Putin will NOT accept defeat and nuclear war is INEVITABLE

Foreign ResidentApril 20, 20181min38600

Putin will NOT accept defeat and nuclear war is INEVITABLE

စစခြင်းတုန်းကတော့ ၊
US ရဲ့ ကိုယ်ပျောက်ဒုံး Stealth Cruise Missile ( JASSM ) ၂ စီး ၊
မပေါက်ကွဲလို့ ဆီးရီးယားက ရုရှားကို ပို့ပေးလိုက်ကြောင်း ဖတ်နေတာ ။

နောက်တော့ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း နှင့် ၊
အင်တာဗျူးထားတဲ့ VDO ကို ကြည့်ပြီး ရေလည် စိတ်လေသွားတယ် ။
အဲ့ဒီ အင်တာဗျူးမှာ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးဖြေထားတာ ၊

“Of course Russia cannot wage a war
against the United States. For years, economically it cannot “
ရုရှား ဟာ အမေရိကန် နှင့် ရေရှည်စစ်ကို မတိုက်နိုင်ဘူးတဲ့ ။
ရေရှည်စစ်ကို တိုက်ဖို့ ရုရှား စီးပွားရေးဟာ မတောင့်ဘူးတဲ့ ။

“In the general purpose forces, we are a bit lagging behind the US “
ပုံမှန် ရိုးရိုး စစ်တပ်မှာလည်း ရုရှား ဟာ အမေရိကန် ကို မမှီဘူးလေ တဲ့ ။

“And of course, Russia will no accept any kind of defeat.
ဒါပေမယ့် ၊ ရုရှား တွေဟာ စစ်ရှုံးတာကိုလည်း လက်မခံနိုင်ဘူးလေ တဲ့ ။

So, Involvement of nuclear weapon is inevitable.
အဲ့ဒီတော့ အမေရိကန် နှင့် စစ်ဖြစ်လာရင် ၊
ရုရှား ဟာ နူကလီးယား လက်နက် သုံးကို သုံးရမှာဘဲ တဲ့ ။

Are you trying to scare us or do you actually mean this.
အဲ့ဒီမှာ အင်တာဗျူးမေးတဲ့သူက လန့်သွားပြီး ၊
“မင်းက ငါတို့ကို့ကို ခြောက်လှန့်နေတာလား ၊ တကယ်လား” တဲ့ ။

I’m scared myself, Because, I have children,
I have grand children. I am scared for their fate.
အဲ့ဒမှာ ၊ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးက ဘာပြန်ပြောလဲဆို ၊
( မင်းတို့ကို ခြောက်လှန့်ဖို့ နေနေသာသာ ) ငါ့ဘာသာတောင် ကြောက်နေတာ တဲ့ ။
ငါ့မှာ သား မြေးတွေရှိတယ် ။ သူတို့ရဲ့ ဘဝကံ အတွက် ငါစိတ်ပူနေတယ် တဲ့ ။

—https://www.dailystar.co.uk/news/latest-news/696418/ww3-news-russia-general-warns-nuclear-conflict-putin-trump-syria-attack—