အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၉ ( San Francisco City Tour & Alcatraz / The Rock Tour ) ။

Foreign ResidentMarch 20, 201616min40813

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၉

( San Francisco City Tour & Alcatraz / The Rock Tour ) ။

 

၁၄ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့တော့ ဟိုတယ်မှာ မနက်စာ စားပြီး ၊

San Francisco မြို့တစ်ခွင် လိုက်ပြမယ့် မဟေသီ ရဲ့ ငယ်သူငယ်ချင်း နှင့်အတူ ၊

ကြိုဝယ်ထားတဲ့ City Tour Bus ရုံး / ဂိတ် နေရာကို ထွက်လာခဲ့ပါတယ် ။

 

နံနက် ၉ နာရီမှာ City Tour Bus စထွက်ပါတယ် ။

San Francisco မြို့လည် တစ်လျှောက် မေါင်းရင်း နှင့် ရှင်းပြသွားပါတယ် ။

 

အဲ့ဒီမှာ တစ်ခု သတိပြုမိတာကတော့ San Francisco မြို့ဟာ ၊

တောင်ကုန်း အဆင်းအတက်တွေ တော်တော်များပေမယ့် ၊

ကား Traffic တွေ တော်တော်နည်း / ကားလမ်းတွေ တော်တော် ရှင်းတာကိုပါ ။

အကောင်းဆုံးကတော့ ၊ Car Parking လဲ မကျပ်တာကို တွေ့ရပါတယ် ။

ပြောရမယ်ဆိုရင်တော့ ၊ တော်တော် နေပျော်မယ့် မြို့လေးပေါ့လေ ။

 

  1. တောင်ကုန်း အဆင်းအတက်တွေ နှင့် ကားလမ်းတွေ တော်တော် ရှင်းတယ် ။

    19. တောင်ကုန်း အဆင်းအတက်တွေ နှင့် ကားလမ်းတွေ တော်တော် ရှင်းတယ် ။
    19. တောင်ကုန်း အဆင်းအတက်တွေ နှင့် ကားလမ်းတွေ တော်တော် ရှင်းတယ် ။

 

  1. အကောင်းဆုံးကတော့ ၊ Car Parking လဲ မကျပ်တာကို တွေ့ရပါတယ် ။

    19. အကောင်းဆုံးကတော့ ၊ Car Parking လဲ မကျပ်တာကို တွေ့ရပါတယ် ။
    19. အကောင်းဆုံးကတော့ ၊ Car Parking လဲ မကျပ်တာကို တွေ့ရပါတယ် ။

 

ပထမဆုံး Bus ရပ်တဲ့နေရာကတော့ San Francisco မြို့တော် ခန်းမ Town Hall ပါ ။

ဒါကတော့ San Francisco မြို့တော် ခန်းမ Town Hall ပါ ။

တိုက်တိုက်ဆိုင်ဆိုင်  မြို့တော် ခန်းမ ရှေ့မှာ ဆန္ဒပြပွဲ တစ်ခုရှိနေပါတယ် ။

ဆန္ဒပြပွဲက အမေရိကန် နိုင်ငံသားတိုင်း နေစရာအိမ် ရှိရမယ်ပေါ့လေ ။

အဲ့ဒီမှာ မိန့်ခွန်းပြောနေတဲ့သူက

” ကမာ္ဘပေါ်မှာ အချမ်းသာဆုံး အမေရိကန် ရဲ့ နိုင်ငံသားတွေဟာ ၊

အိုးအိမ်မဲ့ပြီး လမ်းဘေးမှာ အိပ်နေရတာ မဖြစ်သင့်ဘူး ” လို့ ပြောပါတယ် ။

 

  1. San Francisco မြို့တော် ခန်းမ Town Hall ပါ ။

    19. San Francisco မြို့တော် ခန်းမ Town Hall ပါ ။
    19. San Francisco မြို့တော် ခန်းမ Town Hall ပါ ။

 

  1. တိုက်တိုက်ဆိုင်ဆိုင် မြို့တော် ခန်းမ ရှေ့မှာ ဆန္ဒပြပွဲ တစ်ခုရှိနေပါတယ် ။

    19. တိုက်တိုက်ဆိုင်ဆိုင်  မြို့တော် ခန်းမ ရှေ့မှာ ဆန္ဒပြပွဲ တစ်ခုရှိနေပါတယ် ။
    19. တိုက်တိုက်ဆိုင်ဆိုင် မြို့တော် ခန်းမ ရှေ့မှာ ဆန္ဒပြပွဲ တစ်ခုရှိနေပါတယ် ။

 

အဘ က အဲ့ဒီမှာ တွေးနေမိတာကတော့ ၊

အမေရိကန် နိုင်ငံ နှင့် နိုင်ငံသားတွေဟာ ၊

ကမာ္ဘပေါ်မှာ အချမ်းသာဆုံး ဆိုတာ ဟုတ်သေးရဲ့လား ။

 

အဘတော့ ၊ အမေရိကန် နိုင်ငံ ရဲ့ လက်ရှိ ကြွေးမြီ အခြေအနေတွေ အရ ၊

အမေရိကန် နိုင်ငံ ဟာ အချမ်းသာဆုံး ဆိုတာ မဟုတ်လောက်ဘူးလို့ ထင်ပါတယ် ။

သူတို့ စိတ်ကူးယဉ် အိပ်မက်တွေထဲက မနိုးထကြသေးဘူး ထင်ပါတယ် ။

 

San Francisco မြို့တော် ခန်းမ ကို လှည့်လည်ကြည့်ရှုပြီးတဲ့အခါ ၊

San Francisco မြို့ကို အပေါ်စီး တောင်ပေါ် View ကနေ ကြည့်ဖို့ ၊

Twin Peaks ဆိုတဲ့ တောင်ကုန်း ခပ်မြင့်မြင့်ပေါ်က ၊

Christmas Tree View Point ကို Bus နှင့် တက်လာခဲ့ကြပါတယ် ။

ဒါကတော့ Twin Peaks တောင်ကုန်းပေါ်ကမြင်ရတဲ့ San Francisco မြို့ ပါ ။ 

 

  1. Twin Peaks တောင်ကုန်းပေါ်ကမြင်ရတဲ့ San Francisco မြို့ ပါ ။

    19. Twin Peaks တောင်ကုန်းပေါ်ကမြင်ရတဲ့ San Francisco မြို့ ပါ ။
    19. Twin Peaks တောင်ကုန်းပေါ်ကမြင်ရတဲ့ San Francisco မြို့ ပါ ။

 

အဲ့ဒါပြီးတဲ့ အခါမှာတော့ Lands End ဆိုတဲ့ ၊

ပင်လယ်ကမ်းစပ် View Point ကို သွားပါတယ် ။

အဲ့ဒီ Lands End ကနေ ပင်လယ် ကမ်းနားတစ်လျှောက် ၊

Eastern Coastal Trail ဆိုတဲ့ သစ်ပင်ကြီးတွေကြားက ၊

လမ်းလေးအတိုင်းလျှောက်ပြီး Overlook / View Point ကနေ ၊

နာမည်ကျော် Golden Gate Bridge ကို အဝေးကနေကြည့်ကြပါတယ် ။

 

  1. Lands End ဆိုတဲ့ ၊ ပင်လယ်ကမ်းစပ် View Point ။

    19. Lands End ဆိုတဲ့ ၊ ပင်လယ်ကမ်းစပ် View Point ။
    19. Lands End ဆိုတဲ့ ၊ ပင်လယ်ကမ်းစပ် View Point ။

 

  1. Eastern Coastal Trail ဆိုတဲ့ သစ်ပင်ကြီးတွေကြားက လမ်းလေး ။

    19. Eastern Coastal Trail ဆိုတဲ့ သစ်ပင်ကြီးတွေကြားက လမ်းလေး ။
    19. Eastern Coastal Trail ဆိုတဲ့ သစ်ပင်ကြီးတွေကြားက လမ်းလေး ။

 

  1. Overlook / View Point ကနေ Golden Gate Bridge ကို အဝေးကြည့် ။

    19. Overlook / View Point ကနေ Golden Gate Bridge ကို အဝေးကြည့် ။
    19. Overlook / View Point ကနေ Golden Gate Bridge ကို အဝေးကြည့် ။

 

Golden Gate Bridge ကို အဝေးကနေကြည့်ပြီးတဲ့ အခါ ၊

အနီးကပ်ကြည့်ဖို့ Golden Gate Bridge ခြေရင်းက ၊

Golden Gate Bridge Tourist Information Center ကို ၊

City Tour Bus နှင့် ထပ်သွားကြပါတယ် ။

 

  1. ဒါကတော့ နာမည်ကျော် Golden Gate Bridge ကို အနီးကရိုက်ထားတာပါ ။

    19. ဒါကတော့ နာမည်ကျော် Golden Gate Bridge ကို အနီးကရိုက်ထားတာပါ ။
    19. ဒါကတော့ နာမည်ကျော် Golden Gate Bridge ကို အနီးကရိုက်ထားတာပါ ။

 

  1. ဒါကတော့ Golden Gate ကြိုးတံတားမှာ သုံးတဲ့ သံကြိုး ကန့်လန့်ဖြတ်ပိုင်းပုံပါ ။

    19. ဒါကတော့ Golden Gate ကြိုးတံတားမှာ သုံးတဲ့ သံကြိုး ကန့်လန့်ဖြတ်ပိုင်းပုံပါ ။
    19. ဒါကတော့ Golden Gate ကြိုးတံတားမှာ သုံးတဲ့ သံကြိုး ကန့်လန့်ဖြတ်ပိုင်းပုံပါ ။

 

Golden Gate ကြိုးတံတားမှာ ပြီးတဲ့ အခါမှာတော့ ၊

City Tour Bus ရုံး / ဂိတ် နေရာကိုဘဲ ပြန်လာခဲ့ပါတယ် ။

 

အဘ က Sean Connery နှင့် Nicolas Cage ပါတဲ့

” The Rock ” ရုပ်ရှင်ကို ကြိုက်တဲ့သူမို့ ၊ ” The Rock ” ရုပ်ရှင် ရိုက်တဲ့ ၊

Alcatraz အကျဉ်းထောင် Tour ခရီးစဉ်သွားဘို့ စဉ်းစားထားတာပါ ။

 

အဲ့ဒဟာ နှင့် Alcatraz အကျဉ်းထောင် Tour ရှိတဲ့ ၊

Fisherman’s Wharf နားက Pier 33 ကို သွားကြပါတယ် ။

နေ့လည်စာ စားချိန်လဲ ရောက်နေပြီမို့ ၊ အဲ့ဒီ Pier 33 ကပ်လျက်က ၊

Butterfly Restaurant မှာ လွယ်လွယ်ကူကူ ဘိုစာဘဲ စားလိုက်ပါတယ် ။

 

နေ့လည် ၂ နာရီလောက်မှာတော့ Alcatraz Tour စထွက်ပါတယ် ။

ဒါကတော့ အဘတို့စီးတဲ့ Hornblower Hybrid သင်္ဘောပါ ။

ထူးခြားတာကတော့ အဲ့ဒီသင်္ဘောဟာ Hybrid ဆိုတဲ့ နာမည် နှင့် အညီ ၊

လေ စွမ်းအင် နှင့် နေ စွမ်းအင် ကို သုံးပြီး မောင်းတဲ့ သင်္ဘောပါ ။

သင်္ဘော ရဲ့ အမိုးပေါ်မှာ ဆိုလာပြား နှင့် လေဒလက်တွေ တပ်ထားပါတယ် ။

 

  1. ဒါကတော့ အဘတို့စီးတဲ့ Hornblower Hybrid သင်္ဘောပါ ။

    19. ဒါကတော့ အဘတို့စီးတဲ့ Hornblower Hybrid သင်္ဘောပါ ။
    19. ဒါကတော့ အဘတို့စီးတဲ့ Hornblower Hybrid သင်္ဘောပါ ။

 

  1. Hybrid ၊ လေ စွမ်းအင် နှင့် နေ စွမ်းအင် ကို သုံးပြီး မောင်းတဲ့ သင်္ဘောပါ ။

    19. Hybrid ၊ လေ စွမ်းအင် နှင့် နေ စွမ်းအင် ကို သုံးပြီး မောင်းတဲ့ သင်္ဘောပါ ။
    19. Hybrid ၊ လေ စွမ်းအင် နှင့် နေ စွမ်းအင် ကို သုံးပြီး မောင်းတဲ့ သင်္ဘောပါ ။

 

သင်္ဘောက ၁၅ မိနစ်လောက် မောင်းပြီးတဲ့အခါ ၊

အကျဉ်းထောင်ရှိတဲ့ Alcatraz ကျွန်းကိုရောက်ပါတယ် ။

သူ့ခေတ် သူ့အခါကတော့ Alcatraz အကျဉ်းထောင်ဟာ နာမည်ကြီးပါ ။

အဆိုးဆုံး အကျဉ်းသားတွေကို Alcatraz အကျဉ်းထောင် / The Rock ကို ပို့ပါတယ် ။

 

Alcatraz အကျဉ်းထောင်ထဲက စာတမ်းတစ်ခုမှာ ရေးထားတာကတော့ ၊

” Break the rules & you go to Prison.

Break the prison rules & you go to Alcatraz ” ဆိုဘဲ ။

ထောင့် အပြင် တန်း ဆိုတာ ဒါဘဲ ဖြစ်မယ် ။

 

ထောင် အနှံ့ကိုတော့ ကိုယ့် အစီအစဉ်နှင့်ကိုယ်ဘဲ လှည့်ကြည့်ရတာပါ ။

သူတို့ဖက်က သင်္ဘော အသွားအပြန် Time Table ပေးထားတယ်လေ ။

ကိုယ်ပြန်ချင်တဲ့ အချိန် ၊ အဆင်ပြေတဲ့အချိန် ပြန်ပေါ့ ။

 

  1. ဒါကတော့ Alcatraz အကျဉ်းထောင် ရဲ့ မြေပုံ ပါ ။

    19. ဒါကတော့ Alcatraz အကျဉ်းထောင် ရဲ့ မြေပုံ ပါ ။
    19. ဒါကတော့ Alcatraz အကျဉ်းထောင် ရဲ့ မြေပုံ ပါ ။

 

Alcatraz အကျဉ်းထောင် ထဲ လှည့်ပါတ် ကြည့်ကြပါတယ် ။

ပထမဦးဆုံး အဆောက်အဦးမှာတော့ Alcatraz အကျဉ်းထောင် ရဲ့ ၊

သမိုင်းကြောင်း ၊ နာမည်ကျော် အကျဉ်းသားတွေ အကြောင်း စသဖြင့်ကို ၊

ဓါတ်ပုံတွေနှင့်ကော ရုပ်ရှင်ပါပြပါတယ် ။ ပြတိုက်ပုံစံပေါ့ ။

 

အဲ့ဒီ အခန်းပြီးတော့မှ ၊ တောင်ကုန်းပေါ်က ထောင်ကို သွားပါတယ် ။

ထောင် အဝင်ဝမှာတော့ ၊ ကိုယ်ရောက်နေတဲ့ နေရာတွေ ရဲ့ ၊

အကြောင်းကို ရှင်းပြပေးမယ့် Audio နားကျပ်လေးတွေ ပေးလိုက်ပါတယ် ။

 

အကျဉ်းသားတွေ ထားတဲ့ အဓိကဆောင်က ၃ ထပ်တောင် ရှိပါတယ် ။ 

နေရာအချို့မှာတော့ ၊ နာမည်ကျော် လူဆိုးကြီးတွေ နေခဲ့တဲ့ အခန်း နှင့် ၊

သူတို့ ရဲ့ short biography လေးတွေ ရေးသားထားတာတွေ့ရပါတယ် ။

 

အကျဉ်းခန်းလေးတွေက ၁ဝ ပေ x ၆ ပေ လောက် ပုံစံတူလေးတွေဖြစ်ပြီး ၊

အခန်းတိုင်းမှာ အိပ်စင် ၊ စားပွဲ ၊ စာအုပ်စင် ၊ မျက်နှာသစ်ကန် နှင့် ၊

အိမ်သာ ကမုတ်တို့ ပါဝင်ကြပါတယ် ။

အများသုံး ရေချိုးခန်းကတော့ အခန်းကျယ်ကြီး သပ်သပ် ရှိပါတယ် ။

 

အဘလဲ အကျဉ်းခန်းလေးထဲဝင်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်လိုက်ပါသေး ။ 

 

  1. အကျဉ်းသားတွေ ထားတဲ့ အဓိကဆောင်က ၃ ထပ်တောင် ရှိပါတယ် ။

    19. အကျဉ်းသားတွေ ထားတဲ့ အဓိကဆောင်က ၃ ထပ်တောင် ရှိပါတယ် ။
    19. အကျဉ်းသားတွေ ထားတဲ့ အဓိကဆောင်က ၃ ထပ်တောင် ရှိပါတယ် ။

 

  1. အဘလဲ အကျဉ်းခန်းလေးထဲဝင်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်လိုက်ပါသေး ။

    19. အဘလဲ အကျဉ်းခန်းလေးထဲဝင်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်လိုက်ပါသေး ။
    19. အဘလဲ အကျဉ်းခန်းလေးထဲဝင်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်လိုက်ပါသေး ။

 

  1. ဒါကတော့ အကျဉ်းသားတွေ ဧည့်တွေ့တဲ့ နေရာပါ ။

    19. ဒါကတော့ အကျဉ်းသားတွေ ဧည့်တွေ့တဲ့ နေရာပါ ။
    19. ဒါကတော့ အကျဉ်းသားတွေ ဧည့်တွေ့တဲ့ နေရာပါ ။

 

အဘလဲ ၊ Alcatraz အကျဉ်းထောင် ( The Rock ) ကြီးထဲမှာ ၊

၂ နာရီလောက် ကြာအောင် လှည့်ပါတ်ကြည့်ပြီးသွားတော့ ၊

ညနေကလည်းစောင်း တနေကုန်လည်ထားလို့ ခြေကလည်း ညောင်းလာပြီမို့ ၊

ညနေ ၄ နာရီ Boat နှင့် ပြန်လာခဲ့ပါတော့တယ် ။

 

တော်သေးပြီ ။

 

အဘ ဖေါ ( F R ) ။

 

  1. ဒါကတော့ အကျဉ်းသားတွေ အညောင်ပြေလျှောက်တဲ့ Recreation Yard ။

    19. ဒါကတော့ အကျဉ်းသားတွေ အညောင်ပြေလျှောက်တဲ့ Recreation Yard ။
    19. ဒါကတော့ အကျဉ်းသားတွေ အညောင်ပြေလျှောက်တဲ့ Recreation Yard ။

 

  1. ကွန်ကရစ်ခင်းပေါ်မှာ ငှက်ကလေးတွေ အသိုက်လုပ်နေကြတာ ။

    19. ကွန်ကရစ်ခင်းပေါ်မှာ ငှက်ကလေးတွေ အသိုက်လုပ်နေကြတာ ။
    19. ကွန်ကရစ်ခင်းပေါ်မှာ ငှက်ကလေးတွေ အသိုက်လုပ်နေကြတာ ။

 

  1. ဒါကတော့ ညနေ အပြန်လမ်းမှာ တွေ့ခဲ့တဲ့ ရွက်လှေလေး ။

    19. ဒါကတော့ ညနေ အပြန်လမ်းမှာ တွေ့ခဲ့တဲ့ ရွက်လှေလေး ။
    19. ဒါကတော့ ညနေ အပြန်လမ်းမှာ တွေ့ခဲ့တဲ့ ရွက်လှေလေး ။

 

 

13 comments

  • kai

    March 20, 2016 at 5:10 pm

    ဆန်ဖရန်က.. နယူးယောက်နဲ့ရော.. ချီကာဂိုနဲ့ရော.. Taste မတူဘူး..။
    အရှေ့နဲ့ အနောက်ပေါင်းထားတဲ့မြို့လို့တောင် ခေါ်လို့ရမယ်..။
    အာရှသား.. အထူးသဖြင့် စိန့်တိုင်းသားတွေ.. ပထမ..ဒုတိယ…တတိယမျိုးဆက်တွေအခြေချနေကြတာ…။

    စိန့်ပြည်က.. မီလီယံနာတွေအဲဒီဒေသမှာအခြေချကြတာများတယ်…။
    တောင်ဖက်ဆင်းလာရင်.. ဆီလီကွန်ဗယ်လီလေ…။
    ဈေးတွေအကုန်.. ခုန်တက်…။ :k:

  • မြစပဲရိုး

    March 20, 2016 at 10:48 pm

    အဘဖော ကြည့်ရတာ အလုပ်တစ်ခု စလိုက်ရင် မပြီးမချင်း အစသိမ်း လုပ်တတ်တဲ့ အကျင့်ရှိတယ် ထင်ရဲ့။ လေးစားပါတယ်။ နှစ်နှစ် နီးပါး ကြာတဲ့ အထိ ဇွဲကောင်းကောင်း နဲ့ ကျွန်မတို့ ကို ခေါ်နေဆဲ။ ကျေးဇူးပါ။ :-)))

    • Foreign Resident

      March 21, 2016 at 2:24 am

      အရီးလတ် ရေ ။
      ကိုယ်က စပြီး မှတော့ ၊ ဆုံးအောင် လုပ်ရတော့ မပေါ့လေ ။
      နောက်ပြီး ကိုယ့် ရဲ့ ခရီးသွား မှတ်တမ်းလေး အဖြစ်လဲ တင်ကျန်ရစ်ခဲ့တာပေါ့ ။
      နို့မို့ရင် ၊ နောက် ၃ / ၄ နှစ်ဆို ၊ မေ့သွားတတ်တယ် ခမျ ။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 20, 2016 at 11:26 pm

    နေစရာမရှိတဲ့ လူတွေ နဲ့အတူ
    ရောယောင် ဝင်တန်းစီခဲ့ပါလား အူးလေးရာ
    တန်ဖိုးနဲ အိမ်တစ်လုံးရ နဲမလား
    ဒို့အဘ ဝန်ကျီးတွေနဲ့ ကွာပ

  • Foreign Resident

    March 21, 2016 at 2:18 am

    kai says:
    ” စိန့်တိုင်းသားတွေ.. အခြေချနေကြတာ…။
    ဈေးတွေအကုန်.. ခုန်တက်…။ ”

    အမေရိကမှာ San Francisco နှင့် Los Angeles က ၊
    လူနေမှု စရိတ် အကြီးဆုံး ၊ အိမ် ဈေး အကြီးဆုံး လို့ကြားတယ် ။

    ပြောရမယ် ဆိုရင် ၊ ဒေသ တစ်ခုကို တရုတ်တွေ ဝင်လာပြီဆိုရင် ၊
    ကောင်းကျိုး ၊ ဆိုးကျိုး ၂ မျိုး ရှိတယ် ။

    ကောင်းကျိုး က ။
    တရုတ်တွေ ဝင်လာရင် သူတို့က အလုပ် အရမ်းလုပ်တဲ့ အတွက် ၊
    ( တချို့ တရုတ်တွေက ငွေထုတ်ပိုက်ပြီး ဝင်လာတဲ့ အတွက် )
    အဲ့ဒီ ဒေသ ရဲ့ စီးပွားရေး ထိုးတက်လာမယ် ။

    ဆိုးကျိုး က ။
    တရုတ်တွေက နဲနဲ ရိုင်းပြီး လောဘကြီးတော့ ၊
    ဒေသခံတွေ နှင့် လူမျိုးရေး နိုင်ငံရေး ယဉ်ကျေးမှု shock ရှိမယ် ။

    အခုလို ၊ အိမ်ဈေးတွေ ထိုးတက်ပြီး ဒေသခံ အမေရိကန် ( ငပျင်း ) တွေ ၊
    အိမ်မဝယ်နိုင်တော့တဲ့ အခြေအနေ ရောက်လာမယ် ။
    ( အခု Post ထဲမှာ ဆန္ဒပြနေတာ အဲ့ဒီ ကိစ္စပေါ့ )
    တစ်ချိန်ထဲမှာ တရုတ်တွေကျတော့ အရမ်းချမ်းသာလာတော့ ၊
    ဒေသခံတွေရဲ့ မနာလိုမှု ပြသာနာကို တွေ့ရမယ် ။

    အဲ့ဒီတော့ကာ အဲ့ဒီ ဒေသ ရဲ့ အာဏာပိုင် အစိုးရက ၊
    အဲ့ဒီ ပြသာနာတွေကို ပါးပါးနပ်နပ် ဖြေရှင်းပေးမှရမယ် ။

    ဩဇီမှာလည်း အလားတူ ပြသာနာတွေ တက်နေတာပါဘဲ ။
    ဩဇီ အစိုးရက စီးပွားရေး တက်လာလို့ ဆိုပြီး ၊
    ပြည်ကြီး တရုတ်တွေ ဝင်လာတာကို အရမ်းကြိုက် / ကြိုဆို ။
    ဒေသခံ ဩဇီ ( ငမွဲ / ငပျင်း ) တွေကတော့ ၊
    ” Chinese Invasion ” ဖြစ်နေပါပြီ ဆိုပြီး ၊
    ပါတီ အသစ်ပါထောင်ပြီးကို ဆန္ဒပြနေကြတယ် ။

    The man behind a letterbox campaign warning Sydney’s housing market
    is under threat from “Chinese invasion” is an idiot,
    New South Wales’ Multiculturalism Minister says.

    —http://www.abc.net.au/news/2015-05-29/chinese-invasion-leaflet-campaign-slammed-as-idiotic/6506412—

    • kai

      March 21, 2016 at 4:14 am

      တကယ်တော့ စိန့်တိုင်းသားတွေ.. ကစားခံနေရတာပါ…။
      သေအောင်အလုပ်လုပ်… ပြီးတော့.. ချမ်းသာပြီးသားနိုင်ငံတွေမှာ လာနေ…။
      မီလီယံနာတွေ.. ဘီလီယံနာတွေဖြစ်ပြီးရင်.. ယူကေ.။ ယူအက်စ်.. ပြေးကြတာပါပဲ..။ သူတို့ငွေတွေပါယူလာသမို့.. စိန့်ပြည်.. အိနိ္ဒယပြည်… နာမယ်သာရှိ..အဆံမရှိ..ပေါ့..။
      https://www.chinafile.com/multimedia/infographics/wealthy-chinese-are-fleeing-country-mad

      Wealthy Chinese Are Fleeing the Country Like Mad
      A ChinaFile Infographic Translation

      February 3, 2015

      Last year, Chinese millionaires maxed out the quota for EB-5 visas under the U.S.’s Immigrant Investor Program, and recently it was reported that 90% of Australia’s Significant Investor visas were given to Chinese nationals. All over the world, immigrant investor programs are being flooded with applicants from China.
      Since 1990, China has gone from being the 7th largest exporter of immigrants to the 4th largest, an increase of more than 125%. Chinese people are emigrating in ever greater numbers, particularly the wealthy.
      Rich Chinese Want to Go to North America

      According to the Hurun Report’s “2014 Immigrant Investor White Paper,” the U.S. and Canada are the first choices for wealthy Chinese looking to emigrate.

      Top Destinations for Wealthy Chinese Emigrants

    • kai

      March 21, 2016 at 4:17 am

      Where millionaires are moving—and fleeing—around the world
      Robert Frank | @robtfrank
      Thursday, 5 Mar 2015 | 12:59 PM ET

      According to the study, they’re leaving China in the largest numbers, with 76,200 Chinese millionaires exiting the country between 2003 and 2013. That’s 15 percent of its total millionaire population, according to the report.

      The second largest millionaire loser is India, which saw 43,400, or 27 percent of its millionaires, leave the country in those 10 years. France ranked third, losing 31,700, or 13 percent of its total.

      And while Russia gets most of the attention for exiled oligarchs, it ranked fifth, losing 17 percent, or 14,000 millionaires. The country did, however, rank first for the percentage of millionaires who plan to permanently change their country of residence.

      The most popular place for millionaires to land is the United Kingdom. According to the study, the U.K. gained 114,100 millionaires between 2003 and 2013, making up 14 percent of the country’s millionaire total.

      Singapore gained 45,000, or 20 percent of its total, while the U.S. gained 42,400, representing 1 percent of its millionaires. Australia gained 22,200, or 14 percent.

      Australian millionaires are also the happiest in the world when it comes to their home country. Only 4 percent said they would ever want to leave, and very few send their children overseas for school.

      http://www.cnbc.com/2015/03/05/where-millionaires-are-moving-and-fleeing-around-the-world.html

    • Foreign Resident

      March 21, 2016 at 6:33 am

      kai says:
      ” မီလီယံနာတွေ.. ဘီလီယံနာတွေဖြစ်ပြီးရင်..
      ယူကေ.။ ယူအက်စ်.. ပြေးကြတာပါပဲ ”

      အင်းးးး ၊ သူတို့ သူဋ္ဌေးတွေ ဘာလို့ ပြေးကြသလဲ မသိနော် ။
      သား သမီး တွေ ရဲ့ ပညာရေး အတွက် များလား ။
      ကျနော် က ဩဇီနိုင်ငံသူကို ယူမိလို့သာ ဩဇီ မှာ အခြေချနေမိတာ ။
      မှန်တာပြောရရင် ၊ မြန်မာပြည်မှာ နေရတာ ပိုပျော်တယ် ။

      မြန်မာပြည်မှာ ၊
      မီး မမှန်ဘူး ၊ အင်တာနက် မကောင်းဘူး ၊ မလုံခြုံဘူး ၊ ကြိုးနီ များတယ် ။
      တရားဥပဒေ မစိုးမိုးဘူး ၊ မမျှတဘူး ၊ စသဖြင့်ပေါ့လေ ။
      ဒါတွေက ကိုယ့်ရဲ့ ငွေ နှင့် အာဏာ နှင့် ရှင်းလို့ရပါတယ် ။ OK ပါ ။

      ဒါပေမယ့် ၊ မြန်မာပြည်မှာ ၊
      အစားအသောက်တွေ မသန့်ဘူး ၊ Chemical အဆိပ်တွေ ပါနေတယ် ။
      လေ နှင့် ရေ လည်း မသန့်ဘူး ၊ ကားကျပ်တယ် ။
      အဲ့ဒါတွေကတော့ ကိုယ်လည်း ဘယ်လိုမှ ရှောင်လို့မရဘူး ။ လည်စင်းခံ ဘဲ ။

      ဒါပေမယ့် ၊
      ကျနော်ကတော့ မြန်မာပြည်မှာ နေရတာ ပိုပျော်တယ် ။
      အခုနေသာ ဒေါ်လှ ဆယ်သန်းလောက်သာ ထီပေါက်ရင် ၊
      ကျနော် မြန်မာပြည်ကို ပြောင်းနေမှာ ။

      • ဦးဦးပါလေရာ

        March 23, 2016 at 6:48 am

        ကျုပ်နဲ့တော့ ကွာပါ့…
        ကျုပ်သာ ဒေါ်လာငါးသန်းလောက်ထီပေါက်ရင် ဘိနပ်တောင်မစီးပဲ ဒီနိုင်ငံက အမြန်ဆုံး ချက်ချင်းထွက်မယ်
        လမ်းကျမှ ဘိနပ်ဝယ်စီးမယ်…

      • Foreign Resident

        March 23, 2016 at 9:38 am

        စိတ်ကြီးလှချီလား ဦးပါ ရဲ့ ။
        ၁ ။
        ဦးပါတို့ ကျနော်တို့လို အရွယ်မှ ဒီဖက်နိုင်ငံတွေကို ပြောင်းလာရင် ၊
        တကယ်ရင်းနှီးတဲ့ မိတ်ဆွေ ငယ်ပေါင်းက မရနိုင်တော့ဘူးလေ ။
        ဆွေမျိုးသားချင်းကလည်း မရှိဘူးလေ ။
        ၂ ။
        ရန်ကုန်မှာလို ထိုင်ရာမထရဘဲ လုပ်ပေးမယ့် အိမ်ဖေါ်လဲ မရှိဘူး ။
        ရှိရှိသမျှ အလုပ်တွေ မြက်ရိတ် အိမ်ရှင်း ထမင်းချက် စသဖြင့် အားလုံးကို ၊
        ကိုယ်တိုင်ဘဲ လုပ်ရမှာ ။ အရမ်းပင်ပန်းမယ်ဗျ ။
        ၃ ။
        နောက်ပြီး ဒီဖက်နိုင်ငံတွေမှာ ၊
        ဒေါ်လှ သန်း ၁၀ဝ လောက်ရှိမှ ၊ သူဋ္ဌေးတန်း ဝင်တာဗျ ။
        ကိုယ်တွေ ရန်ကုန်မှာ နေသလို ခပ်ကြမ်းကြမ်း မသုံးနိုင်ဘူး ပေါ့ဗျာ ။
        ရန်ကုန်မှာ ကတော့ ၊ ကိုယ်တွေက သုံးနိုင် ဖြုန်းနိုင်သူ လေ ။
        ( ရန်ကုန်မှာက ဈေးလဲပေါတယ်လေ ၊ ဥပမာ သာမီးလေးတွေ ၊ ဟီ ဟိ နောက်ထှာ )
        ဒီဖက်နိုင်ငံတွေမှာက သူလို ကိုယ်လို ဘဝကို ပြန်ရောက်သွားရော ။

        ဒီလိုပါဘဲ ဦးပါရာ ။
        အားသာချက် ရှိသလို ၊ အားနည်းချက် တွေလဲ ရှိနေတာပါဘဲ ။

  • ခင်ဇော်

    March 21, 2016 at 10:15 am

    တောတောင်ကုန်းမြင့် မြင်ကွင်း
    ပင်လယ် ရှုခင်း
    မြို့ပြ တိုးတက်မှု
    သဘာဝ အလှအပ အစုံတွေ့ရတယ်နော်။

    🙂

  • uncle gyi

    March 21, 2016 at 2:57 pm

    ပေ ျာ်ရာမှာမနေတော်ရာမှနေတဲ့အဘရဲ့
    ဆရာလုပ်လိုက်အုန်းမယ်
    စတာပါ

  • Shar Thet Man

    May 10, 2018 at 2:19 pm

    တစ်ခါလောက်တော့ အမေရိကားကိုသွားဖို့လုပ်ရမယ်

Leave a Reply