ဘန်ကောက်က “Mother of All Malls” ဖြစ်တဲ့ Icon Siam Shopping Mall

Mon LayNovember 28, 20192min2530

ဒီ Icon Siam Mall ကြီးက ဘန်ကောက်မှာ အကြီးဆုံး Mall ကြီးဖြစ်ပြီး ၂၀၁၈ ခုနှစ်နိုဝင်ဘာမှာစတင်ဖွင့်ခဲ့တာပါ။ ကျောက်ဖယား မြစ်ကမ်းပါးမှာရှိတဲ့ ဒီ Mall ကြီးဟာ အထပ်ပေါင်း (၇) ထပ်ရှိပြီး ဆိုင်ခန်းပေါင်း (၁၀၀၀) ကျော် နဲ့ စားသောက်ဆိုင်ပေါင်း (၁၀၀) ရှိပါတယ်။ Mall ကြီးရဲ ့ဝင်ဝင်ချင်းကတော့ လုံးဝ ကို Amazing ပါ။ ဝင်ဝင်ချင်းမှာတင် ကနုတ်လက်ရာတွေ၊ မီးဆိုင်းတွေ၊ ဆင်ရုပ်ကြီး၂ကောင်ရယ်၊ မောင်းကြီးရယ်.ရွှေရောင်ဖြစ်တဲ့ အဝါကိုအသားပေးအလှဆင်ထားတော့ အရမ်းကိုကြိုက်မိပြီး ငေးလို့မဆုံးဖြစ်တာပေါ့။ ဦးဆုံးထိုင်းရိုးရာသီချင်းသံလေးတွေကကြိုဆိုနေပြီး မိုးလုံလေလုံ ထိုင်းရိုးရာရေပေါ်ဈေးလေးတစ်ခုရောက်သွားသလို ခံစားရမှာပါ။ အဲ့နေရာကို SookSiam လို့ခေါ်ပါတယ်။ အောက်ထပ်မှာတင် ထိုင်းရိုးရာမုန့်လေးတွေကို အဝစားပြီး ဗိုက် ပြည့်မှ အပေါ်ထပ် က နိုင်ငံ ခြား ရှော့ပင်မောလ်တွေလို ဒီဇိုင်းလုပ်ထားတဲ့ ဆို်င်တွေဆီကို တက်ပေါ့။ အဲ့အောက်ဆုံးထပ်မှာတင် Food Court တွေ၊ ဆိုင်တွေအများကြီးရှိနေတော့ အပေါ်ထပ်ကို တော်ရုံနဲ့မရောက်ဖြစ်မှာစိုးလို့ အချိန်နာရီဝက်ပဲပေးနော်လို့ပြောချင်ပါတယ်။

အပေါ်ထပ်တွေကိုတက်ကြည့်တော့

Luxury Brand တွေဖြစ်တဲ့ Gucci,Dior,Louis Vuitton,Versace စတာတွေေ စုံပလုံစိနေတာ။ H&M တို ့ Uniqlo Brand တွေလဲရှိပါတယ်။ Japan brand တွေ အဓိကရောင်းတဲ့ Takashimaya ဆိုရင်လည်း ရထပ်တောင်ရှိတာပါ။ ဆိုင်တွေစုံနေအောင်ရှိလို့ Mother of all Malls လို့ခေါ်ကြတာပေါ့။

ပြီးတော့ Apple Authorized Store ကြီးကလည်း ဘန်ကောက်မှာ ဦးဦးဖျားဖျားလာဖွင့်တာဆိုတော့ ကိုယ့်အတွက်အကြိုက်ပဲလေ။ အထဲမှာ Apple Product မှန်သမျှ စမ်းသုံးကြည့်လို ့ရတယ်။ အပြင်ဘက်ထွက်လို့ရတဲ့ လေသာဆောင်လည်းရှိနေတော့ တစ်ဖက်ကိုလှမ်းမြင်နေရတဲ့ တိုက်ထိုးထိုးထောင်ထောင်တွေနဲ့ ဓါတ်ဖမ်းလိုက်ရင် အရမ်းကိုရှယ်မိုက်တာနော်။ အထပ်၂ထပ်တောင်ရှိတာလေ။

အပေါ်ဆုံးထပ်မှာရုပ်ရှင်ရုံလဲရှိသေးတော့ Movie ကြိုက်တဲ့သူတွေအတွက်ပါအဆင်ပြေပါတယ်။

အပြင်ဘက် ကျောက်ဖယား မြစ်ဘေးထွက်ကြည့်တော့လည်း လေတဖြူးဖြူးနဲ့ သိပ်သာယာတာပဲ..အဲ့ဒီမှာ ညဘက်ဆို ရေပန်းအကနဲ့လည်း ကပြတယ်။ ရေပန်းက အမြင့်ကြီးဆိုတော့ အာရှကအကြီးဆုံး ရေပန်း Show တွေထဲကတစ်ခုပါတဲ့။

ဘယ်လိုသွားရမလွှဲ

Taxi စီးရင်လည်းရောက်သလို ဘတ်စ်ကားနဲ့သွားမယ့်ဆိုရင် နံပါတ်တွေက 🚌6/84/88/89/111/149/ 67/177ပါ။ Skytrain နဲ့ ဆို (Bts Saphan taksin) စဖန် တက်ဆင် ဘူတာမှာ ဆင်းပြီး ဘူတာအောက် လှေဆိပ်ကနေ Icon Siam ကုန်တိုက်ကို အခမဲ့ free ပို့ပေးတဲ့ icon Siam ရဲ့ ဖယ်ရီ လှေကြီး ရှိပါတယ်။ ပြီးတော့ ကျောက်ဖယားမြစ်ထဲမှာမောင်းတဲ့ Free Shuttle Boat လေးတွေစီးပြီး သွားလို ့ရသေးတယ်။ Thonburi BTS Station မှာဆင်းပြီး လှေဆီပ်ကနေ Free Boat လေးစီးပြီးသွားလို ့ရပါတယ်။ Free Shuttle Boat လေးတွေက 10 minutes ကြားတစ်ခါ မောင်းပေးပါတယ် အဲ့ Boat လေးတွေက Morning 8:30 AM to Night 11.30 PM ထိပြေးဆွဲပေးနေတာပါ။

အပြန်ကိုလဲ Icon Siam Mall ရဲ ့ Gate 4 မှာ Taxi Stand ရယ် နောက်ပြီးနီးစပ်ရာ BTS Station ပို ့ပေးတဲ့ Free Bus တွေလဲရှိသေးတယ်။

ဖွင့်ချိန်

မနက် ၁ဝ နာရီကနေ ည ၁ဝနာရီထိပါ

ကဲ့ Bangkok ရောက်ဖြစ်ခဲ့ရင် သွားကြည့်လိုက်အုံးနော် ..ကိုယ်တွေတော့ တခြားမရောက်ဖူးသေးတဲ့ နေရာတွေသွားပြီး စာတွေပြန်ရေးပေးဖို့ပြင်လိုက်ဦးမယ်။