Learning to Write in English (10)- Myo Kyaw Myint

kaiSeptember 27, 20193min8352

ယခုလမှာ Paragraph လေးတွေ essay လေးတွေအကြောင်း ခေတ္တရပ်ထားပြီး တက္ကသိုလ်တက်ရောက်ခွင့် ရဖို့ ကြိုးပမ်းနေကြတဲ့ ကျောင်းသူကျောင်းသားလေးတွေနဲ့ ၎င်းတို့ရဲ့မိဘဆွေမျိုးများအတွက် အရေးကြီးတဲ့ စဉ်းစားသင့်တဲ့ ကိစ္စလေးတွေကိုတင်ပြလိုပါတယ်။ ယခုဆောင်းပါးလေးက 2020 မှာ တက္ကသိုလ်တက်မယ့် လူငယ်များနဲ့ ၎င်းတို့ရဲ့ မိဘများအတွက် ရည်ရွယ်ထားတာပါ။ 2020 ဆိုတာ အဝေးကြီးလိုသေး တယ်လို့ မထင်ကြပါနဲ့။ ပွဲမဝင်ခင် ကြိုတင်ပြင်ဆင်ထားနိုင်မှ တော်ပါလိမ့်မယ်။ တကယ်ကိုတစ်နှစ်လောက် ကြိုပြီး စဉ်းစားထားမှ ပြင်ဆင်ထားမှ အစဉ်ပြေမှာပါ။ ဦးစွာပထမ မိဘများအားလုံးကို မှာကြားလိုပါတယ်။ သား သမီးကို ချစ်တတ်ကြပါစေလို့။ သိပ်ကို အရေးကြီးပါတယ်။ ချစ်တဲ့ဇောနဲ့ သားသမီးကို သူစိတ်မဝင်စားတဲ့ ၊ ဝါသနာမပါတဲ့ major တို့ professional career တို့ကို အတင်းကြီး မတိုက်တွန်းမိဖို့ သိပ်အရေးကြီးပါတယ်။ မိ ဘ ဆိုတာကတော့ ကိုယ့်သားသမီး ကြီးပွားတာအောင်မြင်တာ တွေ့ချင်လို့ တိုက်တွန်းတာပေါ့လေ။ ဒါပေမဲ့ ကလေးက စိတ်မဝင်စားရင်၊ မလုပ်နိုင်ရင် အားလုံးစိတ်ညစ်ကြရမှာပါ။
ဒုတိယအနေနဲ့ ကတော့ ကာယကံရှင်လူငယ်လေးတွေကို သတိပေးလိုပါတယ်။ မိမိစိတ်ဝင်စားတိုင်း၊ဝါနာပါတိုင်း ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းရလိမ့်မယ်လို့ မထင်ပါနဲ့။ ဥပမာ- ကိုယ်က အားကစား ဝါသနာပါတယ်-ဘောလုံးကန်တော်တယ် ဆိုပါစို့။ Professional soccer player တစ်ယောက်ဖြစ်ဖို့ဆိုတာ ထင်သလောက်မလွယ်လှပါ။ ဒီတော့ ဝါသနာကိုပစ်ပယ်ပါလို့ မဆိုလိုပါဘူး။ backup career လေးကို အစကတည်း က စဉ်းစားထားရမှာပါ။ စာရေးသူရဲ့ သမီးအငယ်ဆုံးကို နမူနာပြလိုပါတယ်။ သူက စာရေးဆရာကြီး ဖြစ်ချင်ပါတယ်။ အောင်မြင် သင့်သလောက်လည်းအောင်မြင်ပါတယ်။ စာအုပ်တစ်အုပ်လည်း ထွက်ပြီး၊ စာပေပြိုင်ပွဲကြီး တွေလည်း အနိုင်ရခဲ့ဖူးပါပြီ။ ဒါပေမဲ့ ဒီစာရေးခြင်းသက်သက်နဲ့ အသက်မွေးဖို့ဆိုတာ မလွယ်လှပါ။ ဒီတော့ ယခု Amherst College မှာ creative writing professor အဖြစ် စတင်အလုပ်ဝင်နေပါပြီ။ ဒီအလုပ်က စားဝတ်နေ ရေးအတွက် တာဝန်ယူနိုင်တယ်ပေါ့။ ဒီကြားထဲ ဝါသနာအရ စာရေးတာ ပိုမိုအောင်မြင် သွားခဲ့ရင် အမြတ်ပေါ့။ သဘောပေါက်လိမ့်မယ် ထင်ပါတယ်။
မိဘတွေရော ကျောင်းသူကျောင်းသားများပါ အထူးမှာကြားလိုတာကတော့ College သို့မဟုတ် University ကို ရွေးချယ်တဲ့အခါမှာအထူးသတိထားပြီး၊ စဉ်းစားပြီးမှ ရွေးချယ်ဖို့ပါဘဲ။ နားမလည်သူများက College ရဲ့ University ရဲ့ reputation ကိုဦးစားပေးပြီး ရွေးတတ်ပါတယ်။ မြန်မာပြည်က မိဘများဆို ပိုတောင် ဆိုးသေးတယ်။ သူတို့ကြားဖူးတာက MIT တို့ Stanford တို့ Yale တို့ Harvard တို့လောက်ရှိ တာကိုး။ တကယ်က University ရဲ့ College ရဲ့ reputation ထက် ကိုယ်တက်ရောက်လိုတဲ့ program ရဲ့ reputation က ပိုအရေးကြီးပါတယ်။ တချို့ University လေးတွေ College လေးတွေကို မြန်မာအများစုကြားဖူးချင်မှ ကြားဘူးပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ အချို့ programလေးတွေဟာ US တခုလုံးမှာ ထိပ်တန်းဝင်ဖြစ်နေတတ်ပါတယ်။ ဥပမာ-
The top creative writing programs in the United States များဆိုရင်
– Cornell University
– Hamilton College
– Bucknell University တို့ကို တွေ့ရပါမယ်။
ဒီကျောင်း သုံးကျောင်းအနက် Cornell University ကိုတော့ အားလုံးလိုလို ကြားဖူကြမှာပါ။ ကျန်တဲ့ Hamilton College နဲ့Bucknell University တို့ကိုတော့ ကြားဘူးရင်တောင် အထင်ကြီးမဲ့သူနည်းပါတယ်။ ကိုယ်တက် ရောက်နေတဲ့ University တို့ College တို့ကို ရွေးချယ်တဲ့ နေရာမှာ အထူးစဉ်းစားဖို့က ကုန်ကျစရိတ်ပေါ့နော်။ လျှော့မတွက်ကြပါနဲ့။ အများထင်တတ်သလို နာမည်ကြီးတိုင်းလည်း စရိတ်မကြီးတတ်ပါ။ နာမည်ကြီးတဲ့ကျောင်း တွေ budget တောင့်တော့ ချို့တဲ့သော်လည်း ပညာတော်တဲ့ ကျောင်းသူကျောင်းသားများကို အများကြီးတောင် ပံ့ပိုးတတ်ကြပါတယ်။ ဖြစ်နိုင်ရင် loan မယူကြပါနဲ့ grant တို့ scholarship တို့ ရအောင်ကြိုးစားပါ။ ဒေါ်လာ သောင်းချီပြီးပေးတဲ့ scholarship မျိုး မရခဲ့ရင်တောင် ထောင်ဂဏာန်း၊ရာဂဏန်းမျိုးပေးတဲ့ scholarship လေးတွေအများကြီး ရှိပါတယ်။ ကြိုးစားကြည့်ပါ ဒီနားနည်းနည်း ဟိုနားနည်းနည်းနဲ့ ပေါင်းလိုက်တဲ့အခါ တော်တော် လေး အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ကုန်ကျစရိတ် တကယ်သက်သာလိုရင်တော့ စာရေးသူအလုပ်လုပ်နေတဲ့ Mission College လို CommunityCollege လေးတွေကို ထည့်သွင်းစဉ်းစားပေးပါ။ Community College တွေက University တို့ College တို့ထက် ကုန်ကျစရတ်သက်သာပါတယ်။ ပညာရေးမှာလည်း မကွာခြားလှပါ။ အဆင့်မီပါတယ်။ ကွာခြားတာက student body ပါ။ University မှာတော့ကျောင်းသားကျောင်းသူတိုင်းက ပညာ ရေးကို ဦးစားပေးတဲ့ full-time ကျောင်းသူကျောင်းသားကြီးတွေပေါ့။ Community College တွေမှာတော့ ပညာရေးကို ဦးစားပေးတဲ့သူတွေရှိသလို စီးပွားရေးကို ဦးစားပေးပြီး တတန်းနှစ်တန်းလောက်သာ ယူထားတဲ့ လူတွေ ရှိပါတယ်။ ဒီတော့ ကိုယ့်သားသမီးက လူပေါင်းမှားပြီး ဒီလိုလူမျိုးတွေနဲ့ အပေါင်းအသင်းဖြစ်သွားရင် ပညာရေးကို မေ့သွားမှာ၊တန်ဘိုးမထားမှာ စိုးရပါတယ်။ မိမိရဲ့ သားသမီးက ဒီလိုမဟုတ်ဘူး ပညာရေးကို အသားပေးမဲ့သူ ဆိုရင်တော့ Community Collegeမှာ နှစ်နှစ်တက်ပြီးမှ သွားလိုတဲ့ University ကို transfer လုပ်မယ်ဆိုရင် ငွေကြေးကုန်သက်သာမယ်၊ မိမိသွားလိုတဲ့ university ရောက်ဖို့လည်း ပိုမို လွယ်ကူပါတယ်။ နောက်ဆုံးအနေနဲ့ မှာကြားလိုတာက မိမိတက်ရောက်မယ့် University ကို မရွေးချယ်မီ မိသားစုတခုလုံး သွားရောက်လည်ပတ်ကြည့်နိုင်ရင်တော့ အကောင်းဆုံးပါ။ ကိုယ်တိုင်မြင်တွေ့ရမှ ကျောင်းသားဟောင်းများ၊ဆရာ ဆရာမများနှင့် ပြောဆို ကြည့်မှ- ကိုယ်နဲ့ ဖြစ်နိုင်မဖြစ်နိုင် သေချာသဘောပေါက်မှာပါ။ အဓိကကတော့ ဇွဲခတ်ပြီး ကြိုးစားဖို့ပါ။ ဘယ် University ရောက်ရောက် အောင်မြင်မှာပါ။ ယခုလ ၉ရက်နေ့က စားရေးသူရဲ့ မိခင်ကြီးကွယ်လွန်သွားတဲ့အတွက် နောက်ဆုံး ဂါရဝပြုအနေနဲ့ ရေးစပ်ထားတဲ့ ကဗျာလေးကို သည်းခံပြီး ဖတ်ရှုကြည့်ကြပါခင်ဗျာ။

Tribute to My Late Mother
Bron in the days of colonialism She herself found her own identity
she witnessed the birth of our nation As a mother to a brood of seven
Celebrated its very first independence Day As a wife to a man of dignity
Somehow survived both World Wars Who led the nation along with others
And countless mini-wars To rise as it were from the ashes of civil war As our nation struggled to find its identity
She gave her all to her family Daughter of a Diamond!
Suffering and prospering along with each of us On this day
She lived to a ripe old age past 90 As you embark on a new adventure
With the century in sight Here are the words I wish to say
Death was no longer a threat or a distant dream “May the sun shine bright for you on your way
But a reality to be embraced May your nights end with the dawn of day
Even as some of her kids May love never hold you back
Clung stubbornly to the nation of a longer life From reaching Nirvana within your grasp”
Myo Kyaw Myint

2 comments

  • Thint Aye Yeik

    October 17, 2019 at 2:44 am

    မွနျမာစာတှကေို ဇောျဂြီနဲ့ ရေးထားတာထငျတယျ။
    ယူနီပွောငျးထားတဲ့ ကနြော့ျ ကှနျပြူတာမှာ ဖတျလို့ မရတော့ဘူးရယျ။

Leave a Reply