ကိန်းဂဏန်းတွေ

( 21 /1 /2017 ) နံနက် ရ နာရီခွဲလောက်က ကားမီးလောင်မှု
ဖြစ်ပြီး ကျား ၁ ဦး မ ရ ဦး စုစုပေါင်း ၈ ဦးမီးလောင်သေဆုံးပြီး
အမျိုးသားတစ်ဦး အသက်ရှင် လွတ်မြောက်ခဲ ့ပါတယ်။
ဒီသတင်းနဲ ့ပတ်သက်ပြီး ဝေဖန်သူတွေ ကော်မန် ့ပေးသူ အတော်များများက ရှေးရိုးစွဲယုံကြည်မှုတွေနဲ ့ လူ ၉ ယောက်အတူ
ကားမစီးကောင်း မတော်တဆဖြစ်တတ်တယ်ဆိုတဲ ့ အမြင်တွေနဲ ့
ရေးသားနေကြတာ တွေ ့ရပါတယ်။

၉ ဂဏန်းနဲ ့ပတ်သက်ပြီး တောတွင်းပျော်လည်း ခံလိုက်ဖူးသဗျ ဟီး!
ဇာတ်ကြောင်းလေးက ဒီလိုပါ ..

တောတွင်းပျော် ဆယ်တန်းအောင်တော ့ GTI ဝင်ဖြေဖို ့ စီစဉ်ခဲ ့တယ်။ ဖြေရမယ် ့ ခရိုင်မြို ့က တောတွင်းပျော်တို ့နေတဲ ့မြို ့နဲ ့
ကားလမ်းခရီး ၄ နာရီ ၅ နာရီလောက်မောင်းရင် ရောက်နိုင်တဲ ့
ခရီးဖြစ်ပေမယ် ့တောင်ပေါ်ဒေသဖြစ်တော ့ တိုက်ရိုက်သွားမယ် ့ကား အလွန်ရှားပါတယ်။ အဲဒီကိုသွားချင်ရင် မြေပြန် ့မြို ့ကို အရင်ဆင်း။ နောက်တစ်နေ ့ သွားချင်တဲ ့ ခရိုင်မြို ့ကို
ကပရ RTC ကားကြီးတွေနဲ ့ ကုန်အပြည် ့ လူအပြည် ့တွယ်စီးတက်သွားရတာ။ ခရီးကကြမ်း လူလည်း အရမ်းပင်ပန်းပေါ ့။

ကံကောင်းချင်တော ့
ဒီအချိန်မှာ ပြည်နယ်ဆေးရုံက ကားမောင်းနေတဲ ့ ကျနော ့ဘကြီး
( အရင်းခေါက်ခေါက် ) အဲဒီဖက်ကိုပြန်မှာ ကျနော်လည်း လမ်းကြုံလိုက်ချင်ကြောင်းပြောပြတော ့
OKပေါ ့ ..
တူအရင်းခေါက်ခေါက်ပဲဟာ။
ကားထွက်မယ် ့နေ ့ကြတော ့ အထုပ်လေးကိုင်ပြီး ဘကြီးကားရှိရာကို ရောက်သွားတယ်။ ကားထွက်မယ် ့အချိန်ကျတော ့ ရှေ ့ခေါင်းခန်းမှာ ထိုင်နေတဲ ့ ပြည်နယ်ဆရာဝန်ကြီး စကားကြောင် ့ ကားကြုံစီးမယ် ့ အစီအစဉ်
လက်လျှော ့လိုက်ရတယ်။
” ဦးတို ့ဗမာမှာ အယူရှိတယ်။ ကားပေါ် လူ ၉ ယောက် မတင်ကောင်းဘူးကွဲ ့။” ကျနော်ပါမှ လူ ၉ ယောက်အတိဖြစ်သွားတာကိုး …
ကျနော်လည်း တောင်းပန်မနေတော ့ပါဘူး။ တော်ကြာ လမ်းခရီးမှာ ကားတစုံတရာဖြစ်ခဲ ့သည်ရှိသော် တောတွင်းပျော် အဖြစ်က သေဒဏ်အပေးခံရတာထက်တောင် ဆိုးအုံးမှာ။
တောင်ပေါ်လမ်းက လမ်းကြမ်းတာနဲ ့။ ဋ္ဌာနဆိုင်ရာကားတွေက
စုတ်တာနဲ ့။
ကျနော် ့ ဘကြီးကတော ့ မျက်နှာမကောင်းရှာဘူး။
တဖက်ကသူ ့ Boss နဲ ့ တဖက်ကသူ ့တူ။

ဒီအဖြစ်အပျက်ဖြစ်ပြီး မကြာပါဘူး …
တောတွင်းပျော်တို ့ ဒေသဆီကို ဒကစမှူးကြီး တိုင်းခန်းလှည် ့လည်လာပါတော ့တယ်။
နဝတ ခေတ်ဆိုတော ့ သူ ့နောက်မှာ ပြည်နယ်အဆင် ့ ခရိုင်အဆင် ့ မြို ့နယ်အဆင် ့ ဋ္ဌာနဆိုင်ပုဂ္ဂိုလ်တွေ တသီတတန်းကြီးလိုက်ရတာကိုး။ မြိုင်မြိုင်ဆိုင်ဆိုင်ဆွမ်းကြီးလောင်းသလို လှည် ့တဲ ့ပွဲမှာ အသုံးတော်ခံဖို ့ ချောတွေဆွဲလိုက်တာမှာ တောတွင်းပျော်လိုက်နေတဲ ့ကားလည်း ချောထဲပါသွားရော …

မြို ့တစ်မြို ့ကနေ တခြားမြို ့ကို ကား ၁၅ စီး အစီး ၂ဝ လောက်နဲ ့ သွားတဲ ့ ခရီးလမ်းမှာ ချောကားတစ်စီးပျက်သွားတော ့
ပျက်သွားတဲ ့ကားပေါ်က ပုဂ္ဂိုလ်ကြီးတွေကို တခြားကားပေါ် မျှတင်
လိုက်ကြတယ်။
တိုက်ဆိုင်ချင်တော ့ တောတွင်းပျော်တို ့ကားပေါ်ကို ရောက်လာတာက တောတွင်းပျော်ကို ကားကြုံလိုက်ခွင် ့မပေးခဲ ့တဲ ့ ပြည်နယ်ဆရာဝန်ကြီး။
ပိုပြီး အံ ့ဩဖို ့ကောင်းတဲ ့ တိုက်ဆိုင်မှုက ဒီဆရာဝန်ကြီး ကားပေါ်တက်လာမှ တောတွင်းပျော်တို ့ကားပေါ် လူ ၉ ယောက်အတိဖြစ်သွားတယ်။

ဒီအချိန်မှာ တောတွင်းပျော်စကားတွေ ပြောချင်လိုက်တာမှ အသက်ရှူမဝသလိုတောင် ဖြစ်သွားခဲ ့တယ်။
ကိုယ်နဲ ့သာ အသက်ချင်းတူ အဆင် ့ချင်းတူသာဆို မျက်နှာစေ ့စေ ့ကြည် ့ပြီး စကားတွေပေါက်ကွဲပစ်လိုက်မှာ။

ဒီဆရာဝန်ကြီး တောတွင်းပျော်ကို မှတ်မိသလား မမှတ်မိသလားတော ့မသိ။
ကားပေါ်ရောက်တော ့ ဘေးက လူကြီးတွေကိုတောင် စကားတစ်ခွန်းမှ မပြော မျက်နှာတည်ကြီးနဲ ့ တလမ်းလုံးခေါင်းငုံ ့နေပါတော ့တယ်။
ကားပေါ်ကလူတွေကို အလွယ်တကူရေတွက်လို ့ရတဲ ့ အချိန်မှာ
ဆရာဝန်ကြီးခမျာ အပေါင်းအနှုတ်ဂဏန်းသချင်္ာ တဒင်္ဂ
မေ ့သွားခဲ ့တယ်။

7 comments

  • Thint Aye Yeik

    January 24, 2017 at 3:21 pm

    ကျနော်သာဆိုရင်တော့ ကိုတောလို အောင့် နေနိုင်မယ်မထင်။ ပြောဖြစ်အောင် ပြောပစ်လိုက်မိမယ် ထင့်။
    ————–

    အဲ အဲ့ဒီ ‘ကိုး’အယူက ဗမာမှာတင် မဟုတ်
    ရခိုင်ပြည်နယ်ထဲက တောင်ကုတ်မြို့ဘက်ထိ ရှိပါ့။
    ကျနော် နေဖူးတဲ့ ကျွန်းကလေးကို တောင်ကုတ်မြို့ကနေ စက်လှေ စီးအသွားမှာ
    စက်လှေပေါ် ကိုးယောက်တိတိကြီး ဖြစ်ဖူးတယ်။

    အဲ့တုန်းက စသိလိုက်တာ။
    ကိုးယောက် မသွားကောင်းဘူးဟဲ့-
    မောင်ကျောက်ခဲ တင်မယ်ဟဲ့ဆိုပြီး ကမ်းစပ်က ကျောက်စလစ်ခဲတစ်လုံး လှေပေါ် ကောက်တင် လာကြလေရဲ့။ (ရွာထဲက မောင်ကျောက်ခဲ မဟုတ်)
    😆
    ———
    စက်လှေမောင်းသမားရောအပါ စုစုပေါင်း လူကိုးယောက်တိတိနဲ့ ကျောက်စလစ်ခဲတစ်လုံး တင်လာတဲ့ စက်လှေနဲ့ ကျွန်းသုံးကျွန်း ဖိုခနောက်ဆိုင်ရှိနေတဲ့နေရာကို မြစ်ပြင်ဖြတ် သွားခဲ့တာ။
    အဲ့ ဖိုခနောက်ဆိုင်နေရာက မြစ်ဆုံမြစ်ကွေ့ကြီးဖြစ်နေတဲ့အပြင် ပင်လယ်အဝ အထွက်ပါ ဖြစ်နေတော့ အဲ့နားမှာ ဝဲဂယက်တွေ အမြဲထန်
    လှေက အဲ့နားရောက်ရင် လူးလွန့်။ မြုပ်သွားမှာ ကြောက်ကြရပြီး ဘုရား အမြဲ တ ဖြတ်ရတဲ့နေရာ။
    မပလုံပါဘူး။

    ပလုံတဲ့စက်လှေတွေကျတော့လည်း ကိုးအတိ မဟုတ်ဘဲ ကိုးယောက် ကျော်တာတွေကော မကျော်တာတွေကော ပလုံတာပဲ။

    အဲ့တော့ အဲ့အယူကို ယုံတဲ့သူတွေဟာဖြင့်
    ဦးဘဟန်ကြောင့် ဦးဘရောက်ကြတယ် ထင်တာပဲ။
    အဲလေ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ဆိုလား ပြောပါတယ်။

    :k:

    • တောတွင်းပျော်

      January 24, 2017 at 9:55 pm

      ဒီလမ်း ဒီခရီးမှာ အရည်အတွက်မတူတဲ ့ ခရီးသည်တွေတင်ပြီး ယာဉ်တွေ အကြိမ်ကြိမ်သွားလာနေကြတယ်။ ခေါက်ရေပေါင်းမြောက်များစွာမှာမှ တစ်ကြိမ်လောက် မတော်တဆဖြစ်သွားတယ်။ ဒါက လမ်းအခြေအနေ ယာဉ်အခြေအနေ ယာဉ်မောင်းနဲ ့
      ရာသီဥတု အကြောင်းအမျိုးမျိုးကြောင် ့။
      ဘေးကင်းကင်းသွားလာခဲ ့တဲ ့ အကြိမ်တွေကို မှတ်တမ်းမထားဘဲ ရှားရှားပါးပါး
      တစ်ကြိမ်တစ်ခါလောက်ဖြစ်တဲ ့မတော်တဆမှုကိုပဲ ရိုးရာတွေ ကိန်းဂဏန်းတွေ
      ဟိုဟာတွေ ဒီဟာတွေ အတင်းဆွဲစိပြီး ညှိကြည် ့နေတတ်တော ့ကြတော ့တာ

  • kai

    January 24, 2017 at 5:09 pm

    အဲဒါဗမာအယူအဆဆို ဗမာတွေငပေါဖြစ်ကုန်မှာပေါ့…။
    ကမ္ဘာကိုအသိမခံနဲ့.. ကြားလား..။
    ဆိုတော့..
    ဒေါ်နယ်ထရမ့် သမ္မတကျမ်းကျန်ပွဲပြီးပြီးချင်း.. ကွန်ဂရက်အမတ်တွေနဲ့စားတဲ့ နေ့လည်စာပွဲမှာတောင်.. နံပါတ်၁၃ စားပွဲနံပါတ်မှာ နာမယ်ကြီးအမတ်တွေထိုင်နေတာတွေ့လိုက်သေး..။
    မြန်မာပြည်မတော့.. ဘာတဲ့.. ၁၃ နံပါတ်လိုင်းမရှိဘူးဆိုလား.. ဘာလား..။
    ပေါကြောင်ချောင်…။ 🙂

    • တောတွင်းပျော်

      January 24, 2017 at 10:02 pm

      သာမန်လူတစ်ယောက်က ပြောတယ်ဆိုလည်း ထားပါတော ့။
      ဟိုတုန်းက တောင်ပေါ်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတော ့
      ဒီလို လမ်းကြုံကားတွေရဖို ့ကခက်တယ်။ အခက်အခဲတွေအများကြီးမို ့
      အရေးကြီးလာရင်မြို ့နယ် ဥက္ကဋ္ဌမကလို ့ပြည်နယ်ဥက္ကဋ္ဌကားဆိုလည်း
      လမ်းကြုံရှိရင် တောင်းစီးကြရတာပဲ။ သူတို့ကလည်း တင်ခေါ်ကြတာပဲ။
      ခုဟာက မတင်ချင်ရင်တောင်း တခြားအကြောင်းပြပြီး ငြင်းလိုက်ရင်ကြည် ့လှသေးတယ်။
      သူလည်း ဒီအကြောင်းတွေ တစ်နေ ့ကျရင် ဒီဂဇက်မှာ တောတွင်းပျော်တစ်ယောက်
      ရေးတင်လိမ် ့မယ်လို ့ မသိရှာလို ့ ဖြစ်ပါလိမ် ့မယ်လေ

  • ဝင့်ပြုံးမြင့်

    January 24, 2017 at 9:33 pm

    ကားမီးလောင်မှု ဖြစ်တဲ့ ကားရဲ့ ကားနံပါတ်က ဘယ်လောက်လဲ။ အဲဒါ သိချင်တာ။

    • တောတွင်းပျော်

      January 24, 2017 at 10:06 pm

      မြန်မာပြည်က တစ်ခုခုဖြစ်လိုက် ချက်ချင်းတက်လာတဲ ့ သတင်းတွေက
      လူ ့စိတ်ကို ဆွချင်တာကများများနဲ ့ ..
      သတင်းပုံစံ အတိအကျ ရေးတာနည်းတယ်။
      ကားနံပါတ်ကိုတော ့ ဝေဖန်ချင်တဲ ့ဆရာတွေလည်း စိတ်ဝင်စားကြမှာအမှန်ပဲ။
      ဘာနံပါတ်လည်းဆိုတာ ခုချိန်ထိကို မသိရသေး။

Leave a Reply