စီးပွားရေးတူတဲ့သူတွေအပေါ်ထားရမယ့်စိတ်

Mon LayDecember 7, 20203min1500
📌

လူတွေဆိုတာ..သူများလုပ်တဲ့အလုပ်ကိုအဆင်ပြေတာမြင်ရင်လိုက်လုပ်တတ်ကြတာသဘာဝပါပဲ..ဥပမာကိုယ်Online စီးပွားရေးလုပ်လို့..အဆင်ပြေရင်နောက်လူတွေကလဲလိုက်မလုပ်ပဲနေပါ့မလား😬😬…သဘာဝလေနော်လွန်ဆန်လို့မှမရတာ😕😕

အဲ့တော့စီးပွားတူတိုင်းရန်သူမဟုတ်ပါဖူး..ကိုယ်သာစိတ်ထားတတ်ရင်အေးချမ်းပါတယ်…သူလဲအဆင်ပြေအောင်လုပ်နေသလိုငါလဲငါ့ရည်မှန်းချက်အတွက်ကြိုးစားနေတာပဲဆိုပြီးစိတ်ထားလား‼ဒါမှမဟုတ်…ကိုယ်လုပ်နေတုံးနောက်လူတွေတတ်လာတာကိုမြင်ပြီးပူပန်စိတ်နဲ့ နေနေရတာလား😐…သေချာတယ်..လက်ရှိနေရာတောင်ပျောက်နိုင်တယ်ဆိုတာပဲ🤔🤔

ပင်လယ်ရေတစ်ယောက်ထဲလုသောက်လို့ကုန်မှမကုန်တာ..အဓိကကနောက်ပေါက်ပဲတတ်တတ်.. ရှေ့ကစီနီယာတွေပဲတတ်တတ်ကိုယ်လမ်းကိုယ်လျှောက်ပြီးသူများမကြည့်သရွေ့ကိုယ့်ရဲ့ဘဝမှာကိုယ်ကဘုရင်မပဲဆိုတာမမေ့နဲ့လေနော်👑👑

ဒီစာကိုမြင်ရင်”ဒီနေ့ကစပြီးရှေ့နောက်မကြည့်ပဲရည်မှန်းချက်တွေအတွက်လမ်းတည့်တည့်ပဲလျှောက်တော့မယ်🔥💪“လို့ရေးပေးပါ‼