ကိုယ်ရေးအကျဉ်း

 

အမည်ရင်း-”သူရ”
အသက်- ”ရှူး တိုးတိုး”

 

မှတ်ပုံတင်အမှတ်- “ဘဏ်ကနေ ငွေလွှဲပေးမယ် ဆိုမှ ပြောမယ်”
အရပ် – ”ဆရာနီကိုရဲထက် တစ်ပေခွဲလောက် ပိုရှည်တယ်။”
ကိုယ်အလေးချိန်-”ဒါလည်း ရှူး တိုးတိုး”

 

အိမ်ထောင်ရေးအခြေအနေ- ”အချိန်တန်ရင် ပရိသတ်ကြီးရှေ့မှာ ချ ပြမယ်”

 

ပညာအရည်အချင်း-”ရေးတတ်ဖတ်တတ်”

 

ထင်ရှားတဲ့အမှတ်အသား- “မျက်နှာမြင် သတ်ချင်-အသံကြား အုတ်နီခဲနဲ့လိုက်ထုချင်အောင် ရုပ်နာတယ်”
နေရပ်- ”ခြေသလုံးအိမ်တိုင်”
အလုပ်အကိုင်- ‘Driver'(ဒါကြောင့် ခြေသလုံးအိမ်တိုင် လို့ ပြောတာ)
ဝါသနာ- “ခရီးထွက်ခြင်းနဲ့ အဟောင်းပြင်ခြင်း(နောက်ဝါသနာတစ်ခုကိုတော့ မပြောပြဘူး)
စရိုက်- “မဟုတ် မခံ၊ ဟုတ်လည်း မခံ၊ နည်းနည်း အာကျယ်အာကျယ်နိုင်”
ရည်မှန်းချက် – “မသေခင် ဖြစ်ချင်တာမှန်သမျှ ဖြစ်ပစ်လိုက်မယ်”
ဆောင်ပုဒ် – ”အမှားဆိုတာ မရှိဘူး။ သင်ခန်းစာချည်းပါပဲ။”

 

12 comments

  • ဝင့်ပြုံးမြင့်

    April 18, 2017 at 11:42 pm

    ကိုယ်ရေး အကျယ် ကကော။

    • သင့်အေးရိပ်

      April 19, 2017 at 2:24 pm

      မကြာမှီ လာမည်
      :k:

  • manawphyulay

    April 21, 2017 at 1:58 pm

    စရိုက်- “မဟုတ် မခံ၊ ဟုတ်လည်း မခံ၊ နည်းနည်း အာကျယ်အာကျယ်နိုင်”

    ရန်ဖြစ်ရင် ကိုယ်ပဲ ခံလာရတယ်ဆိုတာပါ ထည့်ပြော… ဒါပဲ

    • သင့်အေးရိပ်

      April 21, 2017 at 10:58 pm

      တိန်။
      :k:

  • သျှားသက်မာန်

    April 27, 2017 at 2:39 pm

    လန်ထွက်နေတာပဲ..သဘောကျတယ်

  • ဦး လေး မန်း

    May 2, 2017 at 2:54 am

    ​ဆောင်​ ပုဒ်​ ​လေး သ ​ဘောကြ တယ်​ ” အ မှား မ ရှိ သင်​ ခန်​း စာ ချည်​း ဘဲ ” ဆို တာ ​လေး။ သင်​ ခန်​း စာ ဆို တာ ယူ တတ်​ ရင်​ မ ကုန်​ မ ခန်​း နိုင်​ ​အောင်​ ပါ ဘဲ။

    • သင့်အေးရိပ်

      May 2, 2017 at 12:07 pm

      ဟုတ်။ ဦးလေးမန်းရေ။
      တကယ်တော့ အဲ့ဒီဆောင်ပုဒ်လေးကို
      ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)ရေးတဲ့
      ”ဘဝဆိုတဲ့ကျောင်း”တရား စာအုပ်ထဲမှာ ဖတ်မိ
      မှတ်မိခဲ့တာပါ။

      ”There are no mistaks, only lesson”လို့
      ဆရာတော် ဦးဇောတိက က ရေးထားခဲ့တယ်။
      ကျနော်လည်း သဘောကျလို့ စွဲနေတာ။
      😆

  • ဇီဇီ

    May 2, 2017 at 2:37 pm

    “အိမ်ထောင်ရေးအခြေအနေ- ”အချိန်တန်ရင် ပရိသတ်ကြီးရှေ့မှာ ချ ပြမယ်”

    နိ မို့ အုကြောင် လာ ပြောမှာ ကို မကြောက်မရွံ့အေ။

    :k:

    • သင့်အေးရိပ်

      May 2, 2017 at 2:50 pm

      ဥဥကြောင်က အခွေထုတ်ပြီး
      အွန်လိုင်းပေါ်တင်ဖို့ ပြောမှာပဲ။ သိနေပြီးသား။
      :k:

      ဥဥကြောင်အနေနဲ့ မင်္ဂလာဆောင်အခမ်းအနား
      အခွေပဲ ကြည့်ရမယ်မှတ်
      :k:

    • သင့်အေးရိပ်

      May 4, 2017 at 2:41 pm

      နီတို့ နျှောက်ကရော ၂၀၅ဝ ကျမှ ပြည့်တော့မှာလား
      :k:

Leave a Reply