အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် (၁၈) – ပါမောက္ခမျိုးကျော်မြင့်

kaiSeptember 27, 20173min1522

အရင်လက Time clauses လေးတွေအကြောင်း အတော်လေးပြည့်ပြည်စုံစုံဖော်ပြခဲ့ပြီးပါပြီ။ ဒီလမှာတော့ အခြား adverb clauses လေးတွေအကြောင်း လေ့လာကြပါဦးစို့။ ဦးစွာပထမ contrast clause လို့ခေါ်တဲ့ even though တို့
although တို့နဲ့စတဲ့ clause လေးတွေအကြောင်း ကို လေ့လာကြရအောင်။ contrast clause ဆိုတာ မထင်မှတ်တဲ့ရလဒ်မျိုး၊ ဆန့်ကျင်ဘက်သဘောမျိုးကို ဖော်ပြတတ်တဲ့ clause လေးတွေကို ဆိုလိုပါတယ်။
ဥပမာ – “Although he had no money at the beginning today he is a multi-millionaire in th US.” “အမေရိကနိုင်ငံကို ရောက်ခါစက ပိုက်ဆံလုံးဝမရှိခဲ့ပေမဲ့၊ ယနေ့သူဟာ သန်းကြွယ်သူဌေးဖြစ်နေပြီပေါ့။ ဒီနိုင်ငံကိုအကြောင်းမျိုး
စုံကြောင့် ရောက်လာကြတဲ့ မြန်မာအများစုဟာ ရောက်စမှာ အခက်အခဲလေးတွေကြုံရတတ်ပေမဲ့၊ သိပ်မကြာခင်မှာ သန်းကြွယ်သူဌေးမဟုတ်တောင် အတော်အသင့်တော့ ချမ်းသာကြွယ်ဝလာကြပါတယ်။ မြန်မာလူမျိုးမှန်ရင် အရည်အသွေးလည်းရှိ
တယ်။ ကြိုးစားလည်းကြိုးစားကြတာကိုး။ နိုင်ငံကြီးဆင်းရဲနေရတာကတော့ စနစ်ဆိုးကြီးကြောင့်ဆိုတာ လူတိုင်းသိကြပါတယ်။
ဥပမာတခုထပ်ကြည့်ရအောင်။ “Even though she spoke very little English at fist, she quickly got her first degree and now she has a Ph.D.”
“ရောက်စက အင်္ဂလိပ်စကားတောင်ကောင်းကောင်းမပြောတတ်ပေမဲ့၊ ပထမဘွဲ့ကို အလျှင်အမြန်သူရခဲ့ပြီ ဒီအချိန်မှာတော့ Ph.D ဘွဲ့ပိုင်ရှင်ကြီးဖြစ်နေပါပြီ” ပေါ့။ ဒါလည်း အံ့ဩစရာလုံးဝမရှိပါ။ မြန်မာတိုင်းရင်းသားမှန်ရင် ဉာဏ်ကောင်းတဲ့သူကြီးပဲ
ဲ မဟုတ်လား။ ဒီနေရာမှာ even လေးထည့်ပေးထားတော့ သူရဲ့စွမ်းဆောင်ချက်ကို ပိုမိုလေးနက်ပါစေတယ်။ အင်္ဂလိပ်လိုတော့ emphasize လုပ်တယ်လို့ ပြောလေ့ရှိပါတယ်။ အထက်ပါဝါကျနှစ်ခုစလုံးမှာ contrast clause ဖြစ်တဲ့ Although he had
no money at the beginning နှင့် Even though she spoke very little English at first တို့ကို main clause လို့ခေါ်တဲ့ today he is a multi-millionaire in the US နှင့် She quickly got her first degree and now she has a Ph.D တို့နဲ့တွဲ
ထားရတာကို သတိပြုမိပါစေ။ သီးသီးသန့်သန့် contrast clause သက်သက်သုံးစွဲလို့မရပါ။ အမြဲတစေ mail clause နှင့်တွဲပြီး သုံးရပါတယ်။
အထက်ပါဝါကျများ၌ contrast clause ကို ဝါကျ၏အစ၌ထား၍ သုံးစွဲပြထားသော်လည်း contrast clause ကို ဝါကျ၏အဆုံး၌လည်း ထားလို့ရပါသည်။ ဥပမာ- “Today he is a multi-millionaire in the US although he had no money
at the beginning.” “She quickly got her first degree and now she has a Ph.D even though she spoke very little English at first.” contrast clause ကို ဝါကျ၏ အစ၌ထားလျှင် contrast clause အဆုံး၌ comma လေးထည့်ပေးရပါ
သည်။ contrast clause ကို ဝါကျ၏အဆုံး၌ထားသည့်အခါ comma လုံးဝမသုံးရပါ။
contrast clause လေးတွေကိုဘဲ လူသုံးများတဲ့နောက် Adverb clause တမျိုးကတော့ clasuse of reason လို့ခေါ်တဲ့ since သို့မဟုတ် because စသည်တို့နှင့်စတ adverb clause လေးတွေဖြစ်ပါတယ်။ ဒီနေရာမှာ clause of reason မှာ
သုံးတဲ့ since နဲ့ time clause မှာသုံးတဲ့ since မတူတာကို သိနားလည်ဖို့လိုပါတယ်။ ဥပမာ- “He left in a hurry since he was late for work.” “He has been living in San Jose since he came to the US.” အထက်ပါဝါကျနှစ်ခုစလုံးမှာ
since နှင့်စသော adverb clause ကို သုံးထားသော်လည်း adverb clause အမျိုးအစားခြင်းမတူညီပါ။ ပထမဝါကျမှာပါတဲ့ clause ကဘာဖြစ်လို့ သူအရင်စလို့ ပြန်သွားလည်းဆိုတာကို ဖော်ပြတဲ့ clause of reason ပါ။ ဒါပေမဲ့ ဒုတိယဝါကျမှာပါတဲ့
adverb clause ကတော့ သူဘယ်အချိန်ကစပြီး ယနေ့အထိ san jose မှာနေထိုင်ခဲ့တာလည်းဆိုတာကို ဖော်ပြနေတဲ့ time clause ပါ။ တကယ်လို့ဒီ clause နှစ်ခုကို စိတ်ထဲမှာ မကွဲပြားဘူး၊ နည်းနည်းရှုပ်ထွေးနေခဲ့ရင် since ကို clause of reason
မှာ သုံးဖို့ မကြိုးစားပါနဲ့။ since ကိုယ်စား ပိုမိုရှင်းလင်းတဲ့ မှတ်ရပိုလွယ်တဲ့ because ကိုသုံးပါ။ အဓိပ္ပာယ်ခြင်းက အတူတူဘဲလေ။
ဥပမာ- ” I admire Aung San Su Kyi because she is totally devoted to Myanmar.” “I admire Aung San Su Kyi since she is totally devoted to Myanmar.” အထက်ပါဝါကျနှစ်ခုဟာအဓိပ္ပါယ်အတူတူပါဘဲ because ကိုဘဲသုံးသုံး၊
since ကိုဘဲသုံးသုံး အဓိပ္ပာယ်ကတော့ အတူတူပါဘဲ။ အထက်ပါဝါကျများ၌ Because ကို၎င်း sinceကို၎င်း အလယ်မှာထားပြီး သုံးပြထားသော်လည်း နှစ်မျိုးစလုံးကို ဝါကျ၏အစ၌လည်း ထား၍သုံးနိုင်ပါသည်။
ဥပမာ- “Because she is totally devoted to Myanmar, I admire Aung San Su Kyi.” “Since she is totally devoted to Myanmar, I admire Aung San Su Kyi.” since သို့ because ကို ဝါကျ၏အစ၌ထားလျှင် clause ၏အဆုံးတွင် comma
လေးထည့်ပေးရပါသည်။ because သို့ since ကို အလယ်၌ထားလျှင် comma လုံးဝမလိုပါ။ ဤနေရာ၌ ကြုံကြိုက်၍ because နှင့် because of တို့၏ ကွာခြားချက်ကို ရှင်းပြလိုပါသည်။ because ပါဝင်သည့် စကားစုလေးကို adverb clause ဟု ခေါ်
ပါသည်။ clause ဟုဆိုသည့်အတွက် ထိုစကားစုလေး၌ အနည်းဆုံး ကြိယာတခုပါပါသည်။ ဥပမာ – “Myanmar suffered under the rule of the military because the generals were greedy.” ဆိုသည့် ဝါကျ၌ “were” သည်ကြိယာဖြစ်ပါသည်။
because of ပါဝင်သည့် စကားစုလေးကို adverb phrase ဟုခေါ်ပါသည်။ becaues of သည် phrase ဖြစ်သည့်အတွက် ကြိယာလုံးဝမပါပါ။ ဥပမာ – “Myanmar suffered under therule of the military because of the greed of the generals.”
ဆိုသည့်ဝါကျ၌ because of ပါဝင်သည့် စကားစုတွင် ကြိယာလုံးဝမပါ။ ကဲ- ဒီလတော့ ဒီလောက်နဲ့ဘဲကြေနပ်ကြပါစို့။ နောက်လမှာကျန်နေသေးတဲ့ လေးတွေကို ဖော်ပြပါဦးမယ်။