၂၀၁၅ ရွေးကောက်ပွဲ ကိန်းတွေ… Myanmar general election, 11/8/2015

kaiNovember 13, 20152min80024

ဒီထဲမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပါတ်သက်တဲ့ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေကို သိမ်းထားဖို့ရည်ရွယ်ပါတယ်။ နောက်နောင်အချက်အလက်ရှာတဲ့အခါ လွယ်အောင်ပါ။
ရွာသူားများ… ကော်မန့်တွေနဲ့ ကြိုက်တာတွေ မှတ်တမ်းထားလိုတာတွေ လာဖြည့်ကြစေလိုပါကြောင်း..။

======================

ပြည်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃၈ ၊ အမျိုးသားလွှတ်တော် အတွက် ၁၁ဝ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၄၀၁ ဦးရှိနေပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၈ ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၆၁ ဦး ရရှိနေပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၁၂ ၊ အမျိုးသားလွှတ်တော်အတွက် ၃ ၊ ပြည်နယ်အတွက် ၂၆ ဦး ရရှိနေပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် ( တိုင်းရင်းသားလူမျိုး ) လွှတ်တော်ကိုယ်စားလှယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁ဝ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ၂ ဦး၊ ရခိုင်အမျိုးသားပါတီ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ( ဒူးလေးပါတီ ) ၁ ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦး တို့ဖြစ်ပါသည်။

Khun Saing

တက်လာတဲ့ လူထုရွေးကောက်ပွဲ က တင်မြှောက်လိုက်တဲ့ အမတ်များစာရင်းမှာ ခေတ်အဆက်ဆက် အစိုးရများရဲ့ အကျဉ်းချခြင်းကိုခံရဖူးရသူများ စာရင်း ကို ကျွန်တော် ပြုစု ပြီး အခု ခေါင်းထဲပေါ်သလောက် အကြမ်းဖျင်းချရေးကြည့်တာပါ။ ( ကျွန်တော်မသိရသေးသော – -တိုင်းရင်းသားပါတီများအပါအဝင်- ပါတီအားလုံး ….မှ လိုနေ-ကျန်နေသေးသော အမတ်များ-ကို သိသူများ။ နယ်ခံလူများ က ဆက်ဖြည့်ပေးကြမယ်ဆို …. အကျဉ်းချခံရဖူးတဲ့ အရွေးချယ်ခံ အမတ်များအရေအတွက် …သိလာနိုင်မယ်ထင်ပါတယ်။ ဆက်ဖြည့်စွက်ပေး ။ မှားရင်လည်းပြင်ပေးကြပါ -ခင်ဗျ)

.
.
၁ ။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဦးအောင်ခင်ဗိုလ်
၃ ။ ဦးဘမျိုးသိန်း
၄။ ဦးတင့်လွင် ( မောင်လွင်မွန် -ကသာ ) ( ရီနေနိုင် )ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂
၅။ ဦးဘိုဘိုဦး
၆။ ဦးလှဌေး
၇။ ဦးသန်းနိုင်
၈။ ဒေါ်ဇင်မာအောင်
၉။ ဦးနေဘုန်းလတ်
၁၀။ ဦးဦးလှစော
၁၁။ ဒေါ်မေဝင်းမြင့်
၁၂။ဦးကျော်ထွေး
၁၄။ ဒေါ်သန္တာ
၁၅။ ဒေါ်စန္ဒာမင်း
၁၇။ ဦးရည်မွန် ( မောင်တင်သစ် )
၁၈။ ဦးဇေယျာသော်
၁၉။ ဦးပြုံးချို
၂၀။ ဦးအောင်သိန်း
၂၁။ ဒေါ်မြင့်မြင့်စန်း ( ဒေါ်ချို )
၂၂။ ဦးရန်အောင် ( မင်္ဂလာတောင်ညွန့် မြို့နယ် )
၂၃။ ဦးအောင်ကြည်ညွန့် ( တောင်တွင်းကြီး ) မကွေးတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ( သရက်ထောင်)
၂၄။ ဦးမောင်မောင်ဦး
၂၅။ ဦးဖြိုးမင်းသိန်း
၂၆။ ဒေါက်တာဇော်မြင့်မောင်
၂၇။ ဒေါက်တာမြင့်နိုင်
၂၈။ ဦးတင်ဝင်း(ကမာရွတ်),
၂၉။ ဦး မျိုးနိုင် ( မန်းလေး အိုးဘို )

၃၀။ ဦးဇာနည်အောင် (မန်းလေး အိုးဘို)
၃၁။ ဦးမင်းအောင်(တောင်ကုတ်)
၃၂။ ဒေါ်နီနီမေမြင့်(တောင်ကုတ်)
၃၃။ ဦးညီပု (ဂွ)
၃၄။ ဒေါက်တာဇော်ဝင်းမြင့်
၃၅။ ဦးအေးသာအောင်
၃၆။ ဦးကျင်ပူးထန်
၃၇။ ဦးငြိမ်းသစ်(ခ)ဦးသောင်းထွန်း
၃၈။ ဦးသိန်းဆွေ
၃၉။ ဒေါက်တာမျိုးညွန့်
၄၀။ ဦးမင်းသူ
၄၁။ ဦးဇော်ဝင်း-ကြည့်မြင်တိုင်
၄၂။ ဦးထွန်းမြင့် ( ဗဟန်း မြို့နယ် )
၄၃။ ဦးအောင်ထူး- ဗိုလ်တထောင်မြို့နယ်
၄၄။ ဦးဝင်းမြင့်အောင် (ဒီပဲယင်း) ရွှေဘိုထောင်
၄၅။ ဦးအောင်မျိုး(ရွှေဘို)
၄၆။ ဒေါတ်တာဝင်းအောင်(ခင်ဦး)

၄၇။ Dr.ဒေါ်ရွှေဘုံ(ပဲခူး)

၄၈။ ဦးနိုင်ငံလင်း- သာကေတမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်- ၁
၄၉ ။ ဦးခင်ဝင်း ( ကြည့်မြင်တိုင် )
၅၀။ ဦးကျော်စိုးလင်း မန္တလေး ပြည်ကြီးတံခွန် (ရွှေဘိုထောင် ကလေးထောင်)
၅၁။ ဦးမြင့်လွင် (ဦးစိုးအုပ်) မှိုင်းရာပြည့်- ထောင်ကျ။ ရဲမွန် အထိန်းသိမ်းခံ
၅၂။ ဦးဝဏ္ဏအောင် (မန္တလေးတိုင်း တံတားဦး) ရွှေဘိုထောင်
၅၃။ ဦးမျိုး ( ချောင်းဦး )
၅၄။ ဦးအောင်စိုး ( ယင်းမာပင် )
၅၅။ ဦးကျော်သောင်း ( စစ်ကိုင်း )
၅၆။ ဒေါ်ခင်စန်းလှိုင် ( ပုလဲ )
၅၇။ ဒေါ်စံဝင့်ခိုင်( သထုံ )

၅၈။ ဒေါက်တာကျော်ကျော်- ရေတာရှည်
၅၉။ ဦးကျော်သီဟ ( သာစည် )
၆၀။ ဦးနေမျိုး ( ညောင်ရွှေ )
၆၁။ဦးပူကျင့်ရှင်းထန်
၆၂။ ဦးအောင်မြင့် ( သာယာဝတီမြို့နယ် )
၆၃။ ဦးထွန်းထွန်းဟိန် ( နောင်ချို )
၆၄။ နန်းခင်ထွေးမြင် ့(၇၄-၇၅-၇၆)
၆၅။ ဦးကျော်ခင် (မိုင်းတုံ )
၆၆။ ဦးဝင်းအောင် (ကန့်ဘလူမြို့နယ်- စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော်)
၆၇။ ဦးလွင်ကိုလတ် (ခ) ဦးဝင်းကို ( သန်လျင် )
၆၈။ ဦးအောင်သန်း ( သဲကုန်း )
၆၉။ ဦး မိုးမခ ( တောင်ငူ)
၇၀။ဦးတင်မောင်တိုး (တောင်ကြီး ) ( မန္တလေးထောင်)
၇၁။ ဦးကြည်မိုးနိုင် (ရေတာရှည်)
၇၂။ ဦးခင်မောင်ရင် (လက်ပန်တန်း)
၇၃။ ဦးခင်အေး (နတ္တလင်း)
၇၄။ ဦးပိုက်ကို-( ပခုက္ကူ)
၇၅။ ဦးခင်မောင်သန်း( တောင်ငူထောင်)
၇၆။ဦးအောင်ခင်ဝင်းမြိုင်- ( ၇၄ ဦးသန့် GTI )
၇၇။ဒေါက်တာ အေးဇံ (ကျိုက်ထို ၂)( သထုံထောင်/မော်လမြိုင်ထောင်)
၇၈။ ဒေါက်တာမင်းစိုးလင်း( ရေးမြို့နယ် ) ( မော်လမြိုင်ထောင်)
၇၉။ ဦမြင့်ဦး မကွေးNLD (သရက်ထောင်)
၈၀။ ဦးသာချို ( ရေနံချောင်း )
၈၁။ ဦးဇော်ဇော်အောင် (မန္တလေး )

၈၂။ ဦးဆန်းမြင့် (ရေကြည်) ၁၉၉ဝ အနိုင်ရ – ၂၀၁၅ အနိုင်ရ
၈၃။ ဦးမန်းဂျော်နီ ( ကျုံပျော် မြို့နယ် ) (1990, 2010, 2015 ၃ကြိမ်အနိုင်ရ)
၈၄။ ဦးခင်မောင်သိန်း – ( စစ်ကိုင်း)
၈၅။ ဦးမျိုးနိုင် ( ချမ်းအေးသာစံ- မန္တလေး )
၈၆ ။ ဦးချစ်ထွေး- မြို.သစ်မြို့နယ် ( သရက်ထောင် )
၈၇။ ဦးသန်းဆွေ- မြို့သစ်မြို့နယ် ( သရက်ထောင်)
၈၈။ ဦးအောင်ကျော်စိုး( ခ )ဖိုးခွါး- ABSDF – သေဒဏ် – အင်းစိန် အမျိုးသားလွှတ်တော် ရှားတောမဲဆန္ဒနယ် ကယားပြည်နယ်
၈၉။ ဦးအောင်မြင့် -ပြည်သူ့လွှတ်တော် ( သာယာဝတီထောင် )
၉၀။ ဦးအောင်စိုး (သရက်ချောင်မြို ့နယ်) တနင်္သာရီတိုင်း- (ကြားဖြတ်ရွေးကောက်ပွဲက လောင်းလုံးမြို ့နယ် ကိုယ်စားလှယ် )
၉၁။ ဒေါက်တာဌေးကြွယ် -မြောက်ဥက္ကလာ-ရန်ကုန်ုတိုင်းဒေသကြီး အမှတ် (၁) မဲဆန္ဒနယ်မြေ
၉၂။ ဦးမြင့်ကြည် ( ကသာ )
၉၃။ ဒေါ်တင်တင်ရိ ( မြိတ် )
၉၄။ ဦးကင်းရှိန် ( ပုလော )
၉၅။ ဦးအုန်း ခင် ( ပုလော )
၉၆။ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း -ကျိုက်ထို (မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

၉၇။ ဦးကျော်တင် ( ဆော မြို့နယ် ) မကွေးတိုင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
၉၈။ဦးဝင်းမြင့်- တာမွေမြို့နယ်- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ( ဗဟို အန်အယ်ဒီ)

၉၉။ ဒေါက်တာမင်းကြည်ဝင်း/မုဒုံ(၂) မွန်ပြည်နယ် (မော်လမြိုင်ထောင်)
၁၀၀။ ဦးတင်မြင့် (ကဗျာဆရာ ပေသီး) ဒဂုံအရှေ့ ၁ ကိုယ်စားလှယ် မဆလခေတ် အင်းစိန်ထောင်၊ ရဲမွန်အထိန်းသိမ်းခံ
၁၀၁။ ဦးဌေးငွေ ( မြောင်မြို့နယ် ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၁၀၂။ ဒေါက်တာကျော်နိုင်ထွန်း( မြောင်မြို့နယ် ) တိုင်းဒေသကြီး-၁ ကိုယ်စားလှယ် -(မုံရွာထောင်)
၁၀၃။ ဒေါက်တာအေးကြူ ( လပွတ္တာ မြို့နယ် ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၁၀၄။ ဒေါက်တာ စန်းမောင်မောင် ( ပဲခူး )

24 comments

  • kai

    November 13, 2015 at 2:31 pm

    ကဲ…
    သမ္မတဘယ်သူလည်းဗုတ်လုပ်မှာဖြစ်ပါတယ်..။
    Vote စနစ်မှာ နောက်တပါတ်လောက်ဆိုတင်ပါမယ်။
    အချိန် ၃လကျော်ရပါကြောင်း…

    ၁။ ဦးတင်ဦး
    ၂။ ဦးသန့်မြင့်ဦး
    ၃။ ဦးခွန်ထွန်းဦး
    ၄။ ဦးကိုကိုကြီး
    ၅။ ဒေါက်တာသက်သက်ခိုင်
    ၆။ ဒေါက်တာ အောင်ထွန်းသက်
    ၇။ ဒေါက်တာ အေးမောင်
    ၈။ ဒေါက်တာ ဦးမြင့်
    ၉။ ဒေါက်တာ တင်မျိုးဝင်း
    ၁၀။ ဦးမင်းကိုနိုင်

    • kai

      November 13, 2015 at 5:40 pm

      ဒေါ်စုက ခဏခဏတွေ့နေရမယ့်သူဆိုတော့… အမျိုးသမီးထဲကလည်းထည့်တွေးရမယ်..။
      အပေါ်စာရင်းက နိုင်ငံရေးအကျဉ်းသားဟောင်းအမတ်တွေထဲ… ဒေါ်စုနဲ့တိုင်းပြည်အပေါ် အင်မတန်သစ္စာရှိတဲ့ ပညာတတ်တွေအများကြီးလည်းရှိနေတယ်..။

      ခုလောလောဆယ်ထဲက… သိသလောက်ပြောရရင်..
      ဦးတင်ဦး သားနဲ့ချွေးမက.. နိုင်ငံခြားမှာနေတာ.. မြန်မာနိုင်ငံသားမသေချာ
      ဦးသန့်မြင့်ဦးက.. မြန်မာပြည်ထဲ တဆက်ထဲနေတာ ၅နှစ်မရှိ..။
      ဦးကိုကိုကြီးလည်း… အိမ်ထောင်ဖက်က.. ?

    • မြစပဲရိုး

      November 14, 2015 at 12:42 am

      ဘယ်သူ့ တင်တင်။ ဘယ်သူ ရရ။
      သူတို့ ကို လေဒီ ကြီးကြပ်နေရင်ပြီးရော။
      မဲ အများစု က သူ့ ကို ယုံလို့ပေးတာမို့ သူ ဘဲ တိုင်းပြည် ရဲ့ ပဲ့ကိုင်ဖြစ်ရမယ်။
      အဲဒါကို ဘာညာ သာရကာ ကွိစီ ကွစ လာပြောသူများ နဲ့ တိုက်ပွဲ ဝင်နေရပြန်ပေါ့။

      နှစ်ယောက် မှာ မိန်းမ တစ်ယောက် တော့ ပါစေချင်တာဘဲ။ :-)))

    • kai

      November 15, 2015 at 3:27 am

      ၁၁။ ဦးပီတာဝဏ် ( ဦးထင်ကျော် )
      ၁၂။ ဒေါက်တာအေးမောင်
      ၁၃။ ..

    • kai

      November 19, 2015 at 2:29 pm

      နာမည်တွေ..နာမည်တွေ..

      Kamayut Media
      2 hrs · Edited ·

      ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ၈ဝ%ကျော် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၉ရက်နေ့ မနက် ၉နာရီကနေ ၁ဝ မိနစ် ၅ဝအထိ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ လွှတ်တော်ဝင်းထဲက ပြည်သူ့လွှတ်တော်ဥက္ကဌရုံးမှာ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ခဲ့ပါတယ်။ မနက် ၁ဝနာရီ မိနစ် ၃ဝအထိ ဒေါ်အောင်ဆန်းစုကြည်ဖက်မှ ဦးဝင်းမြင့်နဲ့ ဒေါက်တာဇော်မြင့်မောင်၊ သူရဦးရွှေမန်းဖက်မှ ဦးနန္ဒကျော်စွာနဲ့ ဦးတီခွန်မြတ်တို့ ပါဝင်ခဲ့ပေမယ့် ခေါင်းဆောင်နှစ်ဦးကြား သီးသန့်တွေ့ဆုံမှုက မိနစ် ၂ဝကြာမြင့်ခဲ့ပါတယ်။
      (ဗီဒီယို – ထန်ကော့ပ်ကျင်း/ကမာရွတ်မီဒီယာ

    • kai

      November 20, 2015 at 3:03 pm

      (၇) ဒေါ်စုစုလွင်

      ဒေါ်စုစုလွင်သည် ဒီချုပ်ပါတီ စတင်ထူထောင်စဉ်က ပါဝင်ခဲ့သော ဗိုလ်မှူးကြီး မောင်လွင်၏ သမီးဖြစ်သည်။ ဗိုလ်မှူးကြီး မောင်လွင်သည် ဗိုလ်မှူးချုပ် အောင်ရွှေ (ဒီချုပ်ဥက္ကဋ္ဌဟောင်း)၊ ဗိုလ်မှူးကြီး ကြည်မောင် (ကွယ်လွန်)၊ ဗိုလ်မှူးကြီး ကျော်စိုး (ကွယ်လွန်)၊ ဗိုလ်မှူးကြီး မြဟန်တို့နှင့် အတူတူဖြစ်သည်။ ဗိုလ်မှူးကြီး မောင်လွင်၏ မျိုးရိုးသည် ပညာတတ် မျိုးရိုးများဖြစ်ပြီး အစ်ကို အကြီးဆုံး ဦးကျော်မှာ ထိုခေတ်က လုပ်သားများကောလိပ် ကျောင်းအုပ်ကြီး ဖြစ်သည်။ ညီဖြစ်သူ ဗိုလ်မှူးကြီး မောင်ချိုမှာ ဦးနေဝင်း လက်ထက် သက်တမ်းရင့် စက်မှု(၁)ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အခြားတစ်ဦးမှာ စီးပွားရေး တက္ကသိုလ်မှ ဒေါက်တာမောင်ရှိန် ဖြစ်သည်။ ဗိုလ်မှူးကြီး မောင်လွင် ကိုယ်တိုင်လည်း မဆလခေတ်တွင် ဗဟိုကော်မတီဝင်၊ ဒုဝန်ကြီးမှစ၍ ဒုတိယ ဝန်ကြီးချုပ် အဖြစ် ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဒီချုပ် စတင်ဖွဲ့စည်းစဉ်က ဗိုလ်မှူးကြီး မောင်လွင်မှာ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့တွင် ပါဝင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီချုပ်ပါတီထဲသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ပါတီ၏ အာဏာအရှိဆုံး ဖြစ်သော အလုပ်အမှုဆောင်ထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ သမီးဖြစ်သူ ဒေါ်စုစုလွင်မှာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၃ခုနှစ်တွင် ဆရာ မင်းသုဝဏ်၏ သားဖြစ်သူ ဦးထင်ကျော်နှင့် အိမ်ထောင်ပြုခဲ့သည်။ ၁၉၉ဝမှ စတင်ကာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တွင် ပညာရေးစီမံကိန်း အရာရှိအဖြစ် ၂၀၀၅ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် နုတ်ထွက်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သင်တန်းနှင့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်သည့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

      ၂၀၁၁ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ပါတီ၏ အရေးပါသောသူ ဖြစ်လာခဲ့သည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၆ရက်နေ့တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားသောအခါ ပါတီရပ်တည်ရေးအတွက် အပြည့်အဝ လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဒီချုပ်ပါတီက ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သောအခါ မိဘများ၏ ဇာတိမြို့ဖြစ်သော သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံခဲ့ရသည်။ ၂၀၁၅ခုနှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲ၌လည်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြတ်ပြတ်သားသား အရွေးချယ်ခံရပြန်သည်။ ဒေါ်စုစုလွင်အား နိုင်ငံရေး နယ်ပယ်တွင် သတိပြုမိသူ နည်းပါးသော်လည်း ယခုအခါ ဒီချုပ်က ရွေးချယ်မည့် သမ္မတဖြစ်နိုင်သူ ရေပန်းစားမှုထဲတွင် ထိပ်ဆုံးသို့ ရောက်ရှိလာသည်။

      အဘယ်ကြောင့်ဆိုသော် ဒေါ်စုစုစုလွင်သည် ရန်ကုန် တက္ကသိုလ်လောကမှ ပညာတတ် တစ်ယောက်ဖြစ်ခြင်း၊ မိဘမျိုးရိုးမှာ ကောင်းသတင်းဂုဏ်ရှိပြီး နိုင်ငံတော် အုပ်ချုပ်ရေး အသိုင်းအဝိုင်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်ခြင်း၊ ဒေါ်စုစုလွင်နှင့် ခင်ပွန်းဖြစ်သူ ဦးထင်ကျော်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် သစ္စာစောင့်သိသူများဖြစ်ခြင်း၊ မာန်မာနထောင်လွှားမှု မရှိခြင်းများကြောင့် ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရွေးချယ်မည့် သမ္မတလောင်း စာရင်းများထဲတွင် ဒေါ်စုစုလွင်မှာ အဖြစ်နိုင်ဆုံး ပုဂိ္ဂုလ်တစ်ဦးဖြစ်ကြောင်း ဝေဖန်သုံးသပ် ရေးသားလိုက်ပါသည်။

      လက်စောင်းထက်
      http://tomorrow.com.mm/?q=articles%2F2150

  • Alinsett @ Maung Thura

    November 13, 2015 at 3:09 pm

    ဒီကြေညာချက်လေးကလည်း… သမိုင်း ဝင်ချင် ဝင်သွားမှာ…
    အဲ… တကယ် လုပ်ချင် လုပ်ရအုန်းမှာ…

    :k:
    —-

    .မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အပြတ်အသတ် အနိုင်ရတဲ့ လက္ခဏာတွေ ပေါ်ထွက်လာနေချိန်မှာပဲ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce က နိုဝင်ဘာ ၁၂ ရက် နေ့စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ုလိုက်ပါတယ်။

    ဒီကနေ့မှာဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးကို အစဉ်တစိုက် ဆော်ဩလာခဲ့တဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပြတ်အသတ် အနိုင်ရမယ် ဆိုတာ လုံးဝတွေ့နေရပါပြီ။ လွတ်လပ်မှုနဲ့ ပြည်သူတွေ ကိုယ်တိုင် အုပ်ချုပ်ခွင့်ရရှိရေး အယူအဆတွေ ထွန်းကားနေပြီလို့ ယူဆရပါတယ်။

    ရှေ့လမှာ NLD အစိုးရဟာ မြန်မာပြည်သူတွေ သာတူညီမျှရေးကို အခိုင်အမာ လုပ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအထဲမှာ လက်ရှိ အစိုးရ လက်အောက် အကြမ်းဖက် မှုတွေ၊ ဖိနှိပ်မှုတွေခံခဲ့ရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ လည်း ပါဝင်ပါတယ်။ နိုင်ငံသား ဖြစ်မှုနဲ့ မဲပေးခွင့် ရုပ်သိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေ၊ တခြား တိုင်းရင်းသားတွေကို အစိုးရသစ်က ခွန်အားမြှင့်တင်ပေးသင့်ပါတယ်။ ဒါမှ မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ ကို ရှေ့ရှုနိုင်မှာ ဖြစ်ပါတယ်။

    တချိန်ထဲမှာပဲ ကျန်ရှိနေသေးတဲ့ မဲတွေ ရေတွက်မှုကို မှန်မှန်ကန်ကန် နဲ့ မြန်မြန်ဆန်ဆန် ရေတွက်ဖို့ အရေးကြီးပါတယ်။
    ဒါ့အပြင်တကယ်လို့ လက်ရှိ အာဏာရပါတီကဖြစ်စေ၊ စစ်တပ်က ဖြစ်စေ ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ဟန့်တားနှောက်ယှက်တာမျိုးတွေ့ခဲ့ရင် အမေရိကန် နိုင်ငံက စီးပွါးရေး အကူညီတွေ ဆက်ပေးနေစရာ အကြောင်း မရှိဘူးလို့ လည်း အောက် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ရဲ့ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။

    ဗွီအိုအေ (မြန်မာပိုင်း)
    http://burmese.voanews.com

  • မြစပဲရိုး

    November 14, 2015 at 12:47 am

    နိုင်ငံရေးနဲ့ အထဲ ဝင် သူ ထဲ အမတ်တွေ ဒီလောက်များ တာ အခု မှ သိရတယ်။ ကျေးဇူးပါ။ ဒီလောက်တော့ ခံစားထိုက်ပါတယ်။
    ကျွန်မ သူငယ်ချင်း နီနီဒွန်း အဖေ ဦးစောနေဒွန်း က နှစ်ရှည်ကို ကျတာ။ ထောင်ထဲ မှာဘဲ ဆုံးသွားခဲ့တာ။

    ဒီလို တွေ အကြာကြီး ရင်း လာရတာ ဒီ တစ်ချီ တော့ အနာဂါတ် လှ နိုင်ကောင်းပါရဲ့။
    နိုင်ငံတကာ လဲ ပေါက်သွားပြီ။ သံအမတ် တွေ ကိုယ်တိုင် စကားကြောင်းခဲ့ ပြီ ဆိုတော့ ကောင်းတဲ့ ဘက်ကို တော့များနေပါပြီ။
    သက်ပြင်းတော့ မချနိုင်သေးဘူး။
    ကျွန်မ က အဆိုး ကို ရှေ့ထား နေလွန်းနေတယ် ထင်ပါ့။

  • မြစပဲရိုး

    November 14, 2015 at 3:02 am

    Aye Nyein
    November 6 at 2:47pm · Edited ·

    သမ္မတအထက်က အဖွားအို
    ===================

    ကျွန်ုပ် သည်လိုပြောလို့ မုန်းချင်မုန်းကြပါစေ။ ဆိုရေးရှိက ဆိုအပ်စွတည့် ဆိုသကဲ့သို့ ပြောကိုပြောရဦးမည်။ (ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင် ဆိုသည့် လူလေးမျိုးအတွက်လည်း ပါသည်ပေါ့။)

    သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဒဲ့ပင် I will be above the president. ဟု ပြောချလိုက်သည့်အခါ အရှေ့တိုင်းအနောက်တိုင်းမှ သတင်းစာများ ဟယ်၊ ဟင်၊ အို၊ ဟာ နှင့် အလန့်တကြား ဖြစ်သွားကြ၏။ နောက်ပြီး ဝေဖန်သံတွေ ဆူညံပွက်လောရိုက် ထွက်လာသည်။ အမေရိကန်က ဟိုလူကြီးက “သူပဲ ဥပဒေကို လေးစားလိုက်နာကြဘို့ တစ်ချိန်လုံး ပြောနေပြီး အခု သမ္မတအထက်ကနေမယ်ဆိုတာ ဥပဒေကို မလေးစားတာပဲ မဟုတ်လား။ အခြေခံဥပဒေမှာ သမ္မတကို ဘယ်သူမှ အမိန့်ပေးလို့မရဘူး ပြဌာန်းမထားပေမဲ့ သမ္မတအထက်ကနေတယ်ဆိုတာ ဥပဒေကို ချိုးဖောက်တာပဲ” ဟု ဆိုလေသည်။ အောင်မယ်ကွယ်။ ဥပဒေပြဌာန်းမထားဘဲနဲ့ ဘယ်ဥပဒေကို ချိုးဖောက်ပါသလဲ မောင်ရယ်။

    ဥပဒေကို ချိုးဖောက်တယ်ဆိုသည်မှာ ဥပမာ – ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ဝ (ခ) ၌ “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သည် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသား ဖြစ်ရမည်။” ဟု အတိအလင်း ပြဌာန်းထားပါလျက် ငါးမူးသား တရုတ်များ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေခြင်းဖြစ်သည်။ မည်သည့် ဥပဒေကို ချိုးဖောက်သနည်း။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂ဝ (ခ) ကို ချိုးဖောက်သည်။

    ဥပဒေကို ချိုးဖောက်ရန် ထိုဥပဒေ ပြဌာန်းထားမှ ဖြစ်မည်။ ဥပဒေမရှိပါဘဲလျက် အဘယ်ကြောင့် ဥပဒေကို ချိုးဖောက်သည်ဟု ယိုးစွပ်ရဘိသနည်း။ သိသိကြီးနှင့် အသားလွတ်ဆော်တာသာ ဖြစ်ချေသည်။

    နင်ရို့ အပြင်ကနေ ချိုးပြောမိုးပြောပြောတာ အပေါ်ယံလောက်နဲ့ပြောတာ။ ငါတို့လို နင်တို့ ဘာတွေများ ကိုယ်တိုင် ခံစားခဲ့ရ ဖူးပါသလဲ။

    ငါတို့မှာ တစ်လ ၁ဝ ရာခိုင်နှုန်းအခွန် ဆိုပြီး နိုင့်ထက်စီးနင်း ဓားပြတိုက်ယူတာ ခံခဲ့ရသည်။ နောက်ပြီး ငါတို့ချွေးနည်းစာနဲ့ ရှာထားတဲ့ပိုက်ဆံတွေကို သူရို့ သားသမီးတွေ စင်ကာပူကို ကမြင်းကြောထရအောင်လာတော့ ဘုံးဘောလအော ဖြုန်းချင်တိုင်း ဖြုန်းသွားသည်။ ငါတို့ဆောင်ခဲ့တဲ့ အဲဒီ ၁ဝ ရာနှုန်းအခွန်တွေကို အကုန်စုလိုက်ရင် တောမှာ အိမ်တစ်လုံးကောင်းကောင်း ဆောက်လို့ရတယ်ဆိုတာ နင်တို့ နားလည်ပါသလား။

    ၁၉၉ဝ ရွေးကောက်ပွဲတုံးက NLD အပြတ်အသတ်နိုင်ခဲ့တာ (တောင်ပြိုကမ်းပြိုနိုင်သည်ဟု မသုံးပါနှင့်၊ နားကြားပြင်း ကပ်လှသည်။ ထိုစကားလုံးမှာ အင်္ဂလိပ်စကားလုံး landslide ကို ဘာသာပြန်ယူထားခြင်း ဖြစ်၏။ အင်္ဂလိပ်စကားလုံး ငှားသုံးရအောင် မြန်မာစာလုံးတွေ ဒီလောက်တောင် ရှားကုန်လို့လား။) အပြတ်အသတ်နိုင်ခဲ့တာ ဘယ်သူ့ကြောင့် မင်းထင်သလဲ (ဟုတ်ပေါင်၊ ဂျေမောင်မောင်နဲ့ ရောကုန်ပြီ)။

    ယခု မဲဆွယ်ပွဲတွေမှာ တစ်နိုင်ငံလုံး အုံးအုံးကျွက်ကျွက်၊ ရဲရဲတောက်နေတာ ဘယ်သူ့မျက်နှာကြောင့်လို့ ခင်ဗျားတို့ ထင်သလဲ။ ဘယ်သူ့ကိုအားကိုးလို့ ကျုုပ်တို့ ဒီလောက် အပြတ်အသတ်ထောက်ခံနေတယ်ဆိုတာ ခင်ဗျားတို့ နားလည်သလား။ သွားစမ်းပါ။ ကျုပ်တို့ ဗိုက်နာတာ ကျုပ်တို့သာ နားလည်သည်။ ခင်ဗျားတို့က အငှားခံစားပေးတာ၊ ဘယ်လောက်များ သိလို့တုံး။

    NLD နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်ပဲ ခေါင်းဆောင်လိမ့်မယ်ဆိုတာ ကျုပ်တို့အားလုံး သိပြီးသား။ သူက “သမ္မတ တစ်ယောက်ခန့်ထားပေမဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို သူပဲ ချလိမ့်မယ်” ဆိုတာ ထုတ်မပြောရင်တောင် ကျုပ်တို့ ရင်ထဲက အလိုလို နားလည်ပြီးသား။ သူ့ကို ဦးဆောင်စေချင်လို့ပဲ ကျုပ်တို့ NLD ကို ထောက်ခံတာ။ ဟိုလူကြီးတွေ ညစ်ပတ်လို့ သူ သမ္မတဖြစ်ခွင့်မရတာ ကျုပ်တို့နားမလည်ဘူး မှတ်နေလို့လား။ သူ သမ္မတမဖြစ်နိုင်မှန်းသိလျက်နဲ့ ဘာဖြစ်လို့ ကျုပ်တို့ ဒီလောက် သည်းသည်းလှုပ် ထောက်ခံနေကြသလဲ။

    ကျွန်တော်ကတော့ မိုက်အလုံးပေါင်း ၃ – ၄ဝ ဆယ်ရှေ့၊ နိုင်ငံပေါင်းစုံက သတင်းစာဆရာတွေရှေ့မှာ သည်ကဲ့သို့ ဘယ်သူ့ကိုမှ မကြောက်ဘဲ ဒဲ့တုပ်ထဲ့လိုက်ရဲသော သည်အဖွားကြီး သတိ္တကို လက်ဖျားသာမက၊ တစ်ကိုယ်လုံးပါ ခါသွားရပါသည်။ သူ့ပြောစကားကြားရတာ ကြက်သီးမွေးညင်းများပင် ထမိပါ၏။ တော်ရုံသတိ္တနှင့် ပြောရဲပါ့မလား။ (ဘယ်ဗျာ၊ သေနတ်တွေနဲ့ ဝိုင်းချိန်ထားတာတောင် မကြောက်မရွံ့ ရှေ့တိုးသွားသေးတာ။) အာဂအဖွားကြီးနော။ ဟိုလူကြီးတွေရင်ထဲ နည်းနည်းလောက် ဝင်ကြည့်လိုက်ချင်စမ်းပါဘိ။ ဘယ့်ကလောက်များ စပ်ဖျင်းဖျင်း ဖြစ်သွားလိမ့်မလဲဆိုတာ။

    ဘာတဲ့၊ ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်ဆန်သွားလိမ့်မယ်။ ဟုတ်လား။ ဖေ့စ်ဘုတ်မှာ နည်းနည်း ကြားမိလိုက် သလားလို့။

    နေပါဦးလေ။ စင်ကာပူနိုင်ငံကို ဒီအခြေအနေရောက်အောင် လုပ်ခဲ့တဲ့ လီကွမ်ယုအကြောင်း နည်းနည်းလောက် စုံစမ်း ကြည့်ပါဦး။ သူအာဏာရှင်ဆန်တာ သူ့တိုင်းပြည်နဲ့လူမျိုးကောင်းစားရေးအတွက် ဆန်တာ။ သူသာ အဲသလို ပြတ်ပြတ်သားသား မလုပ်ခဲ့ရင် စင်ကာပူ ဒီကနေ့ ဒီအခြေအနေထိ ရောက်ကောင်းမှတောင် ရောက်မယ်။
    အဲဒီအာဏာရှင်ကြီးသေတော့ စင်ကာပူနိုင်ငံသားတွေ မိုးတွေတအုံးအုံးရွာနေတဲ့ကြားက လမ်းဘေးမှာ မတ်တပ်ရပ်ပြီး သူ့အလောင်းကို ဘာကြောင့် နှုတ်ဆက်ကြတာလဲ။ ဘာကြောင့် တစ်နိုင်ငံလုံး ယူကြုံးမရ ငိုကြီးချက်မ ဖြစ်ကြသလဲ။

    အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်ဆန်မယ်ဆိုရင် သုံးခါလောက် ပြန်ဆန်ပါစေခင်ဗျာ။ ခင်ဗျားတို့ သဘောမတူချင်နေ။ ကျွန်တော်ကတော့ လွှတ် သဘောတူတယ်။ ဘာလို့သဘောတူသတဲ့လဲ။ တိုင်းပြည်အပေါ်ထားတဲ့ သူ့ရဲ့ စေတနာ၊ မေတ္တာထုထည်ကို ယုံလို့ တူပါတယ်။

    ကိုင်း၊ ကိုယ့်လူတို့။ ၁ ရက်ပဲကျန်တော့တယ်။ ထီး၊ ဖျာ၊ ရေဘူး၊ ထမင်းဘူး၊ မုန့်၊ ဆေး စတာတွေ အဆင်သင့် ထည့်ထား ပေတော့။

    အနှစ်နှစ်အလလက မကျေတဲ့ပွဲ၊ ဒီတစ်ချီ အပြတ်နွှဲလိုက်ကြရအောင်။

    ဘာတဲ့၊ ကြီးမားတဲ့ကိစ္စရပ်တွေမှာ အမျိုးသမီး မဆုံးဖြတ်သင့်တဲ့။ စာလည်းမဖတ်၊ ကမ္ဘာမှာ ဘာတွေဖြစ်နေတယ်ဆိုတာလဲ မလေ့လာ။ ပါးစပ်ထဲထင်ရာလျှောက်ပြောနေတဲ့ကောင်ကများ လွှတ်တော်ထဲ ဝင်ပါချင်သေးတယ်၊ ဖွမ်။

    NLD ကို မဲထည့်သည့်အတွက် အထူးကျေးဇူးတင်ပါသည်။

    အေးငြိမ်း
    ၆ နိုဝင်ဘာ၊ ၂၀၁၅။ ည ၁ဝး၃၉။

    • မြစပဲရိုး

      November 14, 2015 at 3:04 am

      ကျွန်မ ပြောချင်နေတာ တွေ အတိုင်းဘဲ။ :-)))
      {{
      ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်ဆန်မယ်ဆိုရင် သုံးခါလောက် ပြန်ဆန်ပါစေခင်ဗျာ။
      ခင်ဗျားတို့ သဘောမတူချင်နေ။ ကျွန်တော်ကတော့ လွှတ် သဘောတူတယ်။
      ဘာလို့သဘောတူသတဲ့လဲ။ တိုင်းပြည်အပေါ်ထားတဲ့ သူ့ရဲ့ စေတနာ၊ မေတ္တာထုထည်ကို ယုံလို့ တူပါတယ်။
      }}

      • Ma Ma

        November 16, 2015 at 8:13 am

        “ဘာ သမ္မတအထက်က နေမယ် ဟုတ်လား။
        သမ္မတအထက်မကလို့ သိကြားမင်းအထက်ကပဲ နေပစေ။
        လက်ခံတယ် အားပေးမယ် ကွာ။
        ဘာဖြစ်လဲ။”
        ကာတွန်းဆရာတစ်ယောက်ပြောသွားတာပါ။ :a:

        ကမာ္ဘပေါ်မှာ ရှိရှိသမျှ နိုင်ငံ့ခေါင်းဆောင်တွေထဲမယ် အာဏာလိုချင်တယ် ဆိုတဲ့စကားကိုလည်း သူပဲ ပထမဦးဆုံးပြောတာဖြစ်မယ်။

        ကောင်းတဲ့စိတ်နဲ့ အမှန်အတိုင်းပြောတဲ့စကားမို့ နားဝင်မချိုစေပေမယ့် နှလုံးသားကိုတော့ ပျော်ဝင်စေနိုင်တယ်။ 🙂

  • Ma Ma

    November 14, 2015 at 6:57 am

    ကိန်းဂဏန်းတွေ ကြည့်ရတာ အကြမ်းဖျင်းအားဖြင့် USDP က NLD ရဲ့ ၁၀% (အားလုံးရဲ့မဟုတ်) လောက်ပဲ ရှိတာမို့ အင်ဂျင်နီယာစကားနဲ့ ပြောရရင် (ကျောင်းတုန်းက) negligible amount လို့ ပြောလို့ရတယ်။

    ဒါပေမယ့် NLD နိုင်တာဟာ လူထုတစ်ရပ် ပါတီတစ်ခုရဲ့ အနိုင်ရမှုမဟုတ်ပဲ ပြည်သူတွေရဲ့ အနိုင်ရမှုလို့ ပြောပြီး လူထုတစ်ရပ်လုံးကို ညီညွတ်စေတဲ့ မျှတတဲ့စိတ်ထားကို ပေါ်လွင်စေတဲ့ ကြီးကျယ်မြင့်မြတ်တဲ့စကားကို ကြားရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။

    ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူထုရော လူထုခေါင်းဆောင်ရော လူမျိုးရော နိုင်ငံပါ ကမာ္ဘမှာ ဂုဏ်တက်သွားရတယ်။

    လူထုဟာ ပါတီအမှတ်တံဆိပ်ကိုပဲ ကြည့်ပြီး ၁၀၀% မဲပေးပါဆိုတဲ့ လူထုခေါင်းဆောင်ရဲ့စကားကို တသွေမတိမ်းလိုက်နာခဲ့ကြတယ်။

    စည်းကမ်းရှိကြပါ။
    သတိရှိကြပါ။
    ညီညွတ်ကြပါလို့ ပြောသမျှ လေးစားလိုက်နာနေကြတယ်။

    မြန်မာတွေ …………
    စည်းကမ်းမရှိဘူး၊
    မညီညွတ်ဘူး၊
    ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး………….. လို့ ဘယ်သူပြောမလဲ။ 🙂

  • ဦးကြောင်ကြီး

    November 14, 2015 at 1:35 pm

    သဂ ျီး အူးမာမွတ် မြန်တြံ့နိုင်ငံလေ ျး ဟောဂိန်းထုတ်သမြ ၂၀၁ဝ ထဲက ကြည့်နေတယ်.. တခါမှ မမှန်သေးဘူး။ ဖွတ်ပါတီမှာ သူ့လို ပလောဟိတ်တွေ မ ျားလို့ ခုလို ပြုတ်ပြုတ်ပြုန်း ရှုံးတာနေမယ်။

    • မြစပဲရိုး

      November 14, 2015 at 1:57 pm

      သူရို့ ပြောတော့ သူရို့ က စာ တွေ ကျေပြီသားတဲ့။ ကုန်းရုန်း ကြိုးစားဖို့ မလိုဘူးတဲ့။
      တနည်း ပြည်သူတွေ ကို လျှော့တွက်ခဲ့တာ။
      ကျွန်မတို့ မှာ ဖြင့် သူတို့ ကို အထင်ကြီး ခဲ့တာ။ :-))

  • kai

    November 14, 2015 at 3:51 pm


    Tint Swe
    2 hrs · Indianapolis, IN ·

    Election Results of 1990 and 2015 Elections

    ၁၉၉ဝ နှင့် ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်များ
    ကချင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၃) (၂ဝ၁၅ မှာ ၁ + ဝ)
    ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာ မရှိ)
    ကယားအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၂) (၂ဝ၁၅ မှာ
    ကရင်ပြည်နယ်အမျိုးသားပါတီ = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာ ဝ)
    ကရင်အမျိုးသားညီညွတ်ရေးဒီမိုကရေစီအဖွဲ့ = (၁၉၉ဝ မှာ ၂) (၂ဝ၁၅ မှာ ဝ)
    ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ = (၁၉၉ဝ မှာ ဝ) (၂ဝ၁၅ မှာ ၁ + ဝ)
    ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၃) (၂ဝ၁၅ မှာ မရှိ)
    ဇိုမီးအမျိုးသားကွန်ဂရက် = (၁၉၉ဝ မှာ ၂) (၂ဝ၁၅ မှာ ၂ + ၂)
    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ = (၁၉၉ဝ မှာ ၁ဝ) (၂ဝ၁၅ မှာ ဝ)
    တအောင် (ပလောင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၂) (၂ဝ၁၅ မှာ ၃ + ၁)
    ဒီမိုကရေစီပါတီ = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာ ဝ)
    နာဂတောင်တန်းဖွံ့ဖြိုးတိုးတက်ရေးပါတီ = (၁၉၉ဝ မှာ ၂) (၂ဝ၁၅ မှာမရှိ)
    ဘွဲ့ရကျောင်းသားဟောင်များ ဒီမိုကရေစီပါအဖွဲ့ = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာမရှိ)
    မရာပြည်သူ့ပါတီ = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာမရှိ)
    မွန်အမျိုးသားဒီမိုကရက်တစ်အဖွဲ့ = (၁၉၉ဝ မှာ ၅) (၂ဝ၁၅ မှာ ၁)
    မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာမရှိ)
    ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာမရှိ)
    ပြည်ထောင်စုဓနုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာမရှိ)
    ပြည်ထောင်စုပအို့အမျိုးသားအဖွဲ့ = (၁၉၉ဝ မှာ ၃) (၂ဝ၁၅ မှာ ၃ + ၁)
    ပြည်ထောင်စုအမျိုးသားဒီမိုကရေစီပါတီ = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာမရှိ)
    မြိုခေါ်ခမီ အမျိုးသားသွေးစည်းညီညွတ်ရေးအဖွဲ့ = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာမရှိ)
    ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၁၁) (၂ဝ၁၅ မှာ ၈ + ၇)
    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၂၃) (၂ဝ၁၅ မှာ ၁၂ + ၃ )
    လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာ ဝ)
    လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (၁၉၉ဝ မှာမရှိ) (၂ဝ၁၅ မှာ ၁ + ဝ)
    ဝအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ = (၁၉၉ဝ မှာ ဝ) (၂ဝ၁၅ မှာ ၁)
    ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် = (၁၉၉ဝ မှာ ဝ) (၂ဝ၁၅ မှာ ဝ)
    ပြည်ထောင်စု ပအိုပ်အမျိုးသားအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၃) (၂ဝ၁၅ မှာ ၃ + ၁ )
    မြို (ခေါ်) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ = (၁၉၉ဝ မှာ ၁) (၂ဝ၁၅ မှာမရှိ)
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် = (၁၉၉ဝ မှာ ၃၉၂) (၂ဝ၁၅ မှာ ၂၄ရ + ၁၃၁)
    အမျိုးသား လူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီ = (၁၉၉ဝ မှာ ၄) (၂ဝ၁၅ မှာမရှိ)
    တသီးပုဂ္ဂလ = (၁၉၉ဝ မှာ ၆) (၂ဝ၁၅ မှာ ၁ + ၂)
    စုစုပေါင်း = (၁၉၉ဝ မှာ ၄၈၅) (၂ဝ၁၅ မှာ ကြေညာပြီး ၃ဝ၈ + ၁၆ဝ)

    ပြည်သူ့လွှတ်တော် = ၃၃ဝ + ၁၁ဝ = ၄၄ဝ
    အမျိုးသားလွှတ်တော် = ၁၆၈ + ၅၆ = ၂၂၄
    တပ်မတော်သား လွှတ်တော်နှစ်ရပ်ပေါင်း = ၁၆၆ (၁၁ဝ + ၅၆)

    ဒေါက်တာတင့်ဆွေ
    ၁၄-၁၁-၂ဝ၁၅

    • kai

      November 14, 2015 at 4:36 pm

      ၁၉၉ဝ က.အခု.ပြည်ခိုင်ဖြိုးနေရာ..အခြေအနေမှာရှိဖူးတဲ့.. တဆည တကယ်ကို တယောက်မှအရွေးမခံရဘူးလား..။
      မှန်ရင်..ဒါက.. ပြည်ခိုင်ဖြိုးရဲ့အနာဂါတ် လှစ်ပြသလိုပဲ..

      ၂၀၂ဝ မှာ ကျန်ရစ်ဖို့တော်တော်လုပ်ရမယ်..။

      ဆိုတော့..
      အဖွဲ့ချုပ်က သိပ်အင်အားများလွန်းသွားပြီ..။
      ဒေါ်စုလွန်ကာလတွေမှာ.. ၂ခြမ်းကွဲမလားပဲ..။
      ဒါကို.. သေသေချာချာပြင်ဆင်ထားကြသင့်တယ်..။

  • naywoon ni

    November 14, 2015 at 10:49 pm

    ခု ​ရွေး​ကောက်​ပွဲ ဂယက်​က ​နောက်​ထပ်​ ​ရွေး​ကောက်​ပွဲ သုံးကြိမ်​​လောက်​အထိ​တော့ ဒီချုပ်​ကို ရိုက်​ခတ်​​နေဦးမှာပဲ ။ သ​ဘောက ​နောက်​ ဆယ်​့ငါးနှစ်​​လောက်​​တော့ အစိုးရဖွဲ့ နိုင်​​နေဦးမှာပဲ ။

  • kai

    November 15, 2015 at 3:31 am

    VOA Burmese Fan Page
    6 hrs ·

    တွေ့ဆုံမေးမြန်းခန်း၊ (UEC ဥက္ကဋ္ဌ ဦးတင်အေးနဲ့ မေးမြန်းခန်း အပိုင်း ၂)

    2015 ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ခဲ့ရတာဟာ
    သက်သေခံလက်မှတ်တွေနဲ့ ပေးနိုင်တဲ့ မဲလက်မှတ်တွေ
    ဖောင်းပွတာကြောင့်ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ
    ဦးတင်အေးက ပြောလိုက်ပါတယ်၊ သူ့အဆို ပြည်ခိုင်ဖြိုးပါတီ
    မတရားသဖြင့်ရှုံးတာနဲ့ပါတ်သက်လို့ တနေ့မှာတော့ အချက်အလက်နဲ့
    ရှင်းပြမယ်လို့ VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ဦးတင်အေးက
    ပြောခဲ့တာဖြစ်ပါတယ်၊ VOA ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်းက
    နေပြည်တော်မှာ ဦးတင်အေးကို တွေ့ဆုံမေးမြန်းထားတဲ့၊ မေးမြန်းခန်း
    ဒုတိယပိုင်းကို ကြည့်ရှုနိုင်ပါပြီ၊

  • kai

    November 15, 2015 at 3:01 pm

    မြန်မာနိုင်ငံပြန်တမ်း

    Union Ministries

    1. Ministry of Home Affairs
    2. Ministry of Defense
    3. Ministry of Border Affairs
    4. Ministry of Foreign Affairs
    5. Ministry of Information
    6. Ministry of President Office-1
    7. Ministry of President Office-2
    8. Ministry of President Office-3
    9. Ministry of President Office-4
    10. Ministry of President Office-5
    11. Ministry of President Office-6
    12. Ministry of Religious Affairs
    13. Ministry of Cooperatives
    14. Ministry of Agriculture and Irrigation
    15. Ministry of Livestock, Fisheries and Rural Development
    16. Ministry of Communications and Information Technology
    17. Ministry of Transport
    18. Ministry of Environmental Conservation and Forestry
    19. Ministry of Electric Power
    20. Ministry of Immigration and Population
    21. Ministry of Energy
    22. Ministry of Industry
    23. Ministry of Commerce
    24. Ministry of Sports
    25. Ministry of Education
    26. Ministry of Health
    27. Ministry of Mines
    28. Ministry of Culture
    29. Ministry of Finance
    30. Ministry of National Planning and Economic Development
    31. Ministry of Construction
    32. Ministry of Labour, Employment and Social Security
    33. Ministry of Rail Transport
    34. Ministry of Social Welfare, Relief and Resettlement
    35. Ministry of Science and Technology
    36. Ministry of Hotels and Tourism

  • kai

    November 16, 2015 at 10:26 am


    MOI Webportal Myanmar
    နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်နေ့ ညနေ၄နာရီအထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ အတည်ပြု ထုတ်ပြန်သည့် အနိုင်ရပါတီစာရင်း

  • kai

    November 16, 2015 at 2:23 pm

    Hillary Clinton
    November 13 at 11:31am ·

    Proud of my friend Aung San Suu Kyi and the people of Burma for never giving up in the long struggle to bring change to their country. -H

  • Mike

    November 17, 2015 at 10:53 am

    Ye Moe feeling awake.
    November 13 at 5:50pm · Edited ·

    ပြည်ခိုင်ဖြိုး ပါတီ …
    ဘာကြောင့် ပိုးစိုးပက်စက် ရှုံးနိမ့်လဲ သုံးသပ်ရရင် …
    အခြေခံ အကြောင်းရင်း နဲ ့ လတ်တလော အကြောင်းဆိုပြီး …
    အကြမ်းဖျဉ်း ခွဲခြားသတ်မှတ်လို ့ရတယ် …

    အခြေခံအကြောင်းအရင်းဟာ …
    အရင် စစ်အစိုးရလက်ထက်တုန်းက ကိစ္စတွေကို …
    ပြည်ခိုင်ဖြိုး က အမွေဆက်ခံရတဲ ့ ကိစ္စဖြစ်တယ် …

    စစ်အစိုးရလက်ထက် လုပ်ခဲ့တဲ ့ တစ်ချို ့ကိစ္စတွေဟာ …
    ဘယ်လိုမှ မတရားမမျှတတဲ ့ ကိစ္စတွေ ဖြစ်နေတယ် …
    ဥပမာ – ပြည်ခိုင်ဖြိုးအသင်းကနေ …
    ပါတီပြောင်းဖွဲ ့လိုက်တော့ …
    နိူင်ငံပိုင် ပစ္စည်းတွေကို …
    ပါတီပိုင် ပစ္စည်းတွေအဖြစ် …
    လွှဲပြောင်းယူလိုက်တဲ ့ ကိစ္စမျိုးတွေ ဖြစ်တယ် …

    ၂၀၁ဝ မှာ တက်လာတဲ ့ ပြည်ခိုင်ဖြိုးပါတီအစိုးရဟာ …
    ဒီအမှားတွေကို ပြန်ကုစားဖို ့မစဉ်းစားခဲ့ဘူး …
    စစ်အစိုးရလက်ထက် လွှဲယူခဲ့တဲ ့ …
    နိူင်ငံပိုင် ပစ္စည်းတွေကို ကျွန်တော်တို ့ပြန်အပ်ပါတယ် …
    ဘာညာသာရကာထလုပ်ရင်တောင် …
    လူထုအနေနဲ ့ နည်းနည်းပါးပါး …
    အမြင်ကြည်နိူင်စရာအကြောင်းလေးရှိတယ် …

    သို ့သော် အခုကတော့ …
    ဒါမျိုးတွေ မလုပ်ခဲ့တဲ ့ အတွက် …
    အသွင်ကူးပြောင်းရေးအစိုးရလို ့ …
    ဘယ်လိုပဲ ဖြဲအော်နေပါစေ …
    လူထုက ယုံကို မယုံဘူး …
    စစ်အစိုးရလက်ထက်ကကောင်တွေ …
    အရပ်ဝတ်လဲပြီး …
    ကလိမ်ကကျစ်လုပ်တယ်လို ့ပဲ မြင်တယ် …
    ဒါဟာ ဒီလိုကိစ္စတွေပေါင်း မြောက်များစွာထဲက …
    ကိစ္စတစ်ခုကို ထောက်ပြတာဖြစ်တယ် …
    smile emoticon
    smile emoticon
    smile emoticon
    smile emoticon

    လူထုရဲ ့မကျေနပ်ချက် ရေချိန်ဟာ သိပ်မြင့်မားနေတယ် …
    NLD အနေနဲ ့ လုပ်နိူင်နိူင် မလုပ်နိူင်နိူင် …
    အားနည်းချက် ရှိရှိ မရှိရှိ …
    လူထုက စိတ်မဝင်စားဘူး ….
    မင်းတို ့ပြုတ်သွား အေးတာပဲ ဆိုတာမျိုးနဲ ့ ရင်ဆိုင်ရတယ် …
    grin emoticon
    grin emoticon
    grin emoticon

    ရှင်းရှင်းပြောရရင်တော့ …
    တပ်က ၂၅ ရာခိုင်နူန်း အသာရတယ်လို ့ …
    ပြည်ခိုင်ဖြိုးက ထင်နေပေမယ် ့ …
    လူထုရဲ ့အမုန်းတရားက ….
    NLD ဘက်မှာ …
    ၅ဝရာနူန်း အကြောပေးထားသလို ဖြစ်နေတာကို …
    ပြည်ခိုင်ဖြိုး အနေနဲ ့ အမှတ်တမဲ ့ဖြစ်နေခဲ့တယ် …

    တကယ်တန်းပြောရရင်တော့ …
    NLD ဟာ မပြိုင်ခင်ကတည်းက …
    ငါးဆယ်ရာခိုင်နူန်း အနိူင်ရခဲ့ပြီးပြီ …
    ကျန်တဲ ့၂၅ ရာခိုင်နူန်းကိုမှ …
    ပါတီအားလုံး စုပြီးယှဉ်ပြိုင်ကြရတာ ဖြစ်တယ် …
    smile emoticon
    smile emoticon
    smile emoticon
    smile emoticon

    ၂၅ ရာခိုင်နူန်းကို စပြိုင်တော့မှ …
    လတ်တလောအကြောင်းတွေက အကျုံးဝင်လာတယ် …
    လတ်တလောအကြောင်းတွေထဲမှာ …
    မီဒီယာ ဘက်လိုက်မှုပါတယ် …
    ပြည်ခိုင်ဖြိုး ပါတီတွင်း အကွဲအပြဲပါတယ် …
    သစ်ခိုးတရုတ်တွေကို လွှတ်ပေးရတဲ ့ကိစ္စမျိုးတွေပါတယ် …
    ကျောက်စိမ်းအစီရင်ခံစာလိုမျိုးနဲ ့ ….
    အချိန်ကိုက်တေ့ဖြုတ်ခံရတာတွေ ပါတယ် …
    အများကြီး အများကြီးပဲ ….

    ဘယ်လိုပဲဖြစ်ဖြစ် …
    တပ်ကနေ စားလို ့ဝါးလို ့အားရတော့မှ …
    NLD ကို ဘက်ပြောင်းသွားတဲ ့ ….
    ဆိတ်လစိ ပဲဂျိုးတွေတောင် အနိူင်ရတယ်ဆိုမှတော့ ….
    ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနေနဲ ့ …
    ခွေးကလေး ကြောင်ကလေးတွေကို ဝင်ပြိုင်ခိုင်းတောင် …
    သေချာပေါက် နိူင်မှာ ဖြစ်တယ် …
    ဒါ လက်မခံချင်လဲ လက်ခံရမယ် ့ အမှန်တရားတစ်ခုပဲ ….

    ဒါဆို ဘာဆက်လုပ်ကြမလဲ … ?
    ဘာမှ လုပ်စရာမလို …
    အရှုံးကို ကျေကျေနပ်နပ် လက်ခံ …
    ၂၀၂ဝအတွက် အသင့်ပြင် …
    NLD ဟုတ်တာလုပ်ရင် ပူးပေါင်း ….
    လူထုရဲ ့အမြင်ကြည်လင်မှုကို ပြန်ယူ …
    NLD မဟုတ်တာလုပ်ရင် ဆန် ့ကျင် ကန် ့ကွက်…
    လူထုရဲ ့ လေးစားမှုကို ပြန်ယူ ….
    ခင်ဗျားတို ့လုပ်နိူင်တာက ဒါပဲ …
    smile emoticon
    smile emoticon
    smile emoticon

    ပါတီကို သွေးသစ်လောင်းရမယ် …
    လူဟောင်းကြီးတွေ အကုန်နူတ်ထွက်ကြတော့ ….
    အနားယူကြတော့ …
    ပါတီအပေါ် အမှန်တကယ် သက်ဝင်ယုံကြည်တဲ ့ ….
    လူငယ်သွေးသစ်တွေနဲ ့ ပြန်ဖွဲ ့စည်းရမယ် …

    ၂၀၁၅ နှစ်ဆန်းစာရင်းအရ …
    အင်အား ၄.၈သန်း ရှိတယ်ဆိုတဲ ့ ပါတီဝင်တွေကို …
    အသေအချာပြန် စိစစ် …
    ၄.၈ယောက်ပဲ ရှိလဲ အရေးမကြီး …
    ရှိတဲ ့သူတွေဟာ ပါတီအပေါ် …
    အမှန်တကယ် သက်ဝင်ယုံကြည်သူတွေ ဖြစ်ဖို ့လိုတယ် ….

    မီဒီယာဘက်လိုက်မှုကို တိုက်ဖို ့ …
    နည်းလမ်းတစ်ခုပဲ ရှိတယ် …
    အဲဒါဘာလဲဆိုတော့ ပွင့်လင်းမြင်သာမှုပဲ ….

    ပါတီနဲ ့ပတ်သက်လို ့ပြောရေးဆိုခွင့်ရှိသူ ထားရမယ် …
    အဲဒီသူရဲ ့ဖုန်း ၊ အီးမေးလ်ဟာ …
    အလွယ်တကူဆက်သွယ်နိူင်ပြီး ….
    ဖော်ပြခွင့်ရှိတဲ ့ သတင်းအချက်အလက် အားလုံးကို …
    လွယ်လွယ်ကူကူ ရယူနိူင်ရမယ် …

    အငြင်းပွားဖွယ်ကိစ္စရပ်တိုင်းကို …
    ကိုယ့်ဘက်က မီဒီယာတစ်ချို ့က …
    တောက်လျောက် Live ပြန်ထုတ်လွှင့်ပြီး ချေပနိူင်ရမယ် …

    ( ကြုံလို ့တပ်ကိုပါ တစ်လက်စတည်း ကင်ရရင် …
    အခု မိုင်းနောင်ကိစ္စ …
    SSPP / SSA က လာတိုက်တာ ဟုတ်မဟုတ် …
    သတင်းထောက်တွေကို …
    ရဟတ်ယာဉ်တစ်စီးပေါ်တင် …
    မိုင်းနောင်ကိုခေါ်ပြလိုက် …
    ဒေသခံတွေနဲ ့ တွေ ့ပေးလိုက် …
    အဲဒါဆို ရှင်းတယ် …

    အခုက အာ့အလုပ်မလုပ်တော့ …
    ရုပ်ချောသဘောကောင်း စစ်လော်ဘီတစ်ယောက်က …
    အွန်လိုင်းပေါ်မှာ လူတကာ အဆဲခံပြီး …
    SSA က လာတိုက်တာ သိလား …
    SSPP က သိပ်ဆိုးတာ သိလား လုပ်နေရတယ် …
    tongue emoticon
    tongue emoticon
    tongue emoticon
    tongue emoticon
    tongue emoticon
    )

    ၂၀၁ဝ နဲ ့ ၂၀၁၅ ကြား …
    တကယ့် မဟာအမှားအယွင်းဟာ …
    ဒေါ်စု နဲ ့ သူ ့လူတွေကို ….
    လုပ်ပိုင်ခွင့် စီမံခန် ့ခွဲခွင့် မပေးလိုက်မိတဲ ့ကိစ္စ ဖြစ်တယ် …

    အလုပ်လုပ်ရင် အမှားရှိတယ် …
    အောင်မြင်တာ ရှိသလို ရှုံးနိမ့်တာလဲ ရှိတယ် …
    ဒါဆို ဦးသိန်းစိန်အစိုးရ အုပ်ချုပ်လို ့ငါတို ့မွဲနေတာ …
    ဒေါ်စု အုပ်ချုပ်ရင် ငါတို ့ချမ်းသာမှာဆိုတဲ ့ …
    အတွေးအခေါ်ကို ကောင်းကောင်းရိုက်ချိုးနိုူင်မယ် …

    အခုကတော့ …
    ဒေါ်စုတို ့ဟာ ဘာအုပ်ချုပ်ရေးအာဏာမှ မရှိ …
    ဘာအုပ်ချုပ်ရေးရာထူးမှလဲ မရှိ …
    ဘာမှမရှိလို ့ဘာမှ မလုပ်ရ …
    ဘာမှမလုပ်ရလို ့ဘာမှ မမှား….
    ဘာမှမမှားတော့ ….
    ခြောက်ပြစ်ကင်း သဲလဲစင် …
    သူတော်စင်လေးတွေ ဖြစ်နေကြတယ် …

    သူတော်စင်လေးတွေ နဲ ့ …
    ခင်ဗျားတို ့လို …
    အပြစ်အနာအဆာ ဗလဗွ ငတိတွေနဲ ့ ယှဉ်တော့ …
    ခင်ဗျားတို ့ရှုံးတာ ဘာဆန်းလဲ …

    လွှတ်တော်နှစ်ရပ်ပေါင်း …
    ငါးရာခိုင်နူန်း နိူုင်ရင်တောင် …
    ကံကောင်းတယ်မှတ်လိုက် ကိုယ့်လူတို ့ …
    grin emoticon
    grin emoticon
    grin emoticon
    grin emoticon
    grin emoticon

    ( ရဲမိုး )

  • Kyaemon

    November 27, 2015 at 3:55 pm

    Myanmar Times က ရွေးကောက်ပွဲနောက်ဆုံးစာရင်း

    အနီ က NLD
    အစိမ်း က ကြံ့ဖွတ်

    ————-

    ပြည်သူ့လွှတ်တော်

    http://www.mmtimes.com/images/mte/2015/di180/pyithu-2015-complete-large.jpg
    http://www.mmtimes.com/images/mte/2015/di180/pyithu-2015-complete-large.jpg

    အမျိုးသားလွှတ်တော်

    http://www.mmtimes.com/images/mte/2015/di180/amyotha-2015-complete-large.jpg
    http://www.mmtimes.com/images/mte/2015/di180/amyotha-2015-complete-large.jpg

Leave a Reply