Dabo Facial Foam

Mon LaySeptember 5, 20192min1990

မွန်လေးဟိုတလောကမျက်နှာမှာ ဝက်ခြံလေးတွေပေါက်ချင်သလိုလိုဖြစ်နေတယ်။ မှန်ထဲကြည့်ရင်ကိုယ့်ကိုယ်ကို စိတ်ကိုမချမ်းသာဘူး။ ဝက်ခြံပေါက်ရတဲ့အကြောင်းရင်းက အိပ်ရေးပျက်လို့၊ စိတ်ရှုပ်နေလို့၊ အစပ်တွေ၊ အငံတွေစားမိရင်လည်းဖြစ်တတ်ပါတယ်တဲ့။ ပြီးတော့ မိန်းကလေးတွေ ဟော်မုန်းပြောင်းလဲတာတို့၊ ရာသီလာခါနီးရင်လည်းဖြစ်တတ်တယ်ပေါ့နော်။ ဒီတော့ဝက်ခြံပေါက်ရင် ဘာလုပ်ရမလဲ စာတွေရှာဖတ်တော့ အိပ်ရာကထတဲ့အချိန် Facial form သုံးပေးရင်လည်း ပျောက်ကင်းနိုင်ပါတယ်တဲ့။ ပတ်ဝန်းကျင်မှာ Facial Foam ​တံဆိပ်​​ပေါင်​း​သောင်​း​ခြောက်​​ထောင်​တောင်ရှိတာလေ။ အဲဒါမှ ရွေးချယ်မှုမှန်ကန်ခဲ့တဲ့၊ သုံး​နေတဲ့ထဲမှာအရမ်​းကို အဆင်​​ပြေပြီး သုံးလို့​ကောင်​းတဲ့ Dabo ကထုတ်တဲ့ Facial Foam လေးအကြောင်းကိုပြန်ရှယ်ချင်ပါတယ်။

မွန်လေးသုံးခဲ့တာကတော့ Green Tea Natural Rich Foam Cleanser ပါ။ Dabo က မျက်နှာအသားအရည်ပေါ်လိုက်ပြီး ထပ်ထုတ်ထားတာ အမျိုးပေါင်း (၅)မျိုးရှိပါတယ်။ ကို်ယ့်အသားအရည်နဲ့ လိုက်ဖက်မယ့်၊ သင့်တော်မယ့် foam ကိုရွေးချယ်သုံးစေချင်ပါတယ်။

✅ Aloe Natural Rich Foam Cleanser 🌵

  • သဘာဝ ရှားစောင်းလက်ပတ်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့အတွက် အသားအရေကို အေးမြကြည်လင်စေပါတယ်။ Sensitive skin တွေ အတွက် သင့်တော်ပါတယ်
    ^^^^^^^^^^^^^^^^^^^^^^^^
    ✅ Green Tea Natural Rich Foam Cleanser 🌱
  • သဘာဝ လက်ဖက်စိမ်းကို အခြေခံပြီး ထုတ်လုပ်ထားတဲ့အတွက် အဆီပြန်ခြင်းကို သက်သာစေပြီး အသားအရေကို ကြည်လင်စေပါတယ်​။ ဝက်ခြံကို သက်သာစေပါတယ်။
    ^^^^^^^^^^^^^^^^^^^^^^^^^
    ✅ Argan Natural Rich Foam Cleanser
  • အသားအရေကို စိုပြေနူးညံ့စေပြီး လိုအပ်တဲ့ အဆီပမာဏ ပြည့်ဝစွာပါဝင်တဲ့ Argan သီး အဆီအနှစ်များနဲ့ ထုတ်လုပ်ထားတဲ့ အတွက် အသားအရေခြောက်သွေ့မှုကို အထူးကာကွယ်ပေးနိုင်ပြီး မျက်နှာအသားအရေကို နူးညံ့စေနိုင်ပါတယ်​။
    ^^^^^^^^^^^^^^^^^^^^^^^^^
    ✅ Cucumber Natural Foam Cleanser 🥒
  • သဘာဝ မှ ရရှိတဲ့ သခွားသီးက မျက်နှာအသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်ဆည်းပေးနိုင်ပြီး အသားအရေကို အေးမြကြည်လင်စေနိုင်ပါတယ်​။
    ^^^^^^^^^^^^^^^^^^^^^^^^^
    ✅ Collagen Natural Foam Cleanser ❤️
  • မျက်နှာအသားအရေအတွက် လိုအပ်တဲ့ collagen ဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပြီး အရေးအကြောင်းများဖြစ်ပေါ်စေခြင်း၊ အသားအရေလျော့တွဲခြင်းများကို ကာကွယ်တားဆီးပေးနိုင်​ပါတယ်​။ အသားအရည်ကိုလည်းဖြူဖွေးတယ်။

DABO Facial Foam က Make in Korea ဖြစ်​တဲ့အတွက်​ Asian အသားအရည်​ ရှိသူ​တွေအတွက်​​တော်​​တော်​အဆင်​​ပြေပါတယ်။ အနံ့လေးလည်းအဆင်ပြေလို့ သုံးလို့ကောင်းတယ်။

ဈေးကလည်း 180 ML ကိုမှ 9400ကျပ်ထဲပါ။ ဈေးလေးလည်းမဆိုးဘူးနော်။

ကိုယ်တော့ရွေးချယ်မှုမှန်ကန်လို့ အပီအပြင်ကို အကျေနပ်ကြီးကျေနပ်လို့နေနေတာပေါ့ကွယ်။

သတိပေးချင်တာကတော့ ဝက်ခြံထွက်လာရင် မညှစ်ပါနဲ့။ ညှစ်လိုက်ရင် အမာရွတ်ဖြစ်ပြီးရုပ်ဆိုးစေပါတယ်။ Facial Foam လေးနဲ့ပဲ သစ်ပေးပါ။ အပြင်ကပြန်လာလို့ မိတ်ကပ်ဖျက်ပြီးရင်လည်း Facial Foam လေးနဲ့သစ်ပါ။

#dabo#facial foam# Aloe # Green Tea # Argan # Cucumber # Collagen