ဟနွိုင်းက လွမ်းမိတဲ့ ဘွန်ချာ

Mon LayJune 19, 20192min33530

ဟနွိုင်းဆိုတာ ဗီယက်နမ်ရ ဲ့မြို့တော်ပါ။

ဘွန်ချာဆိုတာ ဗီယက်နမ် ရိုးရာ အစားအစာ ပါ။ အဲနေရာကို မွန်လေးတို့ ဟနွိုင်းသွားတုန်းက မသွားမဖြစ်သွားရမယ့် နေရာအဖြစ်အနေနဲ့ သွားရောက်စားသောက်ခဲ့ပါတယ်။

အမှန်က အဲ့စားသောက်ဆိုင်က အရင်ကလမ်းဘေးစားသောက်ဆိုင်သာသာပဲတဲ့။ အမေရိကန်သမ္မတ လာရောက်စားသောက်ပြီးတော့မှ အဲ့ဆိုင်ကအထပ်ပေါင်းများစွာရှိလာ တာတဲ့။ ဒုတိယထပ်မှာတော့ အိုဘားမားစားခဲ့လို့ စားခဲ့တဲ့နေရာ၊ အိုဘားမား ထိုင်ခဲ့တဲ ့ စားပွဲ ထိုင်ခုံ နဲ ့ ပန်းကန် တွေအားလုံး မှန်ဘောင်နဲ့သေသေချာချာ အမှတ်တရထားထားလေရဲ့။ ဓါတ်ပုံကိုလည်း နံရံမှာ ချိတ်ထားသေးတာတွေ့ခဲ့ပါတယ်။

#အိုဘားမားလာစားချိန်

ဘာရက်အိုဘားမားအဲ့ဆိုင်မှာ လာစားတုန်းကဆို ဆိုင်ရှင်က သူလာလို့လာ မှန်းတောင် မသိဘူးတဲ့။ အိုဘားမားက ဆိုင်ထဲဝင်၊ ပလတ်စတစ်ခွေးခြေခုံကိုဆွဲပြီး ဗီယက်နမ်ရဲ့ နာမည်ကျော် ဘန်ချာ စားစရာကို မှာစားချိန်ကျမှ သူ ကြက်သေသေသွားခဲ့ပါတယ်တဲ့။
အမေရိကန်သမ္မတဟာ သူ့ရဲ့အလုပ်များလွန်းတဲ့ ဗီယက်နမ်ခရီးစဉ်ထဲကနေ တိတ်တဆိတ် လစ်ထွက်လာပြီး ကမ္ဘာတလွှားက လူသိနည်းတဲ့စားစရာတွေကို ရှာဖွေဖော်ထုတ်နေတဲ့ စားဖိုမှုးနဲ့ အစားအသောက်ဝေဖန်ရေးဆရာ အန်တိုနီဘောဒိန်းနဲ့အတူ ဝက်စွပ်ပြုတ်လာမြည်းခဲ့ပါတယ်။
အသက် ၅၄ နှစ်အရွယ် စားသောက်ဆိုင်ပိုင်ရှင် ငုယင်သီလျန်ဟာ နိုင်ငံခြားရုပ်သံအဖွဲ့တစ်ဖွဲ့ လာနေတာကို သိပေမယ့် အထူးဧည့်သည်တော်တစ်ယောက်ကို ခေါ်လာမယ်ဆိုတာကိုတော့ သူ မသိခဲ့ပါဘူးတဲ့။

#ဘွန်ချာ

မြန်မာလိုဆို ဘွန်ချာလို့အသံထွက်ပါတယ်။ ဝက်သားပြားကင်ပြီး ပြုတ်ထားတဲ့အရည်ထဲ မုန့်ဟင်းခါးဖတ် ထည့်စား ရတဲ့ အစားအစာပါ။ မုန့်ဖတ်တွေကို စိမ်စိမ်ပြီးပွလာရင် စားလိုက် ရုံပါ။ အရွက်တွေပါတယ်။ သံပုရာသီးနဲ့ ငရုပ်သီးတွေချပေးတယ်။ ကော်ပြန့်နဲ့စားချင်တဲ့သူက အဲ့ထဲထည့်စားပေါ့။ သူတို့ကော်ပြန့်က ဒီကလိုမဟုတ်ဘူးနော်။ အထဲမှာ မုန့်ဖတ်နဲ့ ..ဂလို။ အရည်သောက်ချင်တယ်ဆိုလည်းသောက်လို့ရတယ်။ ချိုတယ်။

#တည်နေရာ

taxi သမားကို အိုဘာမား ဘွန်ချာ လို့ပြောလိုက်တာနဲ့၊ taxi သမားကလိုက်ပို့ပါလိမ့်မယ်..ဟီး အဲလိုတောင်နာမည်ကြီးသွားတာတဲ့။ နေရာက 24 Lê Văn Hưu, Phan Chu Trinh, Hai Bà Trưng, Hà Nội ပါ။

ကို်ယ်တွေသွားတုန်းကဆို ညစာသွားစားကြတာ..လူအရမ်းများလို့..ဒုတိယထပ်လည်းမရ၊ တတိယထပ်တက်ရင်တောင်လူတွေများနေလို့ စတုတ္တထပ်မှာပဲနေရာလွတ်လို့ အဲ့မှာပဲစားခဲ့တယ်။ ဈေးလည်းမဆိုးဘူး။ ဘွန်ချာ ၁ပွဲမှ ဒေါင် ၅၀၀၀ဝ ရယ်။

ဗီယက်နမ်ရောက်မှတော့ သူတို့ရိုးရာအစားအစာကိုစားဖြစ်အောင်စားခဲ့ကြပါလို့။