မောင့်မျက်ရည်ဝိုင်း…။

black chawJuly 8, 20171min319515

မောင့်မျက်ရည်ဝိုင်း…။
+++++++++++++++
တချို ့သီချင်းလေးတွေမှာ ရာဇဝင်လေးတွေ ရှိသဗျ။
ဆိုကြပါစို ့…
ကိုငှက် ရဲ ့ “ဂျဒ်စင်ထိပ်က လရိပ်ပြာ” သီချင်းမျိုးပေါ့။
အဲဒီ ရာဇဝင်လေးတွေကြောင့်
သီချင်းနားထောင်ရတာ ပိုဖီးလ်လာ သလိုလို။
နောက်
ခိုင်ထူး ရဲ ့ “အလွင့်တွေထဲမှာ ငါ့တစ်ယောက်တည်း”
ကို Kyaw Lion ခံစားပြလိုက်မှ
ပိုရောက်ရှိသွားသလိုမျိုး။
ကိုင်ဇာ ရေးပြီး စိုးလွင်လွင် ဆိုခဲ့တဲ့
“မောင့်မျက်ရည်ဝိုင်း” ဆိုတဲ့ သီချင်းမှာလည်း
နောက်ခံ ရာဇဝင်လေး တစ်ခု ရှိနေခဲ့ပါတယ်ဗျာ။
++++++++++++++++++

“အောင်ခိုင်မော်” ဆိုတဲ့ နာမည်ကို
မိတ်ဆွေတို ့ ကြားဖူးကြမလား မဆိုနိုင်ပါဘူး။
စိုးလွင်လွင် “ချစ်လူမိုက်” ခွေထဲက
“ရင်ဆိုင်စရာစွမ်းအား မရှိတော့လို ့ပါ” သီချင်းက
အောင်ခိုင်မော့် လက်ရာပါ။

“ပန်းနုရောင် နှုတ်ခမ်းပါးကို
နမ်းဖူးသူတစ်ယောက်မို ့ပါ
နောက်ထပ်တစ်ခါ နမ်းခွင့်တော့ လိုချင်တာ”

ဆိုတဲ့စာသားမျိုး ကို ရေးနိုင်စွမ်းသူပါဗျာ။

စိုးလွင်လွင် ဒုတိယစီးရီးစ်
“သူရဲကောင်း တို ့ရဲ ့နှလုံးသား” ခွေမှာလည်း
“နှစ်ယောက်အတူ…တို ့” ဆိုတဲ့ သီချင်းဟာ
အောင်ခိုင်မော့် လက်ရာပါ။

စိုးလွင်လွင် တတိယ စီးရီးစ်
“ကျွန်တော် မသိတဲ့ ကျွန်တော်” မှာ
“ဟုတ်ကဲ့ပါ” ဆိုတဲ့ သီချင်းဟာ
အောင်ခိုင်မော် နဲ ့ စိုင်းလတ်
နှစ်ယောက်ပေါင်းရေးတဲ့ သီချင်းပါ။

အောင်ခိုင်မော်ဟာ “မောင့်မျက်ရည်ဝိုင်း” သီချင်းကို
ပထမဆုံးသီဆိုသူပါ။
အောင်ခိုင်မော် ဟာ
ကိုင်ဇာ ပထမဆုံးစီးရီးစ်
“အကျည်းတန်၏ အထီးကျန် အတ္ထုပတ္တိ” ခွေထွက်ပြီး
သိတ်မကြာခင်မှာပဲ
“မောင့်မျက်ရည်ဝိုင်း” နာမည်နဲ ့ပဲ
စီးရီးစ် ထွက်ခဲ့ဖူးသူပါ။
Success ရဲ ့တီးခတ်မှု နဲ ့ပါပဲ။
နိုင်မြန်မာဟာလည်း
အဲဒီအချိန် (၁၉၈ဝ လောက်)ကတည်းက
သီချင်းတွေရေးနေခဲ့ပြီလို ့ဆိုပါတယ်။
အောင်ခိုင်မော် ခွေထဲမှာ
နိုင်မြန်မာ သီချင်းတွေလည်း
ပါခဲ့ပါတယ်။
စိုးလွင်လွင် “ချစ်လူမိုက်” ထဲက
သီချင်းတော်တော်များများဟာ
အောင်ခိုင်မော် ခွေထဲပါခဲ့တဲ့ သီချင်းတွေပဲလို ့
ကိုညီပြန်ပြောပြပါတယ်။

“မောင့်မျက်ရည်ဝိုင်း” သီချင်းဟာ
အောင်ခိုင်မော် ရဲ ့ဖီလင်အစစ်ကို
ကိုညီ (ကိုင်ဇာ) က အငှားခံစားပေးပြီး
သီချင်းရေးပေးခဲ့တာလို ့ဆိုပါတယ်။
အခုတော့ အောင်ခိုင်မော် ဟာ
ကွယ်လွန်ခဲ့ပြီးပါပြီ။
အောင်ခိုင်မော့် စီးရီးစ် နာမည်ကိုက
“မောင့်မျက်ရည်ဝိုင်း” လို ့ဆိုပါတယ်။
“မောင့်မျက်ရည်ဝိုင်း” သီချင်းကြောင့်
ကွဲကွာကြမလို ဖြစ်နေတဲ့
အောင်ခိုင်မော် တို ့ ချစ်သူနှစ်ဦးဟာ
ပြန်လည်ပေါင်းစည်းနိုင်ခဲ့ဖူးပါသတဲ့။
ပြန်ပြောပြပေးတဲ့
ကိုညီ့ ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

(BC)

ဒီအထိ က ကျနော့်မူရင်း ပို ့စ်ပါခင်ဗျာ။

အောက်မှာ ဖေါ်ပြထားတာက

ကျနော့် ပို ့စ်မှာ ဝင်ရေးသွားတဲ့

အစ်ကိုကြီး Andrew Sway ရဲ  ့ကွန်းမန် ့ပါ။

လိုအပ်တယ်ထင်လို ့ ပို ့စ်ထဲထည့်လိုက်ရခြင်းပါ ခင်ဗျာ။

အောင်ခိုင်မော်ကို မော်ကြီးလို ့ခေါ်တယ်။
သိစကဖို ကြီးလို ့ခေါ်တာ သတိထားမိတယ်။
မေးကြည့်တော ့မုဆိုးဖိုကြီးကို
အတိုကောက်ခေါ်တာလို ့ပြောတယ်။
သူ ့ရီးစားသေသွားလို ့သူ မုဆိုးဖို ဖြစ်သွားပြီပြောတာ ကနေ
နောက်ပြီး ခေါ်ကြတာ။ ခင်သွားမှ
တကယ်သေသွားခဲ ့တာမဟုတ်ဘူးဆိုတာ သိလာတယ်။
သူ ့မှာ ချစ်သူ ဝိုင်းဆိုတာ ရှိတယ်။
ဝိုင်းမိဘကသဘောမတူလို ့သူ ဝိုင်းကို ခိုးပြေးတယ်။
၃ ရက်လောက်နေတော ့လူကြီးစုံရာနဲ ့ပြန်အပ်တယ်။
သွားတောင်းတဲ ့အခါ ဝိုင်းအဖေက
မင်းနဲ ့ပေးစားမဲ ့အစား ငါ ့သမီးကို
ခွေးအမြီးဖြတ်ပေးစားမယ်လို ့ပြောလိုက်တယ်။
ဒါနဲ ့ဘဲ ဝိုင်းနဲ ့မော်ကြီး ကွဲပြီး ဖိုကြီး နံမည်ရခဲ ့တယ်။
ဒီ ပထမပိုင်းဇတ်လမ်းကို
ကိုင်ဇာ ပုံပြင်လေးဖြစ်သွားပြီ ဆိုပြီး သီချင်းရေးခဲ ့တယ်။
သီချင်းရှင်ကို ကြင်နာပါ အခွေထဲမှာ ပါတယ်။
ဝိုင်းက Botany major။
ကျောင်းမှာတွေ ့ပေမဲ ့သူ ့အနားမှာ
အိမ်ကထဲ ့ပေးလိုက်တဲ ့အစောင့်အမြဲရှိနေလို ့
စကားပြောလို ့မရဘူး။
ဝိုင်းရဲ ့ အမဝမ်းကွဲတယောက်ကတဆင့်
ဝိုင်းကို အိမ်ထောင်ချပေးဖို ့လုပ်တာသိရတယ်။
ဝိုင်းက နောက်ဆုံးနှစ်စာမေးပွဲပြီး ရင် ယူမယ်လို ့
ကတိပေးလိုက်တာသိရတယ်။
မော်ကြီးလည်း ဒီသတင်းတွေကြားတယ်။
ဒါနဲ ့မော်ကြီးက သူ ့ခံစားချက်တွေကို
အခွေထုတ်ချင်တယ်ပြောတာနဲ ့
မေ မှာ မောင် ့မျက်ရည်ဝိုင်း အခွေ သွင်းခဲ ့တယ်။
ကိုင်ဇာက အခွေခေါင်းစဉ် မောင့်မျက်ရည်ဝိုင်းသီချင်းရေးခဲ ့တယ်။
အခွေကာဗာက သတို ့သမီဝတ်စုံနဲ ့အမျိုးသမီးပုံ။
အခွေထွက်တော ့ဝိုင်းအမဝမ်းကွဲကတဆင့်
အခွေကို ဝိုင်းလက်ထဲ ကို ထဲ ့လိုက်တယ်။
အခွေနားထောင်ပြီး ဝိုင်း မော်ကြီးကို
ပြန်ဆက်သွယ်တယ်ပြောတယ်။
ဝိုင်း မင်္ဂလာဆောင်ပွဲ လုပ် ခါနီး တပါတ်အလို မှာ
ဝိုင်းက ဘေးအိမ် ခဏသွားမယ်ပြော ပြီး
အိမ်ကထွက် ဘေးအိမ်ရှေ ့မှာ
ကားနဲ ့စောင့်နေတဲ ့မော်ကြီး နောက်
တခါတည်းလိုက်သွားခဲ ့တယ်။
ဒီတခါတော ့ပြန်မအပ်တော ့ဘူး။
ဒီလို နဲ ့ဝိုင်းနဲ ့မော်ကြီး ပြန်ပေါင်းထုတ်ခဲ ့တယ်။
ကျနော်တို ့သူငယ်ချင်းအုပ်စုထဲမှာ
အရင်ဆုံးမိန်းမ ရခဲ ့သူမို ့
ကျနော်တို ့ရဲ ့နေ့စဉ်မျိုးစုံနောက်ပြောင်ခြင်းကို
ခံခဲ ့ရသူ တယောက်ပါ။

 

15 comments

  • ဦးဦးပါလေရာ

    July 9, 2017 at 10:54 pm

    အတိတ်အချိန်တွေဆီတုန်းက လူတွေ သိပ်မသိလိုက်ရတဲ့
    အကြောင်းအရာလေးတွေ ကို
    အချိန်တခုကြာဝေးခြားနားသွားပြီးချိန်မှာ ပြန်သိလိုက်ရတာလေးတွေကလဲ
    အရသာတစ်မျိုးပဲပေါ့ .. ကိုချောရေ
    ပြန်ပြောနိုင်သူတွေ ကာယကံရှင်တွေရှိတုန်းမှပဲ အမှန်ကိုအတည်ပြုနိုင်တာနော…..

    • black chaw

      July 10, 2017 at 8:43 am

      @ ဦးဦးပါလေရာ !!!
      ကွန်းမန် ့လေးဝင်ရေးပေးတာကျေးဇူးတင်ပါတယ်ကိုပါကြီးရေ။
      ကွန်းမန် ့အရှည်ကြီးရေးထားပြီးပေမယ့် ပြန်ဖျက်သွားပါတယ်။
      အမှန်မှန်းသေချာနေတဲ့ကိစ္စ တစ်ခုအတွက်မငြင်းချင်ရုံပါပဲဗျာ။
      အရာအားလုံးအတွက် ကျေးဇူးအထူး ပါ ခင်ဗျာ။

      ချစ်ခင်လေးစားတဲ့
      (BC)

  • ဦး လေး မန်း

    July 11, 2017 at 12:43 am

    ဇာတ်​လမ်​း​လေးသိလိုက်​ရ​တော့ သီချင်​း​တွေကပြီးအသက်​ဝင်​သွားတာ​ပေါ့​နော်​။

  • black chaw

    July 11, 2017 at 8:40 am

    @ ဦး လေး မန်း !!!
    ဟုတ်ဗျ။
    ခံစားတတ်သူတွေအတွက် တန်ဘိုးတစ်ခုတော့
    ရှိကောင်းပါရဲ ့ဗျာ။

  • အဲဒီခေတ်က သီချင်းတွေက တကယ့်အနှစ်ရှိပြီး နားထောင်လို့လည်းကောင်းတယ်.. သမီးကတော့ သီချင်းဟောင်းတွေကို ပိုကြိုက်တယ်.. ဒါပေမယ့် သီချင်းဟောင်းတွေကို ဗားရှင်းအမြန်လေးနဲ့ ပြန်ဆိုရင်တော့ သမီးတို့လူငယ်တွေ ပိုသဘောကျကြတယ်..

    • black chaw

      July 11, 2017 at 1:20 pm

      @ လုံမလေးမွန်မွန် !!!
      ကွန်းမန် ့လေးဝင်ရေးပေးသွားတာ
      ကျေးဇူးပါ မွန်မွန် ရေ။

  • Shar Thet Man

    July 11, 2017 at 12:47 pm

    သီချင်းဟောင်းတွေဆိုတော့..ဘာဝင်ပြောရမှန်းမသိပါ ဒါပေမဲ့စိုးလွင်လွင်သီချင်းတွေကောသူ့အသံကော ပြန်နားထောင်ကြည့်တော့ ကြိုက်ရပါတယ်။

  • black chaw

    July 11, 2017 at 1:21 pm

    @ Shar Thet Man !!!
    မည်သို ့ပင်ဆိုစေကာမူ
    ကျေးဇူးတင်ပါတယ် ခင်ဗျာ

  • manawphyulay

    July 12, 2017 at 1:51 pm

    မောင့်မျက်ရည်ဝိုင်းဆိုလို့ စိုးလွင်လွင်သီချင်းတွေများ ခုပြန်ဆိုတေးတွေ လုပ်ကြတော့မလားလို့.

    မနောတို့ခေတ်က စိုးလွင်လွ်သီချင်းတွေ ရေပန်းစားခဲ့တာပေါ့။ ထူးအိမ်သင်ရဲ့ သီချင်းတွေကလည်း အသဲစွဲပဲ။ ဟော ကိုင်ဇာရဲ့ အထီးကျန်သီချင်းလည်း ကြိုက်မိပြန်ရော… အဲ ကျောင်းနောက်ဆုံးနှစ်မှာတော့ စည်သူလွင်ရဲ့ မျက်ဝန်းက ခေတ်စားတော့ အရမ်းသဘောတွေကျနေခဲ့တယ်။ ဒါပေမယ့် မနောတစ်ယောက်ကတော့ သီချင်းကို စလုံးရေစတောင် မဆိုတတ်တဲ့သူတစ်ယောက်ဖြစ်နေပြန်ပါတယ်။

  • black chaw

    July 13, 2017 at 8:15 am

    @ မနောဖြူလေး !!!
    ကွန်းမန် ့လေး ဝင်ရေးပေးသွားတာ
    ကျေးဇူးတင်ပါတယ် မနောရေ ။

  • သင့်အေးရိပ်

    July 13, 2017 at 10:45 am

    လေးဘလက် ပြောပြပေးနေတဲ့ သီချင်းတွေ သီချင်းရေးသူတွေနဲ့ ဂီတလောကထဲက ရာဇဝင်လေးတွေ သိရတာ ခံစားချက်လေးတွေ တမျိုး ဖြစ်ရပါတယ်
    စောင့်မျှော် ဖတ်ရှုလျက်ပါ။
    မောင့်မျက်ရည်ဝိုင်း သီချင်းကို စာသားတွေ တအားကြိုက်တယ်။

    • black chaw

      July 13, 2017 at 12:20 pm

      @ သင့်အေးရိပ် !!!
      ကျေးဇူးပါဗျာ။

  • သီချင်းတွေနဲ့ အဆိုတော်တွေတော့သိတာများပေမဲ့
    တေးရေးဆရာတွေအကြောင်းတော့လူသိနည်းသဗျ…
    ခုလိုဇတ်လမ်းအမှန်လေးနဲ့တွဲပြီးသိခွင့်ရတော့သီချင်းအဓိပ်ပါယ်ပိုလေးနက်သွားတာပေါ့
    ကျေးဇူးပါရဲဘော်ဘလက်…ချီးယားးးးးးးးးးး

  • black chaw

    July 13, 2017 at 5:40 pm

    @ ကြီးမိုက် !!!
    ကျေးဇူးပါ ကိုမိုက်ရေ။

  • A mar nyo

    August 2, 2017 at 11:54 am

    မောင့်မျက်ရည်ဝိုင်း သီချင်းကိုဘိုဖြူဆိုတာစနားထောင်ဘူးတာပါ ဦးဘလက်စာဖတ်မှသီချင်းဇာတ်လမ်းလေးရောမူရင်းအဆိုတော်ကိုပါသိရတယ် ကိုယ်ကြိုက်တဲ့သီချင်းရဲ့ဇာတ်လမ်းလေးပါသိရတော့ပိုနားထောင်ကောင်းသွားတယ်

Leave a Reply