ငါးမင်းဆွေလို မိုက်ရဲလား

အွန်လိုင်းမှာ သူတပါးကို အထူးသဖြင့် မျိုးညစ်နဲ့ စစ်လော်ဘီတွေ အောက်လမ်းနည်းသုံး စော်ကားပုတ်ခတ်တာ မြင်တော့ စိတ်မချမ်းသာဘူး။ အရင်ကတော့ ပုံနှိပ်စာ… ခေတ်ပြောင်းသွားချိန် အွန်လိုင်းဖက် လှည့်တယ်။ အခုလည်း ငါးမင်းဆွေက အိုဘားမား ရန်ကုန်လာတုံး ဒေါ်စုနဲ့ နမ်းတဲ့ပုံပြပြီး သမတ အိုဘားမားကို တရားစွဲတယ်။ (သူ့ပရိုဖိုင်းကြတော့ သူ့မြေး ထင်ရဲ့.. ချာတိတ်မလေးတဦးကို ပေါင်ပေါ်တင် ဖက်ရိုက်တင်ထားတာမှ အားမနာ၊ သူမို့ ပြောထွက်ရဲတယ်) နိုင်ငံသား တဦးကို ပေးထားတဲ့ ဥပဒေရပိုင်ခွင့် အလွဲသုံးတာပေါ့၊ ဥပဒေကလည်း ဘယ်သူမဆို တဖက်သားကြောင့် စိတ်အနှောက်အယှက် ဖြစ်ရင်ကို တရားစွဲပိုင်ခွင့် ပြုတယ်။ စွဲသူက ကြိုက်သလို စွဲခွင့်ရှိပြီး ခိုင်လုံမှု ရှိမရှိ မူတည်လို့ တရားရုံးမှ လျောက်လွှာ လက်ခံလိမ့်မည်။ သဘောက တရားရုံးမှာ လျောက်လွှာတင်တာနဲ့ တရားစွဲနိုင်တာ မဟုတ်ဘူး၊ ဥပမာ သဂျီးဦးခိုင်မှာ သာမီး တယောက်ပဲရှိလို့ စိတ်ထိခိုက်ရပါတယ်ပြော တရားရုံးမှာ လျောက်လွှာတင်ကြည့်၊ ရတယ်။ တရားရုံးက တရားစွဲတာ လက်ခံသင့် မသင့် အချက်အလက်ကြည့် ဒါမှမဟုတ် ဆင်ခြေတုံတရားနဲ့ ဆုံးဖြတ်မှာ။ ။။။။။

ငါးမင်းဆွေရဲ့ ဖဘ ပရိုဖိုင်းပုံ

ငါးမင်းဆွေ ဘာကောင်လဲ လူတိုင်းသိတယ်။ မဖြစ်နိုင် သိပေမဲ့ ဘာလို့ ဒီလို လုပ်လဲ.. တမင်ဆွနေတာ သိသာတယ်။ ဒေါ်စုကို ဒီမိုတပ်ဦးအလံ သတ်မှတ်တာမို့ လျောက်ဆဲတာထက် ပိုအရသာရှိမယ်လေ။ တမင်လုပ်မှတော့ တား မရနိုင်ဘူး။ ဒီမှာ ဘာသွား သတိရလဲဆို မူဆလင်ကဗာမှာ ပါကစ်စတန် ညူကလီးယားဗုံး တီထွင်အောင်မြင်သွားတယ်။ တရားဝင် မကြေငြာခင်ထဲက သူလုပ်နိုင်ပြီဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိကြတယ်။ ဗုံးတင်မက ဗုံးသယ်နိုင်စွမ်းရှိတဲ့ တိုက်ခြင်းပစ် ဒုံးပျံပါ ပိုင်သွားတာ။ ပြသနာက အခြေမခိုင်ခင် သူများလာဖျက်ဆီးရင် ဘယ်လိုလုပ်မလဲ။ လ ျှို့ဝှက်လုပ်သွားရင် ဘယ်သူလုပ်တယ် လက်ညှိုးထိုး မလဲ။ တကယ်လုပ်မည့်သူက အစ်ဇရေး နိုင်ငံ ဖြစ်နိုင်တယ်။ အရင်ကလဲ အီရတ် ညူကလီးယားစက်ရုံ ကို ဗုံးကြဲ ဖျက်ဆီးဖူးတယ်။ ဖြေရှင်းနည်းက ဘယ်သူပဲ ငါတို့ ညူကလီးယားစက်ရုံကို လာဖျက်ပါစေ.. အစ်ဇရေးလုပ်တယ် သတ်မှတ်မယ် ပြောထားလိုက်တယ်၊ အေးရောပဲ…။ ။။။။။

 ငါးမင်ဆွေ ချီးထုပ်ကိုလဲ စမ်းကြည့်ရအောင်။ သူနဲ့ အဖွဲ့ကျတာ ဖွတ်ရှိမယ်၊ စစ်လော်ဘီ ရှိမယ်၊ မဘသ ရှိမယ်.. ထင်တာ ပြောတာနော် အတိအကျ ပိုသိသူများစွာ ရှိမယ်။ ဒီမိုသမား ပျော့ကွက် သူနှိုက်သလို သူ့ပျော့ကွက်ကိုရှာပါ။ သူ့ဆရာ ဘယ်သူလဲ.. ဒင်းကို ဘယ်သူ နိုင်မလဲ။ ဦးသိန်းစိန် ဆိုပါစို့… ကိုယ်ကလဲ သူ့မှာ ဧက ရာချီတဲ့ လယ်တောခြံကြီး ရှိတာ စိတ်အနှောက်အယှက် ဖြစ်ပါတယ်လုပ် တရားရုံးသွား လျောက်လွှာတင်။ ငါးမင်းဆွေ လုပ်သလို လယ်တော ဓါတ်ပုံ အထောက် အထားနဲ့ပြ… ဘယ်လိုရသလဲ ဘာကြောင့်ရသလဲပေါ့။ ဦးသိန်းစိန် မဟုတ်ဘူး ဦးသန်းရွှေ ဆိုလဲ သူ့ပိုင်ဆိုင်မှုကြောင့် စိတ်ညစ်ရပါတယ်လုပ် တင်။ သူပိုင်တဲ့ အကြီးကြီးတခု အထာက်အထားပြ။ ဘယ်လိုရသလဲ ဘယ်တုံးကလဲ။ ကာချုပ် မအလ ဆိုလဲ အလားတူစွာ။ ။။။။

ငါးမင်းဆွေက ဒေါ်စုကို သိပ်ခါချရင်း ဒီမိုသမားကို အရှက်ခွဲဖို့ ကြိုးစားတယ်။ ကိုယ်ကလဲ သူ့လိုပဲ သူ့ဆရာ စားဝါးထားတာတွေ ပြန်ပြ ပြန်ဖွလို့ရကြောင်း ပြနိုင်တယ်။ ဒါပေမဲ့ ရည်ရွယ်ချက်က အဲဒါ မဟုတ်ဖူး.. ဟုတ်ရင် သူ့လို အောက်တန်းစား ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ မလုပ်ရင် ပိုဆိုးလာမည်။ အခြားသူများပါ အတုမြင် အတတ်သင်လာမည်။ နတ်ဘီလူးမင်းကြီးတွေတောင် သူတို့စကား နားမထောင်သူ ဘီလူးတွေအတွက် မြတ်စွာဘုရားကို အမိန့် အာဏာ မှာတမ်း သဘောမျိုး အာဋာနာတိယသုတ် တောင်းပန်လျောက်ထား ခဲ့ရတယ်။ တခါ မြတ်စွာဘုရား မေစ်တာတော် မြင့်မိုရ်တောင်မက ကြီးပါစေ စော်ကားနှောက်ယှက် ကြံစည်သူ ရှိတာပဲ မဟုတ်လား။ ဒေါ်စုက ကိုယ်က ဘယ်လောက် ခွင့်လွှတ် သဘောထားကြီးပြပါစေ.. မရတဲ့ကောင်က မရဘူး။ ဘုရားတောင် မရတာ ကိုယ်က ဘာကောင်မို့လဲ။ မျက်မှောက်ခေတ် သာသနာမှာလဲ အာဏာစက်၊ ဓမစက် အတိအလင်း ရှိတယ်။ ။။။။။

လူလိုသိသူတိုင်းအတွက် ချစ်ခြင်းမေစ်တာတရား

လိုချင်တာ သူတို့ ဆက်မလုပ်ရဲအောင်၊ သူ့လူသူ ပြန်ထိန်းရကောင်းမှန်း သိသွားအောင်။ နို့မို့ရင် နောက်ကွယ်ကနေ မြောက်ထိုးပင့်ကော် ပျော်ပျော်ကြီး လုပ်ကြလိမ့်မယ်၊  လုပ်နေကြတယ်။ သားသတ် သမားလိုပဲ အကုသိုလ်ကောင်ပေမဲ့ သက်သတ်လွတ် မစားနိုင်ရင် လိုကိုလိုတယ်။ ကိုယ့်ရပ်ရွာမှာ လူမိုက် မရှိရင် သူများရွာက လာအနိုင်ကျင့်သလိုမျိုး… မရှိမကောင်း ရှိမကောင်း။ ဒါပေမဲ့ ခေတ်ပျက်မှာ ကိုယ်လိုက် မပျက်တတ်ရင် သူများ ဖျက်တာ တဖက်သက် ခံကြပေတော့။ ။။။။*:(fight) fight

Out Ten Sarr ကြောင်ဘုရင်ဆွေ

8 comments

  • ဦးကျောက်ခဲ

    August 24, 2017 at 11:32 am

    လူပေါ လူကြောင် ကျပ်မပြည့် … အိမ်ဦးခန်း အင်အင်းတက်ပါတဲ့ အရားပူး…
    ဒီလူ့ကို နောက်ကွယ်က မြှောက်ပေးနေတာ မြောက်ကိုင်တို့ သားအဖ…

  • ဂျစ်စူ

    August 24, 2017 at 11:36 am

    ဒေဝဒတ် ပြိတ္တာကျီးကို
     တန်ပြန် 
    ရေလည်
    အသောက်အစား ပျက်စေတဲ့ သောက်ရူးကျီး

  • kai

    August 24, 2017 at 11:55 am

    အမေရိကသမ္မတ(ဟောင်း) ကို တိုက်ခိုက်တာမို့.. .. မြန်မာ-အမေရိကန်တယောက်အနေနဲ့.. ပြန်ဆော်ပေါ့ ကကြောင်ရယ်..။
    ဒါက ကိုယ်နဲ့ တိုက်ရိုက်ဆိုင်တာ..။ :k:

  • သင့်အေးရိပ်

    August 24, 2017 at 2:35 pm

    ဦးဦးကြောင်ကိုပဲ လူမိုက် အဲလေ… ကြောင်မိုက်အဖြစ် ငှားချင်ပါတယ်။
    အဘတစ်ယောက်ယောက်ကို တရားလို လုပ်ပြီး ပြန်တျားစွဲပေးပါ
    :k:

  • Shar Thet Man

    August 25, 2017 at 1:21 pm

    ဘာမှတော့မပြောလိုပါ….ဝင်ဖတ်သွားတယ်ပေါ့

    • Mr. MarGa

      August 26, 2017 at 11:05 am

      အူးကြောင်လို ဖွန်ရဲလား လို့ မေးရမှာ :hee:

Leave a Reply