ဒါလည်းပြီးသွားမှာပါ…

My Quote

🔹 ဟိုတစ်လောက သင်တန်းမှာ ဆရာက ကိုယ့်ဘဝရဲ့ Best Time နဲ့ Worst Time (၅) ခုစီကို အဖြစ်အပျက်၊ အသက်၊ ခုနှစ် အတိအကျတွေနဲ့ ချရေးခိုင်းတယ်။

🔹 This too will pass ဆိုတဲ့ စကားလေးကို အရမ်းကြိုက်လို့ ကိုယ့်ဘဝရဲ့ ဆောင်ပုဒ်အဖြစ် လက်ကိုင်ထားခဲ့တာ အဲဒီသင်တန်းမှာ သက်သေပါပဲ။

🔹 ကိုယ့်ရဲ့ အပျော်ဆုံးအချိန်တွေ၊ အခက်ခဲအပင်ပန်းဆုံး အချိန်တွေဟာ အခုချိန်မှာ အဖြစ်အပျက်တစ်ခုထက် မပိုခဲ့ပါဘူး။ အဲဒီအချိန်တုန်းကတော့ ကိုယ့်ဘဝရဲ့ အကြီးမားဆုံးသော အရာတွေ ဖြစ်ခဲ့တာပေါ့။

🔹 ငယ်ငယ်တုန်းက ကျောင်းတက်ရင် ကိုယ်တက်ရတဲ့အတန်းက စာတွေက အရမ်းခက်ပြီး ပြီးခဲ့တဲ့နှစ်က စာတွေက လွယ်တယ်လို့ ထင်ခဲ့ကြဖူးတယ်မို့လား။ အဲဒီလိုပဲ ကိုယ့်ထက် အတန်းကြီးတဲ့ အစ်ကိုအစ်မတွေ ကျက်နေတဲ့စာတွေက ကိုယ့်အတွက်တော့ ပိုပိုပြီး ခက်နေတာပေါ့။

🔹 ဘဝမှာလည်း ဒီလိုသဘောပါပဲ။ ဟိုးအရင်က ကြုံခဲ့ရတာတွေက လက်ရှိကြုံနေရတာနဲ့ယှဉ်ရင် အသေးအဖွဲတွေ ဖြစ်နေခဲ့တာပါပဲ။

🔹 အလုပ်စလုပ်တဲ့အချိန်တုန်းက အဖြစ်အပျက်တွေကို လုပ်ဖော်ကိုင်ဖက်အဟောင်းတွေနဲ့ ပြန်တွေ့လို့ ပြောဖြစ်တော့ ဟာသတစ်ခုလို ရယ်ရယ်မောမောနဲ့ ပြန်ပြောဖြစ်ခဲ့ကြပေမယ့် တကယ်ကြုံတွေ့ခဲ့ရတဲ့အချိန်တုန်းကတော့ ညတိုင်းညတိုင်း ကြိတ်ငိုနေခဲ့ရလောက်တဲ့အထိ ပင်ပန်းခက်ခဲခဲ့ရတာတွေပါ။

🔹 ဗုဒ္ဓရဲ့အဆုံးအမကတော့ ❗လောကဓံကြုံ မဖြုံစမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ❗တဲ့။ အင်္ဂလိပ်ဆိုရင်တော့ This too will pass ပေါ့။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဘယ်အရာမှ မတည်မြဲပါဘူး။ အချိန်တန်ရင် ပြီးသွားတာပါပဲ။ အဓိကက အကောင်းဆုံးလုပ်ဖို့ပဲ လိုတာပါ။ Do the best ပေါ့။

🔹 ဘဝဆိုတာ သင်ယူစရာမကုန်တဲ့ကျောင်း ဆိုရင် ကိုယ်သင်ယူတာ ၂ မျိုးရှိတယ်။ လုပ်သင့်တာ နဲ့ မလုပ်သင့်တာ။ ကိုယ်ကြုံခဲ့သမျှမှာ ကောင်းတာမှန်သမျှ လုပ်သင့်တယ်ဆိုပြီး သင်ယူတယ်။ မကောင်းတာမှန်သမျှ မလုပ်သင့်ဘူးဆိုပြီး သင်ယူတယ်။

🔹 နောက်တစ်ခုက လူတွေကို လူတွေလို့ မြင်မိအောင် ကြိုးစားတယ်။ လူတစ်ယောက်ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းရဲ့ နောက်ကွယ်မှာ ဘာကြောင့်ဆိုတာကို မြင်အောင် ကြည့်နိုင်ဖို့ ကြိုးစားတယ်။

🔹 ကိုယ့်ကိုယ်ကို ပြန်နားလည်အောင် ကြိုးစားရတာတောင် မလွယ်တာ သူများကို နားလည်ပေးရတာ အရမ်းခက်တယ်။ ဒါပေမယ့် ကိုယ့်စိတ်ကို မပူလောင်ဘဲ ငြိမ်းချမ်းအောင် ထားဖို့က နားလည်ပေးတတ်ဖို့ လိုတယ်လေ။

🔹 တစ်ခါတစ်ခါ ရယ်တော့ရယ်ရသား။ စိတ်ထဲက ခံယူချက်တွေက အရေးအကြောင်းဆို မေ့သွားပြီး စိတ်အလိုအတို်င်း လိုက်လုပ်မိပြန်ရော။ ဒါကြောင့် စိတ်ထဲမှာတင် မထားတော့ဘဲ လက်က ချရေးမိသွားခဲ့တယ်လေ။

5 comments

  • ဦးဦးပါလေရာ

    October 27, 2018 at 11:17 pm

    ဘဝတစ်လျှောက် အရွယ်အမျိုးမျိုးမှာ အခက်အခဲ အမျိုးမျိုး ကြုံခဲ့ဘူးတယ်
    အခုလဲ ကြုံနေရဆဲပဲ…
    ဒါပေမယ့် အခက်အခဲကို ရင်ဆိုင်နိုင်တာချင်းတော့ မတူဘူး
    အခုအသက်ပိုင်းမှာတော့ တွေ့ရတဲ့အခက်အခဲတွေကို
    မျက်နှာချင်းဆိုင် တည့်တည့်စိုက်ကြည့်မိလာတယ်
    ပြီးတော့ ခေါင်းညိတ်ပြီး တစ်ခုခုကို စိတ်စကားနဲ့ ပြောဖြစ်တယ်
    အဲ့ စိတ်စကားကို မြန်မာလိုတော့ မပြန်တတ်ဘူး
    အင်္ဂလိပ်လိုပြန်ကြည့်ရင်တော့…
    OK …

  • Thint Aye Yeik

    November 3, 2018 at 5:01 pm

    မွန်မလေးလုံလုံဟာ
    အတိတ်ရဲ့အကျဉ်းသား အဖြစ်မခံတဲ့သူ
    ရယ်လို့
    ကျနော်
    မှတ်ချက်ပြုထားတဲ့ fri ပါ

    ဒီစာကို ဖတ်ပြီးချိန်မှာ
    ပို သေချာသွားတယ် ဆိုပါစို့

Leave a Reply