နှလုံးသားထဲက ကျေးဇူး တင် စွာဖြင့်..ရိုးရိုးလေး တည်းခိုခန်း ၁

Mon LayOctober 4, 20203min27350

အခုပို့စ်ကတော့ ကျိုက်ထီးရိုးတောင်ပေါ်မှာရှိတဲ့ ရိုးရိုးလေးတည်းခိုခန်း ၁ ကိုကျေးဇူးတင်လို့ ရေးတာပါ။

မွန်လေးတို့က ကျိုက်ထီးရိုးဘုရားကို တစ်နှစ်တစ်ခါသွားဖူးနေကြလေ။ ခါတို်င်းဆို ရင်ပြင်နဲ့နီးတဲ့ တိသာဆောင်မှာတည်းနေကျ။ ဒီနှစ်ကျတော့..လူကလည်း ၄ယောက်၊ တိသာဆောင် မှာ အခန်း ကလည်းနဲနဲကျဉ်းလို့ဆိုပြီး ရိုးရိုးလေးတည်းခိုခန်း ၁ မှာ  အခန်းလည်းသန့်တော့၊ မတည်းဖူး တော့ တည်းမယ်ဆိုပြီး တည်းကြတယ်ပေါ့နေ်ာ။ 

အဲ့မှာဇာတ်လမ်းကစတာပဲ။ ခါတိုင်းခရီးသွားရင် ပြသာနာတစ်ခုခုဖြစ်မယ်ဆို 

မွန်လေးကဖြစ်နေကျ။ တခြားတော့မဟုတ်ပါဘူး။ ဟိုပစ္ညည်းမေ့ကျန်ခဲ့တယ်တို့၊ 

ရေချိုးခန်းမီးမပိတ်ခဲ့တာတို့ ..အဲလိုမျိုးပေါ့နော်။ အခုကျတော့ မွန်လေးမဟုတ်ဘဲ..

အမေဖြစ်တာ။ 

အမလေးဒါတောင် အမေကကျိုက်ထီးရိုးတောင်ပေါ်ကပြန်ဆင်းလာ၊ လမ်းဘုရားတွေဖူး

တဲ့အချိန်ထိမသိသေးဘူးနော်။ အေးဆေး။ အဲ့နေ့က ခရီးသွားကားက မွန်လေးတို့ကို 

ကျိုက်ထိုမှာ တည် ထားတာမကြာသေးတဲ့ ဘုရားကြီးကိုပို့ပေးတယ်လေ။ 

အဲ့ကအပြန်ကျမှ..သူ့နားရွက်ကိုစမ်းကြည့် တာ..”ဟာ..ငါ့နားကပ်တစ်ဖက်မရှိတော့ဘူး”တဲ့။ 

ဘယ်မှာပျောက်လဲသူမသိတော့ဘူးတဲ့။ အစစ်ဆိုတော့ အကုန်သူပြာကုန်တာပေါ့။ 

ဘယ်လိုမှစဉ်းစားမရဘူးတဲ့။ အဲ့ဒါနဲ့ ရန်ကုန်ကိုပြန်ရောက်မှပဲ.အမေက ရိုးရိုးလေး 

တည်းခိုခန်းမှာများကျန်ခဲ့မလားမသိဘူးဆိုပြီး.ဖုန်းဆက်မေးတော့..သူတို့လည်း 

အခန်းရှင်းတဲ့ကောင်လေးက ဘာမှကျန်တယ်မပြောဘူးဆိုပြီးပြောတာပေါ့။ 

ကိုယ်တွေကလည်း အဲ့မှာ ကျန်ခဲ့ရင်တောင် ဘယ်ရတော့မလဲ..အမေရာ..လှူတယ်ပဲထားလိုက်ပါဆိုပြီး ဖြေ သိမ့်ခိုင်းရတာပေါ့။

အဲ့ဒါနဲံ၃ရက်လောက်နေတော့ ရိုးရိုးလေးတည်းခိုခန်း ၁ ကဖုန်းဆက်လာတယ်..

တွေ့တယ်တဲ့။ သူတို ဦးချစ်မောင်လမ်းမှာရှိတဲ့ ရန်ကုန်ရုံးကိုပေးထားလိုက်ပါမယ်..

ဆိုပြီးပြော‌တော့..ကိုယ်တွေ အရမ်းကိုကျေးဇူးတင်၊ ပြန်ရမယ်လို့ မထင်ထားတာ ပြန်ရသွားတော့အတို်င်းမသိ

ပျော်သွားတာပေါ့။ အဲ့မှာ အမေက နယ်ကလူတွေကရိုးသားတယ်တဲ့လို့ပြောပြီး 

ရုံးမှာ ပစ္စည်းသွားယူတော့ လည်း ကျေးဇူးတင်လို့ မုန့်ဖိုးပေးတာကို လက်မခံဘူးတော်။ အဲ့သလိုဆိုတော့ 

ကိုယ်က စာရေးနေတာဆိုတော့ ကျေးဇူးတင်ချင်လို့ အခုလိုစာလေးရေးပေးလိုက်ပါတယ်။ နောက်ကျိုက်ထီးရိုးသွားရင်  စိတ်ထားကောင်းပြီး ရိုးသားတဲ့ ၀◌န်ထမ်းတွေရှိတဲ့ ရိုးရိုးလေးတည်းခိုခန်းမှာ တည်း ကြပါနော်။ အခန်းကလည်းသန့်တယ်။ TV၊ ရေချိုးခန်းပါတဲ့အပြင် အဲကွန်းပါပါတာနော်။ 

ဘုရား ကို အ‌ေ၀◌းကနေဖူးမျှော်လို့ရအောင်လည်း တည်းခိုခန်းရှေ့မှာ အဆောင်လေး

လုပ်ပေးထားပေးလေရဲ့။ အခန်းပုံတွေကို ပုံထဲမှာကြည့်ပေးနော်။ သွားတဲ့အခါ စေ◌ျးစုံစမ်း

မယ်ဆို ဖုန်း 01544916။