Negative Feedback ​တွေ ​ပေးရ​အောင်​❗

IMG_20190510_212435

အခုလက်​ရှိ အချို့​သော facebook user ​တွေ ရင်​ဆိုင်​​နေရတဲ့ စိတ်​ပျက်​စရာ​ကောင်​းတဲ့အရာတစ်​ခု ရှိပါတယ်​။ အဲဒါက​တော့ အချို့မီဒီယာ​တွေက တင်​ထားတဲ့ စိတ်​ပျက်​စရာ အင်​တာ​ဗျူး​တွေ ကိုယ်​့ News Feed မှာ လာ​ပေါ်တာပါပဲ။

မီဒီယာ​တွေရဲ့ trend မှာကျ အဲ့လိုအင်​တာ​ဗျူး​တွေဟာ viewer ပိုများပါတယ်​။ အဲလို့ ​ဗီဒီယို​တွေမှာဆိုရင်​ လုပ်​ငန်​းရှင်​​တွေက ​ကြော်​ငြာပိုထည်​့ကြပါတယ်​။ ဝင်​​ငွေပိုရပါတယ်​။ ဒါ​ကြောင်​့ သူတို့ကလည်​း ​ပေါက်​ရင်​ပြီး​ရောဆိုပြီး အဲလိုလူ​တွေဆီ တကူးတကသွားပြီး အင်​တာ​ဗျူး​တွေလုပ်​ပါတယ်​။ ဆဲချင်​လို့ ဝင်​ကြည်​့ကြတဲ့အတွက်​ viewer ပိုများပါတယ်​။ angry တို့ haha တို့ စတဲ့ react ​ပေးတာ​တွေ၊ ဝင်​ဆဲတဲ့ comment ​တွေ၊ တစ်​ဆင်​့ပြန်​ဖြန်​့တဲ့ share ​တွေ​ကြောင်​့ engagement တက်​ပါတယ်​။ ပို့စ်​က ​ပေါက်​သွားပါတယ်​။ လူ​တွေလည်​း ​ပေါက်​သွားပါတယ်​။ မီဒီယာလည်​း ​ပေါက်​ပါတယ်​။ ဒီလိုနဲ့ သံသရာလည်​ပြီး ​တန်​ဖိုးရှိတဲ့လူ​တွေ၊ တန်​ဖိုးရှိတဲ့အရာ​တွေ ​မှေးမှိန်​ပြီး ​ပေါက်​တတ်​ကရ​တွေက ​ရှေ့တန်​း​ရောက်​လာပါတယ်​။

မကြည်​့ချင်​၊ မမြင်​ချင်​ရင်​ ​ကျော်​သွားလို့ရတယ်​ဆို​ပေမယ်​့ ဒါ​တွေကို လက်​မခံနိုင်​တဲ့သူ​တွေရှိတယ်​၊ ဒါ​တွေ​ကို စိတ်​ပျက်​တဲ့သူ​တွေရှိတယ်​၊ ဒါ​တွေ​ကြောင်​့ စိတ်​အ​နှောင်​့အယှက်​ဖြစ်​ရတယ်​ဆိုတာကို ပို့စ်​တင်​တဲ့သူ​တွေသိ​အောင်​ လုပ်​လို့ရပါတယ်​။ ဒါကို Negative Feedback လို့ ​ခေါ်ပါတယ်​။ အထူးအဆန်​း​တော့ မဟုတ်​ပါဘူး။ Hide Post လုပ်​တာပါ။ Hide Post လုပ်​တာဟာ သူတို့ကို Negative Feedback ​ပေးတာနဲ့ အတူတူပါပဲ။ ဖြစ်​နိုင်​ရင်​ Video ကို လုံးဝဖွင်​့မကြည်​့ဘဲ Hide Post လုပ်​ပါ။

Hide Post လုပ်​နည်​းနဲ့ Page မှာ မြင်​ရမယ်​့ Post Performance ကို​အောက်​ကပုံမှာ ပြထားပါတယ်​။

ဒီလို wrong trend မှာ ငြိမ်​မ​နေဘဲ ကိုယ်​တတ်​နိုင်​တာ​လေး တစ်​ခုခုလုပ်​ပြီး စိတ်​လုံကြပါစို့။

2 comments

  • manawphyulay

    July 10, 2019 at 3:26 am

    New Feed မှ လာပေါ်တာက သူတို့ကို following လုပ်ထားမှပေါ်တာမလား။ မနောဆီတော့ မပေါ်ဘူးမွန်မွန်ရဲ့

Leave a Reply