အကြင်နာသင်ခန်းစာ

Mon LayApril 25, 20181min1130

ကလေးတွေကို ခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာ ဒီသင်ခန်းစာကိုထည့်ပြီးသင်ပေးလာတယ်လို့သိရပါတယ်။ အရှေ ့နိုင်ငံတွေမှာလည်း ဒီလိုသင်

ခန်းစာကိုထည့်ပြီးသင်ပေးနိုင်ရင် သိပ်ကိုကောင်းမှာပဲ။

(၁) နှလုံးသားဖြင့် သူတစ်ပါးကို စာနာနားလည်အောင် ခံစားစေ ခြင်း

(၂) ကြင်နာခြင်းနှင့်ဆိုင်သော အ တုယူဖွယ်ပုံပြင် ဇာတ်လမ်းများကို ဖတ်ပြခြင်း

(၃) ကလေးများ၏ တစ်နေ့တာ မှာ မည်သည့် ကောင်းမှုပြုခဲ့သ လဲမေးမြန်းခြင်း (ဥပမာ – အဘိုး ကို မျက်နှာသစ်သုတ်ပဝါ ရှာပေးခြင်း၊ အမေ့ကို အခန်းတံခါးဖွင့်ပေးခြင်း၊ ကစားစရာ အရုပ်မရှိသော သူငယ်ချင်းကို ကစားစရာပေးခြင်း)

(၄) သူတစ်ပါးကို ကူညီပေးလိုက် ရသည့်အခါ မည်သို့ကြည်နူးရ သည်ကို ပြန်လည်ပြောပြခိုင်းခြင်း

(၅) သူတစ်ပါးနှင့် စားစရာမျှဝေ စားရန်၊ ကစားစရာမျှဝေကစား စေရန်၊ အလှူအတန်း လုပ်ရသည်ကို သဘောကျလာအောင် လေ့ ကျင့်ပေးခြင်း

(၆) ဒေါသဖြင့် အကြမ်းဖက်ခြင်း ဆူပူခြင်းဖြင့် ကိုယ်လိုချင်သော ရလဒ်မရသည်ကို နားလည်သ ဘောပေါက်အောင် ရှင်းပြခြင်း

(၇) ညှိနှိုင်းဖြေရှင်းတတ်ရန် သင် ကြားပေးခြင်း

(၈) သူတစ်ပါးက ကိုယ့်ကို ကူညီ သောအခါ ကျေးဇူးတင်ကြောင်း ပြောတတ်ရန်။ သူတစ်ပါး မတော်တဆ ထိခိုက်နစ်နာမှု လုပ်မိပါလျှင် တောင်းပန်တတ်စေရန် သင်ကြားပေးခြင်း

(၉) အရာရာကို အပြုသဘော ဆောင်တတ်၊ မြင်တတ်လာ အောင် လေ့ကျင့်ပေးခြင်း

(၁၀) အပြောအဆို ချိုသာယဉ် ကျေးအောင် လေ့ကျင့်ပေးခြင်း

7 days news မှာ တင်ပြထားခြင်းဖြစ်ပါတယ်။