တရုတ် – ဗီယက်နမ် စစ်ပွဲ (၁၉၇၉)

သူ့ကို စိတ်အနှောက်အယှက် ပေးတဲ့ အမေရိကန် စစ်ပွဲနိုင် ဗီယက်နမ်ကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်သော တရုတ်ကြီး။။။။။။
တရုတ်ပြည်ရဲ့ လူပုစိတ်တို ခေါင်းဆောင်ကြီး တိန်ရှောက်ပိန်က အမေရိကန်စစ်ပွဲ (၁၉၅၉ – ၇၅) နိုင်ထားသော ဗီယက်နမ်ကို တရုတ်နိုင်ငံ လုံခြုံရေး ခြိမ်းခြောက်သူအဖြစ် ပုံဖေါ်ရန် အခွင့်ကောင်းလို့ ၁၉၇၈ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။ တရုတ် အဓိကရန်သူ ဆိုဗီယက် ပြည်ထောင်စုအား မိတ်ဖက်အဖြစ် ပြတ်ပြတ်သားသား ရွေးခဲ့သော ဗီယက်နမ်နိုင်ငံ၏ ဗီယက်နမ်ရှိ တရုတ် လူနည်းစုများအား ပြင်းပြင်းထန်ထန် ဖိနှိပ်မှု၊ နယ်စပ် ပဋိပက်ခ အကြမ်းဖက် သွေးထိုးလှုံ့စော်မှု၊ ကမ်ဘောဒီးယားနိုင်ငံရှိ တရုတ်လူ ခမာနီ အစိုးရအား နိုဝင်ဘာလတွင် ကျးကျော်သိမ်းပေါက် အမြစ်ဖြုတ် ရှင်းလင်းပစ်မှု တို့ဖြစ်သည်။ တချိန်ထဲတွင် ဆိုဗီယက်သည် တရုတ် မြောက်ပိုင်း နယ်စပ်တွင် ထုနှင့်ထည်နှင့် စစ်အင်အား ချထားလျက်ရှိသည်။ ။။။။။။
တိန်အတွက် အန်တရာယ် ရှိပေမဲ့ အခွင့်အလမ်းကောင်းများနှင့် ရင့်မှည့်နေသည်။ ဗီယက်နမ်ကို အပြစ်ပေး ဆုံးမ တိုက်ခိုက်ခြင်း အားဖြင့် ၎င်းတို့ လိမ်မာရေးခြား ပိုရှိသွားမည်၊ သူတို့မိတ်ဆွေ ဆိုဗီယက် သုံးစားမရကြောင်း ပြနိုင်မည်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) ခေါင်းဆောင်ပိုင်း၏ မျော်လင့်ချက်မရှိ စိတ်ပျက်ဖွယ် အရည်အချင်းကို ဖေါ်ထုတ်နိုင်မည်။ တရုတ်နိုင်ငံ ခေတ်မှီတိုးတက်ရန် ကဖျက်ယဖျက် ပြုနေသော မော်ဝါဒီ စစ်တပ် ကေဒါများအား ဖယ်ရှားရန် တိန်၏ သေချာ ပြင်ဆင်ထားသော မဟာဗျူဟာ ဖြစ်သည်။ သူက ” သေသွားတဲ့ ဂျာမန်ဂျူး (ကားမက်စ် – ကူမြူနစ်ဝါဒ စတင်ဖေါ်ထုတ်သူ) က တရုတ်ပြည်အတွက် ဘာသင်ပေးလို့လဲ ” မေးမြန်းကာ မော်ဝါဒီများအား ထိတ်လန့်စေခဲ့သည်။ ဗီယက်နမ် နှင့် စစ်ပွဲကမှ ပီအယ်လ်အေအတွက် တကယ့် စမ်းသပ်မှု ဖြစ်လိမ့်မည်။ ။။။။။။။။။
၁၉၇၉ ဇန်နဝါရီလ အစောပိုင်းတွင် တိန် အမေရိကန်နိုင်ငံသို့ အလည်သွားရင်း တရုတ်-ဗီယက်နမ် ပဋိပခ ဖြစ်လျင် အမေရိကန် ဘေးထွက်နေမနေ တီးခေါက် စုံစမ်းသည်။ ကမ်ဘောဒီးယားနိုင်ငံတွင်း အဖြစ်အပျက်များကြောင့် မလွှဲမသွေ အချိန်ကိုက် လုပ်စေခဲ့ရသည်။ ဗီယက်နမ်များ ဖနွမ်းပင်န်ကို ဇန်နဝါရီ ရ ရက်နေ့ သိမ်းပြီး ဇန်နဝါရီ ၁၄ရက်တွင် ထိုင်းနယ်စပ် ရောက်သည်။ ဖေဖေါ်ဝါရီ ၁၅ရက်နေ့တွင် နှစ်၃ဝကြာ ဗီယက်နမ်နှင့် မဟာမိတ် ဆက်ဆံရေးကို တရားဝင် ဖြတ်တောက်ပြီး ဗီယက်နမ်အား သင်ခန်းစာပေး သင်ကြားရန် ကြေငြာသည်။ နှစ်ရက်အကြာတွင် ပီအယ်လ်အေ တရုတ်စစ်တပ် အမြောက်အများ ဗီယက်နမ် မြောက်ပိုင်းနယ်စပ် ဖြတ်ကျော် ဝင်ရောက်သည်။ ။။။။။။။

တရုတ်အမြောက် ငါးပုပ်ခြောက်
တိုက်ခိုက်သည့် အချိန်ကာလက တရုတ်နိုင်ငံအား မျက်နှာသာပေးထားသည်။ ဗီယက်နမ် နယ်စပ်တခုလုံးကို ရွာသွန်းသော မိုးရာသီ မစတင်လေး ဖြစ်ပြီး စက်ယန်းဒရား အင်အားပြု ဆိုဗီယက် စစ်တပ် စုရုံးနေသည့် တရုတ်ပြည် မြောက်ပိုင်းတွင် နှင်းများအရည်ပျော်နေသည့် နွေဦးပေါက် အချိန် မရောက်မှီလေးတွင် ဖြစ်သည်။ ပီအယ်လ်အေ တရုတ်စစ်တပ်၏ အားနဲချက်များကို ကမ်ဘောဒီးယားတွင် မြေပြင်တိုက်ခိုက်ရေးတပ် အများဆုံး ပုံအောထားသည့် ပီအေဗီအန် ဗီယက်နမ်စစ်တပ် အနေအထားနှင့် တိန် နှိုင်းယှဉ် ချိန်ဆခဲ့သည်။ အင်အား ခုနှစ်သောင်းရှိ စစ်တပ်နှင့် နယ်ခြားစောင့် တပ်မများသာ ဗီယက်နမ်ပြည်တွင်း ကျန်ရစ်ပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝနေသော စစ်ပြန်များနှင့် ဖွဲ့ထားသည့် အများဆုံး တသိန်းခန့်ရှိ လူ ၃၅၀ဝ ပါ ပြန်လည်တည်ဆောက်ရေး တပ်မများလဲ ရှိမည်ဖြစ်သည်။ ။။။။။။
ဖေဖေါ်ဝါရီ ၁ရ တွင် ပီအယ်လ်အေအင်အား နှစ်သိန်းပါ တပ်မ နှစ်ဆယ်က တင့်ကား လေးရာ၊ အမြောက်ကြီး တထောင့်ငါးရာ အကူအညီဖြင့် အာရုံမတက်ခင် ဒေသတွင်း မြို့ကြီးငါးမြို့သို့ ဦးတည် တိုက်ခိုက်သည်။ ဗီယက်နမ်၏ စစ်ပွဲအတွေ့အကြုံရှိ ခေတ်မှီ လေကြောင်းကာကွယ်ရေး စနစ်ကြောင့် ပီအယ်လ်အေ လေယာဉ်များ မပျံသန်းဘဲ မြေပြင်တွင်သာ ထားရသည်။ ။။။။။။
တရုတ်တို့က အဓိက လမ်းမများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ လူနေထူထပ်ရာများကို စီးနင်းခြင်း၊ အမိန့်ပေး ကုန်းမြင့်များအား သိမ်းပိုုက်ခြင်းတို့ဖြင့် သမားရိုးကျ စစ်ပွဲ စစ်ဆင်ရေး ဖြစ်သည်။ ပီအယ်လ်အေမှ လူလှိုင်းအင်အားသုံး တိုက်ခို်က်ကာ ဗီယက်နမ်တို့က တရုတ်တပ် နောက်ပိုင်းကို အလစ်ဝင်ရောက် တိုက်ခိုက်မှု များကြောင့် ပထမ ရက်ပိုင်းများအတွင်း တရုတ် သုံးထောင်ခန့် သေဆုံးဖွယ်ရှိသည်။ ဗီယက်နမ် အမျိုးသမီး လက်ဖြောင့်သမ တဦးကြောင့် တရုတ် တင့်ကားဗိုလ် ရှစ်ဦး သေဆုံးခဲ့သည့် အကျအဆုံးများသည့် တိုက်ခိုက်ရေးဗျူဟာ ဥပမာ ရှိသည်။ သူမကို အရာရှိတွေ သေလို့ စိတ်ဆိုးဒေါသထွက်လတဲ့ တင့်ကား တပ်သားများ မိတဲ့အခါ မြေပြင်မှာ သပ်ရိုက်ချည်နှော်င်ပြီး တင့်ကားဖြင့် တက်ကြိတ် သတ်ပစ်လိုက်ကြသည်။ ။။။။။။။
တရုတ်တပ်များ စုစည်းရာ နေရာများနှင့် ရှေ့ချီ စစ်ကြောင်းများ နှေးသွားအောင် တရပ်စပ် ထုထောင်း ပစ်ခတ်နေသ် ပိုမိုခေတ်မှီ အတွေ့အကြုံရှိသော ဆိုဗီယက်လုပ် ဗီယက်နမ် အမြောက်ကြီးများဒဏ်ကို တရုတ်အမြောက်တပ် အလူးအလဲ ခံရသည်။ ရန်သူ့ ဆက်ဂါ အဆင့်မြင့် ပဲ့ထိန်း တင့်ကားဖျက် ဒုံးကျည်ကြောင့် ပီအယ်လ်အေ တင့်ကား အနည်းဆုံး တရာ ပျက်ဆီးသည်။ ခေတ်နောက်ကျနေတဲ့ လက်နက်ကိရိယာ၊ နည်းဗျူဟာ၊ အလေ့အကျင့်များကို သတိမမူမိတဲ့ ကျူးကျော်သူ တရုတ်တို့ဟာ မော်ဝါဒီ ပြည်သူ့စစ် လက်စွဲမူကြောင့် ရှင်းလင်း တိကျသော သတ်မှတ် တပ်ဖွဲ့စည်းပုံ မရှိဘဲ အခြင်းခြင်း ပွတ်တိုက်မှုဒဏ်ကိုပါ အကြီးအကျယ် ခံရသည်။ ။။။။။။။

အမြောက်ကြီးဒဏ် တရုတ်သည်းခံ
မြစ်ဝကျွန်းပေါ် မြစ်နီမြစ် နှင့် ဟန်နွိုင်း တို့ကို ထိန်းချုပ်နိုင်မည့် မဟာဗျူဟာမြောက် ဒေသတွင်း မြို့ကြီး လုံစမ်း Long Son ကို တိုက်ခိုက်ရန် စစ်အင်အား ခုနှစ်သောင်းရှိ တပ်များ၏ တိုက်ခိုက်ရေး ရည်မှန်းချက်အဖြစ် ပီအယ်လ်အေ တရုတ်တပ် ပြင်ဆင်ပြောင်းလဲခဲ့သည်။ ဗီယက်နမ် တတိယ ရွှေကြယ် တပ်မက လုံစမ်းအာ ကာကွယ်ထားသည်။ ပီအယ်လ်အေ တရုတ်တပ်များ ဗီယက်နမ်တပ်မကို ခုံခံစစ်အတွက် အခိုင်အခံ့ ပြင်ဆင်ထားသော မြို့တွင်းသို့ မောင်းထုတ် ခဲ့သည်။  ဖေဖေါ်ဝါရီ ၂ရတွင် အမြောက်နှင့် အပြင်းအထန် ပစ်ခတ်ပြီး တပ်ကားတပ်ရင်း တရင်း လုံစမ်း မြောက်ဖက် ဆင်ခြေဖုံးကို ပီအယ်လ်အေတပ်များ သိမ်းပိုက်ခဲ့သည်။ ဗီယက်နမ်တပ်များ ရက်ပိုင်းအတွင်း အဝိုင်းခံရပြီး မတ်လ ၂ရက်နေ့တွင် အပြီးသတ် ဝိုင်းပတ် ချေမှုန်းရန် ပီအယ်လ်အေတပ်များ ချီတက်လာသည်။ အညှာအတာ ကင်းမှဲ့လှတဲ့ တအိမ်ဆင်း တအိမ်တက် သုံးရက်ကြာ တိုက်ပွဲတွင် ဗီယက်နမ် ရွေကြယ်တပ်မကို တရုတ်တို့ ချေမှုန်းလိုက်ပြီး လုံစမ်းမြို့ကို အုတ်ကျိုးအုတ်ပုံအသွင် ဖြစ်စေခဲ့သည်။ မြစ်ဝကျွန်းပေါ် မြစ်နီသို့ ကျူးကျော်ရန် လမ်းပွင့်သည့် မြို့တောင်ဖက် ကုန်းမြင့်အား မတ်လ၅ရက်တွင် သိမ်းပိုက်သည်။ အဲဒီကျမှ တရုတ်က ပြစ်ဒဏ်ပေးခြင်း ဆောင်ရွက်မှု လုံလောက်ပြီ ကြေငြာပြီး ဆယ်ရက်အတွင်း တပ်များ ပြန်လည်ဆုတ်ခွာရန် အမိန်ပေးခဲ့သည်။ ။။။။။။။။
ထိခိုက်ကျဆုံး စာရင်း မည်သည့်ဖက်မှ မကြေငြာခဲ့ပေ။ ခုနှစ်ထောင် မှ တသောင်းငါးထောင် အကြား ကျဆုံးဒဏ်ရာ ရတယ်လို့ ပီအယ်လ်အေက ဝန်ခံပေမဲ့ တရုတ် နှစ်သောင်းရှစ်ထောင် သေဆုံးပြီး လေးသောင်းသုံးထောင် ဒဏ်ရာရမယ်လို့ အနောက်နိုင်ငံများ ခန့်မှန်းသည်။ ဗီယက်နမ်ပြည်သူ တသိန်း သေဆုံးလို့ လူထုအကြား ကျယ်ကျယ်ပြန့်ပြန် သတင်းလွှင့်ခဲ့တာက လွဲလို့ ထိခိုက်သေကြေမှု စာရင်း ဗီယက်နမ်တို့ မထုတ်ပြန်ခဲ့ပါ။ ပီအယ်လ်အေ တရုတ်တပ်ရဲ့ မြေလှန်စနစ်နဲ့ တိုက်ခိုက်ရာ လမ်းတလျောက် ကျန်ခဲ့သော အပျက်အစီးပုံများကို ဗီယက်နမ်တို့ ကြေငြာတဲ့ ထိခိုက်သေဆုံး စာရင်း မှန်ကြောင်း အထောက်အထားအဖြစ် မြင်သူများရှိသည်။ ။။။။။။။
ဗီယက်နမ်တို့ အနေနဲ့ (ပင်ကိုယ်သဘာဝ အရ) တိုက်ခိုက်နိုင်စွမ်း ့ ရှိနေသေးပေမဲ့ သူတို့ကို ကာကွယ်ဖို့ မိတ်ဆွေ ဆိုဗီယက် ဝင်တိုက်မပေးကို စစ်ပွဲမှ ထင်ရှားစေသည်။ ပဋိပက်ခအတွင်း ဆိုဗီယက်ပေးတာ လေကြောင်းမှချပေးသော အထောက်အပံ့ ပစ်စည်းများသာ ဖြစ်သည်။ တိန်က ဆိုဗီယက်တို့ အဆုံးသတ်ပြီလို့ စိတ်ဓါတ်စစ်ဆင်ရေးလုပ် ခဲ့သည်။ ။။။။။။။
သေချာတာ ပီအယ်လ်အေ တရုတ်တပ် သူ့ရည်မှန်းချက် အောင်မြင်ခဲ့သည်၊ သို့သော် ဗီယက်နမ်တို့က တရုတ်ကိုစစ်ပွဲ သင်ခန်းစာ ပေးခဲ့သည်.. ဒါကို တိန်က သူ့ရဲ့ ပိုကြီးတဲ့ ရည်ရွယ်ချက်အတွက် အသုံးချခဲ့သည်။ စစ်ပွဲသင်ခန်းစာက တိန်ကို မာကျောခက်ထန်လှတဲ့ မော်ဝါဒီ စစ်သားဟောင်းများ ဖယ်ရှား ရှင်းလင်းခွင့်ြု့ပုစေပြီး ခေတ်မှီ စစ်သားပီသသော ပီအယ်လ်အေ တရုတ်တပ်မတော်သစ် စတင်နိုင်ခဲ့သည်။ ယနေ့ ရလဒ်အားဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုကြောင့် ပေါ်ထွက်လာသည့် နိုင်ငံအတွက် နည်းပညာ အဆင့်မြင့်၊ လုပ်ငန်း ကျွမ်းကျင်၊ မဟာဗျူဟာမြောက် ခေတ်မှီဆန်းသစ်လှသော တရုတ် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာစေသည်။။ ။။။။။။။
တရုတ်မကြိုက်သူ ကြေးမုံဂျီး၏ဘဲ ပီအယ်လ်အေ စစ်ရေးအကဲခတ် ဦးကြောင်ကြီး (ခ) တိန်ရှောက်ဝ *B-) cool 

၉ကား။ ။။ http://www.historynet.com/war-of-the-dragons-the-sino-vietnamese-war-1979.htm

6 comments

  • ဦးကြောင်ကြီး

    August 21, 2017 at 11:17 am

    မူရင်းစာ။ ။။။။။

    War of the Dragons: The Sino-Vietnamese War, 1979

    By Peter Tsouras
    4/11/2016 • Military History Magazine

    China determined that Vietnam, heady with its victory in the American War, must be taught a lesson.

    Deng Xiaoping, China’s diminutive leader, had good reason by late 1978 to view Vietnam’s victory in the American War (1959-75) as a threat to China’s security. Vietnam had clearly chosen the Soviet Union – China’s main enemy – as its patron, was actively oppressing Vietnam’s Chinese minority, had committed violent border provocations, and in November had invaded Cambodia to eradicate China’s Khmer Rouge clients. Meanwhile the USSR was massively building up forces on China’s northern border.

    For Deng, this situation – although ominous – was ripe with opportunities. A punitive strike against Vietnam would make the Vietnamese more reasonable, show Soviet patronage to be worthless, and expose the Chinese People’s Liberation Army (PLA) leadership as hopelessly inadequate. Deng’s well-reasoned strategy to modernize China required the removal of obstructionist Maoist PLA cadres. He scandalized the Maoists by asking, “What does a dead 19th-century German Jew [Karl Marx] have to teach China?” Combat with the Vietnamese would be the PLA’s blood test.

    In early January 1979 Deng visited the United States, verifying that the Americans would stand aside in case of a Sino-Vietnamese conflict. Events in Cambodia dictated the timing. The Vietnamese took Phnom Pen on January 7, and on January 14 they reached the Thai border. On February 15 China abrogated its 30-year alliance with Vietnam and announced its intention “to teach Vietnam a lesson.” Two days later the PLA poured across Vietnam’s northern border.

    The timing of the attack favored China: It was just before the rainy season blanketed the Vietnamese border, and nearly coincident with the spring thaw in China’s north that mired Soviet mechanized armies massed there. Deng had balanced the PLA’s infirmities against the fact that most of Vietnam’s field army, the People’s Army of Vietnam (PAVN), was in Cambodia. Only 70,000 soldiers in a few regular and border guard divisions remained in Vietnam; however, as many as 100,000 troops in 3,500-man reconstruction divisions were also in the country, and these were toughened combat veterans.

    In the pre-dawn hours of February 17, the spearheads of a PLA force of 200,000 men in 20 divisions supported by 400 tanks and 1,500 artillery pieces attacked in the direction of five regional capitals. Fully aware of Vietnam’s combat experienced modern air defense system, the PLA kept its aircraft grounded.

    It was very much a conventional operation, with the Chinese attacking down major roads, overrunning population centers, and seizing the controlling high ground. The PLA relied on human wave attacks, likely losing 3,000 men in the first few days as the Vietnamese infiltrated and raided behind PLA lines. In one example of the deadliness of these tactics, a Vietnamese female sniper killed eight PLA tank commanders. When the commanders’ outraged crewmen caught her, they pinned her to the ground and crushed her beneath the treads of their tanks.

    Chinese artillery was outranged and outfought by the more modern and experienced (Soviet-manufactured) Vietnamese guns that pounded PLA troop concentrations and slowmoving columns. The PLA lost at least 100 tanks to the enemy’s advanced Sagger antitank guided missiles. As if the attacking Chinese did not have enough problems with outmoded equipment, tactics and doctrines, they also suffered great friction caused by the absence of a clearly identified rank structure – a holdover of Maoist People’s War doctrine.

    The PLA modified its operational goals to concentrate 70,000 men against the regional capital of Long Son, a strategic point controlling access to the Red River Delta and Hanoi. (See “History’s Top 10 Forgotten Victories,” March 2010 ACG.) Defending Long Son was the Vietnamese 3d Gold Star Division. The PLA drove the division back toward the city, which had been fortified for just such an event. On February 27 the PLA seized the dominant terrain north of Long Son with a tank-infantry assault preceded by a massive artillery strike. Within a few days the Vietnamese were surrounded, and on March 2 the PLA closed in for the kill. During three days of ruthless house-to-house fighting, the Chinese wiped out the Gold Star Division and reduced Long Son to rubble. On March 5 the capture of the high ground south of the city opened up the vital Red River Delta to invasion. Beijing, however, then announced that enough punishment had been administered and ordered a withdrawal that was completed in 10 days.

    Neither side advertised its casualties. The PLA admitted to 7,000 dead and 15,000 wounded, but Western estimates ran as high as 28,000 Chinese dead and 43,000 wounded. Vietnam did not release casualty figures other than widely publicizing 100,000 Vietnamese civilian deaths. The PLA’s “scorched-earth” campaign that left a swath of destruction in its path gave some credence to Vietnam’s claimed civilian toll.

    Although the Vietnamese remained pugnacious – a national trait – the war made clear that their Soviet patron would not fight to defend them. The USSR’s only contribution to the conflict was a supply airlift. Deng had bluffed and called, and the Soviets folded.

    Obviously the PLA accomplished its mission, but the Vietnamese had taught the Chinese a lesson on the battlefield – one that Deng used for his own larger purpose. The lessons of the war allowed Deng to sweep out the ossified Maoist old guard and embark on the modernization and professionalization of the PLA. The result today is technologically advanced, operationally sound and strategically sophisticated Chinese armed forces to match the country’s emergence as an economic giant.

    Peter Tsouras is a military intelligence analyst for the Defense Intelligence Agency and the author/editor of 24 books

  • ဦးကျောက်ခဲ

    August 21, 2017 at 11:35 am

    ကျောင်းနေဘက် သူငယ်ချင်း ဗထက်ချိုက် တစ်ယောက်ရှိတယ်…
    သူ့အဖေက အမေရိကန် – ဗီယက်နမ် စစ်ပွဲမှာမပါဘူး …
    အလုပ်ခွင်/ပညာ ထူးချွန်လို့ စစ်ပြီးရင် ပြန်လည်ထူထောင်ရေးအတွက်…
    ဟိုချီမင်းက ဆိုဗီယက်ကို ပညာတော်သင်ပို့ထားတဲ့ အုပ်စုဝင်ပေါ့…
    ဒါပေမဲ့ တရုတ် – ဗီယက်နမ် ချတော့ သူ့အဖေပါသတဲ့ …
    ဗထက်ချိုက်တွေ တရုတ်ကို မုန်းတာတော့ တူးတူးခါးခါးပဲ …
    မင်းတို့နဲ့ တရုတ်တွေ အတော်တူတယ်လို့ပြောရင်တောင် စိတ်ဆိုးတယ်…

  • kai

    August 21, 2017 at 2:15 pm

    မြန်မာတွေအနေနဲ့.. ချိုင်းနားနဲ့ ကွဲကွဲပြားပြားဖြစ်.. တိုင်းပြည်လုံခြုံရေး.. အကျိုးစီးပွားအတွက်.. လုပ်ချင်ရင်… ချိုင်းနား(China) ကို တရုတ်ပြည်လို့ခေါ်တာကို ပြင်ဖို့လိုသလို.. ချိုင်းနီးစ်(Chinese) တွေကို.. တရုတ်တွေလို့ခေါ်တာလည်း ပြင်ရမယ်လို့ယူဆတယ်..။

    အဲလိုက မစ,လို့ကတော့.. ကြိုက်တာရေး.. ကြိုက်တာလုပ်.. တာ့တာပဲ..။
    မြန်မာပြည်ထဲမွေးတဲ့ မျိုးရိုး ၃-၄ဆက်သမားတွေပါ တရုတ်တွေလို့ခေါ်ကြပြီး.. ချိုင်းနားပြည်ကြီးထဲက.. လူသန်း၁၂၀ဝ ကိုလည်း တရုတ်တွေလို့ သွားခေါ်နေကြမှတော့.. ဘယ်ကဘယ်လို.. ဘာများဆက်လုပ်နိုင်ကြမှာလည်း သိချင်မိ..
    မြန်မာ့မြေတင်မက.. လူတွေကိုပါ.. ချိုင်းနားလက်အောက်ခံပြည်နယ်အဖြစ် အတင်းထိုးပေးနေသူများ အလိုလိုဖြစ်နေသပေါ့..။

    ရယ်စရာ.. အာဟိ.. ကွိ.. ကွိ..။ :v

  • Foreign Resident

    August 21, 2017 at 4:16 pm

    အမှန်က တရုတ်ကြီးဟာ ကမာ္ဘ့စစ်အင်အားကြီး နိုင်ငံဖြစ်ချင်ရင် ၊
    ၄ / ၅ နှစ် တစ်ခါလောက် စစ်ပွဲအသေးစားလေးတွေရှာပြီး လက်သွေးသင့်နေပြီ ။
    တရုတ်ကြီးမှာ ၄ နှစ် တစ်ခါ စစ်ပွဲအတွက်လည်း ပိုက်ဆံတွေ ပိုနေပြီဘဲဟာ ။
    အနည်းဆုံး လူဝင်မတိုက်ရင်တောင် မြန်မာပြည်လို နိုင်ငံ တစ်ခုခုက ၊
    သူပုန်တွေကို လက်နက်အသစ်တွေ ပေးပြီး လက်နက် စမ်းသပ်သင့်နေပြီ ။

  • Foreign Resident says:
    မြန်မာပြည်လို နိုင်ငံ တစ်ခုခုက ၊
    သူပုန်တွေကို လက်နက်အသစ်တွေ ပေးပြီး လက်နက် စမ်းသပ်သင့်နေပြီ ။

    ခုလည်းတရုတ်ကမြန်မာစစ်တပ်ရော သူပုန်တွေကိုပါလက်နက်ရောင်းနေတာပဲမဟုတ်လား

Leave a Reply