ထိုင်ဝမ်

Mon LaySeptember 10, 20194min1530

နေရာသစ်တွေကိုရှာဖွေချင်နေတဲ့ ဧည့်သည်များအတွက် အာရှကျားတစ်ကောင်အဖြစ်တင်စားထားတဲ့ ထိုင်ဝမ်ကိုလည်းသွားလည်လို့ကောင်းတယ်ဆိုတာကို အက်မင်ကပြောပြပေးချင်ပါတယ်။

ထိုင်ဝမ်နိုင်ငံအကြောင်း

ထိုင်ဝမ် ကို Repubilc of China (ROC) လို့ အတိုခေါ်ဆိုကြပါတယ်။  ထိုင်ဝမ်နိုင်ငံဟာ အရှေ့အာရှမှာတည်ရှိပြီး အနောက်ဘက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့မြောက် မှာ ဂျပန်နို်င်ငံ၊ တောင်ဘက်မှာ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။ ထိုင်ဝမ်နိုင်ငံရ ဲ့ မြို ့တော်မှာ တို်င်ပေဖြစ်ပြီး ဧရိယာအားဖြင့် ကီလိုမီတာပေါင်း (၃)သောင်းကျော်ရှိတဲ့ ကျွန်းနိုင်ငံလေး လည်းဖြစ်ပါတယ်။ ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီးနဲ့ မတူဘဲ အရာရာမှာ လွတ်လပ်စွာ ရှိနေတာက ခရီးသွားတွေ အတွက် စွဲဆောင်မှုတစ်ခု ဖြစ်စေပါတယ်။ ပြီးတော့ထိုင်ဝမ် က ရာသီဥတုအားဖြင့်လည်း သင့်တင့်ပြီး မြောက်ပိုင်းက အအေးပိုတတ်တဲ့ ကျွန်းလေးပါ။ ထိုင်ဝမ်ကျွန်းဟာ အရင်က ဒတ်ချ်၊ ဂျပန် စတဲ့ နိုင်ငံတွေရဲ့ နယ်ချဲ့အုပ်စိုးတာကို ခံခဲ့ရဖူးတော့ ယဉ်ကျေးမှုပုံစံကလည်း ရောယှက်နေပါတယ်။ 

လေကြောင်း

ရန်ကုန်ကနေ ထိုင်ဝမ်ကိုသွားဖို့ တိုက်ရိုက်ဆိုရင် China Airline ပဲရှိပါတယ်။ Transit အနေနဲ့ဆို ဟောင်ကောင်၊ ဘန်ကောက်၊ ဟိုချီမင်း တို့ကနေတဆင့် သွားလို့ရပါတယ်။

လည်လို့ပတ်လို့ကောင်းတဲ့နေရာများ

#Sun Moon Lake

Cable car နဲ ့ထိုင်ဝမ်နိုင်ငံရ ဲ့ အကြီးဆုံး ရေကန်ဖြစ်သော နာမည်ကျော် နေလကန်လို့ တင်စားခေါ် ဝေါ်ကြတဲ့ Sun Moon Lake ကိုသွားရောက်ပြီး ကန်အတွင်း cruise စီးပြီးXuanguan ဘုရားကျောင်းကိုလေ့လာကြည့်ရှုနိုင်ပါတယ်။

#Alishan National Scenic Area

နှစ်ပေါင်း 2000 ကျော်သက်တမ်းရှိတဲ့ သစ်ပင်များနဲ့ထင်ရှားတဲ့ Alishan (အားလီစန်း) တောင်ပေါ်အမျိုးသား ဥယျာဉ်ကို ရထားနဲ့သွားရာက်ပြီး လမ်းတစ်လျှောက်ရှုခင်း တွေကိုလည်းခံစားရင်း ရာဇင်များစွာဖြင့်ပြည့်နှက်နေတဲ့ Sister Pond (ညီအစ်မနှစ်ဖော်ကန်)၊ နှစ်ပေါင်း (၂၀၀၀)ကျော် သက်တမ်းရှိတဲ့ သစ်ပင်ကြီး (scared tree)တို့ကို သွားရောက်လေ့လာလို့ရပါတယ်။

#နာမည်ကျော် Pineapple cake ဆိုင်

ထိုင်ဝမ်ရောက်လို့ မစားမဖြစ်စားရမယ့် အစားအစာထဲမှာ pineapple cake လေးလည်းပါပါတယ်နော်။ ထိုင်ဝမ်ရဲ ့အမှတ်တရပစ္စည်းရောင်းဆိုင်တိုင်းလိုလို အဲ့ကိတ်ကိုရောင်းကြပါတယ်။ အဲ့ကိတ်ဟာဆိုရင် 1970ခုနှစ်လောက်ဆို export ပစ္စည်းတစ်ခုအနေနဲ့ ပြည်ပနိုင်ငံများကိုတောင် တင်ပို့ရောင်းချခဲ့ဖူးပါတယ်

#Pier 2 Art Centre

အရင်က အဓိက ရထားဘူတာကြီးတစ်ခုဖြစ်ခဲ့ပြီး ပင်လယ်ကူးသင်္ဘောတွေနဲ့ ကုန်စည်သယ်ပို့ ရာမှာ လည်းအသုံးပြုခဲ့တာ အခုအချိန်မှာတော့ ဂိုဒေါင်အဟောင်းတွေ၊ ရထားလမ်းအဟောင်းတွေ ဖြစ် သွား ပြီး အနုပညာ ပြခန်းပုံစံအနေနဲ့ ပြောင်းလဲပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။ လမ်းတွေမှာလည်း ဧရာမစက်ရုပ်တွေ၊ ဗိသုကာပိုင်းဆိုင်ရာပုံတွေ၊ တိရစ္ဆာန်ရုပ်တွေ နဲ့ ဓါတ်ဖမ်းချင်စရာတွေနဲ့လည်းပြည့်လို့နေပါတယ်။

#Dragons and Tiger Pagodas

zip zap ဆောက်ထားတဲ့ တံတားတွေလည်းရှိပြီး အေးချမ်းလှပတဲ့ ကြာကန်အတွင်းမှာ လက်ရာမြောက်စွာ ထုဆစ် ဆောက်ထားတာဖြစ်ပါတယ်။ ကျားခေါင်းနဲ့ နဂါးခေါင်းဆိုပြီး အပေါက်၂ခုရှိရာ နဂါးခေါင်းကနေဝင်ပြီး ကျားခေါင်းကနေအပြင်ကိုပြန်ထွက်ရမှာဖြစ်ပါတယ်။ ဘုရားကျောင်းအပေါ်ထိတက်ရောက်နိုင်ပြီး အပေါ်စီးကနေဘေးပတ်ဝန်းကျင်အလှများကို ရှုစားနိုင်ပါတယ်။

#Fo Guang Shan Buddha Museum & Fo Guang Shan

ထိုင်ဝမ်နိုင်ငံရ ဲ့အကြီးဆုံးယဉ်ကျေးမှု စင်တာ နဲ့ အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဖြစ်တဲ့ Fo Guang Shan Buddha Museum & Fo Guang Shan ကိုလည်းလည်ပတ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ကလည်း အရမ်းကိုတိတ်ဆိတ်ငြိမ်သက်ပြီး           ထိုင်ဝမ်ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းကြောင်းများ၊ စာပေများကို လည်းတစ် နေရာထဲမှာရှာဖွေတွေ့ရှိနိုင်ပါတယ်။ တရုတ်နှစ်သစ်ကူးအချိန်ဆိုရင် မီးပန်းတွေဖောက်ပြီး အရမ်းကိုကြည်နူးစရာ ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

#Zhiben Hot Spring

ဒီရေပူစမ်းကတော့ ထိုင်ဝမ်မှာအကောင်းဆုံးနဲ့ နာမည်အကြီးဆုံး ရေပူစမ်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှာလည်းစိမ်းစိုနေတဲ့တောတောင်အလှတွေနဲ ့ဘယ်လောက်တောင်ကြည်နူးသာယာလိမ့်လေမလဲ။ Beauty Spring လို့တောင်တင်စားခေါ်ဝေါ်ထားတာကြောင့် နူးညံ့တဲ့အသားအရည်၊ ကြွက်သားတွေတောင့်တင်းမှုမှလျှော့နည်းဖို့ နဲ့ သွေးလည်ပတ်မှုကောင်းဖို့ ဒီရေပူစမ်းကိုလည်း ဝင်ရောက်သင့်ပါတယ်။

#Xiao Yehliu Natural Stone Sculptural Park

Little Yehliou လို့တင်စားခေါ်ဝေါ်ကြတဲ့ ဒီ park ကို သွားရောက်ပြီး နှစ်ထောင်ပေါင်းများစွာက နေ၊ ရေ၊ လေ ဒါဏ်တွေကြောင့် ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတဲ့ ကျောက်တောင်တွေကို ကြည့်ရူနိုင်ပါတယ်။

#Sanxiantai Arch Bridge

လှိုင်းပုံစံ အခုံး (၈)ခုဖြင့် ထူးခြားစွာဆောက်လုပ်ထားတဲ့ ရူမငြီးနိုင်တဲ့ သဘာဝတရားရဲ ့ ဆန်းကြယ်မှု ကိုတွေ့ရှိချင်ရင်တော့ ဒီတံတားကိုသွားလိုက်ပါ။ တံတားပေါ်လျှောက်သွားရင်း ပတ်ဝန်းကျင်မှာ လှိုင်းသံတွေတဝုန်းဝုန်းနဲ့တံတားကိုလာရိုက်သံတွေကိုလည်း ကြားရမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားမယ်ဆို ကျောက်တုံးစေတီ လေးတောင် အပျော်တမ်းဆောက်ခဲ့လို့ရမှာဖြစ်ပါတယ်။

#Qingshui Cliff

ပင်လယ်ရေ မျက်နှာပြင်အထက် (၂၄၀၈) မီတာအမြင့်ရှိပြီး ထိုင်ဝမ်ရဲ ့အမြင့်ဆုံး ပင်လယ်ကမ်းရိုးတန်းချောက်ကမ်းပါးတစ်ခုပါ။ တကယ့်ကို ရင်သပ်ရှုမောဖို့ကောင်းပြီး photogenic place တစ်ခုပါ။

#Yahliu Geo Park

ထိုင်ပေရဲ ့ တတိယအကြီးဆုံးမြို့တော် TAICHUNG မြို့တော်မှာ  ဘုရင်မဦးခေါင်း ပုံသဏ္ဍာန် ဖြစ်ပေါ်နေတဲ့ ကျောက် ဆောင်ကြီး နဲ့ သဘာဝရဲ ့ တိုက်စားမှူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ကျောက်ဆောင် အမျိုးမျိုးရှိပါတယ်။ အဲ့ကိုသွားရောက်မယ်ဆိုရင် လတ်ဆတ်သောလေညင်းများကိုခံစားရမှာပါ။

#Taipei 101 Tower

တိုင်ပေရဲ ့နောက်ထပ်သင်္ကေတတစ်ခုကတော့ အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ 101 tower နဲ ့Shopping Mall ပါ။ ဒါ့အပြင် 89 ထပ်ကနေ ထိုင်ပေမြို့ရဲ ့ လှပမှုများကိုလည်း တဝကြီးခံစားနိုင်မှာပါ။ဒီလိုဆို လည်ဖို့နေရာတွေကတော့ တော်တော်လေးစုံသွားပါပြီ။ သွားမယ်ဆိုရင် တော့ တိုးလေးရှိတာမို့လိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ နောက်အပတ်များမှာလည်း ထိုင်ဝမ်မှာ ဈေးဝယ်လို့ကောင်းတဲ့နေရာများကို ထပ်ဖေ်ာပြပေးသွားမှာမို့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်