တွေးမိသေးတယ်။

    ဒီ လူကုန် မပေးလိုက်ရမယ့် ကိစ္စအတွက် ရွေးကော်ဖက်က လုပ်လို့ရတာတွေက-

    ၁) နိုဝင်ဘာ ၁ ရက်က စပြီး ထုတ်ပေးမယ့် မဲဆန္ဒရှင် သက်သေခံလက်မှတ်။ (မဲပေးတဲ့နေ့မှာ ကိုယ့်နာမည် ရှာရတဲ့ အချိန် သက်သာသွားမယ်)

    ၂) မဲပေးချိန်တိုးတာ၊ ဥပမာ မနက် ၄ နာရီက ညနေ ၄ နာရီ။ (ညနေဖက်ကိုတော့ ထပ်မတိုးတာကောင်းမယ်)

    ၃) မဲရုံမှာ မဲလက်မှတ် ထုတ်ပေးမယ့် စားပွဲတိုးတာ၊ ဒါမှ မဟုတ် စားပွဲမှာ ဝန်ထမ်းထပ်တိုးတာ (ဒါပေမယ့် စာရွက်တွေနဲ့ပဲ လူနာမည် ရှာကြဦးမှာဆိုတော့ ဒီဖက်က မဲလက်မှတ်ထုတ်ပြီး လူစာရင်းက ဟိုဖက်မှာ အလို အလျှောက် သွားပေါ်မှာ မဟုတ်တော့ သိပ်ထူးမယ် မထင်)

    ၄) မဲရုံမဝင်ခင် တန်းစီနေတဲ့ အချိန်အထိ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေ ဆက်ထုတ်ပေးတာ

    ၅) မဲရုံ ထပ်တိုးတာ (အချိန် မကျန်တာရယ်၊ ဝန်ထမ်းတွေ ထပ်ပြီးသင်တန်း ပို့ချရမှာရယ်၊ နေရာ အခက်အခဲတွေရယ်ကြောင့် သိပ် မဖြစ်နိုင်)

    Volunteer တွေ လုပ်လို့ ရတာတွေက

    ၆) လူအကုန် ထွက်ပြီး မဲပေးအောင်၊ သက်သေခံလက်မှတ် ထုတ်ကြအောင် နှိုးဆော်ဖို့

    ၇) မဲပေးရက်မှာ သက်သေခံ လက်မှတ် မပါတဲ့ တန်းစီနေတဲ့သူတွေကို မဲစာရင်း မှာပါတဲ့ စာမျက်နှာ/ အမှတ်စဉ် စတာတွေကို ကြိုပြီး ရှာပေးဖို့

    မဲပေးမယ့် သူတွေ လုပ်လို့ ရတာတွေက

    ၇) မဲရုံကို တတ်နိုင်သမျှ စောစောသွားဖို့၊ စနစ်တကျ တန်းစီကြဖို့

    ၈) မဲလက်မှတ်ကို အသေအခြာစစ်ဆေး/ ဆန္ဒပြု/ မဲပုံထဲထည့်တဲ့ ကိစ္စတွေကို တတ်နိုင်သမျှ မြန်မြန် လုပ်ပေးကြဖို့

    ၉) အရေးအကြီးဆုံးကတော့ ၄ နာရီ မဲရုံမပိတ်ခင် မဲရုံ ပရဝုဏ်ထဲမှာ ရောက်ရှိပြီးသူတွေ ဆက်လက်မဲပေးခွင့်ရှိတဲ့ အတွက် ကိုယ့်ရဲ့ မဲရုံပရဝုဏ် သတ်မှတ်ချက်ကို သိအောင်လုပ်ထားပါ။ ညနေ ၄ နာရီ မတိုင်ခင် ပရဝုဏ်အတွင်း ရောက်ရှိပြီးဖြစ်အောင် အားထုတ်ပါ။

    မဲပေးရက်မှာ အချင်းချင်း တတ်နိုင်သမျှ ဖေးမကူညီကြနိုင်ပါစေခမျာ။

    .credit to Nyein Khant

  • ဦးကြောင်ကြီး

    October 26, 2015 at 5:27 am

    ငိုးမရွေးကော ်

  • kai

    October 26, 2015 at 7:59 am

    ဒီချုပ်နိုင်လျှင် အမျိုးသားရင်ကြားစေ့ရေးဦးတည်သော အစိုးရမျိုးဖွဲ့မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
    By
    ငြိမ်းငြိမ်းပြည့်
    On
    Mon, 2015-10-26 06:30
    Location
    ကော့မှူး
    Issue No.
    No.898 Monday, October 26, 2015
    ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်တွင် အောက်တိုဘာ ၂၅ ရက်က မဲဆွယ်စည်းရုံးဟောပြောနေစဉ် (ဓာတ်ပုံ − နစ်ကီ)

    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲနိုင်၍ အစိုး ရဖွဲ့သည့်အခါ အမျိုးသားရင်ကြား စေ့ရေးအစိုးရ ဖွဲ့စည်းမည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၅ ရက်တွင် ကော့မှူး မြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်၌ ပြောကြားခဲ့သည်။အမျိုးသားရင်ကြားစေ့ရေး ကို အခြေခံ၍ ပူးပေါင်းမည့် ပုဂိ္ဂုလ်များ၊ အဖွဲ့အစည်းများကို ကြိုဆို မည်ဖြစ်ပြီး အားလုံးညီညီညွတ် ညွတ်နှင့် လုပ်ကိုင်မှသာ မြန်မာနိုင်ငံငြိမ်းချမ်းမည်ဟု နိုဗယ်ငြိမ်းချမ်းရေးဆုရှင်က ပြောသည်။

    ‘‘ကျွန်မတို့ဟာ အဖွဲ့ချုပ် ပြတ်ပြတ်သားသားနိုင်ချင်တယ်။ မှန်တယ်။ ပြတ်ပြတ်သားသား အ ပြတ်အသတ်နိုင်မှ အစိုးရဖွဲ့လို့ရ မှာ။ ကျွန်မတို့ အစိုးရဖွဲ့တဲ့အခါ ကျရင်တော့ အမျိုးသားရင်ကြား စေ့ရေးကို ဦးတည်တဲ့အစိုးရမျိုးပဲ ဖြစ်စေချင်တယ်’’ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် သခွတ်ကျေးရွာတွင် ပြောကြားသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၄ ရက် ကော့မှူးလူထုဟောပြောပွဲတွင် တိုင်းရင်းသားဒေသများအပါအဝင် နိုင် ငံတစ်ဝန်းမဲဆန္ဒနယ်အနှံ့အပြား၌ NLD က ဝင်ရောက်ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။ လွှတ်တော်ကိုယ်စားပြုကော်မတီတွင် ပါဝင်သော မဟာမိတ်ပါတီများ၏ ခေါင်းဆောင်များယှဉ်ပြိုင် မည့်နေရာတွင် NLD အနေဖြင့် မယှဉ်ပြိုင်ဆိုသော မူအသစ်ကို ချမှတ်ခဲ့ပြီး အခြားနေရာများနှင့် ပတ်သက်၍ အပေးအယူလုပ်ရမည်ဟု ဆိုသည်။ ဗဟိုတွင် ဒီမိုကရေစီမရှိသရွေ့ မည်သည့်ပြည်နယ်မှ ဒီမိုကရေစီရမည်မဟုတ်၍ ဗဟိုအစိုးရဖြစ်ရေးအတွက် ကိုယ်စားလှယ်များများရနိုင်ရန် ပြည်နယ်များတွင် ယှဉ်ပြိုင်ရခြင်းဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းခဲ့သည်။

    ထို့အတူ ၎င်းနှင့် တပ်မတော် ကြား အထင်အမြင်လွဲစေမည့် စာ များ၊ အမြင်သုံးသပ်ချက်များ ရေး သားနေခြင်းသည် ရည်ရွယ်ချက်ရှိ သော ဝါဒဖြန့်ချိမှုများဖြစ်သည်ဟု ဆိုခဲ့သည်။ NLD အစိုးရ ဖွဲ့နိုင်ပါက တပ်မတော်ကို သိက္ခာရှိစွာ ရပ်တည်နိုင်သည့် တပ်မတော်တစ်ရပ်အဖြစ် ရပ်တည်နိုင်ရေးပံ့ပိုးခြင်းများ လုပ်ဆောင်မည်ဟု ပြောသည်။

    ‘‘ဒီနေ့ ကော့မှူးပြည်သူတွေ ရှေ့မှာ ကျွန်မကတိပြုပြောလိုက် တယ်။ တပ်မတော်ဆိုတာ ကျွန်မ ဖေဖေကိုယ်တိုင် တည်ထောင်ခဲ့ တာပဲ။ ပြည်သူချစ်တဲ့ အဖွဲ့အ စည်းဖြစ်အောင် ပံ့ပိုးပေးမှာ။ ဒါမှ ပြည်သူတွေ လုံခြုံမယ်။ ကျွန်မအ နေနဲ့ ဝါဒဖြန့်ချိမှုတွေမှာ ပြောဆို နေသလို တပ်မတော်က ဘယ်သူ့ ကိုမှ တိုက်ခိုက်ချင်တဲ့ဆန္ဒမရှိဘူး။ အရေးယူဖို့၊ ပြဿနာရှာဖို့ ရည် ရွယ်ချက်လည်း မရှိဘူး’’ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

    ဒီချုပ်အနေဖြင့် ရွေးကောက် ပွဲတွင် မဲအများစုအနိုင်ရပြီး လွှတ် တော်၌ သမ္မတတင်မြှောက်ခြင်း အောင်မြင်ပါက တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပြုပြင်ပြောင်းလဲလိုစိတ်ရှိကြသည့် တပ်မတော်အရာရှိဟောင်းများပါဝင်သော အမျိုးသားရင်ကြားစေ့ရေး အစိုးရကို ဖွဲ့စည်းသင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူအချို့က အကြံပြုမှုများလည်း ရှိသည်။

    မဲပေးခွင့်ရှိသူဦးရ ၉၀,၀၀ဝ ကျော်ရှိသော ကော့မှူးမြို့နယ် တွင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ငါးဦးရှိသည်။ ဒေါ်အောင်ဆန်းစု ကြည်သည် အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက် နှစ်ရက်တာ ၎င်း၏ မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးရေးခရီးစဉ် ဆင်းခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီအထိ ရန်ကုန်မြို့ပြင်ပခရီးစဉ်များမရှိတော့ဟု ၎င်းက ပြောသည်။ ရွေးကောက်ပွဲနေ့တွင် ကော့မှူးမြို့သို့ လာရောက်မည်ဟုလည်း ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ရက်တာ ကော့မှူးမြို့နယ်မဲ ဆွယ်ခရီးစဉ်နောက်ဆုံးရက်တွင် ကော့မှူးမြို့အရှေ့ခြမ်းရှိ ပျား မွတ်၊ ခရိုက္ခနိ၊ သခွတ်၊ ကျုံဒရယ် စသည့်ရွာများအပါအဝင် ရွာစဉ် တစ်လျှောက် ကားဖြင့် လှည့်လည် ၍ ရွာထိပ်လမ်းဆုံနေရာများတွင် စောင့်ဆိုင်းနေကြသော လူထုကို မိန့်ခွန်းများ ပြောကြားခဲ့သည်။

  • မြစပဲရိုး

    October 26, 2015 at 2:03 pm

    အကြောင်းကြားစာ (၁)

    နယ်က အဒေါ် ပြောနေတာကတော့ တုံးထုဖို့ မလိုဘဲ အမှန်ခြစ် ရုံ ဆိုဘဲ။
    သူ့အပြော အရ တုံးထု ရတာက စာမတတ်သူ တွေ အတွက် ဆိုလား။
    “သေချာ ရဲ့လား” အကြိမ်ကြိမ်မေးတော့ လဲ သူက သေချာ သတဲ့။
    ဘယ်လို ညစ်လုံး တွေ ထွင်နေလဲ မသိ။
    တုံးမထုခိုင်း ဘဲ နောက်မှ ပယ်မဲ လုပ်ဖို့ လား။
    တတ်စွမ်းသူများ စုံစမ်းကြည့်ကြပါ ရန် အကြောင်းကြားပါသည်။
    ကျွန်မ လဲ သေချာအောင် နောက်ထပ် ထပ်ပြီးမေးလိုက်ပါဦးမည်။

  • မြစပဲရိုး

    October 26, 2015 at 2:14 pm

    အကြောင်းကြားစာ (၂)

    ကျွန်မ အတွေ့အကြုံ အရ မဲပေးပြီး စာရွက် ကို မဲပုံး ထဲ မထည့်ခင် စာအိတ် ထဲ ထည့်ပြီး ပိတ်ရပါတယ်။
    အဲဒီ အတွက် ကော်ဗူး လိုပါတယ်။
    သံရုံးက တော့ ကော်ဗူးပေးထားပါတယ်။ အပြာရောင် ဘောပန် ပေးထားပါတယ်။
    .ရွှေပြည်မှာရော ပေးထားသင့်ပါတယ်။
    Quality တော့ ကောင်းဖို့ လိုမှာပါ။

    အတော်လေး စိတ်ပျက်ဖို့ ကောင်းတာ က စာအိတ် ရဲ့ quality ပါဘဲ။
    စာအိတ် ၃ အိတ်ထဲက တစ်အိတ်မှာ အပေါ်က ပိတ်ရမဲ့ အလွှာ က အောက်က အလွှာ ပေါ်မှာ အုပ်နေရမဲ့ အစား တစ်ခု နဲ့ တစ်ခု အလှမ်းမမှီပါ။
    ဒီတော့ စာရွက် ကို ပြန်ထုတ် သေးအောင် ပြန်ချိုး ပြီး ပြန်ထည့် ပြီး မှ အပေါ်လွှာ ကို အောက်ဖက် ကို နဲနဲ ပြန်ချိုး ပြီး ပိတ် မှ မှီ ပါတယ်။
    စာရွက် စာတမ်း တွေ နဲ့ အကျွမ်းမဝင် သူများ အတွက် ဘယ်လိုမှ သက်တောင့် သက်သာ မဖြစ်မဲ့ အခြေအနေပါ။
    .ကော်သုတ် တာ လွဲ ရင်လဲ ပြဲ ပြီး ပယ်မဲ ဖြစ်တော့မှာပါ။

    စိတ် စေတနာ ကောင်း နဲနဲ မှ မရှိ တဲ့ အပြင် ပညာဉာဏ်ရည် နဲလွန်းတဲ့ လုပ်နည်း ကိုင်နည်း များ ကို သိသာစွာ မြင်နေရတော့
    တိုင်းပြည် ဒီလောက် စုတ်ပြတ် လာတာ သိပ်တော့ မထူးဆန်းတော့ပါ။
    ဆက်ပြီး စုတ်ပြတ်ဖို့ အတွက် မဖြစ်အောင် သာ ဒီအချိန် ပံ့ပိုးနိုင်သမျှ ပံ့ပိုးပေးကြပါတော့။

  • ဇီဇီခင်ဇော်

    October 26, 2015 at 2:50 pm

    (အီဂေါဗလာဇီဗစ် အင်တာဗျူးကို ဖတ်ပြီး နားလည်သလို ပြန်ရေးတယ်)

    USDP ပြည်ခိုင်ဖြိုးရဲ့ မဟာဗျူဟာက ရွေးကောက်ပွဲ အနိုင်ရရေးမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ သူတို့ ရှုံးမယ်ဆိုတာ သိထားကြတယ်။

    သူတို့ မဟာဗျူဟာသည် သမ္မတတင်မြှောက်ရေးပဲ။ သမ္မတသည် အစိုးရ ဖွဲ့ခွင့်ခန့်အပ်ခွင့် ရှိတယ်။သမ္မတကို ဒုသမ္မတ သုံးဦးကနေ ရွေးတယ်။ ဒုသမ္မတ တွေကို အမျိုးသားလွှတ်တော်က တယောက်၊ စစ်တပ်က တစ်ယောက်၊ ပြည်သူ့လွှတ်တော်က တစ်ယောက် တင်သွင်းတယ်။

    ပြည်သူ့လွှတ်တော်ကို နမူနာကြည့်မယ်ဆိုရင် လူ ၄၄၀၊ စစ်တပ်က ၁၁ဝ ဖယ်လိုက်တော့ ၃၃ဝ ကျန်မယ်။ ပြည်ခိုင်ဖြိုးမှန်းတာ လူတစ်ရာလောက်ပဲ။ ဒါဆိုရင် တိုင်းရင်းသားတွေက ၃ဝလောက်ပဲထား၊ NLD က ၂၀ဝ ပဲရမယ်။ သူတို့က စစ်တပ်က ၁၁ဝနဲ့ ပေါင်းပြီး ၂၁ဝ လောက်ဆိုရင် သမ္မတနေရာမဲပေးလို့ရပြီ။ ဒါဆိုရင် အမျိုးသားလွှတ်တော်လည်း ဒီအတိုင်းပဲ။ စစ်တပ်ကိုယ်စားလှယ်က သိတဲ့ အတိုင်း သူတို့လူတင်မယ်။ ဒါဆိုရင် ဒုသမ္မတသုံးယောက်စလုံးဟာ သူတို့ တင်တဲ့လူတွေ ဖြစ်ကုန်မယ်။

    ဒါကြောင့် NLDဟာ ပြည်သူ့လွှတ်တော်မှာ လူ ၂၈ဝ လောက်ရအောင် အားထုတ်ရမှာဖြစ်ပါတယ်။ ကျန်တဲ့ အမျိုးသားလွှတ်တော်မှာလည်း ဒီအတိုင်းပဲ။

    တောင်ပြိုကမ်းပြိုနိုင်မှ ဖြစ်မယ်ဆိုတာ ဒါကို ပြောတာပါ။

    ဒါကြောင့် သူတို့ဟာ သေချာပေါက်ရရမယ့် နေရာတွေ (ဥပမာ ကိုကိုးကျွန်း၊ နေပြည်တော်) စတဲ့နေရာတေမှာ မဲဆွယ်ခွင့် မပေးတာမျိုး၊ အဝင်မခံတာမျိုးလုပ်မယ်။ မဲဝယ်မယ်။ ဖိအားသုံးမယ်ဆိုတာတွေ လုပ်နေတယ်။

    ဒေါ်အောင်ဆန်းစုကြည်သည် ဒါကို သေချာပေါက် မြင်တဲ့အတွက် အပင်ပန်းခံ ခရီးထွက်နေတယ်။

    တနေရာမှာမှ သင်းတို့ကို မပေးကြနဲ့။

    သက္ကမိုးညို

  • ကထူးဆန်း

    October 26, 2015 at 3:28 pm

    မှတ်ပုံတင် တစ်ခု .. မဲတစ်ခါပေး … လက်မှင် တို့ … ပြန်ထွက် … မှင် ကိုနိုင်တဲ့ ဖ ျက်ဆေး အသင့် .. ပြန်ဖ ျက် …
    ဒုတိယ မဲရုံကို သွား … သက်သေခံလက်မှတ်ပြ .. မဲရုံမှုး က မဲ ထုတ်ပေး … ဒုတိယ အကြိမ်မဲပေး … လက်မှင်တို့ … ပြန်ထွက် ..
    မှင်ကို နိုင်တဲ့ ဖ ျက်ဆေး ဖ ျက် .. နောက် တစ်ရုံသွား …. နောက် တစ်ရုံသွား
    ပိုက်ဆံထုတ် .. အရက်သောက် .. ငိငိ..

  • Mike

    October 27, 2015 at 9:40 am

    Eleven Media Group
    3 hrs ·

    မည်သည့်ပါတီမဆို အနိုင်ရပါက အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

    ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) အခြားပါတီတစ်ခုခုမှ ရွေးကောက်ပွဲတွင် အနိုင်ရပါက အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းမည်ဟု အမေရိကန် အခြေစိုက် CBS News ရုပ်သံသတင်းဌာနမှ အောက်တိုဘာ ၂၅ ရက်တွင် ထုတ်လွှင့်သည့် ရုပ်သံအစီအစဉ်၌ သမ္မတဦးသိန်းစိန်က ပြောကြားသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီမှ အနိုင်ရခဲ့သော်လည်း အာဏာလွှဲ မပေးခဲ့ကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အလားတူဖြစ်ရပ် မဖြစ်ပွားစေရန် အာမခံနိုင်သလား မေးမြန်းရာတွင် သမ္မတဦးသိန်းစိန်က “အဲဒီလိုမျိုး (မဖြစ်ဘူးလို့) ယုံကြည်ပါတယ်။

    ၁၉၉ဝ ကလို အခြေအနေမျိုးဖြစ်ဖို့ အခွင့်အရေး လုံးဝမရှိပါဘူး။ ဒီနှစ် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်” ဟု ဖြေကြားခဲ့သည်။ ထို့အပြင် ဆက်လက်၍ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကို မေးမြန်းရာတွင် “ကျွန်တော်တို့ကြားမှာ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေ မဟုတ်ရင်တောင် ရန်သူတွေတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပဲဖြစ်ဖြစ် တခြား ပါတီတစ်ခုခု ပဲဖြစ်ဖြစ် အနိုင်ရတယ်ဆိုရင် အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းမှာပါ” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

    အဆိုပါ အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိရန် ယုံကြည်သလား မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အနေနဲ့ ခုချိန်မှာ (ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိ မရှိ) ယုံကြည်ဖို့ လိုအပ်တယ်လို့ မထင်ပါဘူး။ ခုချိန်မှာ လိုအပ်တာက တတ်နိုင်သလောက် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ကြိုးစား လုပ်ဆောင်ဖို့ပါ။ ဒီတော့ ခုချိန်ဟာ စိန်ခေါ်မှုတွေ ရှိနေတဲ့ အချိန်ပါ။ စိန်ခေါ်မှုဆိုတာ အခွင့်အရေးလည်း ဖြစ်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

    ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် လက်ရှိတွင် တပ်မတော် ခေါင်းဆောင်များ ရှုမြင်သည့် ‘စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ’ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်းနှင့် အဆိုပါ စနစ်သည် ၎င်းရှုမြင်သည့် ဒီမိုကရေစီပုံစံနှင့် ထပ်တူကျခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အရှင်ဝီရသူ၏ အမြင်ကို မေးမြန်းရာတွင် အရှင်ဝီရသူက “အမျိုးသားရေးနဲ့ နိုင်ငံ့လုံခြုံရေးနဲ့ သက်ဆိုင်လာရင်တော့ အသုံးမတည့်ပါဘူး” ဟု မိန့်ကြားသည်။

    အမေရိကန် အခြေစိုက် CBS News ရုပ်သံဌာနမှ အောက်တိုဘာ ၂၅ ရက်က မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ The New Burma ခေါင်းစဉ်ဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ မေးမြန်းမှုများ ပါဝင်သည်။ အောက်တိုဘာ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဒေသခံတစ်ဦးက အစိုးရအနေဖြင့် နောက်ကြောင်း ပြန်လှည့်သည့် လုပ်ရပ်မျိုး လုပ်ဆောင်ပါက ပြည်သူများ မည်ကဲ့သို့ ပါဝင်ရမည်ဆိုသည်ကို သိလိုကြောင်း မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ အနေဖြင့် မျက်နှာကို အရှေ့သို့မူပြီး ဆက်လက်သွားရမည်ဟု ပြောကြားသည်။

    ဒေါ်အောင်ဆန်းစုကြည်က “နောက်ကြောင်းပြန် မလှည့်ချင်အောင်လည်း ကျွန်မတို့ ပြည်သူတွေက အားလုံးဝိုင်းပြီးတော့ လုပ်ပေးရမယ်။ ဒီအစိုးရကို ကျွန်မပြောချင်တာက ဘာမှမကြောက်ပါနဲ့။ ဒီမိုကရေစီစနစ်မှာ ရှုံးတဲ့အခါ ရှုံးတယ်။ နိုင်တဲ့အခါ နိုင်တယ်။ ရှုံးတဲ့သူကလည်း ဘဝပျက်သွားတာ မဟုတ်ပါဘူး။ နိုင်တဲ့သူကလည်း ထာဝရ အာဏာရတာ မဟုတ်ပါဘူး။ဒီမိုကရေစီ စနစ်ကို နားမလည်လို့သာ ဒီလောက်တောင်မှ ရှုံးရမှာ ကြောက်နေတာ ဖြစ်ပါတယ်လို့ ကျွန်မပြောချင်ပါတယ်” ဟု ပြောကြားသည်။

    Website တွင် ဖတ်ရှုရန် >>>>> http://goo.gl/tafyCr

Leave a Reply