မွန်လေးဟုခေါ်သည်..

Mon LayAugust 1, 20191min56832

ကိုယ့်နာမည်ကို ခေါ်ရင် ချစ်စရာကောင်းတယ်ဆိုတာလေးကို ပြန်ရှယ်ချင်လို့ပါ။ မွန်လေးဆို အရင်ကဆို..မွန်လေးလို့ ကိုယ့်ကိုယ်ကို နာမ်စားသုံးပြီး ခေါ်တတ်တဲ့အကျင့်မရှိခဲ့ပါဘူး။ မသိတဲ့သူတွေ၊ လူကြီးတွေတွေ့ပြီဆို သမီးကသမီးကနဲ့ ဆိုပြီးခေါ်ရာကနေ အဒေါ်က ကိုယ့်နာမည်ကို ခေါ်ပြီးပြောပါလားတဲ့..ချစ်ဖို့လည်းကောင်းသလို..ယဉ်လည်းယဉ်ကျေးတယ်တဲ့။ သူကပြောပေမဲ့ ကိုယ်မှ အဲလိုပြောပြီးမပြောတတ်တာ မခေါ်ဘူးဆိုပြီး ဒီလိုပဲနေခဲ့ရော။

တစ်ရက်လည်းကျရော မွန်လေးတို့အိမ်ကို အမျိုးအသိကလေးလေးတစ်ယောက်လာလည်ရော။

ပြီးတော့ မွန်လေးတို့အိမ်ရ ဲ့ဧည့်ခန်းမှာ ဆက်တီခုံတွေပြီးရင် ခြေထောက်တင်ဖို့ ခုံအပုလေးတစ်ခုံလေးလည်းထားထားသေးတာဆိုတော့ အဲ့ကလေးလေးက အဲ့ခုံအပုလေးလည်းမြင်ရော သူ့အမေကို မေမေ..ဒါဝိုင်းတို့မူကြိုကခုံလေးလိုပဲတဲ့..လို့ဆိုပြီး သူကယူထိုင်ရော..သူ့ကိုယ်သူ သူက ဝိုင်းတဲ့လေ။ သူ့အမေကို နာမည်ကဝို်င်းတဲ့လားလို့မေးတော့ မဟုတ်ရပါဘူးဟယ်တဲ့.. ဘယ်ကသူ့ကို်ယ်သူ ဝို်င်းလို့ခေါ်လာမှန်းမသိဘူးတဲ့..အဲ့မှာ..အဒေါ်ကဝင်ပြောပါလေရော..တွေ့လားတဲ့ နာမ်စားနာမည်နဲ့ ကို်ယ့်ကို်ယ်ကိုခေါ်တာ ဘယ်လောက်ချစ်ဖို့ကောင်းလဲတဲ့..ဆိုတော့မှ ကိုယ်လည်း သဘောတွေကျသွားပြီး..ကိုယ့်နာမည်တပ်ပြီး ခေါ်မယ်ပေါ့နော်..

နာမည်ရွေးတော့ ရှေ့နာမည်က အေးဆိုတော့ အေးကလေ အေးကလေ လို့လည်းခေါ်ရတာမကြိုက်..အလယ်စလုံးကျတော့ ခေါ်ရတာမကြိုက်ပြန်။ အဲ့မှာ သယ်ရင်းတွေက နောက်ဆုံးတစ်လုံးဖြစ်တဲ့ မွန်ကို ချစ်စနိုးနဲ့ မွန်ကြီးလို့ခေါ်ကြတယ်။ ဒါမဲ့မွန်ကြီးဆိုတာကြီးကို..ကိုယ့်ကိုယ်ကိုတော့ ခေါ်ရတာမကြိုက်ပါဘူး..ကိုယ့်ကိုယ်ကိုကြီးသွားသလိုလို..ဘာလိုလိုဆိုတော့လေ။ အဲဒါနဲ့ မွန်လေးဆိုရင်တော့ မဆိုးလှဘူးပေါ့နော်..ကြိုးစားပြီး လေ့ကျင့်ရင်း မွန်လေး..မွန်လေးလို့ခေါ်ရင်းနဲ့ ခုဆိုကိုယ့်ကိုယ်ကို မွန်လေးလို့ခေါ်တတ်ခဲ့ပါတယ်။

တချို့ဆိုရှိတယ်။ အသက်ကဖြင့် (၅၀-၆၀)ရှိနေပြီ။ သမီးကတဲ့..အမလေးလေး…နားရှက်လိုက်တာ…တကယ်ပဲ..ကို်ယ့်အသက်ကကိုမှအားမနာ။ အဲလိုတွေခေါ်သံကြားတော့ ကိုယ့်နာမည်ကိုယ်ခေါ်တတ်တဲ့အကျင့်လုပ်ပေးတဲ့ အဒေါ်ကိုလည်းကျေးဇူးပါတယ်။ မွန်လေးဆိုတဲ့နာမည်ကို ကိုယ့်နာမည်အရင်းထက်တောင်ပိုကြိုက်သေးတယ်။ မိတ်တွေတချို့ရှိတယ်။ မွန်လေးဆိုတဲ့နာမည်က နာမည်အရင်းလားတဲ့..ကိုယ်ဖြင့်ရယ်ချင်သွားတယ်။ အဲလိုတွေတောင်ဖြစ်ကုန်တာ..ကလောင်နာမည်ကတော့ သျှားသက်မာန်ပါ…ဒါမဲ့..မွန်လေးလို့ပဲခေါ်ပေးပါနော်…မြန်မာဂဇက်ကအဖွဲ့သားတို့ရေ။

2 comments

  • aye.kk

    August 1, 2019 at 3:46 pm

    မွန်လေးရေ…
    မွန်လေးလို ့ခေါ်လိုက်ပြီနော်။

  • Shar Thet Man

    August 2, 2019 at 5:00 am

    ဟုကဲ့ပါ ဟဟ

Leave a Reply