အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၂ဝ ( Union Square, West Field & M.Y. China / Yan can cook ) ။

Foreign ResidentMarch 23, 201617min2085

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၂ဝ

( Union Square, West Field & M.Y. China / Yan can cook ) ။

 

၁၄ – ဝ၅ – ၂၀၁၄ ။

 

The Alcatraz အကျဉ်းထောင် Tour ပြီးတဲ့အခါ ၊

ထုံးစံအတိုင်းပါဘဲ Cable Car နှင့် ဟော်တယ်ဘက်ကို ပြန်လာခဲ့ပါတယ် ။

 

ဒါနှင့် ပြောရဦးမယ် ။

တခြားနိုင်ငံတွေမှာ Cable Car / Tram တွေရှိပေမယ့် ၊ Type က တစ်မျိုးထဲပါ ။

San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် ။ 

 

  1. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 1 ။

    20. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 1 ။
    20. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 1 ။

 

  1. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 2 ။

    20. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 2 ။
    20. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 2 ။

 

  1. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 3 ။

    20. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 3 ။
    20. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 3 ။

 

  1. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 4 ။

    20. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 4 ။
    20. San Francisco ရောက်မှဘဲ ၊ Cable Car / Tram ကို ပုံစံမျိုးစုံ တွေ့ရတော့တယ် 4 ။

 

ဟော်တယ်ဘက်ကို ပြန်လာပေမယ့် ၊ ဟော်တယ်မှာ ပြန်နားဘို့ မဟုတ်ပါဘူး ။

ဟော်တယ် နားက San Francisco ရဲ့ အကြီးဆုံး နှင့် အကောင်းဆုံး လို့ ၊

နာမည်ကြီးတဲ့ West Field Sanfrancisco မှာ ဈေးဝယ်ပြီး ညစာစားဖို့ပါ ။

 

  1. San Francisco ရဲ့ အကြီးဆုံး နှင့် အကောင်းဆုံး West Field San francisco 1 ။

    20. San Francisco ရဲ့ အကြီးဆုံး နှင့် အကောင်းဆုံး West Field Sanfrancisco 1 ။
    20. San Francisco ရဲ့ အကြီးဆုံး နှင့် အကောင်းဆုံး West Field San francisco 1 ။

 

  1. San Francisco ရဲ့ အကြီးဆုံး နှင့် အကောင်းဆုံး West Field San francisco 2 ။

    20. San Francisco ရဲ့ အကြီးဆုံး နှင့် အကောင်းဆုံး West Field Sanfrancisco 2 ။
    20. San Francisco ရဲ့ အကြီးဆုံး နှင့် အကောင်းဆုံး West Field San francisco 2 ။

 

နက်ဖြန် ဩဇီ ပြန်ရတော့မှာမို့ ဈေးကတော့ သိပ်မဝယ်ဖြစ်ပါဘူး ။

ရှိရှိသမျှ အိတ်တွေကလည်း ပြည့်နေပြီလေ ။ ရှိတာတောင် မနဲသယ်ရမှာ ။

 

အဲ့ဒဟာ နှင့် ညစာ ထမင်းစားချိန် ရောက်လာတော့တယ် ။

အောင်မယ် West Field က သူ့ Restaurant တွေကို ၊

Restaurant Collection ဆိုပြီးကို သေချာ ညွှန်းထားသဗျ ။

 

  1. West Field က Restaurant Collection ဆိုပြီးကို သေချာ ညွှန်းထားသဗျ ။

    20. West Field က Restaurant Collection ဆိုပြီးကို သေချာ ညွှန်းထားသဗျ ။
    20. West Field က Restaurant Collection ဆိုပြီးကို သေချာ ညွှန်းထားသဗျ ။

 

အဲ့ဒီ Restaurant Collection ကို သေချာကြည့်မိတော့ ၊

ရှေ့ဆုံးက M.Y. CHINA ဆိုင် ကြော်ငြာထဲက တရုတ်ကြီး ငါမြင်ဘူးပါတယ်ဆို ။

လား လား ၊ မြန်မာပြည်က ” Yan Can Cook ” TV စီးရီး မှာလာသွားတဲ့ ၊

နာမည်ကျော် စားဖိုမှူးကြီး ” Martin Yan ” ဖြစ်နေပါလေရော ။

စားဖိုမှူးကြီး ” Martin Yan ” ရဲ့ ဟင်းချက်နည်း မြန်မာ ဘာသာပြန်တောင် ရှိသေး ။ 

 

  1. မြန်မာပြည်က ” Yan Can Cook ” TV စီးရီး က စားဖိုမှူးကြီး ” Martin Yan ” ။

    20. မြန်မာပြည်က " Yan Can Cook " TV စီးရီး က စားဖိုမှူးကြီး " Martin Yan " ။
    20. မြန်မာပြည်က ” Yan Can Cook ” TV စီးရီး က စားဖိုမှူးကြီး ” Martin Yan ” ။

 

  1. စားဖိုမှူးကြီး Martin Yan ရဲ့ ဟင်းချက်နည်း မြန်မာ ဘာသာပြန်တောင် ရှိသေး ။

    20. စားဖိုမှူးကြီး  Martin Yan  ရဲ့ ဟင်းချက်နည်း မြန်မာ ဘာသာပြန်တောင် ရှိသေး ။
    20. စားဖိုမှူးကြီး Martin Yan ရဲ့ ဟင်းချက်နည်း မြန်မာ ဘာသာပြန်တောင် ရှိသေး ။

 

ဒါနှင့်ဘဲ ၊ ဒီလို တိုက်တိုက်ဆိုင်ဆိုင် ကြုံရခဲတယ်လေ ဆိုပြီး ၊

စားဖိုမှူးကြီး ” Martin Yan ” ရဲ့ M.Y. CHINA ဆိုင် မှာဘဲ စားလိုက်တယ်လေ ။

ပြောရမယ်ဆိုရင် ၊ ဈေးသင့်ပြီး ၊ တော်တော် စားကောင်းသားဗျ ။

 

  1. စားဖိုမှူးကြီး ” Martin Yan ” ရဲ့ M.Y. CHINA ဆိုင် ။

    20. စားဖိုမှူးကြီး " Martin Yan " ရဲ့ M.Y. CHINA ဆိုင် ။
    20. စားဖိုမှူးကြီး ” Martin Yan ” ရဲ့ M.Y. CHINA ဆိုင် ။

 

  1. စားဖိုမှူးကြီး ” Martin Yan ” M.Y. CHINA ဆိုင် ရဲ့ Menu ။

    20. စားဖိုမှူးကြီး " Martin Yan " M.Y. CHINA ဆိုင် ရဲ့ Menu ။
    20. စားဖိုမှူးကြီး ” Martin Yan ” M.Y. CHINA ဆိုင် ရဲ့ Menu ။

 

  1. ဈေးသင့်ပြီး ၊ တော်တော် စားကောင်းသားဗျ ။

    20. ဈေးသင့်ပြီး ၊ တော်တော် စားကောင်းသားဗျ ။
    20. ဈေးသင့်ပြီး ၊ တော်တော် စားကောင်းသားဗျ ။

 

၁၅ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့ကတော့ ၊ ညနေ ဩဇီ ပြန်ဖို့ လေဆိပ်ဆင်းရမှာမို့ ၊

နီးနီး နားနား က Civic Square ကိုဘဲ လှည့်ပါတ်ကြည့်ကြပါတယ် ။

 

Civic Square ဆိုတာလဲ San Francisco ရဲ့ နာမည်ကြီး နေရာတစ်ခုဖြစ်ပြီး ၊

ဘေးနား ပါတ်ပါတ်လည်မှာ Shopping Mall တွေ ဝန်းရံနေတာပါ ။

မဟေသီကတော့ မမောနိုင် မပန်းနိုင် Macy’s ကုန်တိုက်ကြီးထဲ ဝင်သွားသဗျ ။

အဘ ကတော့ ခြေတွေလဲ ညောင်းနေ ၊ စိတ်လဲ မဝင်စားလှတာမို့ ၊

Civic Square ပန်းခြံထဲမှာဘဲ အေးအေးလူလူ ထိုင်စောင့်နေတော့တယ် ။

 

  1. Civic Square ပန်းခြံထဲမှာဘဲ အေးအေးလူလူ ထိုင်စောင့်နေတော့တယ် ။

    20. Civic Square ပန်းခြံထဲမှာဘဲ အေးအေးလူလူ ထိုင်စောင့်နေတော့တယ် ။
    20. Civic Square ပန်းခြံထဲမှာဘဲ အေးအေးလူလူ ထိုင်စောင့်နေတော့တယ် ။

 

  1. Civic Square ပန်းခြံဘေးက Macy’s ကုန်တိုက် ။

    20. Civic Square ပန်းခြံဘေးက Macy's ကုန်တိုက် ။
    20. Civic Square ပန်းခြံဘေးက Macy’s ကုန်တိုက် ။

 

အမေရိကန်မှာကလည်း ဆန္ဒပြပွဲတွေ သပိတ်တွေ အတော်ရှိပုံဘဲ ။

Macy’s ကုန်တိုက် ရှေ့မှာကော ၊ Swarovski ဆိုင် ရှေ့မှာကော ၊

ဒီ ဆိုင်ရှင် နှင့် အလုပ်သမား ပြသာနာတက်နေကြောင်း နှင့် ၊

ဒီ ဆိုင် မကောင်းကြောင်း ရေးထားတဲ့ ဗီနိုင်းကြီးက ပြူးလို့ ။

ဈေးဝယ်တဲ့သူတွေကတော့ သိပ်ဂရုစိုက်ပုံ မရှိပါဘူး ၊ ဝင်လိုက် ထွက်လိုက် ပါဘဲ ။

 

  1. Swarovski ဆိုင် ရှေ့မှာ အလုပ်သမား ပြသာနာ ဗီနိုင်းကြီးက ပြူးလို့ ။

    20. Swarovski ဆိုင် ရှေ့မှာ အလုပ်သမား ပြသာနာ ဗီနိုင်းကြီးက ပြူးလို့ ။
    20. Swarovski ဆိုင် ရှေ့မှာ အလုပ်သမား ပြသာနာ ဗီနိုင်းကြီးက ပြူးလို့ ။

 

  1. Macy’s ကုန်တိုက် ရှေ့မှာ အလုပ်သမား ပြသာနာ ဗီနိုင်းကြီးက ပြူးလို့ ။

    20. Macy's ကုန်တိုက် ရှေ့မှာ အလုပ်သမား ပြသာနာ ဗီနိုင်းကြီးက ပြူးလို့ ။
    20. Macy’s ကုန်တိုက် ရှေ့မှာ အလုပ်သမား ပြသာနာ ဗီနိုင်းကြီးက ပြူးလို့ ။

 

စိတ်ဝေဒနာရှင်တစ်ယောက်ကတော့ ဖိနပ်ကို အနီတစ်ဖက် အစိမ်းတစ်ဖက် စီးပြီး ၊

အင်္ကျ ီ ကိုယ်ကျွတ် နှင့် ရှေ့က ဖြတ်သွားသမျှ ကားတွေကို အလေးပြုနေလေရဲ့ ။

မတော် ကိုယ့်ဘက်လှည့်လာမစိုးလို့ ၊ ဓါတ်ပုံတောင် ခိုးရိုက်ရတယ် ။

 

  1. ဖိနပ်ကို အနီတစ်ဖက် အစိမ်းတစ်ဖက်စီးပြီး ကားတွေကို အလေးပြုနေလေရဲ့ ။

    20. ဖိနပ်ကို အနီတစ်ဖက် အစိမ်းတစ်ဖက်စီးပြီး ကားတွေကို အလေးပြုနေလေရဲ့ ။
    20. ဖိနပ်ကို အနီတစ်ဖက် အစိမ်းတစ်ဖက်စီးပြီး ကားတွေကို အလေးပြုနေလေရဲ့ ။

 

ဒါနှင့်ဘဲ နေ့လည်စာစားချိန် ရောက်တော့ ၊

ဈေးလဲသင့် ခံတွင်းလဲတွေ့တဲ့ M.Y. CHINA ဆိုင် မှာဘဲ ပြန်စားကြတယ်လေ ။

ဒီတစ်ခါတော့ မနေ့ကနှင့်မတူအောင် ဟင်းပြောင်းမှာကြသပေါ့ ။

စားဖိုမှူးကြီး ” Martin Yan ” ရဲ့ နာမည်ကျော် ခေါက်ဆွဲကတော့ မပါမဖြစ်ပေါ့ ။

ဆိုင်ထဲမှာလဲ အဲ့ဒီ နာမည်ကျော် ခေါက်ဆွဲ ကို လုပ်နေပုံ ကြည့်လို့ရတယ်လေ ။

 

  1. စားဖိုမှူးကြီး ” Martin Yan ” ရဲ့ M.Y. CHINA ဆိုင်ထဲမှာ ။

    20. စားဖိုမှူးကြီး " Martin Yan " ရဲ့ M.Y. CHINA ဆိုင်ထဲမှာ ။
    20. စားဖိုမှူးကြီး ” Martin Yan ” ရဲ့ M.Y. CHINA ဆိုင်ထဲမှာ ။

 

  1. ဒီတစ်ခါတော့ မနေ့ကနှင့်မတူအောင် ဟင်းပြောင်းမှာကြသပေါ့ ။

    20. ဒီတစ်ခါတော့ မနေ့ကနှင့်မတူအောင် ဟင်းပြောင်းမှာကြသပေါ့ ။
    20. ဒီတစ်ခါတော့ မနေ့ကနှင့်မတူအောင် ဟင်းပြောင်းမှာကြသပေါ့ ။

 

  1. စားဖိုမှူးကြီး ” Martin Yan ” ရဲ့ နာမည်ကျော် ခေါက်ဆွဲ လုပ်နေပုံ ။

    20. စားဖိုမှူးကြီး " Martin Yan " ရဲ့ နာမည်ကျော် ခေါက်ဆွဲ လုပ်နေပုံ ။
    20. စားဖိုမှူးကြီး ” Martin Yan ” ရဲ့ နာမည်ကျော် ခေါက်ဆွဲ လုပ်နေပုံ ။

 

စားသောက်ပြီးတဲ့အခါ ၊ ဟော်တယ်ပြန် ၊ ပစ္စည်းတွေ သိမ်း ၊

၂ ရက်လုံး ခွင့်ယူ လိုက်ပြပေးတဲ့ မဟေသီ့ သူငယ်ချင်းကို နှုတ်ဆက်ပြီး ၊

ဆစ်ဒနီ ကို ပြန်ဖို့ ၊ လေဆိပ်ကို ထွက်လာခဲ့ပါတော့တယ် ။

 

San Francisco ကနေ ၁၅ ရက်နေ့ ညနေ မှာ စထွက်လာခဲ့ပေမယ့် ၊

လမ်းမှာ Date Line ကို ပြောင်းပြန် ဖြတ်ရပေသမို့ တစ်ရက်ပိုပြီး ၊

၁ရ ရက်နေ့ မှာမှ Home Sweet Home ဆစ်ဒနီကို ပြန်ရောက်ပါတော့တယ် ။

 

ဒီမှာတင် အဘ ရဲ့ အမေရိက ၊ ကနေဒါ သွား တောလားလေး အဆုံးသတ်ပါပြီကွယ် ။

အားပေး ဖတ်ရှုကြသူများကို ကျေးဇူးတင်ပါတယ်ကွယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

တစ်ခုပြောချင်တာက အရင်တစ်ခေတ်တုန်းက ၊

မြန်မာနိုင်ငံမှာလည်း Cable Car / Tram ဆိုတာ ရှိခဲ့ဘူးပါတယ်လို့ ။ 

 

20. မြန်မာနိုင်ငံမှာလည်း Cable Car / Tram ဆိုတာ ရှိခဲ့ဘူးပါတယ်လို့ ။

20. မြန်မာနိုင်ငံမှာလည်း Cable Car  Tram ဆိုတာ ရှိခဲ့ဘူးပါတယ်လို့ ။
20. မြန်မာနိုင်ငံမှာလည်း Cable Car Tram ဆိုတာ ရှိခဲ့ဘူးပါတယ်လို့ ။

 

 

 

5 comments

  • ခင်ဇော်

    March 23, 2016 at 2:25 pm

    ခုလည်း မြန်မာပြည်မှာ ကေဘယ်ကား စမယ်ဆိုလားလို့။
    🙄
    ရန်ကန်ကွတ် အစီအစဉ်က ကျနော့ရဲ့ ပထမဆုံးသော ကြည့်ဖူးတဲ့ဟင်းချက် အစီအစဉ်ပါ။
    အာဝဇမ်း ရွှင်တယ် ပြေါရမလားး ချစ်မွှေးပါလို့ သူသင်ရင် မှတ်မိနေတာ။

    သူ့ဆိုင်မှာ စားခဲ့ရတာကို အားကျသဗျာ။
    🙂
    ခေါက်ဆွဲလုပ်တာ တော့ မြင်ရဖို့ လွယ်တယ်။ ဒီမှာ။
    :mrgreenn:

    Swarovski က ဖန်စီ (လို့ပဲပြေါမပေါ့) သူ့ က အစစ်ထက်တောင် ဈေးကြီးသဗျာ။
    ကြိုက်သော်လည်း အနားမကပ်နိုင်။
    အမှန်က သူ့ ဘရန်းနိမ်းတတ်ထားတဲ့ သလင်းတွေ ပါ ဗျာ။ ဂစ်ဂစ်။
    လက်ရာနဲ့ ဒီ ဇိုင်းကောင်းတော့ လည်း ကဘာကျော်ပေတာပေါ့။
    :k:

  • kai

    March 23, 2016 at 6:22 pm

    ကြက်ကုန်းဘောင်ကို.. ၁၆ဒေါ်လှ၊ ဝက်နံရိုး ၁၈ဒေါ်လှ…ကတော့.. တော်တော်များသဗျ..။
    LAမျက်စိနဲ့ဆိုရင်တော့.. တော်တော် ဈေးကြီးတဲ့ Chineseဆိုင်.။
    မစားရေးချ.. မစား..။ :k:

  • Thint Aye Yeik

    March 24, 2016 at 3:56 pm

    US မှာ . . . ဆန္ဒပြပွဲ လုပ်သူတွေ. . .
    ဆန္ဒပြခွင့် အစိုးရကို တောင်းရလား
    ခွင့်ပြုမှ ပြရတာလား. . .
    ခွင့်မပြုပဲ ပြရင် မြန်မာပြည်လို အဖမ်းခံရလား သိချင်မိ

    😆

  • အော်ရယ်.. ခုမှ သေချာကြည့်ပါမယ်ဆိုမှ ဇာတ်သိမ်းခန်းနဲ့ တိုးနေတယ်…
    PDF ထွက်ရင်ပြောပါအူး အဘ…

  • Shar Thet Man

    June 9, 2017 at 3:02 pm

    ဟုတ်သားပဲနော်..တစ်ခေတ်တစ်ခါတုန်းကရှိခဲ့တဲ့ tramလေး..ဒါပေမဲ့ဘုန်းဘုန်းတွေအတွက်ပဲလားမသိ ဘုန်းဘုန်းတွေပဲတွေ့တယ်

Leave a Reply