ဂဇက်ရွာ သိန်း၄ဝအလှူ ပြည့်ဖို့ ၁ဝသိန်းသာလို

ခြစ်ရွာသူား အပေါင်းတို့ ခများ ….. ၁ ကြိမ်….. ….

ခြစ်ရွာသူား အပေါင်းတို့ ခများ ….. ၂ ကြိမ် …. …..

ခြစ်ရွာသူား အပေါင်းတို့ ခများ ….. ၃ ကြိမ် …. …….

 

ဂုလို သုံးကြိမ် သုံးခါတိုင်တိုင် အော်ခေါ်နေရခြင်း အကြောင်းကတော့ မကြားလိုက် မရှိရလေအောင် စေတနှာ (ကုသိုလ်ရစေလိုသောစိတ်) တဏှာ (ရွာသူရွာသားများအပေါ် ခြစ်ခင်မြတ်နိုး စွဲလန်းစိတ်)၊ အနစ်နှာ (တယောက်ထဲ နတ်ပြည်စိုးစံခွင့် အဆုံးရှုံးခံပြီး အားလုံးတူတူ စံစားရလိုစိတ်) နှာသုံးနှာ အရင်းခံ ဆော်ဩချင်လို့ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒီဇင်ဘာလတုံးက ပဲခူး အင်းတကော်မှာ ရှိတဲ့ ဆရာမ မချစ်မြတ်နိုး ကမဌာန်းရိပ်သာအတွက် အလှူငွေ ကောက်ခံတာ စေတနာ ထက်သန်စွာ ပါဝင်ထည့်ဝင်လှူဒါန်းလို့ ယနေ့ထိ သိန်း ၃ဝ ရရှိထားပါပြီ။ မေ ျှာ်လင့်တာထက် ပိုမိုပါဝင်ကြလို့ ဒီလို ဒါနမြဲသူတွေနဲ့ အဆွေခင်ပွန်း ဖွဲ့ခွင့်ရတာ ဝမ်းသာမဆုံး ကြည်နူးမိပါတယ်။ ။။။။။။။။

တလက်စထဲ ပြောချင်တာ ဆရာမ မချစ်မြတ်နိုးကျောင်း သိန်း၄ဝတန် ဓမာရုံ နဲ့ သိန်း၄ဝတန် စံကျောင်း + နတ်လမ်း တို့ ဆောက်လုပ်ရာမှာ ဂဇက်ရွာသူားများ သီးသန့် အလှူ သိန်း၄ဝတန် တခု အထမြောက်လျင် အတိုင်းထက်အလွန် ဇဗူမှာတလူ တံခွန်နဲ့ကုတ်ကား ဂဇက်လိုရွာသား ရှားမှရှား ဝင့်ကြွးချင်လှပါတယ်။ အဲဒါ ရွာသူားရော ရွာသူားမဟုတ်သူများပါ တယောက်တလက် ဝိုင်းဝန်းကူကြလျင်ဖြင့် နတ်ပြည်၆ထပ် ဆိုတာ လက်တကမ်း၊ ဗြမာ့ပြည်၂ဝသည် လက်တကမ်း၊ နိဗာန်သည် နီးနီးလေး ဖြစ်ကာ လောကီစီးပွား လောကုတ်တရာ စီးပွားများ ပွားများချမ်းသာ နိုင်ကြပါလိမ့်မည်။ အကယ်လို့များ အကုသိုလ်ကြီးလို့ ဒီကြောင် တွေ့နေရတာ ဆိတ်မချမ်းမသာ ဖြစ်ရလျင်လဲ ဘဝစက်တိုင်း ကြောင်ကြီးမျက်နှာ မမြင်ရ၊ ကြောင်အသံမကြားရ၊ ကြောင်အနံ့ မရှုရ၊ ကြောင်စာ မဖတ်ရ၊ ကြောင်ကိုယ် မထိမကိုင်မပွတ်သပ်ရ၊ ကြောင်သား မစားရ၊ ကြောင်အကြောင်း မတွေးရ သူဖြစ်ပါလို့၏ လှူစဉ် ဆုတောင်းရင် အကြောင်းကြောင့် အကျိုးဖြစ် လိုရာဆုတောင်း ပြည့်ဝပါလိမ့်မည်။ ။။။။။။။။။။

အလှူရှင် အလိုရှိသည်

 

အလှူငွေ ထည့်ဝင်လိုကြလျင်ဖြင့် အောက်ဖေါ်ပြပါ ဘဏ်အကောင့်များသို့ မှတ်ချက်မှာ မိမိနံမည်နဲ့ မြန်မာဂဇက် ရေးသားပြီး လှူဒါန်းနိုင်ကြပါသည်။

24850105701201001 May Pwint Phyu Than KBZ bank

May Pwint Phyu Than 0072224010002074 AYA bank

May Pwint Phyu Than 0072600100019275 CB bank

 

2 comments

  • Shar Thet Man

    January 31, 2018 at 3:39 pm

    လှူလိုက်မယ်နော်ညကျရင် ..ထီ သိန်း၁သောင်းပေါက်ရင် သိန်း၁၀ဝလှူပါမယ်

  • Shar Thet Man

    February 1, 2018 at 9:35 am

    လှူလိုက်ပြီနော် ဦးကြောင်ကြီး ဂရုထဲမှာလည်းမရှိ

Leave a Reply