Photogenic ဖြစ်စရာနေရာများနဲ့ အလန်းစား စားသောက်ဆိုင်လေး “The Bar Burdubai”❤️❤️

Mon LayAugust 6, 20187min4652

ဒီတစ်ပတ် ညဘက်Chill ချင်နေတာ ဘယ်ဒိုးရင်ကောင်းမလဲစဉ်းစားလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် The Bar Burdubai ကညီမလေးတစ်ယောက်က လာစားပါဖိတ်ပါတယ်လှမ်းဖိတ်တာနဲ့ အရင်ထဲက ကိုယ်လည်းသွားချင်နေတာနဲ့အတော်ပဲဆိုတော့.ဒီတစ်ပတ်တော့ သွားမယ်ကွာဆိုပြီး ရောက်သွားခဲ့ပါတယ်။

#တည်နေရာ 🏘

နေရာလေးက UFL ဘက်ကလာရင် အင်းလျားလမ်းရောက်ရင် ညာဘက်ကွေ့ပြီး ခေမရ်ဆိုင်မရောက်ခင်ဘေးက လမ်းထဲဝင်ပါ။ ညာဘက်ခြမ်းမှ MoMoKo ဆိုတဲ့ ဆိုင်လေးတွေ့ရင် Heineken ဆိုဒ်ဘုတ်ဘေးကလမ်းလေးထဲဝင်ပါ။ လျှောက်လမ်းလေးအတိုင်းလျှောက်လာရင် အနောက်ဘက်နားလောက်မှာ The Bar BurDubai ကိုတွေ့ပါလိမ့်မယ်။

#အပြင်အဆင် 👍🏻👍🏻🌟🌟

ဝင်ဝင်ခြင်း ညာဘက်မှာ gardenလေးရှိတယ်။အေးအေးဆေးဆေး ခြံထဲထိုင်ချင်ရင်တော့ အဲ့မှာထိုင်လို့ရပါတယ်။ နေပူ၊မိုးရွာမှာ မစိုးရိမ်နဲ့နော်၊ အမိုးလေးနဲ့အေးဆေး Ro လို့ရတယ်။ 🌿☘️🌱

ဒါမှမဟုတ် စားရင်းသောက်ရင်း Djနဲ့ မြူးချင်လား၊ ဒူဘိုင်းရောက်သွားသလိုခံစားချင်ရင်တော့ စားသောက်ခန်းထဲမှာထိုင်ပါ။ 🎼🎼မွန်လေးက အဲလိုလေးခံစားချင်တော့ ညဘက်သွားလိုက်တယ်။ အထဲမှာ Djနဲ့ သီချင်းတွေဖွင့်၊ lighting တွေနဲ့၊ smoking(အငွေ့အပျော့စား) လေးတွေနဲ့ တကယ့်ကို bar အကောင်းစားလေးရောက်သွားသလိုလို…. အဟုတ်ကြီး ဒူဘိုင်းရောက်နေသလားတောင်ခံစားရပါတယ်။ အလှယူဆောင်းပြီး ဓါတ်ဖမ်းလို့ရတဲ့ အီဂျစ်ဦးထုပ်တွေနဲ့ဆိုတော့ ..
အလား…ကလီရိုပက်ထရာ မွန်လေးကိုဖြစ်ရော😜။ ထိုင်ခုံလေးတွေနဲ့ အခန်းတွင်း ပြင်ဆင်ထားပုံကလည်း တကယ့်ကို Arabic Style နဲ့ လုပ်ထားလို့ မြန်မာပြည်မှာ ပထမဦးဆုံး အလန်းစား bar လေးပါပဲ။

view ကောင်းကောင်းနဲ့ အေးဆေး ဇိမ်နဲ့ နားအေးပါးအေး စားချငိရင်လည်း Garden ထဲမှာအထပ်မြင့်နေရာရှိပါသေးတယ်။ အဲမှာသယ်ရင်း မိတ်ဆွေနဲ့ စကားစမြည်လေးပြောကြ၊ရယ်ကြပေါ့။ 👯👫

#Special menu🌶🌶

ဒီလ ဩဂုတ်လအတွက်တော့ ရှူးရှဲ menu buffet promotion လေးရှိပါတယ်။ သူကတစ်ယောက်ကို အဝစား (၁၀၀၀၀)ပါ။ menu ကိုပုံထဲမှာ ကြည့်လိုက်နော်။ အစားအသောက်တွေကို အီမနေအောင် အစပ်ကလေးနဲ့လုပ်ထားပြီး စားနေရင်း ချွေးထွကိသံယိုမဖြစ်အောင် မိုးရာသီအေးအေးလေးနဲ့လိုက်ဖက်အောင် ပြင်ဆင်ထားတာပါ။ အစပ်ကြိုက်တဲ့သူတွေအတွက်အထူးသတငိးပါ။📢📢

အသောက်ကြိုက်တယ်ဆိုရင် ဘီယာက Free flow နော်။ buffet အပါဆို သူက (၁၅၀၀၀)ထဲရယ်။🍻

Service ပိုင်​းက​တော့ အရမ်​းအရမ်​းကို ​​ကျေနပ်​အားရစရာပါ ဒီလို ဘူ​ဖေးမှာwaiter​တွေရဲ့ ဝန်​​​ဆောင်​မူ့က ဆိုင်​​တော်​​တော်​များများမှာမ​တွေ့ရတဲ့ ဝန်​​ဆောင်​မူ့အပြည်​့နဲ့ပါ..☺️☺️

မွန်လေးဆိုဟင်းပွဲ ၉ ပွဲကို ဟိုဟာလေးစားလိုက်၊ ဒီဟာလေးစားလိုက် နဲ့ကြာတော့ စပ်လို့စပ်မှန်းတောင်မသိတော့ဘူး။  Fancyဆေးထိုးအပ်ထဲမှာထည့်ထားတဲ့ cocktail လေးသောက်လိုက်နဲ့( ငွေထပ်ပေးရန်လို) ဒူဘိုင်းရောက်သွားသလို ဖီးလ်ဖြစ်ပြီး သာယာနေပုံများ ပုံထဲတွေမှာသာ ရှိုးလိုကိပါကုန်။ 😁😁😁

စားခဲ့တဲ့ လျှာလည်သွားတဲ့အစားအသောက် ၉ မျိုးကို ပြောပေးမယ်နော်။

#အာလူးချောင်းအစပ်🍿

အများကြီးပါတယ်။ အရမ်​းမစပ်​ပဲ အာလူး​ကြိုက်​သူ​တေ​ွအတွက်​ မိုး​အေး​အေးမှာဘီယာလေးနဲ့မြည်​းလိုက်​ရရင်ဖြင့်​ အရမ်​းအကြိုက်​​တွေ့သွားမှာပါ။🤗

#အမဲခြောက်စပ်မွှေး🥘

အမဲကြိုက်တဲ့မွန်လေးအတွက်တော့ အကြိုက်ဆုံးပဲလေ…အမဲသားနံ့လေးများမွှေးနေတာ။

#ပန်းရောင်ခေါက်ဆွဲ အစပ်ကြော်🍝

အ​ရောင်​​လေးဆန်းပြီး ​ခေါက်​ဆွဲစားရင်​အီတယ်​ဆိုတဲ့သူ​တွေအတွက် tryကြည်​့ချင်စရာ ဖြစ်မှာပါ။

#ဂုတ်ကင်ထမင်းကြော်🍲

သူလေးလည်းတမျိုးမိုက်နေပြန်ရော။ ဝက်ဂုတ်သားလေးတွေနဲ့ ထမင်းနဲ့ရောကြော်ထားတာလေ။ အထူးအဆန်းလေး။

#ပန်းဂဏန်းဆွေ့ဆွေ့ခုန်🦀

သူလေးကလည်း ဂဏန်းအသားတွေကို မအီရအောင် သရက်သီးလေးနဲ့ လုပ်ထားပုံလေးကလည်း ခံတွင်းတွေ့စေမှာပါ။

#အိမ်ပြေးကြက်ခြေထောက်သုပ်🐔🐔

ကြက်ခြေထောက်သုပ်ဆို အရမ်းကြိုက်လို့..ဒီBar Burdubai လည်းထပ်စားကြည့်တာ သူကပိုပြီး အစပ်တည့်နေလေရဲ ့။

#တုုံယမ်းဟင်းချို🍵

တုံရမ်​းကြိုက်​သူ​တွေအတွက်​ တကယ်အကြိုက်​​တွေ့​စေမှာပါ….ပုဇွန်ပါပုံကလည်း..အ​မေးဇင်​းပဲ။🍤🍤

#ကင်းမွန်သုပ်🥗

လတ်ဆတ်တဲ့ကင်းမွန်သုပ်လေးကလည်း စားလို့ကောင်းနေပြန်ရော။

#ကြက်သားလွှာသရက်သီးထောင်း🍥

ဒါ​လေးထူးဆန်​းတယ်​ဆိုပီးမှာကြည်​့တာ တကယ်​့ကိုအရသာရှိတာပဲ။ကြက်​သားကင်​​လေး​ပေါ် သရက်​သီး​ထောင်​း​လေးတင်​စားလိုက်​ရင်​ဖြင့်..စာရေးနေရင်း သွားရည်တောင်ပြန်ကျလာပြီနော်။😋😋
ရူးရှဲ menu စားပြီး စပ်​​နေလည်း ပူစရာကိုမလိုပါ။ အချိူတည်​းရ​အောင်​ သာကူကျိူကို free ချ​ပေးသေးတာ..ကဲ..ဘယ်လောက်မိုက်လေသလဲ။ အကုန်
perfect ဖြစ်အောင်၊ စားသုံးသူစိတ်ကျေနပ်အောင် အစားအသောက် အစကနေအဆုံး အကုန်ပြင်ဆင်ပေးထားတာနော်။
အမှန်ကလေ ဟင်းပွဲ ၁၈ ပွဲစလုံးကို အကုန်စားသင့်တာ။ ၁၀၀၀ဝ ပဲကျတာလေနော်။ စုံစုံလင်လင်နဲ့ လေ…ပင်လယ်စာကြိုက်တဲ့သူတွေက..ပင်လယ်စစားပေါ့၊အသားစားရတာကြိုက်တဲ့သူတွေက..အသားစားပေါ့။ ဘီယာကြိုက်တတ်တဲ့
သူတွေကလည်းက ဘီယာလေး Free flow အဝ သောက်၊ အမြည်းလေးစား၊ မွန်လေးဆို သယ်ရင်း၂ယောက်ထဲလာတာတောင်စားလိုက်၊သောက်လိုက်၊
စကားတွေပြောလိုက်နဲ့ အပျော်ကြီးပျော်နေခဲ့တာ..အဖွဲ့တောင့်တယ်ဆို..တကယ်ကိုသွားသင့်ပြီး အစားအသောက်နဲ့ relax လုပ်သင့်တဲ့နေရာလေးပါ။
Menuထဲမပါပဲ Bing su cocktail​လေးရှိပါတယ်​။ Try ချင် tryခဲ့ပေါ့။ ပုံမှာပြပေးထားပါတယ်။

#Shisha

ဒီဆိုင်မှာ Non Nicotine Shisha တောင် ရတယ်ဆိုပဲ။ သွားစားတဲ့အခါ  ငြိမ့်ငြိမ့်လေးနဲ့ဆွဲခဲ့ပေါ့။
#Cocktail အဆန်း
ဒီဆိုင်ရဲ ့ထူးခြားချက်နောက်တစ်ခုက cocktail အစုံကို ဆေးထိုးအပ်လေးနဲ့ တန်ဆာဆင်ထားတာပါ။ ဒီဆိုင်လေးရဲ ့Signature လို့ပဲပြောရမလားပဲ။ ရေ
လည်လန်းတယ်နော်။👍🏻👍🏻
Promotion တွေလည်းပေးတတ်လိုု့ The Bar BurDubai page လေးကိုလည်း Like👍🏻 ကလေးတွေ၊ follow လေးတွေလုပ်ထားကြဦးနော်။
အဲလိုနေရာလေးမျိုးမှာ မွေးနေ့လုပ်လိုက်ရဖြင့် ဘယ်လောက်တောင်ပျော်စရာ
ကောင်းမလဲနော်.DJ တီးလုံးလေးကလည်းဖွင့်လို့။…ကဲပြောနေကြာတယ်…မွေးနေ့လုပ်တာပဲဖြစ်ဖြစ်၊ သယ်ရင်းတွေနဲ့ chill ချင်တာဖြစ်ဖြစ် ခုပဲ Booking လုပ်ပြီးသွားလိုက်ကြရအောင်။ ဖုန်းက 09764622239.
PS : အမှန်က စားသောက်ဆိုင်ကညီမလေးကဖိတ်လို့သွားတာပါရှင့်။

 

2 comments

Leave a Reply