ရထားပေါ်က မိန်းကလေး (2016)

အောင် မိုးသူFebruary 22, 20171min2938

ကိုယ်ဘဝချီပြီးအားကျခဲ့ရတဲ့သူတစ်ယောက် ကိုယ်အမုန်းဆုံးလုပ်ရက်ကို လုပ်ခဲ့တယ်ဆိုရင် အဲသည်လူကို သင်သတ်မိမှာလား???

အရက်စွဲပြီး တစ်နေ့လုံး မူးနေတတ် ယောက်ျားက ပစ်သွားတဲ့ ရေချယ်ဟာ သူနေတဲ့နေအိမ်ကနေ နယူးယောက်မြို့ကိုသွားတဲ့ ရထားပေါ်မှာ အသွားအပြန် အချိန်ကုန်နေသူပါ။

သူဟာ အသွားအပြန်ရထားပေါ်မှာတင် ရထားလမ်းဘေး ကပ်ရပ်မှာရှိတဲ့ သူနေခဲ့တဲ့ အိမ်နားဝန်းကျင်ကို အမြဲတမ်း ကြည့်နေတတ်သူပါ။ ရထားပေါ်ကနေ သူမြင်ရတဲ့ မြင်ကွင်းတွေက သူ့ယောက်ျားဟာ နောက်မိန်းမနဲ့ကလေးရနေပြီး ညစာစားနေတဲ့မြင်ကွင်း။ အဲသည့်အိမ်ဘေးက မီဂန်ဆိုတဲ့ ကောင်မလေးဟာ သူ့အမျိုးသားနဲ့ အတူတူနေထိုင်တဲ့ မြင်ကွင်းတွေဟာ အမြဲတမ်းတွေ့နေရတာပါ။

သူမဟာ ကလေးမရနိုင်တော့တဲ့ နောက်ပိုင်းမှာ စိတ်ဓာတ်တွေကျလာရပြီး အရက်ပါစွဲမလိုဖြစ်ခဲ့ရပါတော့တယ်။ အဲ့သည်နောက် ပြသနာတွေတက်ခါ သူမခင်ပွန်းဟာ သူမကို ပစ်သွားပြီး နောက်အိမ်ထောင်ထူပါတော့တယ်။

သူမဟာ နေ့တိုင်းအရက်သောက်ကာ အရက်စွဲလာပြီး နေ့တိုင်းရထားစီးကာ ရထားပေါ်ကနေ သူမအရင်နေအိမ်ဘေးက မီဂန်ဆိုတဲ့ ကောင်မလေးကို အားကျခဲ့ရပါတယ်။ တစ်ရက်မှာတော့ မီဂန်ဟာ သူမရဲ့ ယောက်ျားမဟုတ်တဲ့ သူတစ်ယောက်နဲ့ ဝရန်တာမှာ နမ်းရှိုက်နေပုံကို သူမမြင်ရတဲ့အခါမှာ သူမဟာ မီဂန်အပေါ် တော်တော်လေးစိတ်ဆိုးခဲ့မိပါတယ်။

ရေချယ်ဟာ သူ့သူငယ်ချင်းနဲ့ အရက်တွေသောက်ခါ မီဂန်ရဲ့ ခေါင်းကိုရိုက်ကာ သတ်ချင်ကြောင်း အောဟစ်ဖွင့်ဟပါတော့တယ်။

အဲ့လိုနဲ့သူမဟာ သူမရဲ့အိမ်နားကိုသွားခဲ့ပါတော့တယ်။ သူမဟာ အရက်လည်း အရမ်းမူးနေတာကြောင့် သူမအိမ်နား ရောက်ချိန်မှာပဲ သူမခေါင်းကို တစ်ယောက်က ပြင်းပြင်းထန်ထန်ရိုက်လိုက်ပါတော့တယ်။

သူမသတိရချိန်မှာတော့ သူမအခန်းထဲ ပြန်လည်ရောက်နေပြီး သူမခွင်ပွန်းဟောင်း သူမကြောင့် သူ့ရဲ့မိန်းမဟာ အလွန်ကြောက်နေကြောင်း။ သူမ အရက်မူးလို့ပဲ သူမနဲ့သူ ကွဲခဲ့ကြောင်း သူ့အလုပ်လည်း ပြုတ်သွားကြောင်း ကြိမ်းမောင်းပါတော့တယ်။

ဒီလိုနဲ့ သူမအိမ်ကို ရဲနှစ်ယောက်ဟာ လာရောက်မေးမြန်းပါတော့တယ်။ ခက်တာက သူမဟာ အရက်အမူးလွန်နေတာကြောင့် ဘာမှမမှတ်မိတော့တာပါပဲ။ နောက်ရက်မှာတော့ မီဂန်ဆိုတဲ့ မိန်းကလေးဟာပျောက်ဆုံးနေပြီး နောက်ရက်အနည်းငယ်အကြာမှာပဲ မီဂန်ရဲ့အလောင်းကို သူတို့အိမ်နားက တောအုပ်ထဲမှာ ရှာတွေ့ပါတော့တယ်။ အဲသည်နောက် ရေချယ်ခင်ပွန်းဟောင်းရဲ့ မိန်းမဖြစ်သူဟာ မီဂန်ကို ရေချယ သတ်တယ်လို့ထင်ပါတော့တယ်။ ရဲတွေဟာလည်း သူမကို သံသယဝင်ခဲ့ပါတယ်။

သူမဟာ မီဂန်ဟာ ရက်အနည်းငယ်က လူတစ်ယောက်နဲ့ဖောက်ပြန်နေတာ ရထားပေါ်က မြင်ကြောင်းပြောပေမယ့် မီဂန်နဲ့သူမဟာ အပြင်မှာ မရင်းနှီးတာကြောင့် သူမဟာ အမြဲမူးနေတာကတကြောင်း သူမကို ဘယ်သူမှ မယုံကြည်ကြတော့ပါဘူး။

ကလေးလည်းမရနိုင် အိမ်ထောင်ရေးဖောက်ပြန်ခံရတဲ့အပြင် အရက်ပါစွဲနေတဲ့ မိန်းမတစ်ယောက်နဲ့ အချိုးမိန်းမတွေရဲ့ စရိုက်အပြုအမူတွေရယ် လူသေမှုတွေကြားမှာ ရေချယ်ဟာ ဘယ်လို ရုန်းကန်ရမလဲဆိုတာကို ရိုက်ကူးတင်ဆက်ပြသသွားပါတယ်။ Gone Girl လိုမျိုး Drama Thriller ဇာတ်ကားမျိုးကို ကြည့်ချင်တယ်ဆိုရင်တော့ အခုပြောပြခဲ့တဲ့ The Girl On The Train ဆိုတဲ့ ဇာတ်ကားကို ကြည့်စေချင်ပါကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။

လေးစားစွာဖြင့်

အောင်မိုးသူ

8 comments

  • kai

    February 22, 2017 at 12:35 pm

    အလုပ်မရှိ(ပြုတ်)လို့.. ရှိချင်ယောင်ဆောင်ပြီးနေတဲ့သူငယ်ချင်းအိမ်ကထွက်.. ရထားစီးပြီး အချိန်ဖြုန်းနေတာက စိတ်ဝင်စားစရာကောင်းတယ်..။
    အဲဒီမှာ ဇတ်လမ်းတွေရကုန်တာပေါ့…။

    • အောင် မိုးသူ

      February 22, 2017 at 12:45 pm

      မူးနေတုန်း သူ့ယောက်ျားက သူ့ကို ဆိုက်ကို သွင်းတာ ကြောက်စရာကောင်းတယ်။ ကိုယ်တောင် သူသတ်တယ်ပဲ ထင်နေတာ။

  • ဇီဇီ

    February 22, 2017 at 12:59 pm

    ဆန်းဒေးး က ကြည့်ပြီးပြီ။
    ကြိုက်လိုက်တာ၊
    မင်းသမီး ၃ ယောက်လုံး အမူအရာကောင်းတယ်။

    🙂

  • ကျော်လွင်ဖြိုး

    February 22, 2017 at 1:37 pm

    ကြည့်မယ် ဒီ ဆန်းဒေး ကျရင်
    ဟို nocturnal animals တုန်းကတော့ နာမည်ကြီးလို့ ကြည့်လိုက်တာ
    ဆန့်တငန့်ငန့် နဲ့
    နားလဲ မလည်လိုက်ဘူးရယ် း)

  • •*¨နန်းတော်ရာသူ •*¨

    February 22, 2017 at 4:53 pm

    အဲ့လိုကားမျိုးတွေတကယ်ကြိုက်တယ်။ဒါမယ့်အခုဟာက တကားလုံးကြည့်လိုက်ရသလိုနားလည်သွားပြီ။ 😀

  • Mr. MarGa

    February 23, 2017 at 12:38 am

    ဆိုက်ကိုသွင်းသွားတာ အတော်တွေးစရာ…

  • Thint Aye Yeik

    February 23, 2017 at 5:38 pm

    ကြည့်ဖို့ အဆင်သင့် ကွန်ပြူတာထဲမှာ ရောက်နေပြီ ဖြစ်ပေမဲ့… မအားသေးတာကြောင့် မကြည့်ရသေးတဲ့ ဇာတ်ကားပဲ။
    ဒီလို အညွှန်းလေးတွေ ဖတ်ပြီးတော့လည်း ကြည့်အုန်းမှဟ ဆိုပြီး… ဆန္ဒတွေ ရွစိထိုးလာပြန်ရော
    :k:

    https://www.youtube.com/watch?v=y5yk-HGqKmM

Leave a Reply