#say_NO_to_WIRATHU and Followers Campaign

ဇီဇီApril 6, 20171min4089

ဓမ္မ ဘက်ကရပ်ပြီး…အဓမ္မ ကို ဆန်.ကျင်ဖို. ဒီ ကမ်ပိန်း လက်ခံပါတယ်….
(Credit)
#say_NO_to_WIRATHU and Followers
ဦးဝီရသူ အလိုမရှိဆိုပြီး ကန်ပိန်း လုပ်နေကြတယ်။ ကျွန်တော့်အမြင်ကို အရင်ရေးပြီး ဝင်ပါပါမယ်။

ကိုယ်တွေက ဟိုးရှေးကတည်းက ဦးဝီရသူကို ဝေဖန်ခဲ့တာပဲ။

ဒါဟာလည်း ပုဂ္ဂိုလ်တစ်ယောက်ကို ဝေဖန်နေတာထက် ဒီအယူအဆတွေဟာ မျိုးဆက်ချီပြီး လူတွေကို ဒုက္ခပေးမှာမို့ ဝေဖန်တာ။
နောင်တစ်ချိန်မှာ ကိုယ့်မျိုးဆက်တွေကို ငါတို့ တတ်နိုင်တဲ့ အားနဲ့ မတရားမှုကို ဆန့်ကျင်ခဲ့တယ်လို့ ပြောပြချင်တယ်။
ဒီအယူအဆတွေ ဖြန့်နေတာ ဂိုဏ်းလိုက် အစုအဖွဲ့လိုက် ရှိနေတာကိုး။

ဒါကြောင့် ဦးဝီရသူ တစ်ယောက်တည်းကို No ပြောတာမဟုတ် သူတို့ဖြန့်နေတဲ့ အယူအဆတစ်ခုလုံးကို No ပြောပါတယ်။
ပိုချဲ့ပြောရရင် ဒီတစ်ဘာသာထဲမဟုတ် အခြားဘာသာက အစွန်းရောက်တွေကိုလည်း No ပြောပါမယ်။
အမုန်းတရားပြန့်ပွားစေမှုကို No ပါ။
အစွန်းရောက် အမျိုးသားရေးဝါဒကို No ပါ။
ဘုန်းကြီးက လက်နက်ကိုင်တပ် ထောင်ထားတာလည်း No ပါ။
အီရန်က အယာတိုလာတွေလို ဘုန်းကြီးက နိုင်ငံခေါင်းဆောင် လုပ်ချင်တာကို No ပါ။
#say_NO_to_WIRATHU
#say_NO_to_Extremism
#say_NO_to_Theocracy

ဗုဒ္ဓသာသနာဟာ မေတ္တာတရားကို ပွားများအောင် ကျင့်ကြံပြီး အေးချမ်းအောင် နေထိုင်ရပါတယ်။
သာမန် လူ ပုဂ္ဂိုလ်တောင် ဒီအခြေခံ သဘောတရားကို သက်ဝင် ယုံကြည်မှုနဲ့ ကိုက်ညီစွာ ပြောဆို ပြုမှု နေထိုင်ကြသလို သာသနာကို ထိန်းသိမ်း စောင့်ရှောက် ပျံ့ပွားအောင် ဆောင်ရွက်တဲ့ ဘုရား သားတော် သံဃာတွေဟာ မေတ္တာတရား ကြီးမားကြသူများပီပီ အပြောအဆို အနေအထိုင် အပြုအမှု အင်မတန် နူးညံ့ သိမ်မွေ့ကြတာမို့ မြင်ရ ကြားရသူအဖို့ အးချမ်းမှုကို ဖြစ်စေပါတယ်။
ဒီလို ကောင်းမြတ်ခြင်းတွေနဲ့ ဆန့်ကျင်ပြီး ခုလို ဘာသာရေး၊ လူမျိုးရေး အမုန်းတရားတွေနဲ့ ပြဿ နာ ဖြစ်စေတဲ့ ရုန့်ရင်း ကြမ်းတမ်းတဲ့ အပြောအဆိုတွေဟာ ဗုဒ္ဓသာသနာရဲ့ ဂုဏ်သရေကို ညှိုးနွမ်းစေသလို ကြားရသူတိုင်းအတွက် စိတ်ညစ်ညူးဖွယ်၊ အရှက်ရဖွယ် ဖြစ်ရပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းမှုကိုလည်း ပျက်ပြားစေပါတယ်။
ဗုဒ္ဓသာသနာကို ခုတုံးလုပ်ပြီး ခုလို လောကီ၊ လောကုတ္တရာ နှစ်ဖြာစလုံးအတွက် အဆိပ်အတောက် ဖြစ်စေတဲ့ ပြောဆိုနေတာတွေ၊ ပြုမှုလုပ်ဆောင်နေတာတွေကို လုံးဝ ရှုတ်ချပါတယ်။
သက်ဆိုင်ရာမှ တားဆီ အရေးယူပေးဖို့ ပြည်သူ တရပ်လုံးက ပူးပေါင်း ပါဝင်ကြပါလို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။
==========

#say_NO_to_WIRATHU

ဒီကမ်ပိန်းကို Say NO to Wirathu လို့ အမည်ပေးပါတယ်။

အမျိုးသမီးထုကို နှိမ့်ချ စော်ကားပြီး ခွေးနဲ့ ယူခိုင်းတဲ့ အပြင် အမျိုးသမီးတွေ လိင်စိတ်ဖျော်ဖြေဖို့ သံဃာတွေ လွှတ်ပေးမယ့် တရားတွေ လူမျိုးရေး ဘာသာရေး အမုန်းတရားတွေကို ဟောပြောနေတဲ့ ဦးဝီရသူကို ဆန့်ကျင်ကန့်ကွက်ပြီး ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် စုပေါင်းလုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။

ကျား၊မ၊လိင်စိတ်ခံယူမှုကွဲပြားသူ မည်သည့်ဘာသာဝင်မဆို ဒီကမ်ပိန်းမှာ ပါဝင်နိုင်ပါတယ်။

လုပ်ဆောင်ရမယ့်အချက်တွေကတော့ ဘာကြောင့်ဦးဝီရသူကို ကန့်ကွက်တယ်ဆိုတဲ့ မိမိရဲ့ ခံစားချက် စာတကြောင်းကို ဒီစာရဲ့ အောက် ကွင်းစကွင်းပိတ်နေရာမှာ ရေးထည့်ပြီး မိမိနဲ့စိတ်တူသဘောတူရှိနိုင်မည့် မိတ်ဆွေများအား mention ခေါ်ကာ challenge လုပ်နိုင်ပါတယ်။

ဒီကမ်ပိန်းကို hashtag အနေနဲ့ #say_NO_to_WIRATHU ဆိုပြီး post တွေတိုင်းမှာ တင်ထားပေးစေချင်ပါတယ်။
……………………………………………………………………
ဦးဝီရသူ၏ ဟောပြောချက်

“အဲ့ဒါပြောတာ အဲ့ဒီမိန်းကလေးတွေ ကိုယ်က လုပ်ကိုင်ကျွေးမွေးနိုင်ပါလျက်နဲ့ ယူစရာ ယောကျင်္ားမရှိဘူးဆို် နောက်ဆုံး ခွေးယူဗျာ”

“တပည့်တော်မကတော့ ဘုန်းဘုန်းဟောတဲ့ အတိုင်း ခွေးပဲယူပါတော့မယ်ဘုရား! ဒါပေမဲ့ ရွာကခွေးတွေက မသန့်ဘူးဘုရား” (ရယ်လျက်)

“အဲ့တာမျိုးဆိုရင်ပြော နိုင်ငံခြားခွေး မှာပေးမယ်! ဟာ! တချို့ခွေးကြီးတွေ မတ်တပ်ရပ်လိုက်ရင် လူထက်တောင် မြင့်သေးတယ် ပေါင်းစမ်း အဲ့ခွေးကြီးနဲ့ စိန်နဲ့မြတောင် လက်ဖွဲ့ဦးမှာ”

“ကိုယ်ကသာ လုပ်ကျွေးမယ်ဆိုရင်ဗျာ၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းမဲ့ ယောကျင်္ားသားတွေ ပေါထှာ။” “မရှိဘူးဆိုရင်ပြော သံင်္ဃာတွေ လွတ်ပေးမယ်”

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာ တွင် ဦးဝီရသူဟောခဲ့သည့်တရားမှ ကောက်နှုတ်ချက်
………………………………………………………………………………………………………………………………………………………………………………………..

ကျနော့ ကိုယ်ပိုင်ထင်မြင်ချက်ရေးရမယ်ဆိုရင်တော့..

ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သူများတယ် ဆိုတဲ့နိုင်ငံမှာ ဒီလို သံဃာမျိုးတွေ ရှိမနေသင့်တော့ဘူးး!!!
သာသနာကို သန့်စင်ချိန် သံဃာလောကသန့်ရှင်းချိန် တန်ပြီ။

တိုင်းပြည်အဖျက်လုပ်ငန်းလုပ်ချင်သူတွေ ဘာသာရေးကို ခုတုံးလုပ်တာ ရပ်ချိန်တန်ပြီ။

9 comments

  • kai

    April 6, 2017 at 1:49 pm

    အဲလိုကြီးတကယ်ပြောထားတယ်ဆိုရင်တော့…မိန်းမတွေအလုပ်… ။ မိန်းမတွေအလုပ်….။ မိန်းမတွေလုပ်..။ :k:

    • ဇီဇီ

      April 6, 2017 at 2:41 pm

      အို။
      ဘဲ့နှာ မိန်းမ တွေချည်းဖဲ လုပ်စရာ ကန်ပိန်းလားး??
      မတော် အဲ့ တရားပွဲထဲက မိန်းမလို ခွေးဖဲ ယူပါ့မေဆိုတဲ့ မိန်းမဒေများလာရင် ယွကျားဒေ ဒွတ်ခရောက်ပေမပေါ့။
      ဟိ။
      :mrgreenn:
      ဘာဒုန်း??
      လူတစ်ရပ်စာ ခွေးဒွေမြန်း အင်ပွတ်လုပ်ဖို့ ချောင်းနေသလားး??

      :k:

      • kai

        April 6, 2017 at 4:39 pm

        လောလောဆယ် ရလဒ်ဖြစ်ရပ်အရကောက်ရင်တော့..
        .. မြန်မာမိန်းမတွေယောက်ျားတွေကို မစည်းရုံးနိုင်လို့.. ဘုန်းကြီးတွေများနေတာပဲလို့ပြောရင်ကော..။ :k:

        • ဇီဇီ

          April 7, 2017 at 7:59 am

          သာသနာ အတွက် စိတ်ချရအောင် ပါ။

          :k:

    • Thint Aye Yeik

      April 6, 2017 at 11:50 pm

      အော်…. သူကြီးနှယ်…
      ဗမာပြည်က ယောကျာ်းမှန်း… သိသာလိုက်တာ….
      :k:

      • ဇီဇီ

        April 7, 2017 at 7:59 am

        ဆက်ဆက်ရယ်။
        နိ ကော်မန့်ဖတ်ပြီး ရီရဒါ ရေသီးပါဒေ။

        :mrgreen:

  • Thint Aye Yeik

    April 6, 2017 at 4:05 pm

    ကျနော့်ထင်မြင်ချက်ကတော့ အောက်ပါ အတိုင်း….

    (တိုင်းတပါးသူ အမျိုးသမီးတစ်ယောက်ကို ‘ဖာသယ်မ”လို့ ပက်ပက်စက်စက် ဆဲဆိုတဲ့ပါးစပ်ကနေ
    မိန်းမတွေကို ခွေးနဲ့ပေးစားတဲ့တရားမျိုး ထွက်လာတာ မထူးဆန်းပေမယ့် ဗုဒ္ဓသာသနာ- သူ့ကြောင့် အပုပ်နံ့ ထွက်ရပါလိမ့်မယ်။

    လူသတ်သမားကို ကျေးဇူးတင်တယ်ဆိုတဲ့ တရားမျိုးကို ဟောတဲ့အတွက်ကြောင့်လည်း
    ဗုဒ္ဓဘာသာရဲ့ ဂုဏ်သရေကို ညှိုးနွမ်းစေတဲ့အတွက်လည်း ဒီဘုန်းကြီးရဲ့ လုပ်ရပ်တွေကို ရှုတ်ချပါတယ်။

  • ဦးဦးပါလေရာ

    April 10, 2017 at 1:13 am

    ဒီမှာ ပြောချင်တာကတော့
    ဗုဒ္ဓဘုရား အယူ အဆုံးအမ ကိုမှ မယူလို မလိုက်နာလိုလျှင်
    ရဟန်းအဖြစ်မနေသင့်ပါ..။
    ဗုဒ္ဓ အလိုအရ
    လူတိုင်းဟာလူအဖြစ်မှာအတူတူပါ
    ဆူကြုံနိမ့်မြင့် အမျိုး ဇာတ် ဇာတိ လုံးဝမခွဲခြားပါ..။
    ဗုဒ္ဓ အဆုံးအမအရ
    သတ္တဝါတိုင်းကို မေတ္တာထားရမယ်
    အမုန်းစကားပြောတာ ဗုဒ္ဓသာသနာကို ဆန့်ကျင်ရာရောက်ပါတယ်..။
    ဒါ့ကြောင့်
    အန်ကယ်ကတော့ No ပါ ကိုဝင်းခိုင်ဦးရေ…

Leave a Reply