ဂိမှာန်​အဝင်

Mr. MarGaFebruary 23, 20171min2326

မြောက်ပြန်လေ တစ်ခန်းရပ်
တောင်လေရူး တစ်လှည့်ဝင်
မြင်လေရာ ရော်ရွက်ဝါနဲ့
ရွက်ဟောင်းကြွေ ရွက်သစ်နှော
ရာသီတွေ ရွေ့လျောခဲ့ပေါ့…

ဥဩက အကြိုထောက်
အချမ်းကလည်း မပျောက်သေး
ညဆောင်း မနက်နွေ
စိတ်တွေလည်း လေလို့ကောင်း
စာသင်ကျောင်းတို့ လက်စသိမ်းတဲ့အချိန်….

ပြက္ခဒိန်က ဆောင်းလို့ညွှန်း
ဥဩက နွေကိုကြို
သူတို့ရဲ့ တိုက်ပွဲကြား
မြောက်ပြန်လေခမျာ နှုတ်ဆက်ချိန်တောင် မရလိုက်ရှာဘူး…

ဪ..
ကွန်ကရစ်မြို့တော်ရဲ့ လမ်းတွေကြား
နိစ္စဓူဝ ပြေးလွှားနေရင်း
ခဏလေး အပြေးရပ်
ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတော့
မြင်ကွင်းမှာ အလွမ်းတွေ တပုံတပင်
စာဖွဲ့လို့ပင် မကုန်နိုင်ပါလား…

 

(အသစ်မထွက်နိုင်သေးလို့ ဖွဘုတ်က ကဗျာ ပြန်လာသိမ်းပါသည်   :k:  :k: :k: )

6 comments

  • ဇီဇီ

    February 23, 2017 at 7:59 am

    အမယ်မယ်။ ကဗျာဒေ ဘာဒေရေးလို့။
    ငိငိ

    :k:

  • Thint Aye Yeik

    February 23, 2017 at 8:15 am

    ကျွန်းပေါ်မှာ နေတုန်းကတော့ မြောက်ပြန်လေဆိုတာကို သေသေချာချာ ခံစားဖူးတယ်။ အေးစိမ့်နေတဲ့အငွေ့အသက်ကလေး. . .
    အခုများတော့ မြို့ပေါ်မှာ တောင်လေ မသိ မြောက်လေမသိ
    :k:

    • Mr. MarGa

      February 23, 2017 at 9:55 pm

      ကွန်ကရစ်တွေကြားက ထွက်ခဲ့လေကွီ

  • Thint Aye Yeik

    February 23, 2017 at 10:14 am

    ပိုစ့်နာမည်ကို ဘာ ဘာသာစကားနဲ့ ရေးလိုက်တာလဲ ညီတော်….
    ဂိမှာနျအဝငျ တဲ့ ။ ဂိမဝှာနျအဝငျ တဲ့ …

    :k:

    • Mr. MarGa

      February 23, 2017 at 9:56 pm

      ယူနီဗာဆယ် စတန်းဒတ် ကို သုံးလိုက်တာ အဲ့လိုဖြစ်သွားတယ်

Leave a Reply